Wednesday 18 March 2015

ဗုဒ္ဓပုံကို DJ နားကြပ် တပ်ပေးသူ ထောင်ချခံရ

မြန်မာနိုင်ငံ အရက်ဘားဆိုင် တစ်ခုမှာ ဈေးချထားတာကို ကြော်ငြာတဲ့အနေနဲ့ ဗုဒ္ဓပုံကို နားကြပ်တပ်ဆင်ပေးတဲ့ ပုံကို တင်ခဲ့ရာက နယူးဇီလန်နိုင်ငံ ဘားမန်နေဂျာနဲ့ မြန်မာနှစ်ဦးတို့ကို ရန်ကုန်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။
ဗုဒ္ဓပုံကို နားကြပ်တပ်ဆင် ထားတဲ့ ပုံကို ဒီဇင်ဘာလတုန်းက ဖေ့စ်ဘွတ်ပေါ် တင်ပြီး မကြာခင်မှာပဲ ဘားရက်အပြင်မှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ဓာတ်ပုံကို ဖျက်သိမ်းခဲ့ကြသလို တောင်းပန်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဆိုင်ကို ပိတ်ချခဲ့ကြပါတယ်။

ဒါပေမဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရပြီး အခုလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရတာပါ။
နယူးဇီလန်နိုင်ငံသားက အဲဒီ ဓာတ်ပုံကို တင်ခဲ့တဲ့အတွက် သူ့ကိုပဲ အပြစ်ပေးသင့်တယ်လို့ ဘားပိုင်ဆိုင် ဦးထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင် တို့က ပြောဆိုခဲ့ကြပေမယ့် တရားသူကြီး ဦးရဲလွင်ကတော့ အဲဒီနိုင်ငံခြားသားကိုပဲ အပြစ်ပုံချလို့ မရဘူးဆိုပြီး သူတို့ကိုလည်း ထောင်ဒဏ်ချမှတ်လိုက်တာပါ။
ထွဋ်ကိုကိုလွင်ရဲ့ မိခင်ကတော့ သားဖြစ်သူအတွက် စိတ်သောက ရောက်နေပြီး ဖုန်းတွေ၊ အင်တာနက်တွေ အသုံးပြုပြီး တရားရုံးပြင်ပမှာ ရှိနေတဲ့ သံဃာတော်တချို့ကိုလည်း ဆဲဆိုမှုတွေလုပ်ခဲ့ပါတယ်။
ဘားပိုင်ရှင်ရဲ့ ဇနီးသည်ကလည်း ဒီလို ပြစ်ဒဏ်ချမှတ်ခံရတဲ့အပေါ် အယူခံ ဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။
နယူးဇီလန်နိုင်ငံသား Philip Blackwood ရဲ့ မိဘတွေကလည်း သူ့သားက ဗုဒ္ဓဘာသာကို စော်ကားတဲ့အနေနဲ့ တမင်တကာ လုပ်တာ မဟုတ်တဲ့အတွက် ပြစ်ဒဏ်မပေးလောက်ဘူးလို့ မျှော်လင့်ခဲ့မိတယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဆိုင်ရာ ဒုအရာရှိ Phil Robertson ကတော့ ဒီလူတွေရဲ့ တောင်းပန်ချက်တွေ၊ ဒီလူတွေ ကိုယ်စားတောင်းပန်ပေးတဲ့ လူတွေကို ငဲ့ညာပြီး ပြန်လွတ်ပေးဖို့ တိုက်တွန်းထားပါတယ်။
ABC Radio Australia

No comments:

Post a Comment