Tuesday 17 March 2015

မြန်မာနိုင်ငံ၏ အခြေခံပညာရေးတွင် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာရည်နို့ကို သောက်ရေခွက်နှင့် မသောက်ရဘဲ အိုးခြမ်းပဲ့နှင့်သာ သောက်နေရကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောကြား

မြန်မာနိုင်ငံ ၏ အခြေခံပညာရေးတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ပညာ ရည်နို့ကို သောက်ရေခွက်နှင့် မသောက် ရဘဲ အိုးခြမ်းပဲ့နှင့်သာ သောက်နေရ ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ယနေ့ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် သုံးဦး၏ အခြေ ခံပညာ အလယ်တန်းကျောင်းခွဲ၊ အ ထက်တန်းကျောင်းခွဲများကိုအဆင့် မြှင့်ပေးရန်အတွက် မေးခွန်းများမေး မြန်းခြင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်း များနှင့် ပတ်သက်ပြီးပြောကြား ခြင်းဖြစ်သည်။

မြန်မာနိုင်ငံပညာရေးနှင့် ပတ် သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပညာရည်နို့ကို သောက်ရေ ခွက်နဲ့ မသောက်ရဘဲအိုးခြမ်းပဲ့နဲ့ သောက်နေရသလိုဖြစ်နေတယ်။ ကျောင်းတွေကလဲ စုတ်၊ ဆရာ၊ ဆ ရာမတွေကလဲမပြည့်စုံ၊ သင်ထောက် ကူကလဲမရှိ၊ လိုက်ဘရီဆိုတာဝေး ရော၊ ဖြည့်စွက်စရာတွေ အများကြီး ပဲ၊ အဲဒီတော့ဘတ်ဂျက်ကိုတင် သာတင်ပါ။ ဘတ်ဂျက်နဲ့ပတ်သက် လို့ တင်လိုက်လို့ ဘဏ္ဍာရေးကော်မ ရှင်က ခွင့်မပြုဘူး ဆိုတာကလဲ တစ် ပိုင်းပေါ့။ တင်ရမယ့်အပိုင်းကတော့ အားမနာတမ်း တင်ဖို့တော့ လိုပါတယ်၊ ဒီကိစ္စကိုစီမံချက်ထဲကို ဝင်အောင် ထည့်ပါ။ လွှတ်တော်ကိုယ်စားလှယ် ကတင်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က မတင်လို့ဆိုတာမျိုး မ ဖြစ်အောင် စီမံချက်ထဲကို ဝင်အောင် ဆောင်ရွက်ပါဟု ထည့်သွင်းပြောခဲ့ သည်။
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပညာရေးဝန် ကြီးဌာနအနေဖြင့် ကျောင်းအဆင့် တိုးမြှင့်နိုင်ရေးအတွက် ကျောင်း သားဦးရေနှင့် ဆရာ၊ ဆရာမအချိုး ကိုက်ညီအောင် ဆောင်ရွက်ပေးနေ ကြောင်း၊ ဆရာ၊ ဆရာမများပိုမိုမွေး ထုတ်ပေးနိုင်ရန်အတွက်လည်း ပညာ ရေးကောလိပ်များ ထပ်မံတိုးချဲ့ဖွင့် လှစ်ရန် ဆောင်ရွက်နေပြီး မကြာမီ တွင် ကယားပြည်နယ်နှင့် ချင်းပြည် နယ်တို့၌ ပညာရေးကောလိပ်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ဖွင့်လှစ်ပြီးသား ပညာရေးကောလိပ် များတွင်လည်း ကျောင်းသားများတိုး ချဲ့ရန်စီစဉ်နေကြောင်း၊ နေ့စားလ ပေးဆရာ၊ ဆရာမများခန့် ထားနိုင်ရေး ကိုလည်း ဆောင်ရွက်နေပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment