Tuesday, 8 July 2014

ဒါရိုက်ဘာ မပါသည့် ကားများ လမ်းပေါ်တွင် မြင်တွေ့ရတော့မည်

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၇ နှစ်လောက်ကတည်းက Cisco ရဲ့ နည်းပညာတစ်ခုကို စောင့်ကြည့်လေ့လာလျှက် ကြိုတင်ဟောကိန်းထုတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ကားပေါ်မှာ ကားမောင်းသမား မပါပဲ ကားကို သူတို့ကိုယ်တိုင် ထိန်းကျောင်းမောင်းနှင်ဖို့အတွက်ဖြစ်ပါတယ်။
ယခုအချိန်မှာတော့ အဲဒီဟောကိန်းဟာ မှန်ကန်လာပါပြီ။ Google ကနေပြီး တီထွင် ထုတ်လုပ်ထားတဲ့ ကားကို ကိုယ်တိုင်မောင်းနှင်စရာမလိုပဲ ကားကနေ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ နည်းပညာပဲဖြစ်ပါတယ်။ ဒီနည်းပညာဟာ Google ရဲ့ မြေပုံနည်းပညာ ၊ စုံစုံစမ်းထောက်လှမ်းပေးခြင်း နှင့် တုန့်ပြန်နိုင်မှုတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မေးခွန်းမေးစရာ အကြောင်းပြချက်ကတော့ ကားမောင်းသမား မပါတဲ့ ကားတွေကို ကျွန်တော်တို့ ဘယ်တော့မှ ဈေးနှုန်းသက်သာစွာနဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်နိုင်မှာလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

Biမွန်းတည့်နေ ဂျာနယ်ကို အရေးယူရန်ရှိဟု အစိုးရထုတ်ပြန်ခြင်းသည် မီဒီယာကို ခြိမ်းခြောက်သလိုဖြစ်နေဟု စာနယ်ဇင်း ကောင်စီပြော

“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစု များအား ကြားဖြတ် အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်" ဟူသော သတင်း ခေါင်းစဉ်ဖြင့် Bi မွန်းတည့်နေ ဂျာနယ်က မျက်နှာဖုံးတွင် ဖော်ပြခဲ့မှုအပေါ် အစိုးရက အရေးယူဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၈ ရက်နေ့ထုတ် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက “တရားဥပဒေအရ အရေးယူဆောင်ရွက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ တဖက်နဲ့တဖက် ယုံကြည်မှု၊ နားလည်မှု တည်ဆောက်တဲ့နေရာမှာ အစိုးရဘက်က ဒီလိုလုပ်တာတွေဟာ မီဒီယာတွေကို တစ်ဖြည်းဖြည်း ခြိမ်းခြောက် လာသလိုမြင်မိတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို Facebook တာဝန်ရှိသူတွေ ၂၄ နာရီ စောင့်ကြည့်မယ်

အင်တာနက်လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက်ရေးသားမှုတွေ လျော့နည်းသွားအောင် Facebook တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့်သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေဟာ Facebook ဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဝါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ Facebook တာဝန်ရှိသူ (၃)ယောက်ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးထားတယ်လို့ သိရပါတယ်။

အွန်လိုင်းအသုံးပြုသူများကြောင့် ပဋိပက္ခများ ပိုမို မဖြစ်ပွားစေရန် မြန်မာအစိုးရနှင့် ဖေ့စ်ဘွတ် ပူးပေါင်း ဆောင်ရွက်မည်

အွန်လိုင်း အသုံးပြုသူများကြောင့် ပြည်တွင်းတွင် ပဋိပက္ခများ ပိုမို မပြင်းထန်စေရန် မြန်မာအစိုးရနှင့် နာမည်ကျော် လူမှုကွန်ရက် ဖေ့စ်ဘွတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က စတင်ပြီး မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ဖေ့စ်ဘွတ်က တာဝန်ရှိသူများ ဖုန်းဖြင့် (Conference Call) ပြုလုပ်ဆွေးနွေးကြပြီး ပြည်တွင်း ဖေ့စ်ဘွတ် အသုံးပြုသူများကို စောင့်ကြည့်သွားမည်ဖြစ်ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ဆွေးနွေးရာတွင် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ မည်ကဲ့သို့ ကူညီနိုင်မည်ကို ဆွေးနွေးခဲ့သည်။

တရားရင်ဆိုင်နေရသည့် ယူနတီဂျာနယ်မှ သတင်းထောက်များနှင့် အမှုဆောင်အရာရှိ ချုပ်တို့အား အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့မှ ဂုဏ်ထူးဆောင်မြို့သားဆု ပေးအပ်

လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် Freedom of Opinion and Expression နှင့် စပ်လျဉ်းပေးအပ်သော အီတလီနိုင်ငံ ဆာလာ ဘာဂန်ဇာမြို့၏ ဂုဏ်ထူးဆောင်မြို့သားဆုကို ယူနတီဂျာနယ် သတင်းထောက်လေးဦးနှင့်အမှုဆောင်အရာရှိချုပ်တို့ လက်ခံရယူကြရမည်ဖြစ်ကြောင်း တရားစွဲဆို ခံထားရသည့် သတင်းထောက် ကိုလူမော်နိုင်၏ဇနီးထံမှ သိရသည်။လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟု ယူဆရသည့် အဆောက်အအုံကို မကွေးတိုင်း ပေါက်မြို့နယ်တွင် တည်ဆောက်ထားသည်ဟူသော သတင်းဖော်ပြချက်ကြောင့် အဆိုပါ သတင်းကို ရေးသားသူ ကိုလူမော်နိုင် အပါအဝင် သတင်းထောက်သုံးဦး၊ ဂျာနယ်၏အမှုဆောင် အရာရှိချုပ်တို့အား ယခုနှစ် ဖေဖော်ဝါရီလက ဖမ်းဆီး ထိန်း သိမ်း ခဲ့ခြင်း ဖြစ်သည်။

ကားဟောင်း အားလုံး အပ်နှံခွင့်ပြုမှု ကားဈေးနှုန်းနှင့် စလစ်ဈေးကွက် ပျက်

အစိုးရက ကားဟောင်းများကို အပ်နှံခွင့်ပြုပြီး ကားသစ်တင်သွင်းခွင့်ပြုလျက်ရှိနေရာမှ စက်မှုဇုန် ထုတ် ယာဉ်များ အပါအ၀င် နှစ် ၂၀ ကျော်သော ယာဉ်အို ယာဉ်ဟောင်းများအားလုံးကို တပြိုင်နက်တည်း အပ်နှံ ခွင့်ပြုလိုက်ပြီဖြစ်၍ ကားသစ်များ တင် သွင်းခွင့်ပြု မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ကားသစ်တင်သွင်း နိုင်သော ကားဟောင်းအပ်နှံစလစ်များ အရောင်းအ၀ယ် ပြုလုပ် နေသော ဈေးကွက် ပျောက်ပျက်သွား ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကားဟောင်းများကို အက္ခရာ စဉ် အလိုက် အပ်နှံခွင့်ပြုနေရာမှ ဇူလိုင် ၁၄ ရက်နေ့မှစ၍စက်မှုဇုန်ထုတ်ကား ဟောင်းများအား လုံးကို အပ်နှံခွင့်ပြုမည်ဖြစ်ပြီး စက်တင် ဘာ လ ၁ ရက်နေ့မှစ၍ နှစ် ၂၀ ကျော် ကားများအားလုံး အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ သုံးဘီးယာဉ် အို ယာဉ်ဟောင်း များကို ဖျက်သိမ်းခွင့်ပြု၍ ကားသစ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ကားဟောင်းများအပ်နှံ၍ ကားသစ် တင် သွင်း ခွင့်ပြုရာတွင် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံမည်ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှစ၍ ကားဟောင်းအပ်နှံ၍ ကားသစ်တင်သွင်းမှုအားလုံးအတွက် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံရန် မရှိ တော့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှ ရယ်မောစရာ ဖြစ်ရပ်(၁၀)ခု

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ယှဉ်ပြိုင်ကစားနေသည်မှာ အကြိုဗိုလ်လုပွဲ အဆင့်ထိ ရောက်ရှိနေပြီး မကြာမီ ရက်ပိုင်းအတွင်း ပြီးဆုံးတော့မည် ဖြစ်သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ကမ္ဘာကျော် ဘောလုံးအသင်းများ၊ ကစားသမားများ၏ ခြေစွမ်းက ပရိသတ်များအတွက် စိတ်လှုပ်ရှားမှုအပြည့် ပေးစွမ်းနိုင်ခဲ့သလို အဆီအငေါ် မတည့်သည့် အခြေအနေလေးများ၊ လွဲချော်မှုလေးများကလည်း ဟာသရသများ ဖန်တီးပေးခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ထူးခြားသည့် အဖြစ်အပျက် အချို့အနက်မှ သတင်းဌာန အများစုက အသားပေး ဖော်ပြခဲ့သည့် အမှတ်ရစရာ၊ အံ့ဩစရာ၊ ရယ်မောစရာ ရသများ ပေးစွမ်းခဲ့သည့် အလွဲ (၁၀)ခုကို Daily Mail က ကောက်နုတ်ဖော်ပြထားသည်။

