Thursday, 17 July 2014

Gift card များဖြင့် ငွေပေးချေရန် မလိုသည့် iTunes Pass ကို Apple မိတ်ဆက်

Photo: Gift card များဖြင့် ငွေပေးချေရန် မလိုသည့် iTunes Pass ကို Apple မိတ်ဆက်
Thursday, July 17, 2014

Gift card များဖြင့် ငွေပေးချေရန် မလိုတော့ဘဲ iTunes Store တွင် ဝယ်ယူမှု ပြုလုပ်နိုင်မည့် iTunes Pass ဝန်ဆောင်မှုကို Apple က ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျ Apple Store များတွင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုသူများသည် Apple Retail Store ရှိ ကျွမ်းကျင်သူတစ်ဦးထံတွင် iTune Pass ၌ ထည့်သွင်းလိုသည့် ငွေပမာဏကို လွှဲပြောင်းပေးချေပြီးနောက် Passbook app အတွင်းရှိ iTunes Pass ဖြင့် ဝယ်ယူမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ iTunes Pass ကို အသုံးပြုသူများသည် iTunes gift card များကို အသုံးပြုသူများကဲ့သို့ပင် iTunes Store, App Store နှင့် iBooks Store တို့တွင် ဝယ်ယူမှုများ ပြုလုပ်နိုင်သည်။

iTunes Pass feature သည် iTunes အခြေခံ မိုဘိုင်းငွေပေးချေ ဝန်ဆောင်မှု၏ ကနဦး ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ကြောင်း၊ Apple အနေဖြင့် Passbook နှင့် Touch ID fingerprint sensor တို့ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုတစ်ခုကိုလည်း စီစဉ်လျက်ရှိကြောင်း 9to5Mac က ဖော်ပြခဲ့သည်။

Ref: MacRumors
Internet Journal
Gift card များဖြင့် ငွေပေးချေရန် မလိုတော့ဘဲ iTunes Store တွင် ဝယ်ယူမှု ပြုလုပ်နိုင်မည့် iTunes Pass ဝန်ဆောင်မှုကို Apple က ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျ Apple Store များတွင် မိတ်ဆက်ပေးခဲ့ သည်။

ဟိုင်းကြီးကျွန်းတွင် ထူးကဲဒီရေကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၃၆လုံးပျက်စီး

ငပုတော၊ ဇူလိုင် ၁၆- ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက် နယ်မြေ(၁၁) ၌ ထူးကဲဒီရေမြင့် တက်လာပြီး ပင်လယ်ရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ကမ်းပါးများပြို ကျလာသည့်အတွက် နေအိမ် ၃၆ လုံး ပြောင်းရွှေ့ထားရသည်ဟု ဟိုင်း ကြီးကျွန်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ

Photo: ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ
Thursday, July 17, 2014

ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန်အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အပါအဝင် ဇာတ်ကားအချို့တွင် မထင်မရှား ဇာတ်ဝင်ခန်းအချို့မှ ပါဝင်သရုပ်ဆောင်ဖူးသည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန်ကို ဓာတုလက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ခရိုင်တရားသူကြီး မိုက်ကယ်ရှနေးဒါးက ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ်အပြင် နစ်နာကြေးအဖြစ်  ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

အသက်(၃၆)နှစ်ရှိ ရှန်နွန်သည် စီရင်ချက် မချမှတ်မီတွင် တရားသူကြီးကို တောင်းပန်စကား ဆိုခဲ့ပြီး “ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မက လူဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်မနိုင်ငံကို ချစ်သလို သမ္မတကိုလည်း လေးစားပါတယ်”ဟု ပြောကြားခဲ့သည်။ သူမသည် ပဲစေ့မှ ထုတ်လုပ်သည့် Ricin ခေါ် အဆိပ်တစ်မျိုး သုတ်လိမ်းထားသည့် စာများကို ခင်ပွန်းဖြစ်သူ နေသန်ရစ်ချတ်ဆန်၏ အမည်ဖြင့် အိုဘားမား၊ နယူးယော့ခ် မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွမ်းဘာ့ဂ်နှင့် သေနတ်ကိုင်ဆောင်မှု လျှော့ချရေး တက်ကြွလှုပ်ရှားသူ မာ့ခ်ဂလေ့ဇ်တို့ထံ ပေးပို့ခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ ဇွန်လက ရဲများက ဖမ်းဆီးခဲ့သည်။ ရှန်နွန် အဖမ်းခံရချိန်တွင် ခင်ပွန်းဖြစ်သူ နေသန်ကလည်း သူမကို ကွာရှင်းရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။ ရှန်နွန်သည် အဆိပ်ပြုလုပ်ရန် လိုအပ်သည့် ပဲစေ့နှင့် အချို့သော ပစ္စည်းများကို ခင်ပွန်းသည်၏ အမည်ဖြင့် ပြုလုပ်ထားသည့် Email အသစ်၊ PayPal Account အသစ်တို့ဖြင့် Online မှ တစ်ဆင့် မှာယူခဲ့သည်။ Ricin သည် ရှူရှိုက်မိပါက အသက်ရှူ ကျပ်စေပြီး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဇီဝအဆိပ်တစ်မျိုး ဖြစ်သည်။ သေစေနိုင်သည်အထိ အာနိသင်ရှိသော အဆိုပါ အဆိပ်အတွက် သီးသန့်ဖြေဆေး ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။

