Saturday, 2 August 2014

ရာအိမ်မှူး ပါဝင်သည့် လူ ၂၀ ကျော်က ဓားများကိုင်ဆောင်၍ တရားမဟောရန် ခြိမ်းခြောက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၀က်သေကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်သည့်တရားပွဲသို့ တရားလာ ဟောသော ရေပူဆရာတော်၏ ကားကို ရာအိမ်မှူး ပါဝင်သောလူ၂၀ ဦးကျော်က ဓားများကိုင် ဆောင်၍ တရားမဟော ရန်ခြိမ်းခြောက်တား မြစ်ခဲ့သည်ဟု ရေပူဆရာတော် ဦးဣန္ဒက မဇ္ဈိမကို မိန့်ကြား သည်။ထိုသို့ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ရာတွင် ဓားကိုင်ပါဝင်သူများထဲတွင် ၀က်သေကျေးရွာမှ ရာအိမ် မှူး ကိုယ်တိုင်ပါဝင်နေသည်ဟုဆိုသည်။တရားပွဲကျင်းပရန်အတွက် မြို့နယ်သံဃနာယ အဖွဲ့နှင့် မြို့နယ်အာဏာပိုင်များထံတွင်တရားဝင်စာတင် ခွင့်ပြုမိန့်ယူ၍ ရွာသူရွာသားများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော် တို့ သွားတိုင်တယ်။ သွားတိုင်တော့ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်နေတဲ့ သူတွေဘယ်သူ လည်း ဘယ်ကလည်း ဘာဖြစ်တာ လည်း မမေးဘဲ။မင်းတို့ဆရာတော်က ဘယ်ကလည်း ဘယ်နှစ်ပါးကြွ လာတာလည်း ဒါပဲမေးတယ်။ ဒါကို ရွာကလူတွေက မသင်္ကာ ဘူးဖြစ်နေတယ်။ သူတို့ ပါဝင်ပတ်သက်နေ တယ်လို့ ယူဆနေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မဖြစ်အောင်တားဆီးပေးဖို့ လာအကူ အညီတောင်း တိုင်ကြားတာကို ဘာမှလုပ်မပေးတာ ဟာသေချာတယ်။ ပဋိပက္ခဖြစ်အောင် လုပ်တာပဲ”ဟု ၀က်သေကျေးရွာ မှ ကိုလွမ်းမောင် က ပြောသည်။

စိုးရိမ်စရာ အီဘိုလာ ဗိုင်းရပ်စ် ( Ebola Virus )



ကမ္ဘာကြီးမှာ ကပ်ရောဂါလို စိုးရိမ်စရာဖြစ်လာနေတာကတော့ အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားလာမှုပါဘဲ။ ကမ္ဘာ့ ကျန်းမာရေး ဌာန WHO ကတော့ အရမ်းမြန်ဆန်တဲ့ နှုန်းနဲ့ ဗိုင်းရပ်စ်ပြန့်ပွားနေပြီး အန္တရာယ်ရှိတဲ့ အခြေအနေ
ရောက်နေတယ်လို့ပြောနေပါပြီ။ အခုနောက်ဆုံး သတင်းတွေအရ အနောက်အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၇ဝဝ ဝန်းကျင် ရှိလာနေပြီလို့ သိရတယ်။

ဟင်္သာတမှာ ကျောင်းသားမိဘတွေ ဆန္ဒပြမယ်

ကျောင်းသားတွေ ဆန္ဒပြမယ် ဆိုတာ ကြားရတတ်တဲ့သတင်းဆိုပေမယ့် ကျောင်းသားမိဘတွေ ဆန္ဒပြမယ် ဆိုတာကိုတော့ ကြားဖူးကြမယ် မဟုတ်ပါဘူး။ဟင်္သာတမြို့မှာတော့ ကျောင်းသားမိဘတွေ ဆန္ဒပြဖို့ ပြင်ဆင်နေကြပါပြီ။ဒီအကြောင်း ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် သတင်းထောက် ဆလိုင်းသန့်စင်က  သတင်းပေးပို့ထားပါတယ်။  ပညာရေးဌာနတာဝန်ရှိသူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ကျေနပ်မှု မရှိတဲ့အတွက်  ကျောင်းသားမိဘတချို့က ဟင်္သာတခရိုင် ပညာရေးမှူး၊  မြို့နယ် လက်ထောက်ပညာရေးမှူး၊ သုံးခွကျေးရွာအလယ်တန်းကျောင်းက ဆရာမ ၃ ဦးကို ဆန္ဒပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။ဟင်္သာတမြို့နယ် တံတားဦးကျေးရွာအုပ်စု သုံးခွကျေးရွာအလယ်တန်းကျောင်းခွဲမှာ တာဝန်ကျနေတဲ့ ဆရာမ ၃ ဦးဟာ ကျောင်းသားတွေအပေါ် ဂရုတစိုက် စာပေသင်ကြားမှုနည်းပါးတယ်၊
 ကျောင်းပျက်တယ်၊ ကျောင်းချိန်နောက်ကျတယ်၊  လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံတယ်လို့ ဆန္ဒပြဖို့ ပြင်နေသူတွေက ပြောပါတယ်။

