Friday, 3 April 2015
အငြင်းပွားဖွယ် ၀တ်စုံကြောင့် ဘိုလီးဗီးယား ကာကွယ်ရေး ၀န်ကြီး ရာထူးမှ ထုတ်ပယ်ခံရ
ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ဂျော့ခ်လီဒက်စမာသည် အိမ်နီးချင်း ချီလီနိုင်ငံသို့ အလည်အပတ် သွားရောက်စဉ် ၀တ်ဆင် ခဲ့သည့် အငြင်းပွား ဖွယ်ရာ ၀တ်စုံကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက် ရပြီ ဖြစ်ကြောင်း သိရသည်။
တိကရစ်မြို့ သိမ်းတိုက်ပွဲ အီရတ် တပ်ဖွဲ့များ အောင်ပွဲခံ
အီရတ်နိုင်ငံ တိကရစ်မြို့ကို ထိန်းချုပ်ထားသော IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ကာ အောင်ပွဲ အကြီးအကျယ်ခံ နိုင်ခဲ့ပြီ ဖြစ်ကြောင်း အီရတ် အစိုးရက ကြေညာ ထားသည်။ အီရတ် အစိုးရတပ် များသည် တိကရစ်မြို့တွင်းရှိ နောက်ဆုံး လက်ကျန် IS အဖွဲ့ဝင်များကို အပြီးသတ် တိုက်ပွဲ ဆင်နွဲနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟိုင်ဒါအယ်လ်-အဘာဒီသည် မြို့တွင်းတွင် အီရတ် နိုင်ငံတော် အလံကို လွှင့်ထူ လိုက်ပြီ ဖြစ်သည်။အီရတ် အစိုးရသည် တိကရစ်မြို့ကို သိမ်းပိုက်နိုင်ရေး အတွက် တစ်လကြာ ကြိုးပမ်းခဲ့ရသည်။ တိကရစ်မြို့ သိမ်းပိုက် နိုင်ရေး အီရတ် တပ်ဖွဲ့ဝင် များ၏ ထိုးစစ်ဆင်မှုသည် ခေတ္တခန့် ရပ်ဆိုင်းသွားခဲ့ သော်လည်း လွန်ခဲ့သော အပတ်တွင်မူ အမေရိကန် ဦးဆောင်သော မဟာမိတ်များ၏ လေကြောင်းမှ ထိုးစစ်ကြောင့် တိုက်စစ်ကို ပြန်လည် စတင်နိုင် ခဲ့သည်။
နာမည်တလုံးအတွက် တိုက်ပွဲ
လက်ရှိ အစိုးရလက်ထက် တိုင်းပြည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေက များပါတယ်။ အဲလို နိုင်ငံရေးအရှုပ်တွေ များတာကို ဦးနုအစိုးရလက်ထက်တုံးက (ပြဿနာပေါင်း သောင်းခြောက်ထောင်) လို့ သုံးပါတယ်။ အခုတော့ သိန်းဂဏန်းလို့တောင် ပြောရမလားမသိပါ။ အဲဒီအရေအတွက်ထက် အရေးကြီးတာတွေထဲက တခုကို ရေးပါရစေ။ ဘာသာရေး အစွန်းမလွတ်ပြဿနာပါ။ ဘာသာရေးအစွန်းရောက်လို့တော့ မပြောလိုသေးပါ။
ဒီပဲယင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ဖြင့် ရိုက်မိပြီး ကလေးငယ်နှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်ကျေးရွာ၏ အနောက် ဘက် ခရိုင်ချင်းဆက် လမ်းမကြီးအနီးတွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်များ လဲကျ၊ သစ်ကိုင်းများ လွှင့်စင်ခြင်းကြောင့် ကလေးငယ်နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။
လေပြင်းများ တိုက်ခတ်ပြီး သစ်ပင်အချို့ သစ်ကိုင်းများပြတ်ကျခြင်း၊ အမြစ်မှကျွတ်၍လှဲကျကာ အနီးရှိ လူနေအိမ်တစ်လုံးအား သွားရောက် ထိမှန်ခဲ့ရာမှ နေအိမ်ရှေ့တွင် ရပ်နေသည့် ကလေးငယ်နှစ်ဦးမှာ သစ်ကိုင်းများ ရိုက်ခတ်မိသည့်အတွက် ဦးခေါင်း နောက်စေ့ပိုင်းနေရာနှင့် နဖူးနေရာများတွင် ဒဏ်ရာများရရှိခဲ့ပြီး မူးကမ်း တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ဒဏ်ရာများကြောင့် ယင်းနေ့ ညနေ ငါး နာရီခွဲအချိန်၌ သေဆုံးသွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်း တစ်ဦးထံမှ သိရသည်။