(၂၀၁၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က ရှန်နွန်သည် ခင်ပွန်းဖြစ်သူ အလုပ်သို့ သွားရောက်သည့် အချိန်ထိ စောင့်ဆိုင်းပြီးနောက် အိုဘားမား၊ ဘလွမ်းဘာ့ဂ်နှင့် ဂလေ့ဇ်တို့ထံ လိပ်မူသော စာ(၃)စောင်ကို ပေးပို့ခဲ့သည်။ ရန်စလှုံ့ဆော်သည့် အသုံးအနှုန်းများ ပါရှိသော အဆိုပါ စာများကို နေသန်၏ အမည်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး သူမကို အာဏာပိုင်များက ဖမ်းဆီးချိန်တွင် ရှန်နွန်က ခင်ပွန်းသည်အား အမှုဆင်ရန် အားထုတ်ခဲ့ခြင်းဟု ဝန်ခံခဲ့ရသည်။ ရှန်နွန်သည် စာများပေးပို့ပြီး (၁၀)ရက်အကြာတွင် အဆိုပါကိစ္စသည် နေသန်၏ လုပ်ကြံဖန်တီးမှုအဖြစ် ရဲများထံ သွားရောက် တိုင်ကြားခဲ့ရာမှ ဆက်စပ် စစ်ဆေးမှုများကြောင့် အမှုမှန် ပေါ်လာခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် တစ်ခုလုံးတွင် နေသန်အနေဖြင့် တစ်စုံတစ်ရာ သိရှိပါဝင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ ရှန်နွန်တွင် သားသမီး (၆)ဦးရှိသည်။

_Ref: Channelnewsasia
7Day DAILY
ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန်အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ

ရန်ကုန်၊ လတ်တလောဖြစ်ပွားနေ သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုး များပြတ်ကျနေခြင်းကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ် တပ် ဆင်သွားရန်စီစဉ်နေကြောင်း ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြော သည်။

ဟောင်ကောင် ကိစ္စနှင့် ပတ်သတ်၍ တရုတ် ပြည်တွင်းရေးကို ဗြိတိန်က ဝင်ရောက် စွက်ဖက် နေကြောင်း တရုတ်စွပ်စွဲ

Photo: ဟောင်ကောင် ကိစ္စနှင့် ပတ်သတ်၍ တရုတ် ပြည်တွင်းရေးကို ဗြိတိန်က ဝင်ရောက် စွက်ဖက် နေကြောင်း တရုတ်စွပ်စွဲ
Thursday, July 17, 2014 

တရုတ်ဗဟို အစိုးရ ထံမှ လွတ်လပ်ခွင့် ပိုရရန် တောင်းဆို နေကြသော ဟောင်ကောင် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ခေါင်းဆောင် နှစ်ဦးနှင့် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ် နစ်ကလက် (Nick Clegg)တို့ တွေ့ဆုံခဲ့ကြရာ ဗြိတိန်သည် တရုတ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် နေကြောင်း တရုတ် နိုင်ငံက ဗုဒ္ဓဟူးနေ့က စွပ်စွဲခဲ့သည်။

ဟောင်ကောင်၏ အတိုက်အခံ ဒီမိုကရက်တစ် ပါတီ ကို တည်ထောင် ခဲ့သူ မာတင်လီး (Martin Lee) နှင့် ဟောင်ကောင် မြို့တော် အစိုးရ အဖွဲ့၏ နံပါတ်နှစ် ခေါင်းဆောင်ဟောင်း အန်ဆွန်ချမ်း (Anson Chan) တို့အား ဗြိတိန် ဒုဝန်ကြီးချုပ်မှ အင်္ဂါနေ့က တွေ့ဆုံ ခဲ့သဖြင့် ဗြိတိန်အား တရုတ် နိုင်ငံက လေးလေး နက်နက် ဆန့်ကျင် ကန့်ကွက် လိုက်ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ (Xinhua) သတင်း ဌာနတွင် ဖော်ပြ ထားသည်။

“ဗြိတိန် လုပ်သွား ခဲ့တာက တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် သွားတာပါ။ တရုတ်နိုင်ငံ အနေနဲ့ အဲဒါကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက် ပါတယ်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟွန်လေး (Hong Lei) က ဆိုသည်။

“ဟောင်ကောင် ကိစ္စတွေဟာ တရုတ် ပြည်တွင်းရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရှိပါတယ်။ ဘယ်နိုင်ငံက ဘာအကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် ဟောင်ကောင် ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက် လာမှု မှန်သမျှကို တရုတ်နိုင်ငံ အနေနဲ့ ပြတ်ပြတ် သားသား ဆန့်ကျင် ပါတယ်” ဟု ဟွန်က ဆိုသည်။