သွေးမလွန် တုပ်မကွေးကြစေဖို့ (ဆောင်းပါး)

ဝသန်ကာလ မိုးကျပြီဆိုမှဖြင့် အပူဒဏ်တွေ လျော့ပါးလို့ စိတ်သက်သာရာရတဲ့ အကျိုးအမြတ်ရယ်၊ ရာသီပေါ် သီးနှံတွေ ပေါပေါလောလော (ဈေးတော့ သိပ်ပေါမယ်မထင်) စားသုံးရတဲ့ စိတ်ကျေနပ်မှုရယ်နဲ့အပြိုင် မိုးထဲ လေထဲ သွားရလာရ၊ အလုပ်လုပ်ရ ခက်ခဲ တာ၊ မြို့ တော်ကြီးမှာ ရေကြီးကားကျပ်နဲ့ ညည်းချင်းဖွဲ့ရတာ၊ အစား အသောက်နဲ့ ရေကနေ ယင်ကောင်က တဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်တာ၊ ကလေးရှိသူ မိသားစုတိုင်း အမြဲချောက်ချားနေရတဲ့ သွေးလွန်တုပ်ကွေးရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေရတာတွေက ချိန်ခွင်လျှာ ပိုပြီး သာသာထိုးထိုး ဖြစ်သွားကြလေရဲ့။ အထူးသဖြင့် သွေးလွန် တုပ်ကွေးကတော့ တခြားရာသီ တွေမှာလည်း ဖြစ်တတ်ပေမယ့် မိုးရာသီမှာ ပိုအဖြစ်များတာမို့ အခုချိန်ထိ အမြဲတပ်လှန့်နေရတဲ့ ရောဂါတခုပါပဲ။

မန္တလေးမြို့ ပြန်လည်တည်ငြိမ်

မန္တလေးမြို့တွင် အခြေ အနေများတည်ငြိမ်အေးချမ်းစပြု လာပြီဖြစ်၍ ဆိုင်အများစုပြန် လည်ဖွင့်လှစ်လာကြပြီး မြို့တွင်း ၌ ပုံမှန်အတိုင်းသွားလာလှုပ်ရှား နေကြပြီဖြစ်သည်။
ပဋိပက္ခဖြစ်စဉ်များ စတင် ဖြစ်ပွားပြီးနောက် ဇူလိုင် ၂ရက်မှ စတင်ကာမန္တလေးဈေးချိုတော် နှင့် အစ္စလာမ်ဘာသာဝင်များ၏ အရောင်းဆိုင်များပိတ်ထားခဲ့ကြ သည်။ ဇူလိုင် ၆ရက်တွင်မူ မန္တ လေးဈေးချိုတော်၊ တိုက်တန်းကြီး၊မန်းမြန်မာပလာဇာ၊ ဈေးချို တော်တစ်ဝိုက်တို့ရှိ အစ္စလာမ် ဘာသာဝင်တို့၏ ဆိုင်များပြန်လည်ဖွင့်လှစ်လာကြကြောင်းဈေး ချိုတော်မှ ဆိုင်ရှင်များကပြော သည်။
‘‘မနေ့ကတော့ ပုံမှန်လေး ရောင်းရတယ်။ ဒီနေ့တော့ နည်း နည်းလေးအေးတယ်။ အေးတာ ကလည်း ခုဖြစ်တာတွေနဲ့မဆိုင် ပါဘူး။ ၀ါဝင်ခါနီးမို့အေးတာပါ။ ပုံမှန်အနေအထားကို ပြန်ရောက် နေပြီလို့ပြောလို့ရပါတယ်’’ဟုမန္တ လေးဈေးချိုတော်ဈေးအကျိုး တော်ဆောင်အဖွဲ့အတွင်းရေးမှူး ဦးမင်းမင်းကပြောသည်။

လှုံ့ဆော်မှုများ မလုပ်နိုင်ရန် မန္တလေးဗလီများတွင် တာဝန်ရှိသူမှလွဲ၍ တရားဟောပြောခွင့် မပြုဟုဆို

