Wednesday, 27 August 2014

တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့

Photo: တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့
Wednesday, August 27, 2014

တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မအချင်းရှိ သံခေါင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

ဟိုအား နီးစပ်ရာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာဝန်များက သံချောင်းဖြတ်ရာတွင် ကျွမ်းကျင်သည့် မီးသတ်သမားများအား ခေါ်ယူကာ အစိတ်အပိုင်း အများ အပြားအား ဖြတ်တောက်စေခဲ့ပြီး  ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ ဦးခေါင်းအတွင်း ကျန်ရှိနေသည့် သံချောင်းကို ဆက်လက်ထုတ်ခဲ့ကြသည်။
သံချောင်းသည် လမ်းကြောင်းအနည်းငယ်စောင်းပြီး ၀င်ရောက်ခဲ့ပါက ဟိုအနေဖြင့် ဦးနှောက်သို့မဟုတ် မျက်လုံးအိမ်ကို ထိခိုက်သွားနိုင်ပြီး အသက်သေစေနိုင်သည် အထိ ဒဏ်ရာပြင်းထန်နိုင်ကြောင်း ဆရာဝန်များ က ပြောကြားသည်။
မဇ္ဈိမ
တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မအချင်းရှိ သံခေါင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

“ မီဒီယာသမား ဘာမှားနေသလဲ ”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အမေရိကန် ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။ အဲဒီ အထဲမှာ ယူနတီ ဂျာနယ် သတင်းထောက်တွေကို ထောင်(၁၀) နှစ်စီ ချလိုက်တဲ့ ကိစ္စ အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အစိုးရရဲ့ သတင်းမီဒီယာ အပေါ် ဖိနှိပ်နေမှု ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်ထဲရေးနဲ့ အစိုးရဘက်က သတင်းမီဒီယာတွေ အပေါ် ဘယ်လို ဖိနှိပ်နေတယ် ဆိုတာနဲ့ ပါတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ ရေးကြ၊သားကြ ဖော်ပြကြတာမို့ သိပ် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒါပေမယ့် မြန်မာ့သတင်းမီဒီယာ လောက ဆိုတာကလည်း ချောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။ မီဒီယာဘက်ကလည်း အမှားတွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် မီဒီယာသမားတွေဘက်က မှားနေတဲ့ကိစ္စ၊ မီဒီယာတွေကိုယ်တိုင် ပြန်ဖော်ပြတာမျိုးကလည်း ဒီနိုင်ငံမှာ အလွန်ရှားပါတယ်။ မီဒီယာ သမား ဘာတွေ မှားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တယ်လီနောက မန်းတွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်စိုက်ထူပြီးစီး

Photo: တယ်လီနောက မန်းတွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်စိုက်ထူပြီးစီး
Wednesday, August 27, 2014

စက်တင်ဘာလတွင် မိုဘိုင်းဖုန်းဆင်းကဒ်များ စရောင်းတော့မည့် တယ်လီနောက သြဂုတ်လ နောက်ဆုံးပတ်တွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်ကို မန္တလေးတိုင်းအတွင်း စိုက်ထူထားပြီး ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

“မန္တလေးတိုင်းအတွင်းမှာ တာဝါတိုင် ၂ဝဝ ကျော်တပ်ဆင်မှာဖြစ်ပြီး ၈ဝကျော် တပ်ဆင် ပြီးဖြစ်တယ်။ ဆက်သွယ်ပြောဆိုဖို့အတွက် Network Connection လုံလောက်ပါတယ် ” ဟု ၎င်းက ပြောသည်။

တယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအဆင့်အဖြစ် တာဝါတိုင်ပေါင်း ၈ဝဝ ဝန်းကျင် တည်ဆောက်မည်ဖြစ်ရာ၊ မန္တလေးတိုင်းအတွက် တာဝါတိုင် ၂ဝဝ တည်ဆောက်မည်ဖြစပြီး စက်တင်ဘာလအတွင်းတွင် 2G, 3G ပါဝင်သော ဆင်းကဒ်များကို ရောင်းချသွားမည် ဟု တယ်လီနော Data Service မှ တာဝန်ကျသူက  ပြန်လည်ဖြေကြားသည်။

"စက်တင်ဘာလထဲ သတင်းစာရှင်းလင်းပွဲတွေ လုပ်သွားမှာပါ။ ဖုန်းတိုင်းမှာ 2G,3Gပြောလို့ရမယ်။ 2G ဟန်းဆက် မှာဆိုရင် 2G နဲ့ 3G ပါတဲ့ ဟန်းဆက်ဆိုရင်လည်း 3G ပြောလို့ရမယ်။ တစ်ကဒ်ထဲမှာ နှစ်ခုလုံးပြောလို့ရမှာပါ။ တာဝါတိုင်တွေလည်း ထပ်မံတိုးချဲ့သွားမှာဖြစ်ပါတယ်။ ဖုန်းနံပတ်က ဝ၉-၇၉ နဲ့စမှာပါ"ဟု ၎င်းကပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ စက်တင်ဘာလ အတွင်း ရောင်းချသွားမည်ဖြစ်ကာ မည်သည့် အော်ပရေတာနှင့် ဆက်သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်၂၅ကျပ်ထက် မပိုသောနှုန်း ကျသင့်မည်ဟုဆိုသည်။

ထို့ပြင် အင်တာနက်၊  ဗီဒီယိုခေါ်ဆိုမှု၊  စာတိုပို့ခြင်းစသည့် Package ဝန်ဆောင်မှုများနှင့် ရောင်းချမည့် နေ့ရက်ကို  သတင်း ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းနှင့် အနီးကပ်ဆုံးအချိန်တွင်အသေးစိတ် ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
မဇ္ဈိမ
စက်တင်ဘာလတွင် မိုဘိုင်းဖုန်းဆင်းကဒ်များ စရောင်းတော့မည့် တယ်လီနောက သြဂုတ်လ နောက်ဆုံးပတ်တွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်ကို မန္တလေးတိုင်းအတွင်း စိုက်ထူထားပြီး ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
“မန္တလေးတိုင်းအတွင်းမှာ တာဝါတိုင် ၂ဝဝ ကျော်တပ်ဆင်မှာဖြစ်ပြီး ၈ဝကျော် တပ်ဆင် ပြီးဖြစ်တယ်။ ဆက်သွယ်ပြောဆိုဖို့အတွက် Network Connection လုံလောက်ပါတယ် ” ဟု ၎င်းက ပြောသည်။တယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအဆင့်အဖြစ် တာဝါတိုင်ပေါင်း ၈ဝဝ ဝန်းကျင် တည်ဆောက်မည်ဖြစ်ရာ၊ မန္တလေးတိုင်းအတွက် တာဝါတိုင် ၂ဝဝ တည်ဆောက်မည်ဖြစပြီး စက်တင်ဘာလအတွင်းတွင် 2G, 3G ပါဝင်သော ဆင်းကဒ်များကို ရောင်းချသွားမည် ဟု တယ်လီနော Data Service မှ တာဝန်ကျသူက  ပြန်လည်ဖြေကြားသည်။

ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။

ယုံကြည်မှု အပြန်အလှန် ရရှိစေဖို့ အစိုးရ၊တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အခြားနိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့လည်း လိုအပ်နေပါတယ်။အခုအခါမှာ အစိုးရအား တိုင်းရင်းသားတို့ဘက်မှ တောင်းဆိုသည့် အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို လက်ခံပေးထားသလို တိုင်းရင်းသားတွေဘက်ကလဲ ဒိုတာဝန်အရေး(၃)ပါး အား လက်ခံပေးထားကြပါတယ်။ဒါဟာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု အရိပ်အရောင်တွေပါဘဲ။နှစ်ဖက်စလုံးမှာ ယုံကြည်မှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးပန်တိုင်အား လျောက်လှမ်းစေချင်ပါတယ်။