၁၉၉၇ ခုနှစ်တွင် တရုတ် အစိုးရ လက်အောက်သို့ ပြန်လည် လွှဲပြောင်း ပေးခြင်း ခံခဲ့ရသည့် ဗြိတိန် ကိုလိုနီဟောင်း ဟောင်ကောင်တွင် တရုတ် ဗဟို အစိုးရ အပေါ် မကျေနပ် မှုများ နှစ်ပေါင်းများစွာ အတွင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိ လာခဲ့သည်။ ၂ဝ၁၇ ခုနှစ် ဟောင်ကောင် ခေါင်းဆောင် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် လောင်းများအား တရုတ် အစိုးရ ကသာ စိစစ် ရွေးချယ်မည် ဆိုခြင်းကို ဟောင်ကောင် သားများ မကျေနပ် ကြခြင်း ဖြစ်သည်။

ဟောင်ကောင်ကို တရုတ် နိုင်ငံမှ လွှဲပြောင်း ရယူခဲ့စဉ်က သဘော တူညီချက် ဖြစ်သော  “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒအရ  ဟောင်ကောင် သားများ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် နှင့် စုဝေး ဆန္ဒပြခွင့်များ အပါအဝင် တရုတ် ပြည်မကြီးတွင် မရရှိသော လွတ်လပ်ခွင့် များကို ရရှိကြသည်။ သို့ရာတွင် ထိုလွတ်လပ်ခွင့် များ ဆုတ်ယုတ် လျော့ပါး လာခြင်းကြောင့် ဟောင်ကောင်သား များ၏ စိုးရိမ်မှုများ မြင့်တက် လာခဲ့ ကြသည်။

Mizzima - News in Burmese
တရုတ်ဗဟို အစိုးရ ထံမှ လွတ်လပ်ခွင့် ပိုရရန် တောင်းဆို နေကြသော ဟောင်ကောင် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ခေါင်းဆောင် နှစ်ဦးနှင့် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ် နစ်ကလက် (Nick Clegg)တို့ တွေ့ဆုံခဲ့ကြရာ ဗြိတိန်သည် တရုတ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် နေကြောင်း တရုတ် နိုင်ငံက ဗုဒ္ဓဟူးနေ့က စွပ်စွဲခဲ့သည်။

3D Printer နဲ့ မိန်းမအင်္ဂါပုံစံ အပျော်တမ်းသင်္ဘောပြုလုပ်မယ့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

Photo: 3D Printer နဲ့ မိန်းမအင်္ဂါပုံစံ အပျော်တမ်းသင်္ဘောပြုလုပ်မယ့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
 Thursday, July 17, 2014 

ဂျပန်နိုင်ငံရှိ အမျိုးသမီးပန်းချီဆရာမတစ်ဦးက 3D Printer နဲ့ တစ်ယောက်စီးအပျာ်တမ်းသဘောင်္ ပြုလုပ်ဖို့အတွက် သူမရဲ့ မိန်းမအင်္ဂါအား ကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်ရဲ့ အရေးယူဖမ်းဆီးခြင်းခံခဲ့ရပါတယ်။   

ဂျပန်ပန်းချီဆရာမLgarashiရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာကတော့ “ကျွန်မရဲ့ မိန်းမကိုယ်ဓာတ်ပုံကို အနုပညာတစ်စိတ်တစ်ပိုင်းအနေနဲ့ ဖန်တီးပြုလုပ်မှာပါ” လို့ဆိုခဲ့ပါတယ်။ အသွင်သစ်ပုံစံတစ်မျိုးနဲ့ မိမိရဲ့မိန်မအင်္ဂါကို ဓာတ်ပုံရိုက်ယူကာ 3D Printer နဲ့ Download လုပ်ပြီး အပျော်တမ်း တစ်ယောက်စီး သင်္ဘောပြုလုပ်မယ့် ပန်းချီဆရာမ Lgarashi ကို ဂျပန်ရဲတပ်ဖွဲ့ဝင်တွေ က မဖွယ်မရာပြုလုပ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ 

Yangon Media Group
ဂျပန်နိုင်ငံရှိ အမျိုးသမီးပန်းချီဆရာမတစ်ဦးက 3D Printer နဲ့ တစ်ယောက်စီးအပျာ်တမ်းသဘောင်္ ပြုလုပ်ဖို့ အတွက် သူမရဲ့ မိန်းမအင်္ဂါအား ကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်ရဲ့ အရေးယူ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။   

ပျားသလက်စားပြီး အော့အန်ကာ ခန္ဓာကိုယ် ပြာနှမ်းသေဆုံး

မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်ဆည်တော်ကြီး ဓာတ်အားပေး စက်ရုံမှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ချိုထွေး (၄၈)နှစ်သည် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီက လျှပ်စစ်ဝင်းအတွင်းရှိ 11 KV ဝန်ထမ်း

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Thursday, 17 July 2014 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားကောင်း နေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ 
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မုတ်သုံလေအား ကောင်းပါမယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက်နဲ့  ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားကောင်း နေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ 

ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

Photo: ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
Thursday, 17 July 2014 