မန္တလေးမြို့တော် ပဋိပက္ခဖြစ်စဉ်တွင် လှုံ့ဆော်သူတစ်ဦးက ဗလီတွင် လူငယ်များကို စည်းရုံးခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူမှလွဲ၍ ဗလီတွင် တရားဟောပြောခွင့် မပြုရန် ဗလီဆရာများ အားလုံးကို ပြောကြားထားကြောင်း မန္တလေးမြို့ အစ္စလာမ် သာသနာရေးကောင်စီ တိုင်းအမှုဆောင် ဦးခင်မောင်သန်းက ပြောကြားသည်။မန္တလေးမြို့တော်ရှိ အစ္စလာမ်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်း ခြောက်ခုမှ ကိုယ်စားလှယ်များ တက်ရောက်သည့် ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ၈၂ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ အိုလမာ အစ္စလာမ် သာသနာပြု ရုံးခန်းတွင် ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲက ဗလီများတွင် သက်ဆိုင်ရာ တာဝန်ရှိသူကသာ တရားဟောခွင့်၊ သက်ဆိုင်ရာ ဂေါပက ခွင့်ပြုချက်မရှိဘဲ လူစုဝေးခြင်း မပြုရန်နှင့် ပဋိပက္ခဖြစ်ပွားရေး လှုံ့ဆော်မှု မပြုရေး တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ကြေညာချက်အတုလုပ်သူကို အရေးယူပေးရန် အာဏာပိုင်များတွင် တာဝန်ရှိကြောင်း ဒီချုပ်ပြော

မန္တလေးတိုင်းဒေသကြီး တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပါတီ၏ထုတ်ပြန် ကြေညာချက် အတုပြုလုပ်ခဲ့သူ ကို အာဏာပိုင်များက ထိထိ ရောက်ရောက်အရေးယူရန် တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၇ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင် လူစုလူဝေး ဖြင့် ဆူပူလှုံ့ဆော်မှုများဖြစ်ပွားခဲ့ မှုကို တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအတွင်းပင် ယင်းကြေညာချက်ကို ပြင်ဆင်ထားသည့် ကြေညာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ကြေညာချက်ကို ပြုပြင် ဖြတ်တောက်ပြီး Facebook တွင် ရဲသွေးအမည်ဖြင့် ဘာသာရေး၊ လူမျိုးရေး ရန်မီးပွားအောင် လှုံ့ ဆော်ခြင်း၊ ဘာသာရေးကိုနိုင်ငံ ရေးအတွက် အလွဲသုံးစားလုပ်ခြင်း စသည့်အချက်များ ပါဝင်သည့် ကြေညာချက်တစ်စောင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အဖြစ် လိမ်လည် ဖန်တီး၍ ထုတ်လွှင့်ခဲ့သည်ဟု ယင်းကြေညာချက်တွင်ပါရှိသည်။

လတ်တလောဆူပူမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံမှု အရှိန်တန့်သွား

ဇူလိုင် ၁ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ကောက်ခံမှု အရှိန်တန့်သွားကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သတင်းရရှိ သည် ။ မန္တလေးခရိုင် ခြောက်မြို့နယ်တွင် ဇူလိုင် ၃ ရက်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ဆက်လက်ထုတ်ပြန်ခဲ့သည်။ ဆူပူမှုကောလာဟလများကြောင့် မြို့ခံလူထုမှာ စိုးရိမ်ထိတ်လန့်မှုကြောင့် အရောင်းအ၀ယ်တန့်သွားပြီး မဖြစ်မနေကိစ္စမှလွဲ၍ အပြင် ထွက်ခြင်း နည်းပါးနေသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒကောက်ခံမှုဆောင်ရွက်နေသည့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မန္တလေးခုနစ်မြို့နယ်အပြင် မြို့နယ်၊ ခရိုင်များတွင် ဆက်လက်ဆောင်ရွက်နေကြောင်း တိုင်းပြန်ကြားရေးတာဝန်ခံ ကိုအေးသိန်းကဆိုသည်။
"လက်ရှိ မန္တလေးခုနစ်မြို့နယ်မှာတော့ မလာသလောက်ကျဲသွားတယ်။ ဒါပေမဲ့ တခြားမြို့နယ်တွေမှာတော့ ဆန္ဒခံယူပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီနေ့ကို စဥ့်ကူးမြို့နယ်မှာပြုလုပ်ဖို့ မန္တလေးကလူငယ်တွေ သွားရောက်ခဲ့တယ်" ဟု ကိုအေးသိန်းကဆိုသည်။

ထုတ်ပြန်ချက် အတုကိစ္စ NLD ပြောပြီ

မန္တလေးမြို့တော်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ NLD က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို အတုလုပ်ပြီးတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖြန့်ဝေတာဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချဖို့ လုပ်တာလို့ NLD က ဆိုပါတယ်။
ကြေညာချက်ကို အတုလုပ်ဖြန့်ဝေတာဟာ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက် ရှိရှိလုပ်တာ ဖြစ်တဲ့အတွက် အမြန်ဆုံး အရေးယူပေးဖို့ အစိုးရကို တောင်းဆိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန် ပြောပါတယ်။

