ဖားကန့်မြို့မှ အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်းဝင်၍ ဖမ်းဆီးသွားသူများမှာ ကေအိုင်အေအဖွဲ့မှဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး၏ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသတင်းရရှိသည်။
Thursday, 2 April 2015
စီမံကိန်းငွေကြေး မမှန်မကန်သုံးစွဲ မှု အရေးယူဖို့အဆို လွှတ်တော် အတည်ပြု
ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ငွေကြေးကို မှန်မှန်ကန်ကန် သုံးစွဲဖို့နဲ့ မမှန်မကန်သုံးစွဲမှုတွေကို အရေးယူဖို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
‘‘အာ့လာပြောတာ’’၊ ‘‘ဆေးထိုးကြမ်းတယ်’’တို့နှင့် ဖေ့စ်ဘွတ်ခ်ဗန်းစကားရေစီးကြောင်း
‘‘ဆေးထိုးကြမ်းတယ်’’၊‘‘၀ုန်းသွားတယ်’’
ရုတ်တရက် နားထောင်ကြည့်ပါက မသိသူများအဖို့ အူလည်လည် ဖြစ်သွားနိုင်သော်လည်း မြန်မာနိုင်ငံသားအများစု အသုံးပြုလာကြသော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အဆိုပါ စကားလုံးများက အဆန်းမဟုတ်ဘဲ ဆိုလိုရင်းကို ဒက်ခနဲ နားလည်ကြစမြဲ။ ‘‘ဆေးထိုးတယ်’’ ဟူသည့် စကားလုံးက လူမှုကွန်ရက်ပေါ်မှာ ဆေးပညာဆိုင်ရာ အသုံးအနှုန်းမဟုတ်ပါ။ တစ်ဦးနှင့်တစ်ဦး အပျော်သဘောနှင့် ချောက်ချခြင်းဟု အဓိပ္ပာယ်ရပါသည်။
Wednesday, 1 April 2015
သမ္မတ ပညာသင်ဆုအတွက် မေးခွန်းများ
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာကျောင်းသားများအတွက် နိုင်ငံခြားပညာသင်ဆုအစီအစဉ်ကို အကောင်အထည်ဖော်နေရာ ယခုအခါ တတိယအသုတ် လူတွေ့စစ်ဆေးသောအဆင့်သို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံတော်သမ္မတ ပညာတော်သင်ဆုရွေးချယ်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ ဧပြီ ၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဌ ဦးသိန်းထွန်း၊ အဖွဲ့ဝင်များအဖြစ် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း၊ သမ္မရုံးဝန်ကြီးများဖြစ်သော ဦးစိုးသိမ်း၊ ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတအကြံပေးများဖြစ်သော ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာရီရီမြင့်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာသန့်မြင့်ဦး၊ အတွင်းရေးမှူးအဖြစ် ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အပစ်ရပ်စဲရေးမူကြမ်း သဘောတူညီမှု ရရှိခြင်းကို ကြိုဆို
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား ညှိနှိုင်းရေးဆွဲထားသော အပစ်ရပ်စဲရေး မူကြမ်းပါ အချက်အားလုံးကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား အပြီးသတ် ညှိနှိုင်းသဘောတူညီမှု ရရှိ သွားခဲ့ခြင်းကို အထူးကြိုဆိုအပ်ပေသည်။
ရန်ပုံငွေကန်ဒေါ်လာ ၃၅ သန်း လိုအပ်နေ၍ စားနပ်ရိက္ခာ ထောက် ပံ့ရေး ပြတ်လပ်နိုင်ဖွယ်ရှိဟု WFP ထုတ်ပြန်
ယခုနှစ် ဒီဇင်ဘာအထိ စားနပ်ရိက္ခာထောက်ပံ့နိုင်ရေးအ တွက် ကမ္ဘာ့စားနပ် ရိက္ခာအစီအ စဉ် မြန်မာ(WFP-Myanmar) သည် ဒေါ်လာ ၃၅ သန်း လိုအပ် နေကြောင်း မတ်လ အစီရင်ခံစာ က ဖော်ပြသည်။
လာမည့် သြဂုတ်လလယ်မှ စတင်၍ မြန်မာနိုင်ငံတွင် ၎င်းတို့ ၏ စားနပ်ရိက္ခာထောက် ပံ့ရေး လမ်းကြောင်း ပြတ်လပ်မှု ဖြစ်ပေါ်နိုင်သည်ဟု WFP (မြန်မာ) က ဆိုသည်။