အပစ်ရပ်စာချုပ်ပေါ်မှာ ခိုင်မာစွာ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေကို အောင်မြင်အောင် ဆွေးနွေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်တွေက အပစ်ရပ်ဖို့ အရမ်းအရေးပါ ပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးမှ ပြန်လည်ခွဲထွက်ခြင်း၊လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းများ ပြန်လည်မဖြစ်စေဖို့ သေချာစွာ ညှိနှိုင်းစေလိုပါတယ်။ တပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်သည့် နယ်မြေခွဲဝေသတ်မှတ်ခြင်း၊တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ၊တပ်အင်အား တိုးချဲ့မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တွေရှိဖို့ လိုအပ်လာသလို ကတိကဝတ်များဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်။တပ်ပိုင်းဆိုင်ရာ နယ်မြေခွဲဝေမှုတွေ ရှိလာခဲ့မယ်ဆိုရင် ထိုမှတဆင့် အာဏာခွဲဝေမှု အပိုင်းသို့ ဖြစ်မသွားစေလိုပါ။ နိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း၍ စည်းလုံးညီညွတ်မှုရှိမှသာလျင် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။နယ်မြေဒေသအတွင်း တရားဥပဒေစိုးမိုးရေး ရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ စတင်ဆောင်ရွက်လာတာ ၂၀၁၁ မှစ၍ ယခုအချိန်အထိ ၃ နှစ်တာကာလကို ကျော်လွန်လာပါပြီ။ဒီကာလ အတောအတွင်းမှာ နှစ်ဖက်စလုံးမှ စိတ်အားထက်သန်စွာ ကြိုးစားလာခဲ့တာကို တွေ့မြင်ရပါတယ်။ထိုမှတဆင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခြေခံသဘောထားတွေရရှိလာကာ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်လာနိုင်ဖို့ နှစ်ဦးနှစ်ဖက်မှ ညီတူမျှတူစွာ ဆွေးနွေးတိုင်ပင်စေလိုပါတယ်။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးမှုလမ်းစဉ်ပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးကြောင့် ခရီးမနှောင့်နှေးစေလိုပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ တဖြည်းဖြည်း တိုးတက်လာသလို ဆွေးနွေးရန် ကျန်ရှိသည့် အပိုင်းတွေကလဲ အဓိကကျတာဖြစ်လို့ ယုံကြည်မှုနဲ့ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။အဓိက တိုင်းရင်းသားတွေဘက်က သံသယစိတ်တွေကို လျော့ချဖို့လိုပါတယ်။နှစ်ဦးနှစ်ဖက်မှာ အမြင်မတူတာတွေ ရှိပေမယ့် ပြည်ထောင်စု နိုင်ငံတော်ကြီး ပြိုကွဲမသွားဖို့ပါ။ ဒီလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ တိုးတက်လာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ယူဆရသလို၊ နိုင်ငံရေး ဆွေးနွေးပွဲများဆီကိုလည်း တက်လှမ်းနိုင်တော့မယ်လို့ ယူဆရပါတယ်။ဒီလိုမှမဟုတ်ဘဲ သံသယစိတ်တွေ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ လမ်းခုလတ်မှာ ရပ်သွားမယ်ဆိုရင် ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးအိမ်မက်ကြီး ပျက်သွားနိုင်ပြီး နောင်မျိုးဆက်များအတွက်လည်း တာဝန်မကျေရာကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ပါတယ်။

Credit:ထွန်းနိုင်ဝင်း

ငြိမ်းချမ်းရေးရဖို့လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။ တကယ်တော့ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ မလွယ်ပါဘူး။ မလွယ်ရတဲ့အကြောင်းအရင်းက တစ်ဖက်နဲ့တစ်ဖက် သူသေကိုယ်သေတိုက်ခဲ့ကြတော့ နာကျည်းမှုဆိုတာတွေ ရှိနေလို့ပါ။ နာကျည်းမှုကိုအရင်းခံတဲ့ မယုံ သင်္ကာမှုတွေဖိစီးတာကြောင့် ဘယ်ဆွေးနွေးပွဲမဆို သံသယဆိုတာ ရှိစမြဲပါပဲ။ ဒီသံသယတွေကြောင့် ဆွေးနွေးပွဲတိုင်းမှာ အထစ်အငေါ့ဆိုတာတွေရှိနေပါတယ်။ ဒီ့ထက်ပိုပြီး ယခုအချိန်မှာ နိုင်ငံရေးပါတီတွေနဲ့ MPC တို့ဆွေးနွေးနေကြတာဟာ တဘက်ကကြည့်ရင်တော့ ကောင်းပါ တယ်၊ ကျန်တစ်ဖက်ကကြည့်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးမှု မှာတောင် မပြီးပြတ်နိုင်တဲ့ ငြင်းခုံစရာတွေရှိခဲ့တာဆိုတော့ နိုင်ငံရေးပါတီများပါလာချိန်တွင် အတ္တတွေဆန္ဒတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြာရှည်သွားရင်တော့ နိုင်ငံအတွက်မကောင်းပါ။ ဒါတွေကိုပါဝင်ဆွေးနွေးသူတွေက စေတနာနဲ့ ရိုးသားမှုရှိစွာဆွေးနွေးကြပြီး ငြိမ်းချမ်းရေးကြီးတကယ်ဖြစ်မြောက်ရင်တော့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် လမ်းစတစ်ခု ဖြစ်သွားပါလိမ့်မယ်။ 

Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ


Photo: Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ
Wednesday, August 27, 2014

Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။
" ရုရှား နိုင်ငံ က  အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့  အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။

Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် ရွေးချယ် ခဲ့ရာတွင် အဆင်မပြေမှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် Miss Globe Myanmar 2014 တွင်4th runner up ရရှိ ခဲ့သည့် ခါးနံပါတ် ၁၄ အေးချမ်းမြေ့ကို Miss Globe Myanmar Organization မှ ရွေးချယ် စေလွှတ် ခြင်း ဖြစ်သည်။ ၎င်းသည် ဆေးတက္ကသိုလ် ဒုတိယနှစ်ကိုတက်ရောက် နေသူဖြစ်သည်။

အလှမယ် အေးချမ်းမြေ့ ကို Miss Globe International 2014 ပြိုင်ပွဲ အတွက် Miss Globe Myanmar Organization မှ ယုံကြည်မှုရှိရှိ ဖြင့်စင်မြင့်ပေါ်၌လမ်းလျှောက်နိုင်ရန် လမ်းလျှောက်ပုံ ကို အဓိက သင်ကြား ပေးလျက် ရှိသည်။

ယင်းအပြင်၎င်းသည်ဝူရှူး ကစားခြင်းများ ၊ ဘက်စဘတ်ဘော ကစားခြင်းများနှင့်  ကြက်တောင်ရိုက်ခြင်းများကိုပုံမှန် ပြုလုပ် လျက် ရှိကြောင်း မလှနုထွန်း က ဆိုသည်။

 အေးချမ်းမြေ့သည် သြဂုတ် ၂၉ ရက်တွင် သရုပ်ဆောင် စိုးမြတ်သူဇာ ၊ မယ်လိုဒီ တို့နှင့် အတူ Forever မိန်းမဝတ် အကျီင်္ ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးမည် ဖြစ်ပြီး လက်ရှိတွင် မဂ္ဂဇင်း များ အတွက် ဓာတ်ပုံ ရိုက်ကူး ပေးခြင်း များ ပြုလုပ် လျက် ရှိသည်။

အေးချမ်းမြေ့နှင့် Miss Globe Myanmar Organization တို့ သည်ဇူလိုင် ၄ရက်က သုံးနှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး စာချုပ်တွင် အနုပညာ လုပ်ငန်း များထက် ကျောင်းပညာရေးကို ပိုမို ဦးစားပေး လုပ်ကိုင် သွားရန် ထည့်သွင်း ထားသည်။ ၎င်းသည်ပြိုင်ပွဲမှ ပြန်ရောက် လာသည့်အခါ အနုပညာ လှုပ်ရှားမှုထက် ကျောင်းပညာရေးကို ဦးစားပေး လုပ်ကိုင် သွားမည် ဟု အေးချမ်းမြေ့ကပြောသည်။

mizzima
Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။
" ရုရှား နိုင်ငံ က အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့ အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။

ချင်းတွင်းမြစ်ရေစိုးရိမ်မှတ် ရောက်နေ၍ ကုန်းမြင့်ဒေသများမြေပြိုနိုင်

ရန်ကုန်- မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအားကောင်းနေပြီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက် သို့ ရောက်ရှိနေသော ကြောင့် ကုန်းမြင့်ဒေသများမြေပြို မည့်သဘာဝဘေးကို သတိပြုရန် လိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေး ထားသည်။

ဇနီးလေးယောက်ရှိသော ခင်ပွန်းယောင်္ကျား

Photo: ဇနီးလေးယောက်ရှိသော ခင်ပွန်းယောင်္ကျား 
Wednesday, August 27, 2014

အမျိုးသား တစ်ဦးမှာ ဇနီးသည် လေးဦး ရှိပါတယ်။ ယင်းထဲက သူက လေးယောက်မြောက် အငယ်ဆုံး မယားကို အချစ်ဆုံး ဖြစ်သတဲ့။ အမြဲတမ်း ဂရုစိုက်တယ်။ ပြုပြင်ချယ်သပေးတယ်။ တတိယမြောက် ဇနီးကို ချစ်တာကျတော့ တစ်မျိုးလေးပါ။ သူ့မိတ်ဆွေသူငယ်ချင်းတွေ နဲ့ တွေ့တဲ့ အခါကျတော့ အမြဲလိုလို ထုတ်ပြ ဂုဏ်ယူချင်ပြီး တတိယ မယားရှိထားခြင်း အတွက်လည်း သူ့ ဂုဏ်ယူသတဲ့။ ဒုတိယမြောက် ဇနီးဖြစ်သူ ကိုကျတော့ သူတစ်ချစ်တာက နောက်ထပ်တစ်နည်းနဲ့ ဖြစ်ပါတယ်။ သူ ပြဿနာဖြစ်တိုင်း အခက်အခဲတွေ့ ကြုံတွေ့ရတဲ့ အမြဲတမ်း တိုင်ပင်လို့ရတယ်။ အဖြေကောင်းတွေ ပေး တယ်။ ကူညီဖြေရှင်းဖို့အတွက် အမြဲအထောက် အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူ့ကိုလည်း မခွဲနိုင် ပါဘူး။ သူ့ရဲ့ ပထမ ဇနီး (မယားခေါင်ကြီး) ကိုကျတော့ သူမချစ်ပါဘူး။ ပထမ ဇနီး ကတော့ သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရှိတယ်လို့တောင် အမျိုးသားက သတ်မှတ်ထားသူ မဟုတ်ပါဘူး။ 