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ကျောင်းနှင်ထုတ်မှုများ ဆက်တိုက်ပြုလုပ်၊ ဒလမြို့နယ်ရှိ ကံဦးကျောင်းတိုက်ဆရာတော်အား ကျောင်းမှထွက်ခွာရန် တိုင်းသံဃနာယကမှ စာထုတ်ပြန်မှုအပေါ် ဒေသခံများကန့်ကွက်ပြီး ဆရာတော်ထွက်ခွာမသွားရန် ၀ိုင်းဝန်းပိတ်ဆို့

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ကျောင်းနှင်ထုတ်မှုများ ဆက်တိုက်ပြုလုပ်လာပြီး မဟာသန္တိသုခကျောင်း နှင်ထုတ်မှုကိစ္စပြီးနောက် ဒုတိယအကြိမ်အဖြစ် ဒလမြို့နယ်ရှိ ကန်ဦးကျောင်းတိုက်ဆရာတော်အား ကျောင်း နှင် ထုတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် ကံဦးကျောင်းတိုက်ကျောင်းထိုင်ဆရာတော်အား ဇူလိုင် ၆ ရက်နောက်ဆုံးထား၍ ကျောင်းမှထွက်ခွာရန် တိုင်းသံဃမဟာနယကမှ စာထုတ်ပြန်မှုအပေါ် ဒေသခံများကကန့်ကွက်ခဲ့ပြီး ဆရာတော်ထွက်ခွာမသွားရန် ၀ိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။ကံဦးကျောင်းတိုက်ဆရာတော် ဦးကုသလသည် ယင်းသို့ စာထုတ်မှု အပေါ်လိုက်နာရန်အတွက် ဇူလိုင် ၆ ရက်တွင် ကျောင်းမှထွက်ခွာရန်ကြိုးစားခဲ့ပြီး အနီးအနားရှိ ရပ်ကွက် ကျေးရွာများမှ ဒကာ၊ ဒကာမများ၏ ၀ိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ထွက်ခွာမရဖြစ်ခဲ့ကြောင်း ဆာပါချောင် ရပ်ကွက်နေ ဒေါ်လဲ့လဲ့ဝင်းကဆိုသည်။

Monday, 7 July 2014

အနောက်နိုင်ငံလုပ် တန်ဖိုးကြီး လက်ပတ်နာရီ ဝတ်ဆင်ခဲ့သဖြင့် ISIS ခေါင်းဆောင် လှောင်ပြောင်ခံနေရ

Photo: အနောက်နိုင်ငံလုပ် တန်ဖိုးကြီး လက်ပတ်နာရီ ဝတ်ဆင်ခဲ့သဖြင့် ISIS ခေါင်းဆောင် လှောင်ပြောင်ခံနေရ
Monday, July 7, 2014 

အနောက်နိုင်ငံများကို ပြင်းထန်စွာ ရှုတ်ချဝေဖန်နေစဉ် အနောက်နိုင်ငံထုတ် တန်ဖိုးကြီး လက်ပတ်နာရီတစ်လုံး ဝတ်ဆင်ထားသည့် ISIS အဖွဲ့ခေါင်းဆောင်မှာ Social Media များပေါ်တွင် လှောင်ပြောင်မှုများနှင့် ကြုံနေရသည်။

ဆီးရီးယားနှင့် အီရတ်တို့မှ နယ်မြေအများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲထူထောင်ကြောင်း ကြေညာထားသည့် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီသည် ပုန်းလျှိုးကွယ်လျှိုး ရှိနေရာမှ ယခုအခါ လူမြင်သူမြင် ထွက်ပေါ်လာပြီ ဖြစ်သည်။

မိမိကိုယ်ကိုယ် ကမ္ဘာပေါ်ရှိ မွတ်လဆင် (၁.၂)ဘီလျံ၏ ကိုယ်စားပြုရာ နိုင်ငံခေါင်းဆောင် အနေဖြင့် ကြေညာထားသည့် ဘဂ္ဂဒက်ဒီသည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မိုဆူးလ်ရှိ ဗလီကြီးတွင် (၂၁)မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပြီး ယင်းကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတွင် ၎င်း၏လက်၌ Rolex သို့မဟုတ် Sekonda အမျိုးအစား လက်ပတ်နာရီတစ်လုံး ပတ်ထားသည်ကို တွေ့ရသည်။ အဆိုပါ နာရီတစ်လုံး၏ ပျမ်းမျှတန်ဖိုးသည် ပေါင်စတာလင် (၄၀၀၀)မျှထိ ရှိနေသည်။