လက်ရှိတွင်မူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ဒေသတွင်း WFP ဆောင် ရွက်မှု များကို ယာ ယီရပ်ဆိုင်းထားသည်။ ယင်းသို့ ရပ်ဆိုင်းမှုသည် ကိုယ်ဝန်ဆောင် များနှင့် သားသည် မိခင်များ၊ အသက် (၂) နှစ်အောက် ကလေး ငယ်များ၊ အိတ်ခ်ျအိုင်ဗီ တီဘီဝေ ဒနာရှင်များ အစရှိသည့် လူထု ၄,၈၀၀ အပေါ် သက်ရောက် နေကြောင်း ထုတ်ပြန်သည်။ ကိုး ကန့်ဒေသ အတွင်း နယ်ခြားအမှတ်(၁၂၅)စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရသော ပဋိပက္ခဒဏ်ခံ လူ ဦးရေ ၄,၀၀၀ ထံသို့ စားနပ်ရိက္ခာ လုံခြုံစွာ ရောက်ရှိ ကူညီပေးနိုင် ရေး အစိုးရနှင့် ညှိနှိုင်းထား ကြောင်း WFP ကပြောသည်။
အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးမှု ကုလ နှင့် အမေရိကန် ကြိုဆို
အရေးပါသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက် (Nationwide Ceasefire Agreement- NCA) မူကြမ်းကို လက်မှတ်ရေး ထိုးနိုင်ခဲ့ သည့်အတွက် ၀မ်းမြောက် ကြိုဆိုပါကြောင်း ကုလသမဂ္ဂ နှင့် အမေရိကန် သံရုံးတို့ ကကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။
နိုင်ဂျီးရီးယား ရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လက်ရှိအာဏာရ သမ္မတ အရေးနိမ့်
အကြိတ်အနယ် ရှိခဲ့သည့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်နောက် အတိုက်အခံ အင်အားစုဖြစ်သည့် ယခင် စစ်အာဏာရှင်ဟောင်း မူဟမ်မာဒူ ဘူဟာရီက အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိသမ္မတ ဂွတ်လက်ခ် ဂျိုနသန်သည် အသက်(၇၂)နှစ်ရှိ အငြိမ်းစား ဗိုလ်ချုပ် ဘူဟာရီထံ မတ် ၃၁ရက် ညပိုင်းက ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သလို ရွေးကောက်ပွဲတွင် မိမိ အရေးနိမ့်ကြောင်း ဝန်ခံခဲ့သည်။
(၆)နှစ်အရွယ် ကလေးငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့မရှိဟု လူမှုကွန်ယက်၌ ပျံနှံ့မှု မှားယွင်းမှုသာဖြစ်
“ရင်ခွဲရုံမှာ စစ်ဆေးပြီးပါပြီ လူမှုကွန်ယက်တွေပေါ်မှာပျံနှံနေတဲ့ သတင်းဟာ မဟုတ်ပါဘူး ကလေးမှာ အင်္ဂါအစုံ ပါပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားစစ်ဆေးလျှက်ရှိပါတယ်။”
ငြိမ်းချမ်းရေးရောင်နီသန်းပြီလား
မတ်လ ၃၀ ရက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအပြီးတွင် နှစ် (၆၀) အကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရန် သတင်းစကားတစ်ခုကို ကြားခဲ့ရသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ရက်ပေါင်း ၅၀၀ ခန့် ကာလအတွင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) ကို အချောသပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများစောင့်မျှော်နေသော သတင်းကောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် မကိုက်ညီသည့် ပိတ်ပင်တားဆီးမှုဟု ရွှေညဝါ ဆရာတော် မိန့်
ရွှေညဝါဆရာတော်ဟု လူသိများသည့် အရှင်ပညာသီဟသည် ဗုဒ္ဓဘာသာ နှင့်မကိုက်ညီသည်များ ဟောကြားသည် ဆိုကာ ဗဟိုသံဃာ့နာယကက တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် ကိုက်ညီမှုမရှိသည့် ပိတ်ပင်တားဆီးမှု ဟု ရွှေညဝါဆရာတော်က တုံ့ပြန်မိန့်ကြားလိုက်သည်။
ရွှေညဝါဆရာတော်သည် တရားဟော ဓမ္မကထိကတစ်ပါး၏ ဂုဏ်အရည် အချင်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ တစ်နိုင်ငံလုံး တရားဟောခွင့် အကန့် အသတ်မရှိ ပိတ်ပင်လိုက်သည့်အပေါ် ဆရာတော်က တုံ့ပြန်မိန့်ကြား ခြင်းဖြစ်သည်။