တစ်နေ့တော့ ရောဂါတစ်ခုကြောင့် သေဆုံးခါနီးအချိန်ကို အမျိုးသား ရောက် ရှိလာပါပြီ။ သူ့သေဖို့ အင်မတန် ကြောက်ရွံ့လို့ သူ့ဇနီး လေးဦးထဲမှာ ဘယ်သူတွေ သူနဲ့ လိုက်မလဲလို့ မေးပါတယ်။

အငယ်ဆုံး (လေးယောက်မြောက်) ဇနီးက : မလိုက်နိုင်ပါဘူးရှင် လို့ ဖြေပြီး အခြားဘာမှ မပြောပဲ ထွက်ခွာသွားပါတယ်။

တတိယ ဇနီးက : ရှင်သေရင် ကျမ နောက်တစ်ယောက် ထပ်ယူရုံပဲလို့ ပေါ်တင်ပြောပြီး လှည့်ထွက်သွားပါတယ်။ 

ဒုတိယ ဇနီးက: ရှင်မသေခင်နဲ့ အုတ်ဂူမသွင်းခင်အထိတော့ ကျမ ပြုစုစောင့်ရှောင့်ပေးနိုင်ပါတယ်။ အတူသေပေးဖို့ ကတော့ ကျမလည်း မတတ်နိုင်လို့ ဝမ်းနည်းပါတယ်။ 

ပထမ ဇနီးက : ကျမ ရှင်နဲ့ လိုက်ပါမယ်။ ဘယ်တော့မှ မခွဲပါဘူး။ 

အဲ့တော့ သေလုမြောမြော အမျိုးသားက သူ့ပထမ ဇနီးကို ဂရုမစိုက်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တရပါတော့တယ်။ အကြောင်းက သူ့ပထမ ဇနီးကို သေချာ မပြုစု မကျွေးမွေးခဲ့လို့ ပိန်လို့ ပင်ပန်းနေရှာပါတယ်။ ဒါတောင် လိုက်ဖို့ သေချာဆုံးဖြတ်ထားသူ ဖြစ်နေလေရဲ့ 

သင်ခန်းစာ - 

စတုတ္ထဇနီး ။ ။ အငယ်ဆုံး ဇနီးဆိုတာ မိမိတို့ နေ့စဉ် သယ်ဆောင်နေတဲ့ ကိုယ်ခန္ဓာဖြစ်ပါတယ်။ သေတဲ့တစ်နေ့ကျရင် ယူသွားလို့ မရပဲ ထားခဲ့ရပါမယ်။ မြေကြီးမှုန့်သာ ဖြစ်သွားပါလိမ့်မယ်။ 

တတိယ ဇနီး။ ။ မိမိတို့ အသက်ရှိရင် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ် ဥစ္စာများ ဖြစ်ပါတယ်။ မိမိသေသွားတဲ့အခါ တစ်ပါးသူရဲ့ လက်ထဲကို ရောက်ရှိသွားပါလိမ့်မယ်။ မိမိ မပိုင်တော့ ပါဘူး။ 

ဒုတိယ ဇနီး။ ။ မိမိရဲ့ မိသားစုပါ။ အသက်ရှိစဉ်၊ အတူနေရစဉ် မိမိအတွက် အကောင်းဆုံး အကြံဥာဏ်များ ပေးအပ်ခြင်း၊ ကူညီပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပေမယ့် အတူတော့ လိုက်သေနိုင်သူများ မဟုတ်ပါဘူး။ ကံရှိလို့သာ ဒီတစ်ဘဝမှာ တွေ့ဆုံ ကြုံတွေ့ ရခြင်း ဖြစ်ပါတယ်။ 

ပထမ ဇနီး ဆိုတာ 

ပထမ ဇနီးဆိုတာ မိမိတို့ ပြုလုပ်တဲ့ ကံ ဖြစ်ပါတယ်။ ကံဆိုတာ မိမိတို့ ပြုလုပ်တဲ့ မကောင်းမှု၊ ကောင်းမှုများ ဖြစ်ပြီး သံသရာမှာ ကြင်လယ်နေရသေးသရွေ့ တစ်လှည့်စီ အကျိုးပေးနေမှာ ဖြစ်ပါတယ်။ မကောင်းမှု များများ ပြုထားသူဟာ မကောင်းတဲ့ ဝဋ္ဋ်ဒုက္ခများကို ကြုံတွေ့ ခံစားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အမှုကိစ္စများကို ပြုထားပါက ကောင်းတဲ့ ကံများ၊ ရလဒ်များကို ခံစားရမှာ ဖြစ်ပါ တယ်။ အကယ်၍ ဝိပဿနာ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းဖြစ်တဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းတို့ကတော့ မိမိကို သံသရာကနေ လွတ်ကင်းလို့ နိဗ္ဗာန် ရောက်ရှိစေမှာ ဖြစ်ပါတယ်။ ဒါကို လူအများစုဟာ မေ့လျော့ကြပြီး မိမိရဲ့ ဒီပထမ ဇနီး၊ ပထမ ခင်ပွန်းကို ပစ်ပယ်ထားလေ့ ရှိပါတယ်။ မပစ်ပယ်သည့်တိုင် မကောင်းမှုများမှာသာ မွေ့လျော်နေကြတာ များပါတယ်။ မိမိက မခေါ်ရင်တောင် ဘဝဆက်တိုင်းမှာ သူက လိုက်ပါလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယနေ့က စလို့ မိမိတို့ အနေနဲ့ ကောင်းမှု ကုသိုလ် နဲ့ ဝိပဿနာ ကုသိုလ်များကို စတင်ပြုလုပ်နိုင်ကြစေဖို့ အကြံပေး စေတနာဖြင့် ရေးသား တိုက်တွန်း လိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
အမျိုးသား တစ်ဦးမှာ ဇနီးသည် လေးဦး ရှိပါတယ်။ ယင်းထဲက သူက လေးယောက်မြောက် အငယ်ဆုံး မယားကို အချစ်ဆုံး ဖြစ်သတဲ့။ အမြဲတမ်း ဂရုစိုက်တယ်။ ပြုပြင်ချယ်သပေးတယ်။ တတိယမြောက် ဇနီးကို ချစ်တာကျတော့ တစ်မျိုးလေးပါ။ သူ့မိတ်ဆွေသူငယ်ချင်းတွေ နဲ့ တွေ့တဲ့ အခါကျတော့ အမြဲလိုလို ထုတ်ပြ ဂုဏ်ယူချင်ပြီး တတိယ မယားရှိထားခြင်း အတွက်လည်း သူ့ ဂုဏ်ယူသတဲ့။ ဒုတိယမြောက် ဇနီးဖြစ်သူ ကိုကျတော့ သူတစ်ချစ်တာက နောက်ထပ်တစ်နည်းနဲ့ ဖြစ်ပါတယ်။ သူ ပြဿနာဖြစ်တိုင်း အခက်အခဲတွေ့ ကြုံတွေ့ ရတဲ့ အမြဲတမ်း တိုင်ပင်လို့ရတယ်။ အဖြေကောင်းတွေ ပေး တယ်။ ကူညီဖြေရှင်းဖို့အတွက် အမြဲ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူ့ကိုလည်းမခွဲနိုင်ပါဘူး။ သူ့ရဲ့ပထမ ဇနီး(မယားခေါင်ကြီး) ကိုကျတော့ သူမချစ်ပါဘူး။ ပထမဇနီးကတော့ သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရှိတယ် လို့တောင် အမျိုး သားက သတ်မှတ်ထားသူ မဟုတ်ပါဘူး။

လေဆိပ်များတွင် ခန္ဓာကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါက အီဘိုလာ ကူးစက်မှု ရှိမရှိ စစ်မည်

နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှု အများဆုံးဖြစ်သော ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အပါ အဝင် လေဆိပ်သုံးခုတွင် ခရီးသည်များ၏ ခန္ဓာကိုယ် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်လွန်ပါက အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိစစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက် တာမြင့်သိန်း ကိုယ် စား ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

iPhone 6 မိတ်ဆက်မည့် ရက်ကို ပြင်သစ် Apple blog တစ်ခုမှ ဖော်ပြခဲ့

Photo: iPhone 6 မိတ်ဆက်မည့် ရက်ကို ပြင်သစ် Apple blog တစ်ခုမှ ဖော်ပြခဲ့
Wednesday, August 27, 2014

Apple ၏ မျိုးဆက်သစ် စမတ်ဖုန်းကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု အတည်ပြု ဖော်ပြထားသော ဖုန်းဘူးခွံသည် ပြင်သစ် Apple blog ဖြစ်သည့် nowherrelse.fr မှ ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် အဆိုပါ ဖုန်းဘူးခွံတွင် ဖော်ပြထားသည့် ဖုန်းဒီဇိုင်းအရ အသံအတိုးအကျယ် ခလုတ်များ၏ အနေအထားနှင့် Power ခလုတ် အနေအထားသစ်တို့ကို တွေ့မြင်ရမည် ဖြစ်သည်။

