Saturday 11 August 2012

ထူးကဲဒီရေ တက်မည့်အကြောင်း သတိပေးချက်ထုတ်ပြန်

၂ဝ၁၂ ခုနှစ် သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၃ ရက်ထိ ကာလအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ် မျဉ်းအထက် အမြင့်ပေ(၂ဝ ဒသမ ၄) ပေခန့်မှ (၂၁ ဒသမ ၁)ပေခန့်အထိ ထူးကဲဒီရေ တက်ရောက် ဖွယ်ရှိကြောင်း၊ ယခင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ် မျဉ်းအထက် အမြင့်ပေ(၂၁ ဒသမ၇) ပေခန့် ထိတက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ် မရှိကြောင်း၊ အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ(၂ဝ)ကျော်လွန် သဖြင့်သာ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ သတိပေးအကြောင်းကြားထားသည်။

No comments:

Post a Comment