Wednesday, 18 March 2015

ကိုးကန့်ဒေသတိုက်ပွဲ ကြာရှည်နိုင်သလား

ကိုးကန့်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်များ တိုက်ပွဲသည် အချိန်တိုအတွင်း မပြီးနိုင်သလို အဆိုပါတိုက်ပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်
***
မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲအတွင်း ဗုံးဆန်အချို့ တရုတ်နိုင်ငံထဲသို့ ကျရောက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသားလေးဦး သေဆုံးခဲ့သည့်ဖြစ်ရပ်က ကိုးကန့်တပ်ဖွဲ့အပေါ် ထိုးစစ်အရှိန်မြှင့်တော့မည့် မြန်မာ့တပ်မတော်အတွက် အခက်အခဲ တွေ့သွားစေပြီဖြစ်သည်။

ဗုဒ္ဓပုံကို DJ နားကြပ် တပ်ပေးသူ ထောင်ချခံရ

မြန်မာနိုင်ငံ အရက်ဘားဆိုင် တစ်ခုမှာ ဈေးချထားတာကို ကြော်ငြာတဲ့အနေနဲ့ ဗုဒ္ဓပုံကို နားကြပ်တပ်ဆင်ပေးတဲ့ ပုံကို တင်ခဲ့ရာက နယူးဇီလန်နိုင်ငံ ဘားမန်နေဂျာနဲ့ မြန်မာနှစ်ဦးတို့ကို ရန်ကုန်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။
ဗုဒ္ဓပုံကို နားကြပ်တပ်ဆင် ထားတဲ့ ပုံကို ဒီဇင်ဘာလတုန်းက ဖေ့စ်ဘွတ်ပေါ် တင်ပြီး မကြာခင်မှာပဲ ဘားရက်အပြင်မှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ဓာတ်ပုံကို ဖျက်သိမ်းခဲ့ကြသလို တောင်းပန်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဆိုင်ကို ပိတ်ချခဲ့ကြပါတယ်။

ဦးနှောက်ရောင်နာရောဂါနှင့် ပတ်သက်သည့် စီမံကိန်းတစ်ခုပြုလုပ်မည်

ဦးနှောက်ရောင်နာ ရောဂါနှင့် ပတ်သက်သည့် စီမံကိန်း တစ်ခု မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် စတင်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဦးနှောက်ရောင်ရောဂါဆို သည်မှာ ဗဟိုအာရုံကြောဖွဲ့စည်း မှုစနစ် ရုတ်တရက်ပြင်းထန်စွာ ရောင်ရမ်းခြင်းကြောင့် ဆက်စပ် နေသော ဦးနှောက်နှင့် အာရုံ ကြောများ၏ ပုံမှန်လုပ်ငန်းစဉ်များ ပျက်ယွင်း၍ ဖြစ်ပေါ်သည့် ရောဂါဖြစ်သည်။ အဆိုပါ ရောဂါများတွင်ရေယုန်ကြောင့် ဖြစ်သော ရောဂါ များ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်ရောင်နာနှင့် ဦးနှောက် အမြှေးရောင်စသည့် ရောဂါများ ပါဝင်ပြီး အသက် (၁၅) နှစ် အောက်အရွယ်များတွင် ပိုမို အဖြစ်များသည်။
ယင်းစီမံကိန်းကို သုံးနှစ် တာ ရေးဆွဲထား၍ ကျန်းမာရေး ၀န်ကြီးဌာနနှင့် အခြားအဖွဲ့အ စည်းများ ပူးပေါင်းလုပ်ဆောင် မည်ဖြစ်သည်။

ရောဂါရှိသူများ ပဋိသန္ဓေတားဆေး မစားသင့်

ရောဂါရှိသူများ ပဋိသန္ဓေတားဆေး မစားသင့်ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။
(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊
(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ
(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊
(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊
(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊
(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။

တရုတ်ဝန်ကြီး မြန်မာနဲ့နယ်စပ် ကြည့်ရှု



တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ်ကို တနင်္လာနေ့ က ရောက်ရှိခဲ့ပြီး၊ ဒေသအာဏာပိုင်တွေနဲ့ နယ်စပ် လုံခြုံ ရေးကိစ္စ၊ ဒေသခံတရုတ်လူမျိုးတွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။

