Tuesday 4 September 2012

အိုင်စီတီကဏ္ဍနှင့် ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယင်းနယ်ပယ်မှ ပညာရှင်၊လုပ်ငန်းရှင်များ ဦးဆောင်၍ အများပိုင် ကုမ္ပဏီတစ်ခု ထူထောင်သွားမည်

အိုင်စီတီဏ္ဍနှင့် ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်အတွက် ယင်းနယ်ပယ်မှ ပညာရှင်၊ လုပ်ငန်းရှင်များ ဦးဆောင်၍ အများပိုင်ကုမ္ပဏီတစ်ခုအား မကြာမီကာလအတွင်း ထူထောင်သွား ရန်ရှိသည်ဟု ၄င်းအ များပိုင် ကုမ္ပဏီထူထောင်ရာတွင် ဦးစီးဆောင်ရွက်မည့် အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ထိုသို့အများပိုင်ကုမ္ပဏီ တစ်ခုထူထောင်ရာ၌ ကနဦးထူထောင်သူများမှ စုဖွဲ့၍ ဦးစီးဆောင်ရွက်မည့် ဒါရိုက်တာအဖွဲ့ဝင် ကိုးဦးရွေး ချယ်ထားပြီး ကုမ္ပဏီမှတ်ပုံတင်ခြင်းအား စက်တင်ဘာလဆန်းပိုင်းတွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လောလောဆယ်တော့ ဒါရိုက်တာအဖွဲ့ဝင် ကိုးယောက်တော့ ရွေးပြီးသွားပါပြီ။ အဲဒီမှာ ဘယ်သူခေါင်းဆောင်လုပ်မယ်ဆိုတာတော့ မရွေးရသေးပါဘူး။ အဓိကက Computer Industry ထဲမှာရှိတဲ့လူတွေကိုစုပြီးတော့ နိုင်ငံရဲ့ ပြောင်းလဲ လာတဲ့ စီးပွားရေးနဲ့ ပတ်သတ်တဲ့အပေါ် မှာ ဖြစ်ပေါ်လာမယ့် စီးပွားရေး အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ပြီး နောက်ပိုင်းကျရင် Internationally အစုစပ်ကုမ္ပဏီကြီး ဖြစ်အောင် စလုပ်တဲ့သဘောပါ။ တစ်ယောက်ထဲ မလုပ်နိုင်တဲ့ အလုပ်တွေကို စုပေါင်းပြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အများပိုင်ကုမ္ပဏီ ထောင်ဖြစ်တာပါ။ နောက်တစ်ခုက ICT Industry နဲ့ပတ်သတ်ပြီး အိုင်စီတီဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း လိုအပ်တဲ့လုပ်ငန်းတွေ အကုန်လုပ်သွားမှာပါ" ဟု အဖွဲ့ဝင်ကိုးဦးထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှုးဖြစ်သူ ဦးဇော်မင်းဦးက ပြောကြားသည်။

No comments:

Post a Comment