(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။

(၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။

(၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။

(၄) ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ဦးနှောက်အာရုံ စူးစိုက်မှု အားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၅) ဒီလေ့ကျင့်ခန်းဟာ နေရာကျယ်ကျယ် မလိုသည့် အပြင် အချိန်လည်း အနည်းငယ် ပေးရုံမျှဖြင့် ခန္ဓာကိုယ် အတွက် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို လူတိုင်း ကစားသင့် ပါတယ်။

Ref - Health News
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)
(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။

ဗိုလ်ချိုလမ်းက သရဲခြောက်သည့်အိမ် စိတ်ဝင်စားသူများပြားနေ

Photo: ဗိုလ်ချိုလမ်းက သရဲခြောက်သည့်အိမ် စိတ်ဝင်စားသူများပြားနေ
Thursday, 17 July 2014

( ဦးတေဇ ပိုင်ဆိုင်သော အိမ်ကြီးဟုဆို )

ရန်ကုန်၊ သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။

အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်း အိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။

''ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။ အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင်တယ်။ အိမ်ကြီးကကျွန်း သစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ''ဟု ရှေးဟောင်းအိမ်အား စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။

အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။

''အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်''ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။

အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ''သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ''ဟု ပြောသည်။

ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

''ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူး တယ်''ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သော အိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

Yangon Media Group
( ဦးတေဇ ပိုင်ဆိုင်သော အိမ်ကြီးဟုဆို )
ရန်ကုန်၊ သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။

ဒု-ရဲအုပ်တစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ရင်း ပစ်မိသဖြင့် ရဲတပ်သားတစ်ဦးသေဆုံး

ဒု-ရဲအုပ်တစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ရာမှ ကျည်ဆန်ထွက်ကာ ရဲတပ်သား တစ်ဦးသေဆုံးခဲ့ရမှု တစ်ခု ဇူလိုင် ၁၃ ရက်က တွံတေးမြို့၊ ကံဘဲ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များက အိမ်သို့ လာရောက် အကြောင်းကြားခြင်း မရှိဘဲ ပတ်ဝန်းကျင်မှ ရွာသူရွာသားများ လာရောက်ပြောပြမှသာ သိခဲ့ ရခြင်းဖြစ်သည်ဟု သေဆုံးသူ၏မိခင် ဒေါ်ငယ်က မဇ္ဈိမကို ပြောသည်။

ဖိလစ်ပိုင်သို့ တိုင်ဖုန်း ရမ်မာဆွန်း ဝင်မွှေ၊ လူထောင်ပေါင်းများစွာကို အရေးပေါ် ကယ်ထုတ်

Photo: ဖိလစ်ပိုင်သို့ တိုင်ဖုန်း ရမ်မာဆွန်း ဝင်မွှေ၊ လူထောင်ပေါင်းများစွာကို အရေးပေါ် ကယ်ထုတ်
Thursday, July 17, 2014 

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ ရမ်မာဆွန်းဟု အမည်ရသည့် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ရာ လူထောင်ပေါင်း များစွာကို အရေးပေါ် ကယ်တင်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဂလန်ဒါဟုလည်း ခေါ်သည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းကြီး တစ်ခုဖြစ်သော လူဇွန်ကျွန်းသို့ တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများ အဆိုအရ မုန်တိုင်း၏ ဗဟိုချက်မသည် မြို့တော် မနီလာတောင်ပိုင်း ဒေသကို ဖြတ်သန်းသွားရာ ရာသီဥတုမှာ ဆိုးရွား ပြင်းထန်လွန်းကြောင်း သိရသည်။

ကယ်ဆယ်ရေး လုပ်ကိုင်သူများက မုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး လေးဦးခန့် ရှိကြောင်း ပြောကြားသည်။

ယင်းတိုင်ဖုန်း မုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့တွင် အစိုးရရုံးများနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ရပြီး လေယာဉ် ခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ရသည်။

တိုင်ဖုန်းမုန်တိုင်း ဦးစွာ တိုက်ခတ်ခြင်း ခံရမည့် အရှေ့ပိုင်း အယ်လ်ဘေးပြည်နယ်မှ လူပေါင်း ၃၇၀,၀၀၀ ကျော်ခန့်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း ဖိလစ်ပိုင်အမျိုးသား ကြက်ခြေနီအဖွဲ့က ပြောကြားသည်။

လက်ရှိ အနေအထားတွင် မြို့တော်နှင့် မြို့နယ်ခန်းမများကို ယာယီခိုလှုံစရာ စခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း၊ ထို့အတူ စာသင်ကျောင်းများတွင်လည်း ဒုက္ခသည်များကို ထားရှိထားကြောင်း ယင်းကြက်ခြေနီ အဖွဲ့က ဆိုသည်။

“သစ်ပင်တော်တော်များများ ပြိုလဲကုန်တယ်၊ လေနဲ့မိုးနဲ့ တိုက်ခတ်ရွာသွန်းတာ အင်မတန် ပြင်းထန်တယ်” ဟု မနီလာ ဆင်ခြေဖုံးဒေသတွင် နေထိုင်သော မျက်မြင်သက်သေများက ပြောကြားသည်။