အော်ရီဒူးဖုန်း မြို့ ၆၈ မြို့အသုံးပြုနိုင်မည်

အော်ရီဒူးဖုန်းကွန်ယက် ၀န်ဆောင်မှုကို ယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ လက်ရှိ ၀န်ဆောင်မှုရနေသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအပြင် ပြည်၊ မိထ္ထီလာ၊ မကွေးမြို့အပါအဝင် မြို့ ၆၈ မြို့တွင် အသုံးပြုနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟော်တယ်တွင် ပြုလုပ်ခဲ့သည့် အူရီဒူး၏ သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အော်ရီဒူး၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က “အခု ကွန်ယက်ဖြန့်ကျက်တဲ့ ဒေသတွေကို ကျော်လွန်ပြီး သြဂုတ် ၁၄ ရက်နောက်ပိုင်းကနေ စတင်ပြီး ပြည်၊ မကွေး၊ မိထ္တီလာ အပါအ၀င် မြို့ပေါင်း ၆၈ မြို့မှာ လူများနိုင်သလောက်များများကို နောက်ဆုံးပေါ်နည်းပညာက ရတဲ့ ၀န်ဆောင်မှုတွေကို ပေးနိုင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းတို့၏ စာရင်းအရ လက်ရှိဝန်ဆောင်မှုရနေသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ မြို့များအပြင် မကွေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့နှင့်အနောက်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိမြို့များ ပါရှိကြောင်း သိရသည်။ ယခုနှစ် အကုန်တွင် လူဦးရေ စုစုပေါင်း သန်း ၆၀ တွင် ၂၅ သန်းထံ ဖုန်းကွန်ရက် ရောက်နိုင်မည်ဖြစ်ပြီး ၅ နှစ်အတွင်း ၉၇ ရာခိုင်နှုန်းထံ ရောက်ရှိမည်ဟုလည်း ကြေညာသည်။

ရန်ကုန်မြို့ ညောင်နှစ်ပင်တွင် ခုတင် ၂၀၀၀ ဆံ့ အဆင့်မြင့်ဆေးရုံသစ်ကြီးကို တရုတ်အကူအညီဖြင့် တည်ဆောက်မည်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် (ညောင်နှစ်ပင်)တွင် ခုတင် ၂၀၀၀ ဆံ့ အဆင့်မြင့်ဆေးရုံသစ်ကြီးကို တရုတ်အကူအညီဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။အဆိုပါ ဆေးရုံ သစ်ကြီးကို မြေဧက ၁၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ယခုလအတွင်း တရုတ်အဖွဲ့များက လေ့လာတိုင်းတာမှုလုပ်ငန်းများ စတင်ပြုလုပ် သွားမည်ဖြစ်ကာပြီးစီးသည်နှင့်တစ်ပြိုင်နက် ဆေးရုံတည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါဆေးရုံသစ်ကြီးကို အဆင့်မြင့်နှင့် ခမ်းခမ်းနားနားဖြစ်စေရန် တရုတ်က ကူညီတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။“ဒီဆေးရုံကြီးဆောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရန်ကုန်ဆေးရုံကြီးကို လာကုသတဲ့သူကို လျှော့ချချင်တာပါ။ ရန်ကုန်မြောက်ပိုင်းခရိုင်မြို့နယ်တွေ၊ လှည်းကူး၊ ပဲခူးလို နေရာမျိုးတွေကနေ ရန်ကုန်ဆေးရုံကြီးကို လာပြတဲ့လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို မလာရတော့အောင်၊ ဒီဆေးရုံသစ်ကြီးကနေ ဖမ်းဆွဲပေးမယ့် သဘောပါ။ ရန်ကုန်ဆေးရုံကြီးက နှစ်တွေကြာနေပြီ။ ပစ္စည်းလည်း စုံလင်တာကြောင့် လာပြတဲ့လူနာတွေနဲ့ မမျှတ ဘူး ဖြစ်နေတာပါ။ ဆေးရုံသစ်ကြီးပြီးရင်တော့ မြောက်ပိုင်းခရိုင် အနီးအနားမြို့နယ်တွေက လူနာတွေ နီးနီးနားနား ကုသနိုင်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့် စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ယခုပညာသင်နှစ်၌ ငါးဦးရှိ

