Wednesday 18 March 2015

ဦးနှောက်ရောင်နာရောဂါနှင့် ပတ်သက်သည့် စီမံကိန်းတစ်ခုပြုလုပ်မည်

ဦးနှောက်ရောင်နာ ရောဂါနှင့် ပတ်သက်သည့် စီမံကိန်း တစ်ခု မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် စတင်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဦးနှောက်ရောင်ရောဂါဆို သည်မှာ ဗဟိုအာရုံကြောဖွဲ့စည်း မှုစနစ် ရုတ်တရက်ပြင်းထန်စွာ ရောင်ရမ်းခြင်းကြောင့် ဆက်စပ် နေသော ဦးနှောက်နှင့် အာရုံ ကြောများ၏ ပုံမှန်လုပ်ငန်းစဉ်များ ပျက်ယွင်း၍ ဖြစ်ပေါ်သည့် ရောဂါဖြစ်သည်။ အဆိုပါ ရောဂါများတွင်ရေယုန်ကြောင့် ဖြစ်သော ရောဂါ များ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်ရောင်နာနှင့် ဦးနှောက် အမြှေးရောင်စသည့် ရောဂါများ ပါဝင်ပြီး အသက် (၁၅) နှစ် အောက်အရွယ်များတွင် ပိုမို အဖြစ်များသည်။
ယင်းစီမံကိန်းကို သုံးနှစ် တာ ရေးဆွဲထား၍ ကျန်းမာရေး ၀န်ကြီးဌာနနှင့် အခြားအဖွဲ့အ စည်းများ ပူးပေါင်းလုပ်ဆောင် မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကလေးလူ ငယ်များတွင် အဖြစ်များလျက်ရှိ ကာ ဦးနှောက်ရောင်နာရောဂါ များနှင့် နောက်ဆက်တွဲကျန်းမာ ရေးပြဿနာများဖြေရှင်းနိုင်ရန် ယခုကဲ့သို့ စတင်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း စီမံကိန်း၌ ပါဝင်သည့် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်လင်းကပြောသည်။
‘‘ဒီစီမံကိန်းက သုံးနှစ်ကြာ မယ်။ အဓိကက ဒေတာတွေရ လိုက်မယ်။ မြန်မာကလေးတွေမှာ ဦးနှောက်ရောင်နဲ့ ပတ်သက်လို့ ဘာတွေအဖြစ်များတယ်၊ ဘာ တွေကုရမယ်၊ ဘယ်လိုကာကွယ် ရမလဲဆိုတာတွေကို ဒီစီမံကိန်းက နေရလိုက်ရင် အရမ်းကောင်း တယ်။ ခုချိန်မှာတော့ ကျွန်တော် တို့က မှန်းပြီးတော့ လုပ်ရတာဖြစ် တဲ့အတွက် လိုတာရှိသလို ပိုတာ ရှိတယ်။ အဲဒီအခါကျရင်တော့ တိတိကျ ကျဖြစ်လာနိုင်တယ်’’ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ အသက် (၅) နှစ်အောက် ကလေးသူငယ်များ အား သေစေနိုင်သော အဓိက ရောဂါကြီး သုံးမျိုးထဲ၌ အဆိုပါ ဦးနှောက်ရောင်နာရောဂါလည်း ပါဝင်သည်။
‘‘အသစ်ပေါ်လာတဲ့ ရောဂါတွေရဲ့ ခြိမ်းခြောက်မှုကို အခုလိုနိုင်ငံတကာက ပူးပေါင်းဆောင် ရွက်မှုနဲ့ ပိုမိုထိရောက်စွာ တုံ့ ပြန်နိုင်ဖို့ လိုပါတယ်။ အဏုဇီဝ ဗေဒနည်းနဲ့ ရောဂါအမည်ဖော် ထုတ်တာတို့ ရုတ်တရက်ပြင်းထန် ဦးနှောက်ရောင်နာလက္ခဏာတွေ ကို စမ်းသပ်ရှာဖွေတဲ့ အပိုင်းတွေ မှာပါ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင် တာကြောင့် ဒီစီမံကိန်းက အလွန် အရေးကြီးပါတယ်’’ဟု အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း ညွှန်ကြား ရေးမှူး ပါမောက္ခ ဒေါက်တာဌေး ဌေးတင်ကပြောသည်။
7Day DAILYညာ

No comments:

Post a Comment