ကိုးကန့်ဒေသ တိုက်ပွဲဆက်


ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနေချိန်အတွင်း MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ် ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့

ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေး ကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။
အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။

Tuesday, 17 March 2015

နေပြည်တော်တွင် အနှိပ်ခန်းနှင့် ကေတီဗီများ လိုက်လံဖမ်းဆီး

နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များရှိ အနှိပ်ခန်း များနှင့် ကေတီဗီများ ပိတ်ထားရန် ညွန်ကြားသော်လည်း မလိုက်နာ သောကြောင့် မတ်လ ၁၅ ရက်မှ စတင်၍ ဖမ်းဆီးမှုများရှိနေကြောင်း သတင်းရရှိသည်။
တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုနေစဉ် အနှိပ်ခန်းများ ပိတ် ထားရန် ညွှန်ကြားထားသော် လည်း လိုက်နာမှုမရှိသည့် ဆိုင် ခန်းများရှိနေသောကြောင့် လိုက် လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ပေါင်းလောင်းတွင် အနှိပ်ခန်းဖွင့် လှစ်ထားသူ တစ်ဦးကဆိုသည်။

တက္ကစီပေါ်တွင် မေ့ကျန်ခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦး၏ ငွေများကို ယာဉ်မောင်းက ပြန်လည်ပေးအပ်

တရုတ်နိုင်ငံသားတစ်ဦး အငှားယာဉ်ပေါ် ကျန်ခဲ့သည့် မြန်မာငွေကျပ် ၁၇ သိန်းကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၁,၂၀၀ ကို အငှားကား ယာဉ် မောင်းက ဒဂုံမြို့သစ် မြောက်ပိုင်း ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် တရုတ်နိုင်ငံသား မစ္စတာ ဖူဘင်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမပေါ်ရှိ ဘိုဘိုမင်းဟို တယ်မှ ကတ်ပီတယ်စူပါမား ကက်အနီး Star Mart ဟိုတယ် သို့သွားရာ ယာဉ်မောင်းဦးမြ သိန်းမောင်းနှင်သည့် တက္ကစီကို ငှားရမ်းစီးနင်းလာစဉ် အဆိုပါ ယာဉ်ပေါ်၌ ပိုက်ဆံအိတ် ကျန်ခဲ့ ခြင်းဖြစ်သည်။

သမ္မတနှင့် KIO တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီး မဟုတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် KIO ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီးစဉ် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်အောင် လုပ်ဆောင် ရမယ့် အဓိက အချက်ကို ရှာဖွေမယ်။ မအောင်မမြင် ဖြစ်စေမယ့် အဟန့် အတားမျိုး မပါဝင်အောင် ကြိုးစားမယ် ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။ ယခုအခါ မီဒီယာများနှင့် ပြင်ပအသံ အချို့ကြောင့် နှစ်ဘက်စလုံးတွင် ယုံကြည်မှု လျော့နည်းခြင်းများ ရှိနိုင်ပြီး၊ ခေါင်းဆောင် အချင်းချင်း မတွေ့ဆုံနိုင်ခြင်းသည်လည်း နားလည်မှု များကို အားနည်း နိုင်ကြောင်း ၎င်းက ပြောသည်။ထိုပြင် KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCCTမှာလည်း ဆက်လက်ပါဝင် ပူးပေါင်းပြီး လုပ်ငန်းစဉ် သုံးခုစလုံး အမှန်တကယ် အောင်မြင်သည် အထိ ကြိုးပမ်း ဆောင်ရွက် သွားဖို့ ဆန္ဒပြင်းပြစွာ ရှိနေကြောင်း သိရသည်။

လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား


ထိုင်းနိုင်ငံက တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံက ခရီးသွားလာ သူတွေကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။ တရုတ်ခရီးသွားတွေဟာ ထိုင်း နိုင်ငံကို ရောက်ရှိတဲ့ အခါမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိဘဲ အပြုအမူဆိုးတွေ ပြုလုပ်နေ တာကြောင့် ဒေသခံတွေနဲ့ ပြဿနာ ဖြစ်ပွားမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြ ပါတယ်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေးတွင် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာရည်နို့ကို သောက်ရေခွက်နှင့် မသောက်ရဘဲ အိုးခြမ်းပဲ့နှင့်သာ သောက်နေရကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောကြား

