Saturday 11 August 2012

ရင်းနှီးမြှုနှံမှု ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် ပြည်မကြီးနှင့် ထိုင်ဝမ် လက်မှတ် ရေးထိုး


တရုတ်ပြည်မကြီးကို လိုလားသော ထိုင်ဝမ် သမ္မတ မာရင်ဂျိုး လက်ထက်တွင် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို မြှင့်တင်သည့် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ် နှစ်နိုင်ငံတို့ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

ယခုသဘောတူ လက်မှတ် ရေးထိုးခဲ့သော ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူညီချက်ကြောင့် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံများကို တရုတ်ပြည်မကြီး အစိုးရမှ သိမ်းယူခဲ့ပါသည်။ ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများ အတွက် ရနိုင်သည့် အခွင့်အရေးများကို တရားဝင် အကာအကွယ် ပေးနိုင်တော့မည် ဖြစ်သည်။
အလားတူပင် ထိုင်ဝမ်တွင် ရင်းနှီးမြှုပ်နှံမည့် တရုတ်ပြည်မကြီးမှ စီးပွားရေးသမားများ အတွက်လည်း တရားဝင် အကာအကွယ်များ ရရှိမည်ဖြစ်သည်။

တရုတ်ပြည်မကြီးသည် ထိုင်ဝမ်၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀(စတာလင်ပေါင် ဘီလီယံ ၇၀)ခန့်ရှိသည်။
 
ref:thevoiceweekly

No comments:

Post a Comment