
“ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကနေ အတန်းကျောင်းပညာရေး အလယ်တန်းအဆင့်ကို ချိတ်ဆက်တက်ရောက်နိုင်သူက ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။ ဒီနှစ် ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့်မှာ တက်ရောက်နေသူ ငါးဦးရှိနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေခံပညာကျောင်းတွေမှာ တက်ရောက်သင်ကြားနေကြပါတယ်” ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)၊ ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ၏ ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင်က ဆိုသည်။ယင်းအစီအစဉ်မှတစ်ဆင့် ယခုပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးမှနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှတစ်ဦးနှင့် ရခိုင်ပြည်နယ်မှနှစ်ဦး စုစုပေါင်းငါးဦးတို့မှာ အတန်းကျောင်းပညာရေး ဒသမတန်းအဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်အား ၂၀၀၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ပထမအဆင့်တွင် ၄၈၁၂ ဦး၊ ဒုတိယအဆင့်တွင် ၃၉၂၅ ဦးရှိပြီး ယခုပညာသင်နှစ်၌ ပထမအဆင့်တွင် ၆၂၂၀ ဦး၊ ဒုတိယအဆင့်တွင် ၄၄၀၃ ဦး စုစုပေါင်း ၁၀၆၂၃ ဦး တက်ရောက်ပညာသင်လျက်ရှိကြောင်း သိရသည်။
news-eleven
No comments:
Post a Comment