ထို့ပြင် မနီလာပင်လယ်အော် ဒေသရှိ နေအိမ် အတော်များများမှာ လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားရသည်။

ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ရစ်ခတ်ဂေါ်ဒန်က ၎င်း၏ အဖွဲ့ဝင်များသည် သစ်ပင်များ လဲကျရာမှ ပိတ်မိနေသူများကို လိုက်လံ ကယ်တင်လျက် ရှိသည်ဟု ဆိုသည်။

“မနီလာမြို့တော်မှာ အဆမတန် ရေကြီးတာမျိုးတော့ မကြားရသေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ တိုင်ဖွန်းက လေပဲပါတာ၊ မိုးရွာတာက နည်းလို့ပါပဲ” ဟု ၎င်းက ပြောကြားသည်။

မိုးလေဝသ မှတ်တမ်းများအရ ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် အင်အားကြီးမားသော မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်ခြင်း ခံရလေ့ ရှိသည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ ရမ်မာဆွန်းဟု အမည်ရသည့် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ရာ လူထောင်ပေါင်း များစွာကို အရေးပေါ် ကယ်တင်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ရေပြင်ပေါ် ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် သင်္ဘောပျက် ကော်စတာကွန် ကော်ဒီယာ

Photo: ရေပြင်ပေါ် ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် သင်္ဘောပျက် ကော်စတာကွန် ကော်ဒီယာ
Thursday, July 17, 2014 

(၂၀၁၂)ခုနှစ်က နစ်မြှုပ်သွားခဲ့တဲ့ ကွန်ကော်ဒီယာကို ရေပေါ်ပြန်ပေါ်အောင် ဆယ်ယူနိုင်ခဲ့ပြီး  အပျက်အစီးတွေကို ကမ်းရောက်အောင် ဆွဲယူသွားနိုင်ဖို့
ကြိုးစားနေတယ်လို့ သိရပါတယ်။ခရီးသည်တင် ဇိမ်ခံသင်္ဘောကော်စတာကွန်ကော်ဒီယာဟာ (၂၀၁၂) ဇန်န၀ါရီလက တိမ်းမြှုပ်ခဲ့ တာဖြစ်ပြီးတော့ လူ(၃၂)ယောက် သေဆုံးခဲ့ပါတယ်။
 
အဲဒီသင်္ဘောဟာ ကိုယ်ထည်အရှည်မီတာ (၂၉၀) ရှိပြီး တိုက်တန်းနစ်သင်္ဘော ထက်နှစ်ဆကြီးမားပါတယ်။ သင်္ဘောပိုင်ရှင်ဖြစ်တဲ့ Costa Crociere ကတော့ သင်္ဘောပျက်ကို ဆယ်ယူပြီး ကမ်းဘက်ပြန်ဆွဲယူနိုင်ဖို့ ကုန်ကျငွေ စုစုပေါင်း ယူရို(၁.၅)ဘီလီယံလောက် ကုန်မယ်လို့ ခန့်မှန်းထားပြီး ရာနဲ့ချီတဲ့ ရေငုပ်သမားတွေနဲ့ အင်ဂျင် နီယာတွေကို ခန့်အပ်ထားပါတယ်။
 
ဆယ်ယူမယ့် အလုပ်သမားတွေက အဲဒီသင်္ဘောကို မှောက် ရက်အနေအထားနဲ့ ရေပေါ်မှာပေါ်လာအောင် ပြုလုပ်ပြီးမှ ဇူလိုင်လ(၂၁)ရက်နေ့မှာ အီတလီနိုင်ငံ မြောက်ပိုင်းက ဂျီနိုအာမြို့ ဆိပ်ကမ်းဆီကို ဆွဲယူသွားမှာဖြစ်ပါတယ်။ သင်္ဘောအပြင် သင်္ဘော နစ်မြှုပ်မှုမှာ သေဆုံးခဲ့တဲ့ အိန်္ဒိယစားပွဲထိုး ရပ်ဆဲလ်ရီဘယ်လိုရဲ့ အလောင်းကိုလည်း ရှာဖွေ ခဲ့ပေမယ့် အပျက်အစီးတွေကြားမှာ မတွေ့သေးဘဲ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ဘောကပ်္ပတိန် Francesco Schettino  "ဖရန်ဆက်စကိုရှက်တီနို"ကိုတော့ လူသေမှုနဲ့ တာဝန်ကို စွန့်ခွာမှုတွေနဲ့ တရားစွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
(၂၀၁၂)ခုနှစ်က နစ်မြှုပ်သွားခဲ့တဲ့ ကွန်ကော်ဒီယာကို ရေပေါ်ပြန်ပေါ်အောင် ဆယ်ယူနိုင်ခဲ့ပြီး  အပျက် အစီးတွေ ကို ကမ်းရောက်အောင် ဆွဲယူသွားနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ခရီးသည်တင် ဇိမ်ခံ သင်္ဘောကော်စတာကွန်ကော်ဒီယာဟာ (၂၀၁၂) ဇန်န၀ါရီလက တိမ်းမြှုပ်ခဲ့ တာဖြစ်ပြီးတော့ လူ(၃၂)ယော က် သေဆုံးခဲ့ပါတယ်။

