Tuesday 31 March 2015

တိုက်ပွဲဒဏ်ရာဖြင့်ကွယ်လွန်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်ထောက်ပံ့ငွေပေးအပ်


လောက်ကိုင်ဒေသတိုက်ပွဲတွင် ရရှိခဲ့သောဒဏ်ရာဖြင့် သေဆုံးသွား သည့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် ကြက်ခြေနီတပ်ဖွဲ့ ဝင်ဦးမိုးကျော်သန်း၏မိသားစုအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယခုလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာနရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့က ထောက်ပံ့ငွေ ၁ဝ သိန်း၊ လူမှုရေးဝန်ကြီးဒေါက်တာဝင်းလှိုင် မိသားစုက ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ဗဟိုကြက်ခြေနီအသင်း မှ ထောက်ပံ့ငွေကျပ်ငါးသိန်း၊ ဗဟို ကြက်ခြေနီအသင်းဥက္ကဋ္ဌက နှစ် သိန်း၊ တိုင်းကြက်ခြေနီအသင်းက နှစ်သိန်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ နှစ်သိန်းနှင့် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန် ထွန်းကထောက်ပံ့ငွေကျပ်တစ်သိန်း စုစုပေါင်းကျပ် ၂၃ သိန်းကို ဦးမိုး ကျော်သန်း၏ဇနီး ဒေါ်ဂျုံးသွယ် အားပေးအပ်ခဲ့ကြောင်းသိရသည်။

ဦးမိုးကျော်သန်းသည် လောက် ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများ အား ကြက်ခြေနီယာဉ်တန်းဖြင့် လိုက်ပါကူညီနေစဉ်သောင်းကျန်း သူများ၏တိုက်ခိုက်မှုကြောင့် ဝမ်း ဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပထမဦးစွာကွမ်းလုံဆေးရုံ၊ ထိုမှ တစ်ဆင့်လားရှိုးဆေးရုံကြီး၊ နောက် ဆုံးအနေဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအထူးကြပ်မတ်ကုသ ဆောင်တွင် တက်ရောက်ကုသမှု ခံယူနေစဉ် ယခုလ ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ကျင်းပသည့် ထောက်ပံ့ငွေပေးအပ် ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ တိုင်းပြည်ခိုင် ဖြိုးပါတီကော်မတီဝင်ဦးတင်ထွန်း၊ ဦးသောင်းဝေ၊ မန္တလေးခရိုင်ပါတီ အတွင်းရေးမှူးဦးဘိုသင်း၊ ကြက် ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကွယ်လွန်သူ ဦးမိုးကျော်သန်း၏ ဇနီးဒေါ်ဂျုံးသွယ်တို့ တက်ရောက် ခဲ့ကြသည်။

The Union Daily

No comments:

Post a Comment