ဘဂ္ဂဒက်ဒီက မိန့်ခွန်းအတွင်းတွင် ၎င်းသည် မွတ်ဆလင်တို့ကို ဦးဆောင်မည့် စစ်မှန်သော ခေါင်းဆောင်အဖြစ် ရည်ညွှန်းထားသည်။ ထို့အပြင် မွတ်ဆလင်ကမ္ဘာအတွက် မိမိသည် ဂုဏ်ကျက်သရေ၊ ခွန်အား၊ မှန်ကန်မှုနှင့် ဦးဆောင်နိုင်စွမ်းတို့ကို ဆောင်ယူပေးမည်ဟုလည်း ပြောကြားထားသေးသည်။

“ကျုပ်ဟာ ခင်ဗျားတို့ကို လွှမ်းမိုးဦးဆောင်မယ့် ဝါလီ(ခေါင်းဆောင်)ပဲ။ ကျုပ်ဟာ ခင်ဗျားတို့ အားလုံးထက် သာတဲ့ အကောင်းဆုံး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်က မှန်တယ်ဆိုတာ မြင်လာရင် ကျုပ်ကို ထောက်ခံကူညီပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ ခင်ဗျားတို့ထက် ပိုသာလွန်နေတာမျိုး၊ ခင်ဗျားတို့ထက် ပိုပြီးစင်ကြယ်နေတာမျိုးတော့ မဟုတ်ပါဘူး”ဟုလည်း ယခင်အမည် ISISမှ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲထားသည့် အဖွဲ့ခေါင်းဆောင်က ဆိုသည်။

၎င်းက အနောက်တိုင်း လွှမ်းမိုးမှုများကို တွန်းလှန်က အစ္စလာမ်မစ် ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်မှုမျိုးကို လက်ခံကြရန်လည်း တိုက်တွန်းခဲ့သည်။ “ဘုရားသခင်က မူဂျာဒေဟင် ညီအစ်ကိုတော်တွေအတွက် အချိန်အကြာကြီး စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ရတဲ့ အောင်ပွဲကို ပေးသနားခဲ့ပြီ။ ဒါကြောင့် ခုချိန်မှာ အစ္စာလမ်မစ် နိုင်ငံတော် ထူထောင်ပြီး Caliph(ဘာသာရေးအရ ခေါင်းဆောင်သူ) တစ်ဦးကို တင်မြှောက်နိုင်ခဲ့ပြီ။ ဒါဟာ ရာစုနှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့တဲ့ တာဝန်ကို မွတ်ဆလင်တွေ ကျေပြွန်အောင် ထမ်းဆောင်နိုင်ခဲ့တာပဲ”ဟုလည်း ဘဂ္ဂဒက်ဒီက ပြောကြားခဲ့သည်။

ကိုယ်ပျောက်ရှိတ်ခ်ဆိုသော အမည်ဖြင့် နာမည်ကြီးခဲ့သည့် ဘဂ္ဂဒက်ဒီ လူလုံးထွက်ပြလာမှုသည် စိတ်ဝင်စားစရာ အခြေအနေ တစ်ရပ်ဖြစ်သော်လည်း Social Media များတွင် ၎င်း၏လက်မှ နာရီအကြောင်းက ပိုမို၍ လူပြောများနေခဲ့သည်။ အချို့ကလည်း အဆိုပါ နာရီသည် Omega Seamaster ဖြစ်နိုင်ကြောင်း ဆိုသည်။ Omega လက်ပတ်နာရီများကို James Bond ဇာတ်ကားများတွင် (၁၉၉၅)နှစ်ကတည်းက အစဉ်တစိုက် အသုံးပြုလာခဲ့ဖူးသည်။

Twitter ပေါ်တွင် လူတစ်ဦးက “Caliph ကြီး ဘဂ္ဂဒက်ဒီရဲ့ ရယ်စရာ အကောင်းဆုံး ကိစ္စက သူ့မှာ အရမ်းသိသာထင်ရှားတဲ့ လက်ပတ်နာရီ ကောင်းကောင်းတစ်လုံး ရှိနေတာပါပဲ။ ပြီးတော့သူက ခုလက်ရှိ ထောင်စုနှစ်က ဘာလဲဆိုတာ ပြောနိုင်သားပဲ”ဟု ရေးသားခဲ့သည်။ အခြားတစ်ဦးကလည်း “ကျွန်တော်တို့ရဲ့ Caliph ကြီးကို ကောင်းချီးပေးပါတယ်။ သူက ဆွစ်ဇာလန်လုပ် လက်ပတ်နာရီ တစ်လုံးလည်း ပတ်ထားသေးတယ်။ ဘာတံဆိပ်လဲ၊ ဘယ်ကုမ္ပဏီက လုပ်သလဲဆိုတာတော့ သိချင်မိသား”ဟု အရွှန်းဖောက်ခဲ့သည်။