အပစ်ရပ်မူကြမ်းသဘောတူညီမှု ကုလနဲ့အမေရိကန်ကြိုဆို
ဆယ်စုနှစ်ပေါင်းများစွာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တနိုင်ငံလုံး အပစ်
အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မူကြမ်းကို မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ပါတယ်။
မြန်မာကို ကုလဆက်စောင့်ကြည့်ဖို့ လှုပ်ရှားသူတွေ တိုက်တွန်း
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို ဆက်ပြီးချမှတ်ဖို့နဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ က တိုက်တွန်းလိုက်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဥာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက်နေ့က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အခုနှစ် ရန်ကုန်သင်္ကြန် ဘယ်မဏ္ဍပ်မှာ ထိုင်ကြမလဲ
၂၀၁၅ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရန်ကုန်မှာ ရေကစားကြမယ့် မဏ္ဍပ်တွေကတော့ ထုံးစံအတိုင်း ပြည်လမ်းမကြီး နဲ့ ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ်မှာ အများဆုံးရှိနေမှာပါ။
မဏ္ဍပ်မှာ ထိုင်ပြီး သင်္ကြန်အလည်အပတ်ကားတွေကို ကြည့်ချင်သူတွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အတူ ရေပက်ကစားချင်သူ အများစုကတော့ မဏ္ဍပ်ထိုင်ဖို့ကိုပဲ ရွေးချယ်ကြပါတယ်။
ချောမွေ့ကာ ပြေပြစ်လို့ အဖုအထစ် ကင်းစေဖို့
သဘာဝ အပင်ထွက် အရေပြား တင်းရင်းစေတဲ့ ဆေးတွေ စမ်းသုံးကြည့်ပါ
“ကြွက်သား အဖုအဖု၊ ထုထုပြီး ခရာချင်စရာကွယ်” ဆိုတဲ့ ရှေးသီချင်း တပုဒ်ရဲ့ စာသားတွေ ကြားရင် တောင့်တင်းသန်မာ ပြီး ကြွက်သားတွေ အမြှောင်းမြှောင်း ထလို့ ခန့်ထည် ဝင့်ကြွားနေတဲ့ ဗလမောင်ကြီးတွေကို ပြေးပြီး မြင်မိကြမှာပါ။ ဒါပေမယ့် ကြွက်သား မဟုတ်ဘဲ တခြား အဖုအဖုတွေ ကျတော့လည်း စိတ်ပျက်စရာ ဖြစ်ရပြန်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ၊ ပေါင်မှာ၊ တင်ပါးဆုံမှာ၊ အရေပြား အောက်က အထစ်အထစ်တွေ၊ အမြှောင်း အရစ်ရစ်တွေ ဖြစ်နေတာကို မြင်ဖူးကြမှာ ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပေါ့။ ဒါကို Cellulite လို့ ခေါ်ပါတယ်။
Tuesday, 31 March 2015
သင်္ကြန်ကာလဖြစ်ပွားနိုင်သောမှုခင်းများကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက် ရပ်ကွက်ရှိ ငြိမ်းအေးချမ်းသာဓမ္မာရုံတွင် သင်္ကြန်ကာလအတွင်း ဖြစ်ပွား နိုင်သော မှုခင်းများကြိုတင်ကာကွယ်ရေးနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လူတစ်ယောက် အခက်အခဲဖြစ်နေသည်ကို ဥပေဒနှင့်အညီဝန်ဆောင်မှုပေးခြင်းသည် ပါရမီဖြည့်တာပဲဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်းအများပြည်သူပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေ သောတုတ်၊ ဓားလက်နက်များကိုင်ဆောင်ခြင်း၊ အရက်သေစာရောင်း ချ၊ သောက်စားခြင်းမပြုရန်၊ ကာမရာဂစိတ်ကိုနှိုးဆော်ပေးသောဆေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမျိုးကောင်းသမီးငယ်များ ဘဝပျက်ပြား နိုင်သဖြင့် မိဘဆွေမျိုးများက ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်၊ မန္တလေး နန်းမြို့၏ယဉ်ကျေးမှုအမွေအနှစ် အစဉ်အလာကောင်းများကို ဝိုင်းဝန်း စောင့်ရှောက်ရန် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရီက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနိုင်ငံရေး