တန်ဖိုးနည်းဖုန်းများ လစဉ်ချထားပေးနေမှု အစီအစဉ် ပြောင်းလဲမည်

ဂျပန်နိုင်ငံ၏ KDDI Corporation ၊ Sumitomo Corporation တို့နှင့်ပူးပေါင်း ဆောင်ရွက်လိုက်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လစဉ်တန်ဖိုးနည်းဖုန်းများ ချထားပေးနေမှု အစီအစဉ်ကိုပြောင်းလဲ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လပေါင်းနှစ်ဆယ်အတွင်း ရွှေ့လျားစစ်ဆေးရေးအဖွဲ့ မှောင်ခိုကုန်စည် ကျပ် ၁၇ ဘီလီယံကျော်ဖိုး ဖမ်းဆီးခဲ့

ရွှေ့လျားစစ်ဆေးရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် ၂၀၁၂ နိုဝင်ဘာမှ ယခုနှစ် ဇွန်လအထိ လပေါင်း ၂၀ အ တွင်း ကျပ်ငွေ ၁၇ ဘီလီယံကျော် ဖိုး တားဆီးအရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

NCCT နှင့် UWSA`၀´၊ မိုင်းလားအဖွဲ့တို့ လိုင်ဇာအစည်းအဝေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု များရှိနေ

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t34.0-12/10555019_317933421706154_693839196_n.jpg?oh=6ec97b5daca63b4a312b08055c911d3f&oe=53C95B66&__gda__=1405718843_c8060e0bc67bf719677f9e0f04f63f20
ကချင်ပြည်နယ်၊ KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာ၌ ဇူလိုင်နောက်ဆုံး ပတ်အတွင်း ပြုလုပ်မည့် ထိပ်သီး အစည်းအဝေးနှင့်ပတ်သက်၍ NCCT နှင့် UWSA `၀´ အဖွဲ့၊ မိုင်းလားအဖွဲ့တို့ကြား သဘောထား ကွဲလွဲမှု များ ရှိနေကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များထံမှ သိရသည်။

မျှော်မှန်းချက်ပြည့်မီဖို့ လိုအပ်ချက်ရှိနေသေးသည့် မြန်မာ့ခရီးသွား လုပ်ငန်း

Photo: မျှော်မှန်းချက်ပြည့်မီဖို့ လိုအပ်ချက်ရှိနေသေးသည့် မြန်မာ့ခရီးသွား လုပ်ငန်း
Thursday, July 17, 2014 

ယခုခရီးသွားနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးအနေနဲ့ နိုင်ငံခြားသား ခရီးသွား (၃)သန်းအထိ ၀င်ရောက်ဖို့ မျှော်မှန်းထားပေမယ့်
လက်ရှိခရီးသွားဝင်ရောက်မှု အခြေအနေအရတော့ မျှော်မှန်းချက်ပြည့်ဖို့ လိုအပ်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။
 
မြန်မာ့ခရီးသွားလုပ်ငန်းဟာ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံရဲ့ စီးပွားရေးမှာ ဒုတိယမြောက် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ခြင်း ခံထားရသလို နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ ခရီးသွားနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်းကို ပုံမှန်လာရောက်လည်ပတ် နေကျနိုင်ငံတွေအပြင် အခြားသော ဥရောပနိုင်ငံအချို့က ခရီးသွားတွေလည်း ၀င်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
 
ပုံမှန်ခရီးသွားတွေနဲ့ လည်ပတ်နေတဲ့ မြန်မာခရီးသွားလုပ်ငန်းဟာ (၂၀၁၄-၁၅)ခရီးသွား နှစ်ကိုတော့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု (၃)သန်းအထိ မျှော်လင့်ထားပေမယ့်လည်း လက်ရှိအချန်ထိ (၅)သိန်းဝန်းကျင်ခန့်သာ လာရောက်လည်ပတ်မှုရှိသေးတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ (၂၀၁၁-၂၀၁၂)ခုနှစ် မှာ (၃၀)ရာခိုင်နှုန်းလောက် တိုးတက်လာပြီး (၂၀၁၃-၂၀၁၄)ခရီးသွားနှစ်မှာတော့ (၃)သန်း ၀င်ရောက်ဖို့ မျှော်လင့်ထားခဲ့ရာမှာ ရာနှုန်းပြည့် နီးပါးဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။  

MRTV-4
ယခုခရီးသွားနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးအနေနဲ့ နိုင်ငံခြားသား ခရီးသွား (၃)သန်းအထိ ၀င်ရောက်ဖို့ မျှော်မှန်းထားပေမယ့် လက်ရှိခရီးသွားဝင်ရောက်မှု အခြေအနေအရတော့ မျှော် မှန်းချက်ပြည့်ဖို့ လိုအပ်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၏အပြောင်းအလဲများ နှေးကွေးလာကြောင်း သံတမန်အသိုင်းအဝိုင်းသုံးသပ်