ဘဂ္ဂဒက်ဒီသည် သိုသိပ်လျှို့ဝှက်လွန်းပြီး လုံခြုံရေးကို ဂရုစိုက်သည့် အနေဖြင့် ၎င်း၏ လက်ထောက်များနှင့် တွေ့ဆုံချိန်တွင်ပင် မျက်နှာဖုံး စွပ်ထားတတ်သူအဖြစ် ထင်ရှားခဲ့သည်။ ဘဂ္ဂဒက်ဒီနှင့် ပတ်သက်သည့် အချက်အလက်များမှာ လူသိနည်းလှပြီး အီရတ်တွင် အယ်လ်ကေးဒါး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဖူးကြောင်းလည်း သိရှိရသည်။

_Ref: Dailymail
7Day DAILY
အနောက်နိုင်ငံများကို ပြင်းထန်စွာ ရှုတ်ချဝေဖန်နေစဉ် အနောက်နိုင်ငံထုတ် တန်ဖိုးကြီး လက်ပတ်နာရီ တစ်လုံး ဝတ်ဆင်ထားသည့် ISIS အဖွဲ့ခေါင်းဆောင်မှာ Social Media များပေါ်တွင် လှောင်ပြောင်မှုများနှင့် ကြုံနေရသည်။

လူ့အခွင့်အရေးဆုငွေ ကန်ဒေါ်လာတစ်သောင်းကို နိုင်ငံရေး အကျဉ်း သားထောက်ပံ့ငွေအဖြစ် အသုံးပြုမည်

ရန်ကုန်၊ ဇူလိုင် ၄- ကွယ်လွန်ပြီးဖြစ်သည့် ဟံသာဝတီဦးဝင်းတင်ရရှိခဲ့သည့် လူ့အခွင့် အရေးဆုမှ ဆုအဖြစ် ရရှိသည့်ငွေ အမေရိ ကန်ဒေါ်လာ တစ်သောင်းကို နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ပေးရေး အတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံကိုဦးတည်နေတဲ့ Typhoon Neoguri

Photo: ဂျပန်နိုင်ငံကိုဦးတည်နေတဲ့ Typhoon Neoguri
Monday, July 7, 2014 

အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ မုန်တိုင်းတွေဟာ အဖြစ်နည်းလာပြီး အရေအတွက် လျော့ကျလာတတ်တယ်။ အဲဖြစ်ရင်တော့ အားကောင်း တတ်တယ်လို့ ကျွန်တောပြောခဲ့ဘူးပါတယ်။ အခု ဒါဟာ သာဓက တစ်ခုပါဘဲ။ 

နာဆာအာကာသယာဉ်မှူး Reid Wiseman က နိုင်ငံတကာအာကာသစခန်းမှ 
(၅-၇-၂၀၁၄)ရက် (Eastern Daylight Time-EDT) ည(၇)နာရီအချိန်တွင် ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၊ အရှေ့ဖက်ကမ်း လွန်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်း Neoguri ကိုရိုက်ယူပေးထားခဲ့ တဲ့ ပုံပါတယ်။ 

တိုင်ဖွန်းမုန်တိုင်း Neoguri ဟာ အင်အား Category IV အဆင့်ရှိနေပြီး လေတိုက်နှုန်း140 mph ရှိနေပါတယ်။
(မြန်မာနိုင်ငံကိုတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ အင်အားတူအဆင့်ဖြစ်ပါတယ်။)

 ဒေါက်တာထွန်းလွင်
အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ မုန်တိုင်းတွေဟာ အဖြစ်နည်းလာပြီး အရေအတွက် လျော့ကျလာတတ်တယ်။ အဲဖြစ်ရင်တော့ အားကောင်း တတ်တယ်လို့ ကျွန်တောပြောခဲ့ဘူးပါတယ်။ အခု ဒါဟာ သာဓက တစ်ခု ပါဘဲ။

နည်းပြသစ် Louis van Gaal လက်အောက်မှာ ၃-၄-၃ ကစားကွက်နဲ့  ကစားသွားမယ့် မန်ချက်စတာယူနိုက်တက်အသင်း

Photo: နည်းပြသစ် Louis van Gaal လက်အောက်မှာ ၃-၄-၃ ကစားကွက်နဲ့  ကစားသွားမယ့် မန်ချက်စတာယူနိုက်တက်အသင်း
Monday, July 7, 2014