အဆိုပါ သတင်းပေါက်ကြားမှုကို ပြင်သစ် Apple blog ဖြစ်သည့် nowhereelse.fr မှ အယ်ဒီတာ စတိဗ်ဟမ်မာစတော့ဖာမှ တစ်ဆင့် Forbes က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဟမ်မာစတော့ဖာသည် ပြီးခဲ့သည့်က iPhone 5S ကို မမိတ်ဆက်မီ နာရီအနည်းငယ် အတွင်း ၎င်း စမတ်ဖုန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို ဖော်ပြခဲ့သူ ဖြစ်သည်။

၎င်းသည် iPhone 6 ဖုန်းဘူးခွံကို ယုံကြည်စိတ်ချရသည့် တရုတ်ရင်းမြစ်တစ်ခုထံမှ ရရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကြားထွက်ပေါ်လာခဲ့သည့် ဖုန်းဘူးခွံတွင် iPhone 6 ကြေညာမည့် ရက်စွဲဟု ယူဆရသည့် စက်တင်ဘာလ ၉ ရက် အင်္ဂါနေ့ဟု ဖော်ပြထားသည်။

ထို့အပြင် Apple သည် iPhone 5S ကို ဖြန့်ချိခဲ့စဉ်ကလည်း ဖုန်းဘူးခွံပေါ်တွင် မိတ်ဆက်ကြေညာမည့် ရက်စွဲကို ဖော်ပြခဲ့သည်။

အဆိုပါ iPhone 6 ဖုန်းဘူးခွံတွင် အသံအတိုးအကျယ် ခလုတ်ကို ယခင် စက်ဝိုင်းဒီဇိုင်းပုံစံမှ ထောင့်မှန်စတုဂံ ပုံစံအသွင် ပြောင်းလဲ ပြုလုပ်ထားပြီး sleep/wake ခလုတ်ကိုလည်း ယခင် ဖုန်းထိပ်ဘက်ပိုင်းမှ ညာဘက်ဘေးသို့ ပြောင်းရွှေ့ထားသည်ကို တွေ့ရမည် ဖြစ်သည်။

Ref: DailyMail
Internet Journal
Apple ၏ မျိုးဆက်သစ်စမတ်ဖုန်းကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု အတည်ပြု ဖော်ပြထားသော ဖုန်းဘူးခွံသည် ပြင်သစ် Apple blog ဖြစ်သည့် nowherrelse.fr မှ ပေါက် ကြားထွက်ပေါ်လာခဲ့သည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို လက်ခံရန် သမ္မတ မှတ်ချက်ပြုထားဟု ဆို

Photo: အမျိုးသားပညာရေး ဥပဒေမူကြမ်း အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို လက်ခံရန် သမ္မတ မှတ်ချက်ပြုထားဟု ဆို
Wednesday, August 27, 2014

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် သမ္မတက အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက် များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု ပညာရေးမြှင့် တင်မှု ကော်မတီ အကြီးတန်းအရာရှိ (အမည်မဖော်လိုသူ)က မဇ္ဈိမကို ပြောသည်။

သမ္မတ၏ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သတ်သည့် သ၀ဏ်လွှာတွင် အရပ်ဘက်အဖွဲ့အစည်းများမှ တင်ပြလာသည့် အချက်များကို လက်ခံပြီး ပြန်လည်ဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်းဦးဆောင်သည့် ပညာရေးမြှင့်တင်မှုကော်မတီ၏ အကြီးတန်းအရာရှိက ပြောကြားလိုက်ခြင်းဖြစ်သည်။

အရပ်ဘက်ပညာရေးအဖွဲ့အစည်းများတွင် အမျိုးသားပညာရေး ဥပဒေကြမ်းပါ အချက်အချို့နှင့်ပတ်သက်ပြီး သဘောတူညီမှုမရှိသည့် အချက်များနှင့် ပတ်သက်၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က လည်းကောင်း၊ ဆရာ၊ ဆရာမသမဂ္ဂများက လည်းကောင်း၊ ကျောင်းသားသမဂ္ဂများ စုပေါင်း၍ လည်းကောင်း ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်။

သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြန်လည်ပေးပို့သည့် သ၀ဏ်လွှာပါ မှတ်ချက်ပြုထားသည့် အချက်တွင် အထက်ပါအရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့်     ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြု ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ပညာရေးမြှင့်တင်မှုကော်မတီ အကြီးတန်းအရာရှိက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ မူဝါဒများနှင့် ကွဲလွဲချက်များစွာ ရှိနေသည်ဟုလည်း အချက် ကိုးချက်ပါ ကြေညာချက်ကို သြဂုတ် လ ၁၉ ရက်ကထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းတွင် လူတိုင်း အကျုံးဝင်ပညာရေးနှင့်ဆန့်ကျင်သည့် ဖော်ပြချက်များ ပါဝင်နေသည့် အချက်များ ပြင်ဆင်ရန်၊ တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို သင်ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ကျောင်းအုပ်ချုပ်ရေးကော်မတီက ဆုံးဖြတ်ရန်၊ အခြေခံအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်မည်ဆိုသည့် အချက်ကို သဘောမတူကြောင်း၊ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း တစ်မျိုးတည်း သင်ကြားခြင်းကို သဘောမတူကြောင်း၊ အခမဲ့မသင်မနေရ မူလတန်းပညာရေးအစား အခမဲ့မသင်မနေရ အလယ်တန်းပညာရေးကို ပြင်ဆင်ရန်နှင့် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအဖြစ် ဥပဒေတွင် အတိအလင်းပြဋ္ဌာန်း ပေးရန်တို့ကို တောင်းဆိုထားသည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာညွန်ကြားရေးမှူးချုပ်က ဦးဇော်ဌေးက “သမ္မတပြင်ချင်တဲ့ အချက် ၂၅ ချက် ဆိုတာကိုတော့ မသိပါဘူး”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခွင့်ပေးမည်ဆိုသော်လည်း အထက်မှ အောက်သို့ အာဏာစီးဆင်းနေသည့် အုပ်ချုပ်မှုပုံစံမျိုးဖြစ်သည်ဟု NNER က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

Mizzima - News in Burmese 

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းမှ ကျောင်းသူ/သားများအား တွေ့ရစဉ်
ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းမှ ကျောင်းသူ/သားများအား တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် သမ္မတက အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက် များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု ပညာရေးမြှင့် တင်မှု ကော်မတီ အကြီးတန်းအရာရှိ (အမည်မဖော်လိုသူ)က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု

Photo: မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု
Wednesday, August 27, 2014

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတဲ့အထဲမှာ သဘာဝသယံဇာတတွေကို ထုတ်ယူ အသုံးချပြီး လုပ်ဆောင်နေကြတာ တွေ တစ်နေ့ထက်တစ်နေ့များ များလာပါတယ်။ ဥပမာ ဓာတ် သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တွေ၊ ရေအားလျှပ်စစ်ထုတ်လုပ် မှုအတွက် တာတမံဆောက်လုပ် မှုတွေ၊ ကျောက်မီးသွေးသုံး လျှပ် စစ်ဓာတ်အားထုတ်လုပ်တဲ့ စက် ရုံတွေ ဒါတွေဆောက်လုပ်ဖို့ လုပ် ငန်းတွေ တန်းစီနေတာပါပဲ။ တ ချို့ကိုလည်း ကြိုသိရတာတွေရှိ ပါတယ်။ ကြိုသိရတော့ ကြိုကန့် ကွက်တာတွေ တွေ့ရလို့လားမသိ ပါဘူးဗျာ။ တချို့ဟာတွေဆိုရင် စီမံကိန်းကြီးတွေ ဖြစ်ပါလျက်နဲ့ နေ့ချင်းညချင်း ပေါ်လာတာတွေ လည်း ရှိနေပါတယ်။ ဘာပဲပြော ပြော ဒါကတော့ အစိုးရနဲ့ ဆိုင်နေ ပြီး နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်း တွေက ဦးဆောင်ဆွေးနွေးကြရ မယ့် ကိစ္စမို့ အကျယ်မပြောလို တော့ပါဘူး။ ကျွန်တော်ပြောချင် တာကတော့ နိုင်ငံရဲ့ GDP တိုး အောင်ဆိုပြီး လုပ်နေကြတဲ့ ဒီဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းတွေနဲ့ ပတ် သက်ပြီး ကမ္ဘာ့မိုးလေ၀သအဖွဲ့ ချုပ်ကြီးက ထုတ်ပြန်ထားတဲ့ အချက်လေးတွေကို ပြောပြချင်ပါတယ်။

WMO-IPCC ရဲ့ ထုတ်ပြန်ချက်

 ပထမဆုံး ပြောချင်တဲ့အ ချက်က ကမ္ဘာ့နိုဗယ်ဆုရ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာအစိုးရများအဖွဲ့ (In-terpgovernmental Panel on Climate Change-IPCC) ရဲ့ ကမ္ဘာကြီးပူနွေးမှုရဲ့ အဓိကအ ကြောင်းရင်း Main Driver တရား ခံကြီးကတော့ နိုင်ငံအများစုက အော်ဟစ်ကြွေးကြော်ဆောင်ရွက် နေကြတဲ့ GDP (Gross Domestic Product) တိုးတက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စတွေဟာ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်တဲ့အဓိက အ ကြောင်းရင်းကြီးဖြစ်နေပါတယ် လို့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ထုတ်ဖော်သတိပေး ပြောကြားခဲ့ ပါတယ်။

