Tuesday 8 July 2014

ထုတ်ပြန်ချက် အတုကိစ္စ NLD ပြောပြီ

မန္တလေးမြို့တော်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ NLD က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို အတုလုပ်ပြီးတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖြန့်ဝေတာဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချဖို့ လုပ်တာလို့ NLD က ဆိုပါတယ်။
ကြေညာချက်ကို အတုလုပ်ဖြန့်ဝေတာဟာ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက် ရှိရှိလုပ်တာ ဖြစ်တဲ့အတွက် အမြန်ဆုံး အရေးယူပေးဖို့ အစိုးရကို တောင်းဆိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန် ပြောပါတယ်။

“အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(က) နဲ့ လည်း ငြိစွန်း နေပါတယ်” လို့ သူကဆိုပါတယ်။ မန္တလေး ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ NLD က ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ကို ရဲသွေးအမည်ရှိ အကောင့်ပိုင်ရှင်က အတုပြုလုပ်ပြီးတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ (Facebook) မှာ ဖြန့်ဝေခဲ့တယ်လို့ NLD ဆီကနေ သိရပါတယ်။
အဲဒါကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ နဲ့ အရေးယူပေးဖို့ NLD ပါတီ ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီးတော့ တောင်းဆိုလိုက်ပါတယ်။ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ ကောလာဟလ သတင်းတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့အတွက် အစိုးရက အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ ဇွန်လ ၂ ရက်နေ့မှာ NLD ပါတီ ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်း အကြာမှာပဲ ကြေညာချက်အတု ပြန့်နှံ့ခဲ့တာပါ။
Photo: ထုတ်ပြန်ချက် အတုကိစ္စ NLD ပြောပြီ
Tuesday, July 8, 2014

The Voice Weekly
The Voice Weekly 

No comments:

Post a Comment