Tuesday 31 March 2015

သင်္ကြန်ကာလဖြစ်ပွားနိုင်သောမှုခင်းများကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက် ရပ်ကွက်ရှိ ငြိမ်းအေးချမ်းသာဓမ္မာရုံတွင် သင်္ကြန်ကာလအတွင်း ဖြစ်ပွား နိုင်သော မှုခင်းများကြိုတင်ကာကွယ်ရေးနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လူတစ်ယောက် အခက်အခဲဖြစ်နေသည်ကို ဥပေဒနှင့်အညီဝန်ဆောင်မှုပေးခြင်းသည် ပါရမီဖြည့်တာပဲဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်းအများပြည်သူပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေ သောတုတ်၊ ဓားလက်နက်များကိုင်ဆောင်ခြင်း၊ အရက်သေစာရောင်း ချ၊ သောက်စားခြင်းမပြုရန်၊ ကာမရာဂစိတ်ကိုနှိုးဆော်ပေးသောဆေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမျိုးကောင်းသမီးငယ်များ ဘဝပျက်ပြား နိုင်သဖြင့် မိဘဆွေမျိုးများက ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်၊ မန္တလေး နန်းမြို့၏ယဉ်ကျေးမှုအမွေအနှစ် အစဉ်အလာကောင်းများကို ဝိုင်းဝန်း စောင့်ရှောက်ရန် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရီက ပြောကြားခဲ့သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ မလိုက်နာခြင်း၏ အကျိုးအပြစ်တို့ကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးသိုက်နိုင်ထွန်းက ရှင်း လင်းပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကို မူးယစ် ဆေးဝါးအန္တရာယ်တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးသန်းထွဋ်က ဟော ပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရဲအရာရှိကြီးများ၊ မဟာအောင်မြေ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အကွက်မှူးများ၊ ပြည်သူများ စုစုပေါင်း ၁၅ဝ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများကို အမှတ် (၇)ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းအသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
The Union Daily

No comments:

Post a Comment