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့်သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ငါးဦးရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးကို ပညာရေးဝန်ကြီးဌာန၊ ယူနီဆက် (မြန်မာ)၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် စေတနာရှင် အလှူရှင်များပူးပေါင်း၍ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးလူငယ်များ ပညာသင်ကြားနိုင်ရေး၊ ထိုမှတစ်ဆင့် အတန်းကျောင်းပညာရေးနှင့် ချိတ်ဆက်တက်ရောက်ခွင့် ရရှိနိုင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။
Photo: ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့် စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ယခုပညာသင်နှစ်၌ ငါးဦးရှိ
Saturday, August 2, 2014

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့်သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ငါးဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးကို ပညာရေးဝန်ကြီးဌာန၊ ယူနီဆက် (မြန်မာ)၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် စေတနာရှင် အလှူရှင်များပူးပေါင်း၍ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးလူငယ်များ ပညာသင်ကြားနိုင်ရေး၊ ထိုမှတစ်ဆင့် အတန်းကျောင်းပညာရေးနှင့် ချိတ်ဆက်တက်ရောက်ခွင့် ရရှိနိုင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။

“ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကနေ အတန်းကျောင်းပညာရေး အလယ်တန်းအဆင့်ကို ချိတ်ဆက်တက်ရောက်နိုင်သူက ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။ ဒီနှစ် ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့်မှာ တက်ရောက်နေသူ ငါးဦးရှိနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေခံပညာကျောင်းတွေမှာ တက်ရောက်သင်ကြားနေကြပါတယ်” ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)၊ ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ၏ ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင်က ဆိုသည်။

ယင်းအစီအစဉ်မှတစ်ဆင့် ယခုပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးမှနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှတစ်ဦးနှင့် ရခိုင်ပြည်နယ်မှနှစ်ဦး စုစုပေါင်းငါးဦးတို့မှာ အတန်းကျောင်းပညာရေး ဒသမတန်းအဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်အား ၂၀၀၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ပထမအဆင့်တွင် ၄၈၁၂ ဦး၊ ဒုတိယအဆင့်တွင် ၃၉၂၅ ဦးရှိပြီး ယခုပညာသင်နှစ်၌ ပထမအဆင့်တွင် ၆၂၂၀ ဦး၊ ဒုတိယအဆင့်တွင် ၄၄၀၃ ဦး စုစုပေါင်း ၁၀၆၂၃ ဦး တက်ရောက်ပညာသင်လျက်ရှိကြောင်း သိရသည်။
news-eleven

တာမွေတရားရုံးတွင် စစ်ဆေးနေသော လန်ဒန်ဆရာတော်တို့၏ အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တင်သွင်းထားသောကြောင့် ငါးကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးခြင်းမရှိခဲ့

တာမွေတရားရုံးတွင် စစ်ဆေးနေသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှုတင်သွင်း ထားသောကြောင့် ၂ဝ၁၄ ခုနှစ် ဩဂုတ် ၁ ရက်တွင် တာမွေတရားရုံး၌ ငါးကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးခြင်း မရှိခဲ့ကြောင်း သိရသည်။  လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးအား တိုင်းသာသနာရေးမှူးက စွဲဆိုထားသည့် အမှုနှစ်မှုအနက် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)အား ချေဖျက်ပေးရန် လန်ဒန်ဆရာတော်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းထားကြောင်း သိရသည်။ထို့အပြင် တရားစွဲဆိုခံရသည့် သံဃာငါးပါးအနက်မှ အမှတ် ၃ ဆရာတော်၏ရှေ့နေမှ ပီနန်ဆရာတော်ဘုရားကြီး၏ သက်သေခံစာကို တင်သွင်းရာတွင် တာမွေတရားရုံးမှ လက်မခံသည့်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းထားကြောင်း သိရသည်။