 ဒီတော့ နိုင်ငံတကာက ဆောင်ရွက်နေကြတဲ့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေဟာ ပတ် ၀န်းကျင်ကို ထိခိုက်မှုမရှိရဘူး။ ပတ်ဝန်းကျင်ရှုထောင့်အရ ခိုင်မာ မှုရှိရမယ်။ ဒါကြောင့် စီမံကိန်းတွေမစတင်မီ စေ့စပ်သေချာတိကျတဲ့ ဆန်းစစ်မှုတွေ လုပ်ကြရမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ချက် (Environmental Impact Assessment-EIA) ၊ လူမှုရေးရာထိခိုက်မှု ဆန်းစစ်ချက် (Social Impact Assessment - SIA) ၊ အသက်မွေးဝမ်းကျောင်း၊ သဘာဝဘေး၊ လူမှုရေး၊ လူမှုအခွင့်အ ရေးစတာတွေလည်း ဆန်းစစ်ကြ ရမယ်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ တွေနဲ့အညီ စည်းကမ်းတကျစနစ်တကျ၊ စံမီပေမီ ဆောင်ရွက်ကြမှ သာ လုပ်ဆောင်နေကြတဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေဟာ စဉ်ဆက်မပြတ်အရှည်တည်တံ့နိုင် တဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်လာလိမ့် မယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်မှုမျိုး ကိုသာ ကမ္ဘာ့နိုင်ငံတွေအသီးသီး က လိုက်နာဆောင်ရွက်ကြဖို့ လို တယ်လို့ ကမ္ဘာ့ရာသီဥတုပြောင်း လဲမှု စေ့စပ်ဆွေးနွေးရေး ကွန်ဖရင့်များ (World Climate Change Negotiation Conference) တွေ မှာ သဘောတူဆုံးဖြတ်ခဲ့ကြပါ တယ်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ဘာလဲ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုဆိုတာ အနာဂတ်ကာလ မျိုးဆက်တွေရဲ့ သူတို့လိုအပ်ချက်တွေကို သူတို့ကိုယ်တိုင် ဖြည့် ဆည်းပေးနိုင်မှုကို မထိခိုက်စေဘဲ လက်ရှိမိမိတို့ရဲ့ လိုအပ်ချက်တွေ ကို ပြည့်ဝအောင်ဆောင်ရွက်ပေး နိုင်ခြင်းပဲ။  ၁၉၈၇ ခုနှစ်က ကျင်းပခဲ့တဲ့ Brundtland Commission အစည်းအဝေးက အများသဘောတူ အဓိပ္ပာယ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ဆီမှာ လုပ်နေကြတဲ့ EIA တွေမှာ ဒီအချက်ပါသလား၊ မပါဘူးလားဆိုတာကို ဆန်းစစ်စေချင်တယ်။

စဉ်ဆက်မပြတ်တည်တံ့မှုဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။

နိုင်ငံတော်ရဲ့ မရွှေ့ပြောင်း နိုင်တဲ့ သဘာဝအရင်းအမြစ်တွေ (ဥပမာ-ရုပ်ကြွင်းလောင်စာတွေ၊ ဓာတ်သတ္တုပစ္စည်းတွေ၊ ကမ္ဘာ့ သယံဇာတ တွင်းထွက်ပစ္စည်း တွေ)ဆိုတာ အတိုင်းအတာ ပမာဏဟာ ပုံသေဖြစ်နေတဲ့အပြင် အလွယ်တကူပြန်လည် ဖြည့်ဆည်းဖို့ကလည်း မဖြစ်နိုင်တာကြောင့် အဲဒီသယံဇာတတွေကို အဆင်ခြင်မဲ့ သုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်နေ့မှာ အားလုံးကုန်ခန်းသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ရွှေ့ပြောင်းနိုင် တဲ့ သဘာဝအရင်းအမြစ်တွေ (ဥပမာ- ငါး၊ တိရစ္ဆာန်၊ သစ်တော၊မြေအောက်ရေစသဖြင့်)ဆိုတာ အတိုင်းအတာပမာဏဟာ ပြန် လည်ဖြည့်စွမ်းနိုင်တာထက် အဲဒီ သယံဇာတတွေကို အဆင်ခြင်မဲ့ ပိုမိုသုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်နေ့မှာ အားလုံးကုန်ခန်းသွား မှာ ဖြစ်ပါတယ်။

အဲဒီကုန်ခန်းသွားမှုအတွက် သက်ဆိုင်ရာ စီမံကိန်းဆောင်ရွက် သူတွေက အာမခံမှု၊ တာဝန်ယူ မှုတွေ လျော်ကြေးပေးမှုတွေစတာ တွေကို စီမံကိန်းသဘောတူစာ ချုပ်တွေမှာ ပါရဲ့လားဆိုတာကော ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဒီဟာတွေကို Decision Makers တွေသိဖို့ လိုပါတယ်။

ဒီတော့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ ကို အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက် အောင်၊ နိုင်ငံတော်ရဲ့ GDP တွေ တိုးတက်အောင် လုပ်မယ်ဆိုပြီး လုပ်နေကြသမျှအားလုံးဟာ စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မပျက်ဖို့လိုပါတယ်။ အဲဒီလို မပျက်စေပါဘူးဆိုတာကို အာမခံချက်ပေးနိုင်ရမယ်။ ပေးနိုင်အောင် လည်း Assessment တွေကို တိတိကျကျလုပ်ဆောင်ကြဖို့ လိုပါ တယ်။

  လုပ်ဆောင်တယ်ဆိုတဲ့ နေရာမှာ ထပ်ဆောင်းပြောလိုတာက လုပ်တယ်ဆိုတာနဲ့ အမည်ခံ သက်သက်နဲ့ မပြီးပါဘူး။ အရည် အသွေးမမီတဲ့ ဆန်းစစ်ချက်၊ SOP မကိုက်တဲ့ ဆန်းစစ်ချက်မျိုး မဖြစ် စေရပါဘူး။ သဘောကတော့ဗျာ မိမိမှာ ရောဂါရှိ၊ မရှိဆန်းစစ်တာ ထက်တောင် ပိုပြီးဂရုစိုက်ဖို့ လိုပါ တယ်။ ပြောရရင်တော့ ကင်ဆာ ရောဂါသံသယရှိနေလို့ ဆေးစစ် ပြီဆိုရင် ကျွန်တော်တို့ ဘယ်လို စစ်ကြရသလဲ၊ အကောင်းဆုံး ဆေးရုံ၊ အကောင်းဆုံး ဆရာဝန်နဲ့ စစ်ဆေးကြရပြီး ပစ္စည်းကိရိယာ၊ နည်းပညာအားနည်းနေရင် ပြည်ပကိုတောင် သေချာအောင် သွား ဆေးစစ်ကြရတယ်မဟုတ်လား။ ဒါတွေအားလုံးဟာ ခွဲမယ်၊ စိတ် မယ်ဆိုတာတွေ မလုပ်မီ သေသေ ချာချာ လုပ်ကြရတာပါ။ သေချာ အောင် စစ်ဆေးမှုတွေဟာ ဘယ် လောက်အရေးပါသလဲဆိုတာကို ပြတာပါ။  လူတစ်ယောက်ချင်း စီမှာတောင် ဒီလောက်အရေးတ ယူစနစ်တကျလုပ်ကြရတယ်ဆို ရင် လူအများတွေရဲ့ ဘ၀ရပ်တည် မှုအတွက် အရေးပါတဲ့ EIA, SIA တွေဆိုတာ ဘယ်လောက်အလေး အနက်ထားဆောင်ရွက်ကြရမယ် ဆိုတာ တွေးကြည့်နိုင်ကြပါတယ်။ စစ်ဆေးတဲ့သူကလည်း သူ့စစ် ဆေးချက်ကိုလည်း တာဝန်ယူကြ ရပါတယ်။ အာမခံစနစ်နဲ့ပဲဖြစ် ဖြစ် မှားယွင်းရင်လည်း လျော် ကြေးပေးကြရပါတယ်။ ဒါဟာ နိုင်ငံတကာစံပါ။

ပတ်ဝန်းကျင်   ယိုယွင်းမှုရောဂါဟာ ကင်ဆာထက်ဆိုးတယ်။

ကင်ဆာရောဂါရပြီဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက်က တော်တော်နည်းသွားရပြီ ဖြစ်ပါ တယ်။ ကင်ဆာရောဂါရဲ့ ထူးခြား ချက်တွေကတော့ အချို့များဆို ရင် ကင်ဆာရောဂါဖြစ်နေတာကို တောင်မသိလိုက်ရဘဲ အသက်ဆုံးရှုံးသွားခဲ့ကြရတယ်။ အချို့ဆိုရင် တော့ ကင်ဆာရောဂါရနေပြီလို့ သိလိုက်ရတယ်။ ဒါပေမဲ့ ကုသ လို့ မမီတော့ဘူး။ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ ကင် ဆာထက် ဆိုးပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို SOP မီ တဲ့ ဆန်းစစ်ချက်မရှိဘဲ သဘာဝ သယံဇာတတွေကို အသုံးချပြီး မိမိဆန္ဒအတိုင်း လုပ်ဆောင်နေခြင်း ဟာ တကယ်တော့ နိုင်ငံတော်ကို သစ္စာမစောင့်သိတာ အနာဂတ် ကာလကို ဖျက်ဆီးတာလို့တောင် ပြောနိုင်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေလုပ်တဲ့နေရာမှာ အများပြည် သူပိုင်ဆိုင်နေထိုင်တဲ့နေရာတွေ ကို သိမ်းယူလုပ်ဆောင်ရတာတွေ ဟာ ယနေ့မြန်မာနိုင်ငံမှာ အမြဲ ကြားနေရပါတယ်။ ဟိုတစ်လောက ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကိုတက်တော့ စင်ကာပူက အငြိမ်းစားပါမောက္ခတစ်ယောက်က သူရေးသားထုတ်ဝေထားတဲ့ နိုင်ငံတကာစာပေဆုရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေစာအုပ်အကြောင်းရှင်းပြတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ မြေယာသိမ်းယူမှု (Land Grabbimhg) ကာကွယ်ရေးတွေ အကြောင်းပါတယ်။ ပြည်သူလူထု နိုင်ငံသားတိုင်းရဲ့ အခြေခံဥပဒေပါ အခွင့်အရေးဖြစ်တဲ့ နိုင်ငံသားတိုင်း နေပိုင်ခွင့်ရှိရမယ်ဆိုတဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဟာလည်း အခြေခံဥပဒေကို ချိုးဖောက်ခြင်းမို့ ခွင့်မပြုရဘူးလို့ ပါရှိနေပါတယ်။