မြန်မာနိုင်ငံ ၏ အခြေခံပညာရေးတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ပညာ ရည်နို့ကို သောက်ရေခွက်နှင့် မသောက် ရဘဲ အိုးခြမ်းပဲ့နှင့်သာ သောက်နေရ ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ယနေ့ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် သုံးဦး၏ အခြေ ခံပညာ အလယ်တန်းကျောင်းခွဲ၊ အ ထက်တန်းကျောင်းခွဲများကိုအဆင့် မြှင့်ပေးရန်အတွက် မေးခွန်းများမေး မြန်းခြင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်း များနှင့် ပတ်သက်ပြီးပြောကြား ခြင်းဖြစ်သည်။

"ငြိမ်းချမ်းတော့မည် ကချင်ပြည်"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် (၁၀) နာရီတွင် ကချင် လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် အဖွဲ့ အား နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့ ပထမဆုံး အကြိမ် တွေ့ ဆုံကြခြင်း ဖြစ်ပါကြောင်း၊ အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မကြာခဏတွေ့ဆုံခဲ့ကြပြီး ရင်းနှီးနေကြပြီ ဖြစ်ပါကြောင်း၊ ကေအိုင်အိုအဖွဲ့နှင့် ယခုမှ ပထမဆုံး အကြိမ် တွေ့ဆုံ သည် ဆိုသော်လည်း မိမိ၏ အသိအကျွမ်းများ၊ မိမိနှင့်အတူ အမျိုးသား ညီလာခံ တက်ရောက် ခဲ့သည့်အဖွဲ့များ ပြန်လည်တွေ့ဆုံရခြင်း အတွက် ၀မ်းသာပါကြောင်း၊ ကချင်တိုင်းရင်းသားများ အားလုံးကျန်းကျန်း မာမာ ပျော်ပျော် ရွှင်ရွင် ရှိကြစေရန် ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း။

အနုပညာ လုပ်ငန်းတွေ ဆက်တိုက် ပြန်လုပ်တော့မယ် ဆိုတဲ့ ချစ်စနိုးဦး


  ပရိသတ် လက်ခံမှု ရရှိထားသည့် သရုပ်ဆောင်၊ အဆိုတော် ဖြစ်သော ချစ်စနိုးဦးက သူမ၏ ဖခင် ကျန်းမာရေးကြောင့် နားထားခဲ့ရာမှ ယခုအခါတွင် အနုပညာ လုပ်ငန်းများကို ဆက်တိုက် ပြန်၍ လုပ်ကိုင် တော့မည် ဖြစ်ကြောင်း ပြောသည်။

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်


ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။

Monday, 16 March 2015

ထာဝရ ငြိမ်းချမ်းရေးဆီသို့

မြန်မာ့သတင်းစဉ်အဖွဲ့
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနှင့်အဖွဲ့အား နေပြည်တော်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံခြင်းသည် နိုင်ငံတော် သမ္မတနှင့် (ကေအိုင်အို) အဖွဲ့တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ယုံကြည်မှု တည်ဆောက်ခြင်းကို ပိုမို ခိုင်မာအောင် ပြုလုပ်နိုင်ခဲ့ကြပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် (ကေအိုင်အို) အနေဖြင့် အင်တိုက် အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက် တော့မည် ဖြစ်သည်။ သို့ဖြစ်၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည့် တာဝန်ရှိသူများ၏ ငြိမ်းချမ်းရေး စကားသံများကို ဖော်ပြလိုက်ပါသည်-