အစိုးရသတင်းစာ မြန်မာ့အလင်းနှင့် အင်တာနက်ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည့် “ထိုင်းရှိ မြန်မာအလုပ်သမား ၂၆ ဦးမှာ လစာမရ၍ သစ်ရွက်ပြုတ် စားနေရသည့်သတင်း” မဟုတ်မှန်ကြောင်း အေဂျင်စီနှင့် အလုပ်သမားများ ရှင်းလင်း

အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ အပါအဝင် ရွှေလုပ်သား၊ သစ်ထူးလွင်၊ ရွှေမြန်မာဂရု စသည့်အင်တာနက် သတင်းဝက်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည့် “ထိုင်းရှိ မြန်မာအလုပ်သမား ၂၆ ဦးမှာ လစာမရ၍ သစ်ရွက်ပြုတ် စားနေရသည့်သတင်း” မှာ မဟုတ်မှန်ကြောင်း ဩဂုတ် ၁ ရက်တွင် သက်ဆိုင်ရာအေဂျင်စီနှင့်အတူ ကာယကံရှင် အလုပ်သမားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါသတင်းစာ ရှင်းလင်းပွဲကို ဩဂုတ် ၁ ရက် မွန်းလွဲတစ်နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရွှေရည်ဖြိုးအောင်အေဂျင်စီမှ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမား၂၆ ဦးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအဖွဲ့(MAT) အမည်ဖြင့် အလုပ်သမား ၂၆ ဦးကို အလုပ်သမားစေလွှတ်ခွင့် ကန့်သတ်ထားသည့် ထိုင်းနိုင်ငံတောင်ပိုင်း မူစလင်လူမျိုးများ ကြီးစိုးရာနယ်မြေ စတုံမြို့သို့ ပို့ဆောင်ခဲ့ခြင်း၊ လစာငွေဖြတ်တောက်ခံရခြင်း၊ လုပ်ခလစာမရသည့်အတွက် သစ်ရွက်ပြုတ်စားနေရခြင်း အပါအဝင် အချက် ငါးချက်ဖြင့် သံရုံးသို့ တိုင်ကြားစာပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဒီကိစ္စကို ဇူလိုင် ၁ဝ ရက်မှာ ကျွန်တော်သိခဲ့တယ်။ ၁၁ ရက်မှာ မြဝတီကို သွားပြီးချက်ချင်း AS Associate Engineering ကုမ္ပဏီနဲ့ ညှိနှိုင်းဖြေရှင်းမှုတွေ လုပ်ခဲ့တယ်။ ဒီလိုလုပ်နေတဲ့ကြားတဲ့မှာ အဖွဲ့အစည်း တစ်ခုက ကလေးတွေနဲ့လည်း တိုက်ရိုက်မတွေ့ဘဲ  တစ်ဆင့်သိရပြီး မမှန်မကန် သတင်းပေးခဲ့တာ ဖြစ်ပါတယ်။ ရွှေလုပ်သားက တရားဝင်  မဟုတ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာ မပြောလိုပါဘူး။ ဒါပေမဲ့ ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ  သတင်းထောက်စိုးဝင်း (SP) ဆိုသူက အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသင်းချုပ်နဲ့ ကျွန်တော်တို့ကို ဆက်သွယ်မေးမြန်းမှုမရှိဘဲ မဟုတ်မမှန် သတင်းဖော်ပြခဲ့တယ်” ဟု ရွှေရည်ဖြိုးအောင် အေဂျင်စီမှ ဒါရိုက်တာ ဦးမိုးကျော်က ဆိုသည်။

မိုးကောင်းသစ်ဆိပ်ဝင်း အတွင်းမှ ပြောင်းရွှေ့ရမည့် ကျူးကျော်အိမ်ထောင်စု ၂၉၇ စုက ၎င်းတို့အား မြေနေရာ အစားပြန်ပေးမှသာ ပြောင်းရွှေ့နိုင်မည်ဟုဆို

အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက် မိုးကောင်းသစ်ဆိပ်ဝင်း အတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်ဟုဆိုသော အိမ်ထောင်စု ၂၉၇ စုမှ ၎င်းတို့အား ပြောင်းရွှေ့ခိုင်းပါက မြေနေရာ အစားပြန်လည်ပေးမှသာ ပြောင်းရွှေ့ပေးနိုင်မည်ဟု ဩဂုတ် ၁ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းခဲ့သည်။၎င်းရပ်ကွက်မှာ အမှတ် (၂)မြန်မာ့သစ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းမိသားစုများ စတင်နေထိုင်ရာမှ ရပ်ကွက်တစ်ခုအသွင် ဖြစ်ပေါ်လာပြီး မကြာသေးခင်က ဝန်ထမ်းလိုင်းခန်းများကို ဖျက်သိမ်းခဲ့ကာ တိုက်ခန်းနေရာ အစားပြန်ပေးခဲ့ပြီး ကျန်သည့်ဝန်ထမ်းမဟုတ်သည့် အိမ်ထောင်စုများ အပါအဝင် ပင်စင်မိသားစုများကို အဆိုပါနေရာမှ ဖယ်ရှားပေးရန် သက်ဆိုင်ရာနှင့် ဧဒင်ကုမ္ပဏီမှ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက်တွင် ယခုလို သတင်းစာရှင်းခဲ့ခြင်းဖြစ်သည်။
၎င်းရပ်ကွက်တွင် ၁၂ နှစ်ကြာနေထိုင်နေသူ တစ်ဦးဖြစ်သည့် မတင်တင်အောင်က “ကျွန်မဒီဝင်းထဲမှာ နေလာတာ ၁၂ နှစ်ရှိသွားပါပြီ။ နှစ်ရှည်လများ နေလာတဲ့လူတွေကို ကျူးကျော်လို့သတ်မှတ်ပြီး နှင်ထုတ်တာက သဘာဝမကျပါဘူး။ ကျွန်မတို့က ကျူးကျော်မဟုတ်ပါဘူး။ ဒီဝင်းထဲမှာနေကြတဲ့ မြန်မာ့သစ်လုပ်ငန်းက ဝန်ထမ်းတွေရဲ့ သားသမီး အစွယ်အပွားတွေပါ။

ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရမျှတစွာ ဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) နှင့်တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်ပြောကြား

သြဂုတ် ၁ ရက် နံနက်ပိုင်းက သမ္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အချို့ နေပြည်တော်၌ တွေ့ဆုံကြစဉ်
မီဒီယာနယ်ပယ်အတွင်း ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများအားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံထားရသော ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံချိန်၌ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါ ဆောင်ရွက်ပေးမည်ဆိုသော ကိစ္စရပ်မှာ ကန့်သတ်ချက်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး “အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှုများကို တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်မှုအား မထိခိုက်စေသော နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများ နစ်နာမှုမရှိစေရန် ဥပဒေကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) တို့ တွေ့ဆုံမှုကို ဩဂုတ် ၁ ရက်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အချိန် ၁ နာရီနှင့် ၃ဝ မိနစ်ခန့် ကြာမြင့်စွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အချက်သုံးချက်ကို အဓိကထားဆွေးနွေးခဲ့သည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

ပြစ်တင်ဝေဖန်မှုများ အပါအ၀င် နိုင်ငံရေးအကျပ်အတည်းများကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ဟု သမ္မတပြောကြား

အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြစ်တင်ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးအကျပ်အတည်းများ အပါအ၀င် နိုင်ငံရေး အကျပ် အတည်းများ အားလုံးကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က သြဂုတ် ၁ ရက်၌ အများပြည်သူသို့ပြောကြားသည့် လစဉ်ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ကမာရွတ်မြို့နယ်၌ ကားနှစ်စီးလမ်းကြောင်းလုမောင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား သက်ဆိုင်ရာက စတင်စစ်ဆေး

ကမာရွတ်မြို့နယ်၌ ကားနှစ်စီးလမ်းကြောင်းလုမောင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းက  စတင်စစ်ဆေးနေ ပြီဖြစ်ကြောင်း ဩဂုတ် ၁ ရက်တွင် စုံစမ်းသိရသည်။

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား

Photo: K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာ များနှင့်တွေ့ဆုံ ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက် လိုကြောင်း ပြောကြား
Saturday, August 2, 2014

K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1  အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။

2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။

ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။

2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။

2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don't Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။

Eleven Media Group

2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရ လက်မှတ် ရေးထိုးပေးနေစဉ်
2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်
K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1  အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။