ကိုးကန့်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဟာ မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တယ်လို့ မြန် မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က RFA ကိုပြောပါတယ်။
"မနေ့တုံးကတော့ ဒီမနက် ၃ နာရီအထိဖြစ်တယ်၊ အဲဒီ့ကုန်းကြမ်းဒေသမှာပဲ ခုတ်ထန်ပတ်ဝန်းကျင်မှာ သူတို့က ၉ နာရီကနေစပြီးတော့ လူနည်းနည်းနဲ့ ထိုးတာပေါ့၊ မနက်တုံးကတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကြည်းတပ်နဲ့ တက်ထိုးတယ်၊ ဒါပေမဲ့ ည ၉ နာရီကျတော့ လေယာဉ်တော့မပါပါဘူး၊ တင့်ကားတွေ သံချပ်ကာကားတွေလည်း အားလုံးအသင့်ဖြစ်နေပြီလို့ကြား ပါတယ်၊ ဒီ့ထက်အကြိမ်တိုးဖို့ပဲ ရှိပါတယ်"
နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ အတိအကျမသိရသေးကြောင်း၊ အခုတိုက်ပွဲတွေမှာ အစိုးရဖက်က တပ်ဖွဲ့အင်အား အများအပြားနဲ့ ၁၀၅ မမ၊ ၁၂၂ မမ၊ စတဲ့ လက်နက်ကြီးတွေ၊ လေယာဉ်ပျံတွေကိုပါ အသုံးပြု နေကြောင်းလည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

လူခုနစ်ဦး ဒဏ်ရာရသည့် ရုန်းရင်းဆန်ခတ်မှု လေးရက်ကြာသည့်အထိ ရဲတပ်ဖွဲ့ အမှုဖွင့်မပေးဟုဆို
လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီးကျေးရွာတွင် လွန်ခဲ့သော လေးရက်က ဦးဘိုးသာ ပိုင်ဆိုင်သည်ဟု ဆိုသော လယ်မြေ ပေါ်တွင် EVER DEPELOPMENT ကုမ္ပဏီနှင့် မြေပိုင်ရှင်တို့အကြား မြေအငြင်းပွားမှုကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှုကို သောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်မပေးဟု မြေပိုင်ရှင် ဦးဘိုးသာ၏ အဆိုအရ သိရသည်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျောက်တံတားမြို့နယ်ရှိ Myanmar Journalist Network (MJN) ရုံးခန်းတွင် ကျင်းပပြုလုပ်သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် လယ်ပိုင်ရှင် ဦးဘိုးသာက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