လာမည့် နိုဝင်ဘာလနှောင်းပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမည့် တတိယမြောက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲကို ဦးတည်သော နိုင်ငံရေးများကိုလည်း ခပ်စိပ်စိပ် တွေ့မြင်လာရမည် ဖြစ်သည်။
ပုံမှန်အားဖြင့် တွေ့မြင်ရမည့် ရွေးကောက်ပွဲကို အကြောင်းပြုသော မဲဆွယ်စည်းရုံးမှုများ၊ မဲဆွယ်အကြိုလှုပ်ရှားမှုများ၊ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုနှင့် ရွေးကောက်ပွဲဝင် ပါတီများ၊ ခေါင်းဆောင်များ၏ လူကြိုက်များ ရေပန်းစားမှုတို့ကို အကြိုစစ်တမ်း ကောက်ယူမှုကဲ့သို့ ဖြစ်ရိုးဖြစ်စဉ် နိုင်ငံရေးများအပြင် လူပုဂ္ဂိုလ်နှင့် ပါတီ၊ အဖွဲ့အစည်းအပေါ် အဓိကဦးတည်သော နိုင်ငံရေးများကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။
နီပေါရှိ မြို့တစ်မြို့တွင် ကြံ့တစ်ကောင် ဝင်သောင်းကျန်းရာ တစ်ဦးသေပြီး ခြောက်ဦး ဒဏ်ရာရ
နီပေါနိုင်ငံတွင် လူနေရပ်ကွက်ထဲ ဝင်ရောက် သောင်းကျန်းခဲ့သည့် ကြံ့တစ်ကောင်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူခြောက်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ၂၉ ရက်က ကြံ့ထိန်းသိမ်းရေး ဘေးမဲ့စခန်း တစ်ခုမှ နယ်ကျော်ထွက်လာသည့် ကြံ့နက်တစ်ကောင်သည် မာဝမ်ပါမြို့ထဲ ဝင်လာပြီး လမ်းသွားလမ်းလာများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကြံ့ချိုဖြင့် အဝှေ့ခံရသည့်နောက် အသက်(၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကြံ့က ဝင်တိုးသည့်အတွက် မော်တော်ယာဉ် အချို့လည်း ပျက်စီးခဲ့သည်။ ယင်းဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုထဲ၌ ကြံ့ကြီးသည် ကျဉ်းမြောင်းသော လူသွားလမ်းတစ်လျှောက် ပြေးဝင်ပြီး မြင်သမျှကို တိုက်ခိုက်ခဲ့ရာ လူအများသည် နီးရာ အဆောက်အအုံများထဲ ပြေးဝင်ပြီး အထပ်မြင့် လေသာဆောင်များမှ ထွက်ကြည့်နေကြသည်ကို တွေ့ရသည်။
တိုက်ပွဲဒဏ်ရာဖြင့်ကွယ်လွန်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်ထောက်ပံ့ငွေပေးအပ်
လောက်ကိုင်ဒေသတိုက်ပွဲတွင် ရရှိခဲ့သောဒဏ်ရာဖြင့် သေဆုံးသွား သည့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် ကြက်ခြေနီတပ်ဖွဲ့ ဝင်ဦးမိုးကျော်သန်း၏မိသားစုအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယခုလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာနရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့က ထောက်ပံ့ငွေ ၁ဝ သိန်း၊ လူမှုရေးဝန်ကြီးဒေါက်တာဝင်းလှိုင် မိသားစုက ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ဗဟိုကြက်ခြေနီအသင်း မှ ထောက်ပံ့ငွေကျပ်ငါးသိန်း၊ ဗဟို ကြက်ခြေနီအသင်းဥက္ကဋ္ဌက နှစ် သိန်း၊ တိုင်းကြက်ခြေနီအသင်းက နှစ်သိန်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ နှစ်သိန်းနှင့် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန် ထွန်းကထောက်ပံ့ငွေကျပ်တစ်သိန်း စုစုပေါင်းကျပ် ၂၃ သိန်းကို ဦးမိုး ကျော်သန်း၏ဇနီး ဒေါ်ဂျုံးသွယ် အားပေးအပ်ခဲ့ကြောင်းသိရသည်။
အိမ်အတွင်းက ပိုးမွှားအများဆုံး ၆ နေရာ
( ၁ ) မီးဖိုချောင်ဘေစင် အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။ အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။
Subscribe to:
Posts (Atom)