စံတွေကိုက်ဖို့ အလွန်အရေးကြီး ပါတယ်။

ဒီတော့ဗျာ။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် ဆောင်ကြရာမှာ အခုဆိုရင် စတာ တွေလည်း စနေပြီ။ စမလို့ တာစူ နေတာလည်း တာစူနေကြပြီ။ ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ ကိစ္စ တွေကလည်း တစ်ပုံတစ်ပင်ရှိနေ ဦးမယ်ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဆောင်ပုဒ်တစ်ခု အတိုင်း အားလုံးဆောင်ရွက်ကြ လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါကတော့ ‘‘နိုင်ငံကို သစ္စာရှိပါ။ ကျန်တာတွေကတော့ ထိုက်တန် မှ သစ္စာရှိပါ’’ဆိုတာပါပဲ။

Mizzima - News in Burmese 

ဟိန္ဒားသတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ချောင်းအတွင်း စွန့်ပစ် မြေစာများ ၀င်ရောက်ပြီး တိမ်ကောသွားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား များက ဆိုသော ချောင်းတွင် ကလေးငယ်တစ်ဦး ဖြတ်သန်း သွားလာနေ စဉ် ။ ယခင် အစိုးရ လက်ထက် ခွင့်ပြုခဲ့သော စီမံကိန်းအများစုမှာ EIA, SIA လုပ်ကိုင်လေ့ မရှိပေ။ (ဓာတ်ပုံ- မောင်ဖြိုး (Dawei Development Association))
ဟိန္ဒားသတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ချောင်းအတွင်း စွန့်ပစ် မြေစာများ ၀င်ရောက်ပြီး တိမ်ကော သွား သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသော ချောင်းတွင် ကလေးငယ် တစ်ဦး ဖြတ်သန်း သွားလာနေစဉ် ။ ယခင် အစိုးရ လက်ထက် ခွင့်ပြုခဲ့သော စီမံကိန်းအများစုမှာ EIA, SIA လုပ်ကိုင်လေ့ မရှိပေ။ (ဓာတ်ပုံ- မောင်ဖြိုး (Dawei Development Association))

အစ္စရေးနှင့် ပါလက်စတိုင်း အပစ်အခတ်စဲရေး သဘောတူညီချက် ရရှိ

အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရက် ၅၀ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအဆုံးသတ်ရေး အတွက် သဘောတူညီချက်ကို သြဂုတ် ၂၆ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။

သစ်နှင့် သဘာဝရင်းမြစ်တူး ဖော်သည့်လုပ်ငန်း အပါအ၀င် လုပ်ငန်းကိုးခုကို အခွန်ကင်းလွတ် သက်သာခွင့် မပြုတော့

Photo: သစ်နှင့် သဘာဝရင်းမြစ်တူး ဖော်သည့်လုပ်ငန်း အပါအ၀င် လုပ်ငန်းကိုးခုကို အခွန်ကင်းလွတ် သက်သာခွင့် မပြုတော့
Wednesday, August 27, 2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသောရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၄ ဖြင့် သြဂုတ်လ ၁၉ ရက်စွဲဖြင့် သြဂုတ်လ ၂၅ရက်က ထုတ်ပြန်ကြေ ညာသည်။

အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်မပြု သော လုပ်ငန်းများစာရင်း၌ အရက်၊ ဘီယာ၊ စီးကရက် ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆက်စပ် ၀န်ဆောင်မှု လုပ်ငန်းများ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ရောင်း ချသည့်လုပ်ငန်း များ၊ယာဉ်ြ ပင်ဆင်မှုနှင့် အလားတူဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည်။

ထို့အတူ နိုင်ငံသားများကောင်းစွာ လုပ်ကိုင်နိုင်သည့် နည်းပညာမမြင့်မားဘဲ ရင်းနှီမြှုပ်နှံမှုပမာဏ အနည်း ငယ်ဖြင့် ဆောင်ရွက်သည့်စက်မှုလုပ်ငန်းများ(လုပ်

သားအင်အား အများအပြားအသုံးပြုသော လုပ်ငန်းများ မပါ)၊ သစ်တောနယ်မြေကို နှစ်ရှည်ငှားရမ်းပြီး စိုက်ပျိုးထုတ်လုပ်ခြင်း၊ သစ်တော ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်း၊ သဘာဝ အရင်းအမြစ် တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ (ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း များအပါ)လည်း ယင်းစာရင်း ထဲတွင်ပါဝင်သည်။

ထို့ပြင် အဆောက်အအုံ ဆောက်လုပ်၍ ပြန်လည်ရောင်းချသည့်လုပ်ငန်းများ၊ ယာဉ်၊ စက်ယန္တရား ငှားရမ်း သည့် ၀န်ဆောင်မှုလုပ်ငန်းများနှင့် စားသောက်ဆို င်နှင့် အစားအသောက်ရောင်းချသည့် လုပ်ငန်းများလည်း အခွန်ကင်းလွတ်သက်သာခွင့် ပေးရန်မလိုသော လုပ်ငန်းများအဖြစ် သတ်မှတ်ခဲ့သည်။

နို့၊ နို့ထွက်ပစ္စည်းနှင့် သက်ဆိုင်သော စားသောက်ကုန်လုပ်ငန်းများသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် သက်သာခွင့် မပြုတော့ဘဲ အကောက်ခွန် ကင်းလွ တ်သက်သာခွင့်သာပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသတ်မှတ်ချက်များသည် အမိန့်ကြော်ငြာစာ ထွက်ရှိပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြု သည့် ပြည်တွင်း ပြည်ပလုပ်ငန်းများနှင့်သာ သက်ဆိုင်မည် ဖြစ်သည်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ၀င်ငွေခွန်ကင်းလွတ်ခွင့် သက်သာခွင့် များကိုမူ လုပ်ငန်းများအလိုက် ခံစားခွင့်ရှိနေဦးမည် ဖြစ် သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသောရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများ စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၄ ဖြင့် သြဂုတ်လ ၁၉ ရက်စွဲဖြင့် သြဂုတ်လ ၂၅ရက်က ထုတ်ပြန်ကြေ ညာသည်။

မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်းအများအပြား နုတ်ထွက်

Photo: မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်းအများအပြား နုတ်ထွက်
Wednesday, August 27, 2014

ခြောက်လအတွင်း လေယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရသည့် မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်း ၂၀၀ ခန့်က မိမိတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးအပေါ် စိုးရိမ်လာသောကြောင့် အလုပ်မှ နုတ်ထွက်သွားကြောင်း လေကြောင်း လိုင်း က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မလေးရှားလေကြောင်းလိုင်းအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ မှတ်တမ်းကောင်း များရှိခဲ့သော်လည်း မတ် ၈ ရက်က MH370 လေယာဉ်ပျောက်ဆုံးမှုနှင့် ဇူလိုင်၁၇ ရက်က MH17လေယာဉ် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

ထို့ကဲ့သို့ ဖြစ်ပွားခဲ့မှုများကြောင့် မိသားစုများက စိုးရိမ်ပူပန်မှုများဖြစ်လာကာ ၀န်ထမ်း ၁၈၆ ဦးက အလုပ်မှ နုတ်ထွက် သွားခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

“MH 17 လေယာဉ် ပစ်ချခံရအပြီးမှာ အလုပ်ထွက်တဲ့သူ ပိုများခဲ့ပါတယ်။ အခုတော့ ပုံမှန်လောက်ပဲ ရှိပါတော့ တယ်။  ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် မိသားစုဝင်တွေက စိုးရိမ်ပြီး အလုပ်ထွက်ခိုင်းတယ် လို့ ၀န်ထမ်းတွေက ပြောပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လေယာဉ်မတော်တဆဖြစ်စဉ်နှစ်ခုတွင် လေယာဉ်အမှုထမ်း ၂၇ ဦးအပါအ၀င် လူပေါင်း ၅၃၇ ဦး သေဆုံးခဲ့သည်။

