Wednesday 1 April 2015

(၆)နှစ်အရွယ် ကလေးငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့မရှိဟု လူမှုကွန်ယက်၌ ပျံနှံ့မှု မှားယွင်းမှုသာဖြစ်



“ရင်ခွဲရုံမှာ စစ်ဆေးပြီးပါပြီ လူမှုကွန်ယက်တွေပေါ်မှာပျံနှံနေတဲ့ သတင်းဟာ မဟုတ်ပါဘူး ကလေးမှာ အင်္ဂါအစုံ ပါပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားစစ်ဆေးလျှက်ရှိပါတယ်။”

“ဘာကြောင့်သေတယ်လို့တော့ ပြောလို့မရသေးဘူး ကလေးရဲ့ လည်ပင်းမှာ ကြိုးရာတွေ့တယ်၊ ရေထဲမှာ အချိန်အကြာကြီးရှိနေတော့ အသားတွေပွနေပြီး ဒဏ်ရာအတိအကျမသိနိုင်သေးဘူး။”
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ထိုင်းနိုင်ငံအပိုင် မယ်ဆိုင်နွဲရေချောင်းကမ်းပါး၌ ဆာလာအိတ် အတွင်းထည့်လျှက် လည်ပင်းကြိုးချည်လျှက် စွန့်ပစ်ကာ အသတ်ခံရသော (၆)နှစ်အရွယ် မိန်းကလေး၏ ကိုယ်အင်္ဂါအစိတ်အပိုင်း အချို့မရှိတော့ကြောင်း လူမှုကွန်ယက်တွင် ပျံနှံ့မှုမှာ မှားယွင်းကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရှိရသည်။
Shwe Myitmakha Media Group

No comments:

Post a Comment