Saturday 11 August 2012

ရန်ကုန်ဆိပ်ကမ်းတစ်လျှောက်အား ခေတ်မီဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်မည်

ရန်ကုန်ဆိပ်ကမ်းဧရိယာတစ်လျှောက်ဆိပ်ကမ်းတိုးချဲ့အဆင့် မြှင့်တင် ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီးယင်းသို့
 ဆောင်ရွက်ရာတွင်ပုဂ္ဂလိကမှပါဝင်ဝင်ရေးအတွက်ရှင်းလင်းဆွေးနွေးပွဲကိုယမန်နေ့ကရန်ကုန်မြို့ မြန်မာ့ဆိပ် ကမ်း    အာဏာ ပိုင် ရုံး၌ ကျင်းပခဲ့သည်။
ဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေး မှူးက ရှင်းလင်း ဆွေးနွေး ခဲ့ပြီး ရန်ကုန် ဆိပ်ကမ်း ဧရိယာ တစ်လျှောက် ခေတ်မီ စီးပွားရေး အဆောက် အအုံများ၊ အပန်းဖြေ နားနေရာ နေရာများ၊ ခေတ်မီ ပြည်တွင်း ခရီးသွား ဆိပ်ကမ်းများ၊ ဟိုတယ်များ ထည့်သွင်း တည်ဆောက် သွားရန် စီမံကိန်း ရေးဆွဲ လျာထား မှုများ အပေါ် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့်  သတင်းမီ ဒီယာများကို ရှင်းပြခဲ့ သည်။
တိုးချဲ့ အဆင့် မြှင့်တင် သွားရန် စီမံကိန်း ရေးဆွဲ လျာထားသည့် ဆိပ်ကမ်း ဧရိယာ များမှာ လမ်းမတော် ဆိပ်ကမ်း ဧရိယာ၊ ဆူးလေ ဆိပ်ကမ်း ဧရိယာ၊ နန်းသီတာ ဆိပ်ကမ်း ဧရိယာ၊ ဗိုလ်တထောင် ဆိပ်ကမ်း ဧရိယာ တို့ဖြစ်သည်။ အဆိုပါ လုပ်ငန်းများကို ဆောင်ရွက် ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် Joint Venture      သို့မဟုတ် B.O.T စနစ်ဖြင့် ဆောင်ရွက်သွား မည်ဟု သိရသည်။ ရန်ကုန် ဆိပ်ကမ်း တစ်လျှောက် အဆင့်မြှင့် တင်ခြင်းများ၊ တိုးချဲ့ တည်ဆောက်ခြင်း များဆောင် ရွက်ရာတွင် ဆိပ်ကမ်း ဧရိယာ နယ်မြေ အတွင်း ၌သာ ဆောင်ရွက်သွား မည်ဖြစ်ပြီး မြစ်ဘက်သို့ မြေဖို့၍ ဧရိယာ ဖော်ဆောင်ခြင်း များလည်း ပါဝင်မည်ဟု သိရသည်။

No comments:

Post a Comment