Tuesday 17 March 2015

လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား


ထိုင်းနိုင်ငံက တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံက ခရီးသွားလာ သူတွေကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။ တရုတ်ခရီးသွားတွေဟာ ထိုင်း နိုင်ငံကို ရောက်ရှိတဲ့ အခါမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိဘဲ အပြုအမူဆိုးတွေ ပြုလုပ်နေ တာကြောင့် ဒေသခံတွေနဲ့ ပြဿနာ ဖြစ်ပွားမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြ ပါတယ်။

တရုတ်ခရီးသွားတွေဟာ လေယာဉ်ပေါ်မှာ ပြဿနာတွေ ရှာခဲ့ကြ သလို ထိုင်းနိုင်ငံက ထင်ရှားတဲ့ နေရာတွေကို လာရောက် လည်ပတ်ရာမှာ လည်း အပြုအမူဆိုးတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လမှာ တရုတ် ခရီးသွား တစ်ဦးဟာ စေတီဘုရားမှာ ထားရှိတဲ့ ခေါင်းလောင်းတွေကို ခြေထောက်နဲ့ ကန်ကျောက်မှု ပြုလုပ်ခဲ့တဲ့ အတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ ထိုင်းနိုင်ငံသားတွေ အတွက် ဒေါသဖြစ်စရာ ဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ အချို့စေတီ ဘုရားတွေမှာ တရုတ်နိုင်ငံသားတွေကို လာရောက် လည်ပတ်ခွင့် ပိတ်ပင်ထားတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တရုတ် အမျိုးသမီး ခရီးသွားနှစ်ဦးဟာ လက်ဆေးကန်မှာ ခြေထောက်တွေကို ဆေးသွားခဲ့ တာမို့ ထိုင်းနိုင်ငံသားတွေ ဒေါသထွက်ခဲ့ကြ ပါတယ်။ ဒီလို လက်ဆေးကန်မှာ ခြေထောက်ဆေးနေ တာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ၀က်ဘ်ဆိုက်မှာ လွှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ ထိုင်း ခရီးသွား လာရေး တာဝန်ရှိသူ တွေဟာ တရုတ် နိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံကို ရောက်တဲ့ အခါ ဘယ်လို ပြုမူနေထိုင်ရမလဲ ဆိုတာ အသိပေးမှုတွေ ပြုလုပ် ထားပါတယ်။ ဒါပေမဲ့ တရုတ် နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အခါမှာ ပြဿနာတွေ အမြဲတမ်း ပြုလုပ်လေ့ ရှိတာမို့ ဒေသခံတွေ အတွက် ကတော့ ခံပြင်းစရာ ဖြစ်နေတယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထား ပါတယ်။
Credit : The Messenger

No comments:

Post a Comment