Photo: မြန်မာနိုင်ငံ၏အပြောင်းအလဲများ နှေးကွေးလာကြောင်း သံတမန်အသိုင်းအဝိုင်းသုံးသပ်
Thursday, July 17, 2014 

မြန်မာနိုင်ငံ၏ အပြောင်း အလဲများမှာ လွန်ခဲ့သည့်သုံးနှစ် အတွင်း လျင်လျင်မြန်မြန်ဖွံ့ဖြိုး တိုးတက်ခဲ့သော်လည်း သုံးနှစ် ကြာပြီးချိန် ယခုလက်ရှိအခြေ အနေတွင် အပြောင်းအလဲများ နှေးကွေးလာ၍ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း မြန်မာ နိုင်ငံရှိ သံတမန်အသိုင်းအဝိုင်းက ပြောကြားလိုက်သည်။

ဇူလိုင် ၁၅ ရက်က ရန်ကုန် မြို့တွင် ပြုလုပ်ခဲ့သည့် Friendly Diplomatic Encounter (သံ တမန်များ ချစ်ခင်ရင်းနှီးစွာဖြင့် တွေ့ဆုံပွဲ)၌ မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ အမေရိကန် သံတမန် ဒဲရစ်မစ်ချယ်၊ တရုတ်နိုင်ငံသံအမတ် ယောင်ဟွေ့လျန်၊ အိန္ဒိယ သံအမတ် Mukhopa-dhaya တို့နှင့် သံအမတ်ကြီးဟောင်း ဦးညွန့်မောင်ရှိန်တို့ ဝိုင်းဝန်းဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့ သည့်နှစ် ၃၀ ကာလနှင့်နှိုင်းယှဉ် ပါက အပြောင်းအလဲများကို တွေ့မြင်နေရသော်လည်း ယနေ့ တွင် ယင်းအပြောင်းအလဲများမှာ နှေးကွေးစပြုလာနေပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

‘‘မြန်မာက ကဏ္ဍအားလုံး မှာ လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုး တက်လာနေပါတယ်။ ဒါပေမဲ့ အခုသုံးနှစ်ကြာပြီးတဲ့အခါမှာ အမေရိကန်သံအမတ်ကြီး ထောက် ပြသလိုပဲ အပြောင်းအလဲတွေဟာ နှေးကွေးလာပါတယ်။ မီဒီယာလိုကဏ္ဍမှာဆို တချို့နောက်ပြန်သွားချင်တဲ့ လက္ခဏာပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ နှေးကွေးနေပါတယ်’’ဟု မြန်မာသံအမတ်ကြီး ဟောင်း ဦးညွန့်မောင်ရှိန်က ဒဲရစ်မစ်ချယ်၏ ဆွေးနွေးချက်အပေါ်ထောက်ခံပြောကြား သည်။

မြန်မာနိုင်ငံတွင် သတ္တု၊ သယံဇာတ၊ သဘာဝဓာတ်ငွေ့ စသည့် သယံဇာတများပေါကြွယ် ဝပြီး အိမ်နီးချင်းကောင်းတစ်ဦး အနေဖြင့် မြန်မာကို တည်တည် ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာယောင်ဟွေ့လျန်က ပြော သည်။

 ‘‘မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို ကျွန်တော်တို့ ထောက်ခံခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေဟာ တရုတ်အတွက် အရေးကြီးတယ်ဆိုတာ ကျွန် တော်တို့နားလည်ပါတယ်။ ဒါ ကြောင့် နှစ်ဦးနှစ်ဖက်အောင်မြင် တဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော် တို့လုပ်ပါတယ်။ အခုမြန်မာပြည် ရဲ့ တိုးတက်မှုမှာ စိန်ခေါ်မှုတွေရှိ နေပါတယ်။ တချို့ကိစ္စတွေမှာ လိုအပ်မှုတွေရှိနေပါသေးတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် အိန္ဒိယသံအမတ် ကြီးကလည်း မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နောက်ခံသမိုင်း ကြောင်းဆင်တူပြီး လက်ရှိဖြစ် ပေါ်နေသော အလားအလာ ကောင်းများကို ကောင်းစွာအသုံး ချနိုင်ရန်လိုကြောင်း ပြောကြား ခဲ့သည်။

 ‘‘အရေးကြီးဆုံးကတော့ လွတ်လပ်မှု (Freedom)ပါပဲ။ ဒီမို ကရေစီနိုင်ငံတစ်ခုအတွက် အင် မတန်အရေးပါပါတယ်။ နိုင်ငံရေး၊ လူမှုရေးမှာ လွတ်လပ်မှုရှိမှ လူ့ အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီး နိုင်မှာပါ။ မြန်မာဟာ အိန္ဒိယနဲ့ အရမ်းဆင်တူပါတယ်။ ဒီမိုကရေ စီအတွက် တိုက်ပွဲဝင်ခဲ့တာ၊ လူ မျိုးစုပြဿနာတွေကအစပေါ့။ ဒါတွေကို မြန်မာအနေနဲ့ သတိ ထားပြီး ဘယ်လိုအသုံးချမလဲ စဉ်းစားရမှာပါ’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အင် အားကြီးနိုင်ငံ နှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကြား ရပ်တည်နေရပြီး နေရာတိုင်းတွင် တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒမှာ အခါခပ် သိမ်းမမှန်နိုင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦး တင်ဦးက ပြောသည်။