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ


တိုင်းရင်းသားများ စုစည်း နေထိုင်သော နိုင်ငံတော် ဖြစ်၍ ကောင်းသော အကျိုးရလဒ်များ ခံစားကြရန် အရေးကြီးပါကြောင်း ၊ လက်ရှိ ဆောင်ရွက်နေသော ကိစ္စ ရပ်များသည် နိုင်ငံတော် ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းကြောင်း အတွက် ကောင်းသော လုပ်ဆောင်မှုများ၊ အကျိုးကျေးဇူးများ ဖြစ်ထွန်းရန် လိုအပ်ကြောင်း၊ ယခု တွေ့ဆုံမှုအား ကြိုဆိုပါကြောင်း ၊ အနာဂတ် အတွက်လည်း အမှန်တကယ် မျှော်လင့်ပါကြောင်း၊ တိုင်းပြည် အတွက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းပြီဟု ဆိုနိုင်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)မှ ဒေါက်တာလဂျာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားသည်။

နစ်မြုပ်သင်္ဘောပေါ်မှ လွတ်မြောက်ခဲ့သူတစ်ဦးနှင့် တွေ့ဆုံခြင်း

ကိုဆန်းဝင်း (ကျောက်ဖြူမြို့ဒေသခံ)
မတ်လ ၁၃ ရက် ညက စစ်တွေ- တောင်ကုတ်ပြေးဆွဲသည့်အောင် တံခွန်(၃) ခရီးသည်တင် နှစ်ထပ်သင်္ဘောတိမ်းမှောက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူများ၏ အလောင်း ၃၆ လောင်း ပြန်လည်ဆယ်ယူရရှိကာ အသက်ရှင်လျက် ပြန်တွေ့သူ ၁၆၉ ဦးရှိခဲ့သည်။ အစိုးရက သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်းနှင့် ခရီးသည် ၂၂၅ ဦးပါဝင်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း အသက်ရှင်လျက် ပြန်လာသူများနှင့် ဒေသခံများကမူ ခရီးသည်သုံးရာခန့် လိုက်ပါလာနိုင်ကြောင်း သုံးသပ်ကြသည်။ ယင်းသင်္ဘော တိမ်းမှောက်မှုတွင် ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံခဲ့ပြီး စတုတ္ထတန်းကျောင်းသူ သမီးတစ်ဦးနှင့် န၀မတန်းကျောင်းသူ တူမတစ်ဦး အသက်ဆုံးရှုံးခဲ့ရ သည့် ကျောက်ဖြူဒေသခံ ကိုဆန်းဝင်းအား မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မြောက်ပိုင်း ပါဂျောင်လူသတ်မှုတွင် အဓိက ပါဝင်သူများ ပျောက်ဆုံးလျက် ရှိဟုဆို

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် အဓိက ပါဝင်သူများ ပျောက်ဆုံးလျက်ရှိကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးကော်မတီ တာဝန်ခံ ညှိနှိုင်းရေးမှူး ဦးကျော်လင်းက ပြောကြားသည်။
မတ်လ ၁၅ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် House Of Memory စားသောက်ဆိုင်တွင် ဂုဏ်သိက္ခာဟု အမည်ပေးထားသော ပါဂျောင်လူသတ်မှု အစီရင်ခံစာကို ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

တရုတ်ဘက်ကျတဲ့ဗုံး သူတို့ မပစ်ဘူးလို့ ကိုးကန့်အဖွဲ့ငြင်းဆို

တရုတ်မြန်မာနယ်စပ်ဒေသ တရုတ်နိုင်ငံဘက်ခြမ်းမှာ မတ်လ ၁၃ ရက် သောကြာနေ့က ကျရောက်ခဲ့တဲ့ဗုံးဟာ သူတို့ပစ်တဲ့ဗုံးမဟုတ်ဘူးလို့ MNDAA ကိုးကန့်အဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
ကိုးကန့်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေရဲ့တိုက်ပွဲမှာ တရုတ်နိုင်ငံဘက်ကို ကျသွားတဲ့ဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က သူတို့ပစ်တဲ့ဗုံးမဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ကိုးကန့်အဖွဲ့အနေနဲ့လည်း တရုတ်ပြည်ကို ကျောပေးထားတာဖြစ်တဲ့အတွက် သူတို့ပစ်တာ မဟုတ်ဘူးလို့ မြန်မာအမျိုးသား ဒီမိုကရေစီတပ်ဖွဲ့ (ကိုးကန့်အဖွဲ့) က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။