အထွေထွေ ကာရိုက်တာ စုံချင်တဲ့ စံရတီမိုးမြင့်

ပရိသတ် လက်ခံမှု ရရှိထားသော သရုပ်ဆောင် တစ်ဦး ဖြစ်သည့် စံရတီမိုးမြင့်က သရုပ်ဆောင်မှု အပေါ်တွင် လုပ်နေကျမဟုတ်သည့် ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်ကြောင်း ပြောသည်။ ညီမကတော့ ကိုယ့်ကိုယ် ကိုယ်ကာ ရိုက်တာ မစုံသေးဘူးလို့ ခံစားရတယ်။
မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်
ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။
အခုထိ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၃ ဦး ပျောက် ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်နိုင်ခဲ့သူတွေထဲ မှာ မြန်မာနိုင်ငံသား ၁၃ ဦး ပါဝင်ကြောင်း သိရပါတယ်။
အရှည် ပေ ၃၄၀ ၊ တန်ချိန် ၅၇၀၀ ရှိပြီး လူ ၁၃၂ ဦးပါ ရုရှနိုင်ငံလုပ် ငါးဖမ်းသင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ဖျား ဒေသ ရေခဲမှတ်နီးပါးအထိ အေးခဲနေတဲ့၊ မုဆိုးပင်လယ်လို့ အဓိပ္ပါယ်ရတဲ့ အော့ကဟော့ရှ် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာပါ။ ရေယာဉ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်
ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အရ ခွင့်ပြုချက် မယူဘဲ တရားဟောခွင့်ရှိကြောင်း ရွှေည၀ါ ဆရာတော် မိန့်ကြား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ တရားဟောခွင့် ရှိကြောင်း တရားဟောခွင့် ပိတ်ပင် ခံထား ရသော ရွှေည၀ါ ဆရာတော် ဦးပညာသီဟ က မိန့်ကြားသည်။ ရွှေည၀ါ ဆရာတော် ဦးပညာသီဟ သည် ဓမ္မကထိက ဂုဏ်အင်္ဂါနှင့် မညီသောကြောင့် တရားဟောခွင့် မပြုရန်နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ (၄၇) ပါး စုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်
မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။
ထိုသို့ မြို့နယ်တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ပြီးနောက် ချမ်းအေးသာစံမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အမှုဖွင့်ပြီးသည့်နေ့မှစ၍ သုံးလကြာမြင့်နေသည့်တိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထား ရှိပေးရေး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပေးမည် ဟု တိုင်း အစိုးရ ၏ ပြောကြားထားမှု နှစ်နှစ်ကြာအထိ အကောင် အထည် မပေါ်သေး၍ လွှတ်တော်တွင် မေးခွန်းထုတ်

ပြည်သူ့ရင်ပြင်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စီးပွားရေး အဆောက်အအုံများတစ်ခုပြီး တစ်ခုပေါ်ထွန်း လာသော်လည်း အ မျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်တုထား ရှိရေး ကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြ ပေးမည်ဟု ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့၏ ပြောကြားထားမှု နှစ် နှစ်ခန့်ကြာပြီး သော်လည်း ယခုအချိန် ထိဆောင်ရွက်နိုင်ခြင်းမရှိသေး၍ တိုင်းအစိုးရ၏ လျစ်လျူရှုမှုအပေါ် လွှတ်တော် ကိုယ်စားလှယ်ဦးကျော် က မေးခွန်းထုတ်ခဲ့သည်။
ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်

ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။
မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်

ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ၄၈ ချက် ထပ်မံပြင်ဆင်
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၁၀၅ ချက် ဖြည့်စွက်၍ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၄၈ ချက် ပါရှိသော အစီရင်ခံစာကို ဧပြီလ ၂ ရက် ပြည်သူ့ လွှတ် တော် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်
မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြား သား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံ ကြော်ငြာ မှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ် နိုင်ငံသား အပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံ ပြေးများ အဖြစ် ကြေညာထားသည်။
ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်လာသည့် မြန်မာအယောက်၂၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၁ ရက်နေ့က တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဖမ်းခံရမှာကြောက်လို့ နံရံပေါ် (၂) ရက်ကြာ တွယ်ကပ်နေခဲ့တဲ့ သူခိုး

ရဲအဖမ်းမခံချင်တဲ့ သူခိုးတစ်ယောက်ဟာ အဆောက်အဦးတစ်ခုရဲ့ အပြင်ဘက် လေအေးပေးစက် တစ်လုံး ပေါ် နာရီပေါင်း ၄၀ ကြာတွယ်ဖက်နေခဲ့တယ်လို့ Sina သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
မြန်မာစာဖြင့် အသုံးပြုနိုင်မည့် application များကို ဦးစားပေး ရေးသားကြရန် ဒုတိယသမ္မတ တိုက်တွန်း

မြို့ပြနေပြည်သူများသာမက ကျေးလက်နေပြည်သူများပါ အိုင်စီတီကို အသုံးပြုနိုင်စေရန်အတွက် မြန်မာ စာဖြင့် ဖန်တီးထားသည့် application များကို ဦးစားပေး တီထွင်ရေး သားကြရန် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းပြောကြားလိုက်သည်။
၂၀၂၀ ၌ မြန်မာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် ဘဏ်လုပ်ငန်းနှင့် ချိတ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်မည်

ပြည်တွင်းဘဏ် တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်သည့် နိုင်ငံသားအားလုံးပါဝင်သော ငွေကြေးဝန်ဆောင်မှုကို ၂၀၂၀ ပြည့် နှစ်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲရေး ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိမ်းက ပြောသည်။
Subscribe to:
Posts (Atom)