ဝန်ထမ်းများ လျော့နည်းသွားသောကြောင့် ကျန်ရှိနေသည့် ၀န်ထမ်းများမှာ တစ်နေ့လျှင် ၁၂ နာရီအထိ အလုပ်လုပ်နေရကြောင်း  သတင်းအချို့ တွင် ဖော်ပြထားသည်။

အဆိုပါ လေကြောင်းလိုင်းအနေဖြင့် ယခုလေယာဉ်မတော်တဆမှုမဖြစ်ပွားမီ သုံးနှစ်ကပင် အရှုံးပမာ ဏ  ဒေါ်လာ ၁ဒသမ ၃သန်းရှိခဲ့ပြီး ယခုနှစ် ပထမသုံးလတွင် ဒေါ်လာ ၁၃၇ သန်း အရှုံးပေါ်ခဲ့ရာ MH370 လေယာဉ်ပျောက်ဆုံးသွားမှုကြောင့် အများဆုံးဖြစ်သည်။

ဝန်ထမ်းစုစုပေါင်း ၁၉၅၀၀ ဦး ရှိခဲ့သည့် မလေးရှားလေကြောင်းလိုင်းအနေဖြင့် ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese
ခြောက်လအတွင်း လေယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရသည့် မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်း ၂၀၀ ခန့်က မိမိတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးအပေါ် စိုးရိမ်လာသောကြောင့် အလုပ်မှ နုတ် ထွက် သွားကြောင်း လေကြောင်း လိုင်း က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဘိန်းစိုက်ပျိုးမှု တရားဝင်ခွင့်ပြုရန် လုံးဝမဖြစ်နိုင်ဟု ဦးရဲထွဋ်ပြော

မြန်မာနိုင်ငံတွင် ဘိန်းကို တရားဝင်စိုက်ပျိုးခွင့်တောင်းဆိုသူများအား ခွင့်ပြုရန်ကိစ္စမှာ လုံးဝမဖြစ်နိုင်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားလိုက်သည်။

ဆိုင်ခန်း ၄၀၀ ကျော်ရှိသော ငါးဈေးသစ်ကြီး ဖွင့်ပြီးလေးလအကြာတွင် ဆိုင်တစ်ဆိုင်သာဖွင့်

Photo: ဆိုင်ခန်း ၄၀၀ ကျော်ရှိသော ငါးဈေးသစ်ကြီး ဖွင့်ပြီးလေးလအကြာတွင် ဆိုင်တစ်ဆိုင်သာဖွင့်
Wednesday, August 27, 2014

ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသော ရွှေပိတောက်ငါး ဈေး သစ်ကြီးဖွင့်ပြီး လေး လကြာ ချိန်တွင် ငါးဒိုင်ပိုင်ရှင်တစ်ဦးသာ လာရောက်ရောင်းချနေကြောင်း သတင်းရရှိသည်။

၂၀၁၄  ဧပြီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါ လက်ကားငါးဈေး သစ်ကြီး၌ ဆိုင်ခန်း ပေါင်း ၄၃၂ ခန်းရှိရာ ငါးဒိုင်ပိုင်ရှင်၁၇၀ ဦးဝယ်ယူခဲ့ကြသော် လည်း ၁၀ ဦးခန့်လာရောင်းနေရာမှ လေးလကြာချိန်တွင် ဆိုင်ခန်း တစ်ခန်းသာရောင်းတော့ကြောင်း ငါးဒိုင်ပိုင်ရှင် ဦးသန်းလွင်က ပြောသည်။

‘‘ဒါတောင် ၀ယ်သူကို ကြည့် မြင်တိုင်စံပြငါးဈေးကနေ ကျွန် တော့်ကားနဲ့ တင်ခေါ်လာတယ်။ သူတို့တွေကလည်း ကျွန်တော့်ဆီ မှာ ၀ယ်နေကျဖောက်သည်တွေ မို့ပါ။ ငါးဈေးသစ်မှာ ဆိုင်ခန်းဝယ်ထားတဲ့ လူတွေကလည်း ပြီးခဲ့တဲ့လက အကူအညီတောင်းကြ တယ်။ ဈေးဆိုတာ ရောင်းသူရော ၀ယ်သူရောရှိမှ ဈေးဖြစ်မှာမို့ ဈေး ဟောင်းကနေ ဒီဘက်ဈေးသစ်ကို အပြီးအပိုင်ထွက်ခိုင်းရင် ကောင်း မယ်။ ကီလီဈေးကနေ ကြည့်မြင် တိုင်ဈေးကို ပြောင်းသလိုမျိုး’’ဟု မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သော ငါးဒိုင်ပိုင်ရှင် ဦးသန်းလွင်က ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သက်ဆိုင်ရာမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ အကူအညီတောင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနထံ ပြောကြားပေးမည်ဟု ဆိုသည်။

‘‘ရွှေပိတောက်ငါးဈေးကိစ္စ နဲ့ ပတ်သက်ပြီး လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်စေချင်ပါ တယ်။ ဒါပေမဲ့ အချိန်လေးတော့ နည်းနည်းစောင့်ရမယ်’’ ဟု ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက သြဂုတ် ၂၆ ရက် တွင် ပြောသည်။

ယခု ဈေးရောင်းဈေးဝယ် စည်ကားနေသော ကြည့်မြင်တိုင် ရှိ ဗဟိုစံပြ ငါးဈေးသစ်ကြီးကို ၁၉၉၀ ပြည့်နှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂ဒသမ၄၈၇ ဧက ကျော်ကျယ်ဝန်းကာ ဈေးရုံ (၇)ရုံ အတွင်း (၁၅)ပေပတ်လည်ကျယ် သော ဆိုင်ခန်းပေါင်း ၁၄၄ ခန်းရှိ သည်။

သို့ရာတွင် သန့်ရှင်းမှု မရှိ ခြင်းနှင့် လမ်းပေါ်တွင် ပိတ်ဆို့ကာရောင်းနေကြသော ဆိုင်ခန်း ၃၀၀ ကျော်ရှိနေသောကြောင့် ဈေးသစ် ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ရွှေပိတောက် ငါးဈေးသစ် ကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ တွင် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် တောက် ထွန်း ကုမ္ပဏီတို့ အကျိုးတူ ပူး ပေါင်း တည်ဆောက်ခဲ့သော လှိုင် မြို့နယ်၊ သီရိမင်္ဂလာကုန်စိမ်းဈေး ကြီးနှင့် ကပ်လျက်တွင် တည်ရှိ သည်။ အဆိုပါ ဈေးသစ်ကြီးတွင် ဈေးရုံ (၈)ရုံရှိပြီး (၁၁)ပေကျယ် ၍ (၁၈) ပေရှည်သော ဆိုင်ခန်း ပေါင်း (၄၃၂)ခန်း ပါဝင်ကာ ၈ဒသမ၇၅ ဧကပေါ်တွင် တည် ဆောက်ထားသည်။ အပြင်ဘက်ရှိဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃၀၀ ဖြင့် ရောင်းပြီး အတွင်းဘက် ဆိုင်ခန်းများကို ကျပ်သိန်း ၂၅၀ ဖြင့် လက်ငင်းငွေချေ စနစ်နှင့် အရစ်ကျစနစ် နှစ်မျိုးလုံးဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ ယင်းဈေးတည်ဆောက်ရာတွင် ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်ထံ အကြံဉာဏ် များ မတောင်းခံဘဲ ကိုရီးယားနိုင်ငံပုံစံဖြင့် နမူနာယူကာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

ငါးဈေးသစ်ကြီးအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ငါးဈေးသစ်ကြီးအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသော ရွှေပိတောက်ငါး ဈေးသစ်ကြီးဖွင့်ပြီး လေးလကြာချိန်တွင် ငါးဒိုင်ပိုင်ရှင် တစ်ဦးသာ လာရောက်ရောင်းချနေကြောင်း သတင်းရရှိသည်။

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့ မူးယစ်ဆေး တိုက်ဖျက် ရာတွင် တိုးတက်မှုရှိ

Photo: နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့ မူးယစ်ဆေး တိုက်ဖျက် ရာတွင် တိုးတက်မှုရှိ
Wednesday, August 27, 2014

လားရှိုး - ရှမ်းပြည်နယ် (မြောက် ပိုင်း)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ် ကာ တိုက်နယ်ကျေးရွာအတွင်း ကချင်အမျိုးသမီးအဖွဲ့နှင့် တ အောင်းလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး သုံးစွဲသူများကို အုပ်စုဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး မူးယစ်တိုက်ဖျက်အဖွဲ့သို့ အပ်နှံသော  လုပ်ငန်းမှာ တိုးတက်မှုများ ရှိကြောင်း နမ့်ဖတ်ကာကချင်အမျိုးသမီးအသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ဒေါ်ထန်ဒင်က ပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူ များနှင့် သုံးစွဲသူများကို ကချင် အမျိုးသမီးအဖွဲ့နှင့် တအောင်းလူ ငယ်အဖွဲ့ဝင် ငါးဆယ်ဦးခန့် ဖြင့် ၀င်ရောက်ဖမ်းဆီးလေ့ရှိကာ မူ ဆယ်မူးယစ်တပ်ဖွဲ့စုသို့ ဖမ်းဆီး ရမိသော ပစ္စည်းနှင့်တကွ အပ်နှံ ပေးခြင်းဖြစ်သည်။