‘‘အင်အားကြီးနှစ်နိုင်ငံထဲမှာ ရပ်တည်နေရတဲ့ မြန်မာနိုင်ငံအ နေနဲ့ ပြတ်သားတဲ့နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးသင့်တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွက် အရေး ကြီးသည့်အာရှဒေသတွင်း အင် အားကြီးနှစ်နိုင်ငံနှင့် ကမ္ဘာ့အင် အားကြီးအမေရိကန်နိုင်ငံတို့ သုံး ပွင့်ဆိုင်သံတမန်ရေးရာဆွေးနွေး ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သံအမတ်များ၏ ပညာသားပါပါ ပြောကြားချက်များကို ထောက် ရှုလျှင် မြန်မာ့နိုင်ငံရေးအခြေ အနေမှာ နောက်ပြန်လှည့်သွား နေကြောင်း ပုဂ္ဂလိကရုပ်သံလိုင်း တစ်ခုမှ တာဝန်ရှိပုဂ္ဂိုလ်က ပြော သည်။

‘‘သံတမန်တွေကတော့ စ ကားလှအောင် ပြောသွားကြတာ ပေါ့။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေက အနုတ် လက္ခဏာဘက်ကို သွားနေပြီဆို တာ ဒီဆွေးနွေးမှုတွေကို ကြည့် ရင် သိနိုင်ပါတယ်’’ဟု ၎င်းက ဆို သည်။

7Day DAILY 

သံတမန်များတွေ့ဆုံပွဲ ဇူလိုင် ၁၅ ရက်ကကျင်းပစဉ်(ဓာတ်ပုံ − ခင်လေး)
သံတမန်များတွေ့ဆုံပွဲ ဇူလိုင် ၁၅ ရက်ကကျင်းပစဉ်(ဓာတ်ပုံ − ခင်လေး)
မြန်မာနိုင်ငံ၏ အပြောင်းအလဲများမှာ လွန်ခဲ့သည့်သုံးနှစ် အတွင်း လျင်လျင်မြန်မြန်ဖွံ့ဖြိုး တိုးတက် ခဲ့သော် လည်း သုံးနှစ် ကြာပြီးချိန် ယခုလက်ရှိအခြေ အနေတွင် အပြောင်းအလဲများ နှေးကွေးလာ၍ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း မြန်မာ နိုင်ငံရှိ သံတမန်အသိုင်းအဝိုင်းက ပြောကြားလိုက်သည်။

မြန်မာအမျိုးသား၏လိင်အင်္ဂါကို ဇနီးသည်က ဖြတ်

ကွာလာလမ်ပူ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် အလုပ်လုပ် ကိုင်နေသော မြန်မာနိုင်ငံသားတစ်ဦး၏ လိင်အင်္ဂါကို ဇနီး ဖြစ်သူက ဖြတ်ပစ်လိုက်သည့်အမှုအခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မူလတန်းကျောင်းအနီး ရဟတ်ယာဉ်ပျက်ကျ

Photo: တောင်ကိုရီးယားတွင် မူလတန်းကျောင်းအနီး ရဟတ်ယာဉ်ပျက်ကျ
Thursday, July 17, 2014
 
တောင်ကိုရီးယားနိုင်ငံတွင် အရေးပေါ်ဌာနမှ ရဟတ်ယာဉ်တစ်စင်း မူလတန်ကျောင်းအနီး ပျက်ကျခဲ့ရာ အနည်ဆုံး ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ နှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂွမ်ဂျူးမြို့ရှိ မူလတန်းကျောင်းအနီးတွင် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ပြီး
မြေပြင်တွင်ရှိနေသူများ သေကျေဒဏ်ရာရမှု တစ်စုံတစ်ရာ မသိရှိရသေးချေ။

တောင်ကိုရီးယား ရုပ်မြင်သံကြားသတင်းများတွင် ထုတ်လွှင်ပြသမှုအရ ရဟတ်ယာဉ် မီးလောင်ပျက်စီးနေပုံကိုတွေ့ရပြီး ရဟတ်ယာဉ်အတွင်းမှ ရုပ်အလောင်း နှစ်လောင်းကို ဆွဲထုတ်နိုင်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ဖုန်းဖြင့် ပြောကြားသည်။ Yonhap သတင်းဌာနက ရဟတ်ယာဉ်ပျက်ကျမှုအတွင်း လူသုံးဦးသေဆုံးခဲ့သည်ဟု ဖော်ပြပြီး ပျက်ကျရသည့် အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရသေးဟု ဆိုသည်။

Mizzima - News in Burmese
တောင်ကိုရီးယားနိုင်ငံတွင် အရေးပေါ်ဌာနမှ ရဟတ်ယာဉ်တစ်စင်း မူလတန်ကျောင်းအနီး ပျက်ကျခဲ့ရာ အနည် ဆုံး ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ နှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြား သည်။