Friday, 1 August 2014

အောင်ပန်းဗုံးဖောက်ခွဲမှု တရားခံမမိသေး၊ အဆိုပါဖောက်ခွဲမှုအား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မလိုလား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း လတ်တလောကောက်ချက်ချထားဟုဆို

ရှမ်းပြည်နယ် အောင်ပန်းတွင် ဇူလိုင် ၂၅ရက်က ချိန်ကိုက်ဗုံးဖောက်ခွဲမှုမှာ တစ်ပတ် ခန့်ကြာသည်အထိ တရားခံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့ရာတွင် ငြိမ်ချမ်းရေးဆွေး နွေး ပွဲကိုမလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က အဆိုပါဖောက်ခွဲမှုကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ် သည်ဟု လတ်တ လောကောက်ချက် ချထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကျော်ခိုင်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။
ရဲမှူးကျော်ခိုင်က ''လတ်တလော စစ်ဆေးချက်အရတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပူး ပေါင်း လုပ်ဆောင် တာပါ။ တရား ခံဖမ်းမိထားတာတော့ မရှိပါဘူး။ ဆက်လက်ဆောင်ရွက်နေတုန်း ပါ''ဟုပြော သည်။

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာ မထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာ လိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

ဗီဇာအတုဖြင့် မလေးရှားသို့ ဝင်ရောက်သည့် မြန်မာ ၅၀ ကျော် ပြန်လွတ်မြောက်ရေး မြန်မာသံရုံး ကြိုးပမ်းဟုဆို

မြန်မာနိုင်ငံက တရားမဝင် အလုပ်အကိုင် ကုမ္ပဏီက ပြုလုပ်စေလွှတ်လိုက်သည့် သံရုံး ဗီဇာအတုများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အမြန်ဆုံး လွတ်မြောက်ရန် သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးရင် ပြည်သူလက်ခံနိုင်မယ်လို့ KIO ပြော

Photo: ၂ဝဝ၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးရင် ပြည်သူလက်ခံနိုင်မယ်လို့ KIO ပြော
Friday, August 1, 2014 

မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန်လည်ရေးဆွဲမယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသားညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

တိုင်းရင်းသားလူမျိုးစုတွေအားလုံး လက်ခံတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေး အခြေခံမူတွေကို လူထုကိုချပြပြီး လူထုထောက်ခံမှုရယူရမယ်လို့ လိုင်ဇာမှာ ကျင်းပတဲ့ တတိယအကြိမ် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုမူကို လက်ခံတယ်ပြောပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်မူနဲ့ ထပ်တူကျရဲ့လားလို့ KIO ဥက္ကဌက မေးခွန်းထုတ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ NCCT အနေနဲ့ လိုင်ဇာညီလာခံ သဘောတူညီချက်တွေကို မလျှော့တမ်း ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

NCCT အဖွဲ့ဝင်တွေနဲ့ကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံအပြီး ဆက်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ညီလာခံမှာတော့ NCCT ထဲမှာ မပါတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ABSDF ကျောင်းသားတပ်မတော်တို့ တက်ရောက်ခဲ့ပြီး “ဝ”နဲ့ မိုင်းလားအဖွဲ့တွေ မတက်ရောက်ခဲ့ပါဘူး။

လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ NCCT ကို ကြီးကြပ်မယ့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖို့ လိုအပ်ပေမယ့် မဆုံးဖြတ်နိုင်သေးဘူးလို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးကြီးစိုင်းငယ်က သူတို့အဖွဲ့အနေနဲ့ NCCT ထဲမှာ မပါဝင်ပေမယ့် ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့အခါ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ NCCT မှာ မပါဝင်ဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သူတို့အဖွဲ့ ဆုံးဖြတ်နိုင်ပေမယ့် နိုင်ငံရေးကိစ္စကိုတော့ ရှမ်းပြည်သူလူထုအပါအဝင် ရှမ်းနိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းရမှာမို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ NCCT ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဗိုလ်မှူးကြီးစိုင်းငယ်က ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

Kamayut Media
မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန် လည် ရေးဆွဲ မယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသား ညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် သဘောတူ

Photo: သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် သဘောတူ
Friday, August 1, 2014 