‘‘မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေနဲ့ သုံးတဲ့သူတွေကို လူ့ အခွင့်အရေးအရ ပထမဆုံးမ ရောင်းဖို့၊ မသုံးဖို့ သတိပေးတယ်။ ဒုတိယအနေနဲ့တော့ ဖမ်းမိရင် ဒဏ်ရိုက်တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာကို အပ်ပေးပါတယ်။ အရင်တုန်းက လုပ်ရတာမတွင် ကျယ်ပေမယ့် အခုတော့ တ အောင်းလူငယ်တွေပါ ပူးပေါင်း လာလို့ မူးယစ်ဆေးတိုက်ဖျက်ရေးဆောင်ရွက်ရတာ ပိုပြီးထိရောက် လာတယ်’’ဟု ဒေါ်ထန်ဒင်က ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေကြောင်း သတင်းရပါက သွားရောက်ဖမ်းဆီးရာတွင် တစ်ခါတစ်ရံနှစ်ဆယ်မှ သုံးဆယ်ဦးအထိ ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။ သုံးစွဲသူများ ဖမ်းဆီးရမိပါက မူးယစ်ဆေးဝါးဖြတ်လိုသူများကို နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်းဖြက်စခန်းသို့ ပို့ဆောင်၍ ကုသပေးပြီး ပြန်လည်အသုံးပြုပါက သက်ဆိုင်ရာသို့ အပ်နှံပေးကြောင်း ဘိန်းဖြတ်စခန်းမှ တာဝန်ရှိသူက ပြောသည်။

‘‘မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး ထိထိရောက်ရောက် လိုက်ဖမ်း နေတော့ ဆေးဝယ်ရတာဈေးကြီး လာတယ်။ ဒီတော့ မသုံးနိုင်တဲ့ သူတွေ ဘိန်းဖြတ်စခန်းကို ရောက်လာတယ်။ ရောင်းဝယ်တဲ့ သူတွေ လည်း မရှိသလောက်ဖြစ်သွား တယ်။ ဒီတစ်သုတ်ဘိန်းဖြတ်တဲ့ သူက အခုဆိုရင် နှစ်ဆယ့်ကိုး ယောက်ရှိသွားပြီ’’ဟု နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်း ဖြတ်စခန်း တာဝန်ခံ ကိုဘရန် အင်က ပြောသည်။

နမ့်ဖတ်ကာတိုက်နယ်ကျေး ရွာအတွင်းနှင့် အနီးအနားရှိ ကျေး ရွာများတွင် ယခုနှစ်ဘိန်းစိုက်ရာ သီအတွင်း ဘိန်းစိုက်ပျိုးပါက လိုက်လံဖျက်ဆီးသွားမည်ဖြစ်ပြီး စိုက်ပျိုးသူများအားလည်း ထိ ရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကချင်အမျိုး သမီးများနှင့် တအောင်းလူငယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။

‘‘မနှစ်ကဆိုရင် ရွာထဲက ခြံ တွေမှာတောင် စိုက်ကြတယ်။ ဒီ နှစ်မစိုက်ဖို့ ပြောထားတယ်။ စိုက် ရင်လိုက်ပြီး ဖျက်ဆီးမယ်။ လူထု အင်အားနဲ့အပြင် လိုအပ်ရင် သက် ဆိုင်ရာကိုလည်း အကူအညီ တောင်းသွားမယ်’’ဟု ဒေါ်ထန်ဒင် က ပြောသည်။

  နမ့်ဖတ်ကာကျေးရွာအ တွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများတို့ ဖမ်းဆီးနေသဖြင့် အနီးအနားရှိ ကျေးရွာများသို့ ကူးပြောင်းရောင်းဝယ်နေကြ သဖြင့် နမ့်ဖတ်ကာအနီးအနားရှိ ကျေးရွာများအထိ ကွင်းဆက်ဖြန့် ကာ ထိရောက်စွာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း နမ့်ဖတ်ကာကချင်နှစ်ခြင်းအသင်း တော်မှ တာဝန်ခံက ပြောသည်။

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့တို့၏ သတင်းပေးကူညီမှုကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရမှုမှာ ထိရောက်မှုရှိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး တီခေါင်လွမ်းကပြောသည်။

7Day DAILY

မူယစ်ဆေးဝါရောင်းဝယ်သုံးစွဲသူများအားဖမ်ဆီးထားသည်ကိုတွေ့ ရစဉ် (ဓာတ်ပုံ- ကံသာ)
မူယစ်ဆေးဝါရောင်းဝယ်သုံးစွဲသူများအားဖမ်ဆီးထားသည်ကိုတွေ့ ရစဉ် (ဓာတ်ပုံ- ကံသာ)
လားရှိုး - ရှမ်းပြည်နယ် (မြောက် ပိုင်း)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ် ကာ တိုက်နယ်ကျေးရွာအတွင်း ကချင် အမျိုးသမီးအဖွဲ့နှင့် တ အောင်းလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး သုံးစွဲသူများကို အုပ်စုဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး မူးယစ်တိုက်ဖျက်အဖွဲ့သို့ အပ်နှံသော  လုပ်ငန်းမှာ တိုးတက်မှုများ ရှိကြောင်း နမ့်ဖတ်ကာကချင် အမျိုးသမီး အသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ဒေါ်ထန်ဒင်က ပြောသည်။

ကနေဒါအစိုးရက မြန်မာနိုင်ငံကို စီးပွားရေးအထူးအခွင့်အလမ်းများ ရှိသော ဈေးကွက်အဖြစ် သတ်မှတ်

ကနေဒါအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ ကနေဒါဈေးကွက်လှုပ်ရှားမှုအစီအစဉ် (GMAP) တွင် မြန်မာနိုင်ငံကို  ကနေဒါ စီးပွားရေး လုပ်ငန်းများအတွက် အထူးအခွင့် အလမ်းများရှိသော ဈေးကွက်အ ဖြစ် သတ်မှတ် လိုက်ကြောင်း  ကနေဒါ သံရုံးမှ သတင်းရရှိသည်။

ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်

Photo: ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်
Wednesday, August 27, 2014

ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ်တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) မှ ကူညီထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဖော်ထုတ်ရေးကိရိယာ ExplosiveTrace Deteation System (ETDS) များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ်တို့တွင် စတင်အသုံးပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ JICA မှ သြဂုတ် ၂၆ ရက်၌ စ တင်လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခင်က မြန်မာနိုင်ငံ၏ လေဆိပ်များတွင် ဓားကဲ့သို့သော သံ နှင့် သတ္တုပစ္စည်းများစစ်ဆေး သော Walk Through များအ ထုပ်အပိုးများ၏ အတွင်းပိုင်းကိုစစ်ဆေးနိုင် X-Ray စက်များကို သာတပ်ဆင်ထားသည်။

‘‘အခုတပ်ဆင်တဲ့စက်က တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို စစ်ဖို့အတွက်ပါ။ အဓိကတော့ ယမ်းလိုဟာမျိုးတွေ ပါလာမှုရှိ၊မရှိကို စစ်ဆေးဖို့အ တွက်ပါ’’ဟု လေကြောင်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းကပြောသည်။

ယင်းစက်များသည် မြန်မာ နိုင်ငံ၏ လေဆိပ်များတွင် ပထမ ဆုံးတပ်ဆင်အသုံးပြုသည့်စက် များဖြစ်သည်ဟု ဦးဝင်းဆွေထွန်း ကဆိုသည်။

X-Ray စက်ကို ဖြတ်သန်း ပြီးသော အထုပ်အပိုးများတွင် မ သင်္ကာဖွယ်ရာတွေ့ရှိပါက ယင်း စက်နှင့် စစ်ဆေးမည်ဖြစ်ပြီး ယင်း စက်မှ ပေါက်ကွဲစေတတ်သော ပစ္စည်းများပါဝင်မှု ရှိ၊ မရှိ တိုက် ရိုက်စစ်ဆေးနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘စက်နဲ့ စစ်တဲ့အခါမှာ လွန် ခဲ့တဲ့ ခြောက်လလောက်က အဲဒီ အိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့  ပစ္စည်းတွေကိုထည့်ပြီး အသုံးပြု ထားတယ်ဆိုရင်တောင်မှ ဒီစက် က သိနိုင်တယ်’’ဟု ရန်ကုန်လေ ဆိပ်တွင် စစ်ဆေးရေးတာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ဂျပန်နိုင်ငံ JICA မှာ မြန်မာ လေကြောင်းကဏ္ဍတွင် ကူညီ ထောက်ပံ့ရန်၂၀၁၂ ခုနှစ်က Grant Agreement ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အ ရ စီမံကိန်းတစ်ခုဖြင့် ယခုတပ် ဆင်ထားသော ETDS စက်အပြင် လေကြောင်းလမ်းညွှန်စက်များ ဖြစ်သည့် VOR/DME စက်များ လေဆိပ်သုံးမီးသတ်ကားများ၊ လေယာဉ်ပြေးလမ်းမီးများ၊ အလို အလျှောက်ရာသီဥတုတိုင်းတာ သည့် စက်များ၊ လေယာဉ်ပြေး လမ်းမျက်နှာပြင် ကြမ်းတမ်းမှု တိုင်းတာသည့် စက်များစသည့် တို့ကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ် (ဓာတ်ပုံ − ခန့်ထက်)
ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ် (ဓာတ်ပုံ − ခန့်ထက်)
ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ် တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။