လက်ရှိ ဟော်လန်နည်းပြဟာ သူ ကမ္ဘာ့ဖလားမှာသုံးခဲ့တဲ့ ကစားကွက်ဟာ အိုးထရက်ဖို့ ဒ်မှာလည်း အလုပ်ဖြစ် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ဗဟိုနောက်ခံလူ ကောင်းတစ်ယောက် ရှာတွေ့ နိုင်ပါ့မလား။

Louis van Gaal ဟာ အိုးထရက်ဖို့ ဒ်က အမည်မဖော်တဲ့ သူ့ ဝန်ထမ်းတွေ ကို ဒီ ၃-၄-၃ နည်းစနစ်ကို အမြဲတမ်း အသုံးပြုသွားဖို့ ရည်ရွယ် ထားကြောင်း ပြော ကြားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Van Gaal ဟာ လက်ရှိကျင်းပနေတဲ့ ဘရာဇီးကမ္ဘာ့ဖလားမှာလည်း ဒီ နည်းစနစ်နဲ့ ပွဲထွက်ခဲ့ပြီး အခုဆိုရင် ဆီမီး ဖိုင်နယ်အဆင့်ကိုပါ တက်လှမ်းနိုင် ခဲ့ပြီဖြစ်ပါတယ်။ ဒီကစားကွက်ဟာ မန်ယူအတွက် ရှေ့ ဆက်မယ့် အကောင်းဆုံး နည်းဗျူဟာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ယူရဲ့ ဗဟိုနောက်ခံလူ Vidic နဲ့ Ferdinand ဒီနွေရာသီ အသင်းက ထွက်ရှိမှုကြောင့် မန်ယူအသင်းဟာ နည်းစနစ်နဲ့ ကိုက်ညီမယ့် ဗဟိုနောက်ခံ လူ အများအပြား ခေါ်ယူဖို့ လိုနေပါပြီ။

မန်ယူဟာ ဒီ ကစားကွက်အတွက် အာဆင်နယ် ဗဟိုနောက်ခံလူ Thomas Vermaelen ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။

Ref: Mirror.co.uk
Trend Myanmar
လက်ရှိ ဟော်လန်နည်းပြဟာ သူ ကမ္ဘာ့ဖလားမှာသုံးခဲ့တဲ့ ကစားကွက်ဟာ အိုးထရက်ဖို့ ဒ်မှာလည်း အလုပ်ဖြစ် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ဗဟိုနောက်ခံ လူ ကောင်း တစ်ယောက် ရှာတွေ့ နိုင်ပါ့မလား။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရေနံတင် ယာဉ်အစီး(၄၀၀)

Photo: မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရေနံတင် ယာဉ်အစီး(၄၀၀)
Monday, July 7, 2014

အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ
ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေဆုံးမှုရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အာဖဂန်တာဝန်ရှိသူတစ်ဦးကတော့ ကာဘူးလ်မြို့အပြင်ဘက်မှာ ရပ်နားထားတဲ့ လောင်စာတင်ကား အနည်းဆုံး(၄၀၀)လောက် မီးလောင်တဲ့အထဲမှာ ပါသွားခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။ တာလီဘန်ဘက်က ပြောခွင့်ရပုဂ်္ဂိုလ်တစ်ဦးကတော့ သူတို့ဟာ နိုင်ငံခြားတပ်တွေကို ထောက်ပံ့နေတဲ့ လောင်စာယာဉ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နေတိုးလောင်စာတင်ယာဉ်တွေကို တိုက်ခိုက်ခံရတာဟာ ပါကစ္စတန်မှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အာဖဂန်နစ္စတန်မှာတော့ ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလဲ ကာဘူးလ်မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးစစ်အရာရှိ ရှစ်ဦးသေဆုံးခဲ့ပါတယ်။ အာဖဂန်နစ္စတန်ဟာ ရွေးကောက်ပွဲရဲ့ရလဒ်ကတော့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး မဲလိမ်မှုအရေအတွက် အလွန်များပြား နေတာကြောင့် ရွေးကောက်ပွဲကော် မရှင်က ပြန်လည်ရေတွက်မှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4
အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေ ဆုံးမှု ရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက် ခိုက်ခံရတာ ဖြစ်ပါတယ်။

မြန်မာ့လေကြောင်းဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့စေလွှတ်မည်

မြန်မာ့လေကြောင်းမှ ဇူလိုင်နောက်ဆုံးပတ်မှ သြဂုတ်ဒုတိယပတ်အတွင်း အရာထမ်း၊ အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ တက်ရောက်ရန်အတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်မည်ဖြစ် သည် ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်)ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။