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်သည်ဟု ဆိုကာ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် အောက်လွှတ်တော်က တရားစွဲဆိုရန် သဘောတူလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို အမေရိကန်သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုရန် ရီပတ်ဘလီကန် အမတ်အများစု ရှိသော အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၂၅ မဲနှင့် ကန့်ကွက်မဲ ၂၀၁ မဲဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သမ္မတအိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကိုသာမက လူဝင်မှုကြီးကြပ်ရေး မူဝါဒ စသည့် ကိစ္စများကိုလည်း ကွန်ဂရက်၏ သဘောတူညီမှု မပါဘဲ ၎င်းတစ်ဦးတည်း သဘောဖြင့် လုပ်ဆောင်ခြင်းများ တွေ့ရကြောင်း ရီပတ်ဘလီကန် လွှတ်တော်အမတ်များက ပြောကြားကြသည်။

အဆိုပါ ကိစ္စများထဲမှ အောင်မြင်နိုင်ခြေ ရှိသော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ သမ္မတအိုဘားမားကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်၏ ဥပဒေရေးရ ကော်မတီဥက္ကဋ္ဌ ဖြစ်သော တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန် လွှတ်တော်အမတ် ပီတီဆက်ရှင်က ပြောကြားသည်။

ယခုကဲ့သို့ တရားစွဲဆိုမည့် ကိစ္စနှင့် ပတ်သက်၍ “ဒါ အချိန်ဖြုန်းတာပဲ။ ဒီကိစ္စဟာ နိုင်ငံရေး စတန့်ထွင်တယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

ထို့ပြင် “ကွန်ဂရက်က ဘာမှ လုပ်မပေးဘူးဆိုရင် ကျွန်တော်တို့က ကိုယ်တတ်နိုင်တာကို လုပ်ရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်က အမေရိကန်သမ္မတ တစ်ဦးအပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးက တရားစွဲဆိုမှု ရှိခဲ့ဖူးသော်လည်း အမေရိကန် အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်က တရားစွဲဆိုခြင်းမျိုးမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

“ဒီကိစ္စက ရီပတ်ဘလီကန် ပါတီ၊ ဒီမိုကရက်တစ် ပါတီဆိုတာနဲ့ မဆိုင်ပါဘူး။ ဒီကိစ္စက ကျွန်တော်တို့ ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ အမေရိကန် အခြေခံဥပဒေကို ကာကွယ်တဲ့ကိစ္စပါ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပြောကြားသည်။

The Voice Weekly
ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်သည်ဟု ဆိုကာ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် အောက်လွှတ်တော်က တရားစွဲဆိုရန် သဘောတူ လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး

Photo: ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး
Friday, August 1, 2014

တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင်ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော်တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

တိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းသဖြင့် သစ်ကုလားအုတ် နှစ်ကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထရပ်ကားလည်း စက်ချွတ်ယွင်းသွားခဲ့သည်။ သစ်ကုလားအုတ်များကို နီးစပ်ရာ တိရစ္ဆာန် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ကောင်မှာ သေဆုံးသွားခဲ့ရှာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို Hangover Part III ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့် နှိုင်းယှဉ်ပြီး Twitter တွင် လှောင်ပြောင် ပြောဆိုမှုများ ရှိနေသည်။ ထရပ်ကားနောက်မှ ကားမောင်းလိုက်ပါခဲ့သူ သီနက်စ်ဘိုသာက ဂရန်စ်ဖောင်တိန်း တံတားအရောက်တွင် ယင်းအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း Twitterတွင် ရေးသားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာတော့ သွေးတွေ အိုင်ထွန်းနေတာပဲ”ဘိုသာက မှတ်ချက်ပြုခဲ့သည်။

တိရစ္ဆာန် ညှင်းပန်းမှု တားဆီးရေးအဖွဲ့ (NSPCA)မှ မန်နေဂျာဖြစ်သူ ရစ်အလန်က သေဆုံးသွားသည့် သစ်ကုလားအုတ်တွင် ဦးခေါင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို အတည်ပြုခဲ့သော်လည်း သီးခြား သေမှုသေခင်း စစ်ဆေးချက် ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

BBC
တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတနှင့်မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ယနေ့တွေ့မည်

နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)တို့မှ တာဝန်ရှိသူ တို့သည် နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် ယနေ့တွေ့ဆုံပြီး သတင်းမီဒီယာလောကတွင် ကြုံ တွေ့နေရသည့် အကြောင်း အရာ များကို တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။