လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးအနက် ထားဝယ်လူမျိုး မပါဝင်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ပြောကြားချက်ကို ထားဝယ် တိုင်းရင်းသားများ ပါတီက ကန့်ကွက်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။
Thursday, 6 March 2014
အရက်ချက်စက်ရုံ စွန့်ပစ်ရေဆိုးများမှ လျှပ်စစ်ထုတ်လုပ်ရန် စမ်းသပ်မှု ရာနှုန်းပြည့်နီးပါး အောင်မြင် ဟုဆို
အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးများကို ဘိုင်အိုဂက်စ်အဖြစ် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ၉၅ ရာခိုင်နှုန်းခန့် အောင်မြင်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ရွှေဘုရင်မ အရက်ချက်စက်ရုံ မန်နေဂျာ ဦးအောင်လှိုင်ထွန်းက ပြောကြားသည်။
ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်လေးသိန်းခန့် ကျဆင်းဟု ပြည်ထောင်စု ဝန်ကြီးဆို
မြန်မာဆန် ပြည်ပသို့ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်လေးသိန်းခန့် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၅ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်းပြပွဲ တွင် ပြောကြားသည်။
တရုတ်က ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်

ပေကျင်းရှိ Forbidden City ဘေးတွင် မိုဘိုင်းအင်တာနက် အချက်အလက် ဖမ်းယူသည့်စက်ကို နေရာချနေသော တရုတ်ပြည်သူ့ စစ်ရဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (Photo:AFP)
တရုတ်က ၎င်း၏ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်အတွက် အသုံးစရိတ် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထားသော ၂၀၁၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေသတွင်းနှင့် ၀ါရှင်တန်ကို စိုးရိမ်မှု မြင့်တက်စေခဲ့သည်။
ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် ကမ္ဘာကျော်ဘောလုံးသမားဟောင်းများ ရန်ပုံငွေပွဲ ကစား

ပြင်သစ်ဂန္ထ၀င်ကစားသမား ဇီဒန်း Young Boys အသင်းဘက်သို့ ထိုးဖောက်ကစားနေစဉ်
ကမ္ဘာတစ်ဝန်း၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ဇီဒန်း၊ ရော်နယ်လ်ဒိုတို့ ဦးဆောင်ပါဝင်သည့် ရန်ပုံငွေခြေစမ်းပွဲကို မတ် ၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘန်းစ်မြို့ တွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို မတ် ၅ ရက်တွင် ဘဏ်များမှတစ်ဆင့် ရောင်းချခဲ့ပြီး ရှယ်ယာပိုင်ဆိုင်ခွင့်ကို ဧပြီ ၂၈ ရက်တွင် အကြောင်းကြားမည်

ကမ္ဘောဇ တာမွေဘဏ်ခွဲတွင် ရှယ်ယာလာရောက် ၀ယ်ယူသူများအား မတ်လ ၅ ရက်က တွေ့ရစဉ်
သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို ဘဏ်များမှတစ်ဆင့် ၂၀၁၄ ခုနှစ် မတ် ၅ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၀ယ်ယူခွင့်ရ၊ မရကို ပြန်လည်အကြောင်းကြား ပေးသွား မည်ဖြစ်ကြော င်း ဘဏ်များမှ စုံစမ်းသိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ တာဝါတိုင်တည်ဆောက်ရန် မြေငှားရမ်းခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း အော်ရီဒူး ပြောကြား

ရန်ကင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်အား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုင်စင်ရရှိထားသည့် အော်ရီဒူးကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် မြေငှားခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
ထီးချိုင့်တွင် စက်ရုံထွက် အနံ့ဆိုးများကြောင့် ဒေသခံအများစု အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ အုပ်စုတွင် ဂရိတ်ဝေါ စားသောက် ကုန် လုပ်ငန်းစု ကုမ္ပဏီလီမိတက်ပိုင် သကြားစက်၊ အီသနော၊ မက်သနောစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ဟွန်ဒါ မြန်မာသစ်ပါးလွှာ စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဒေသခံအများစုမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များလာကြောင်း အဆိုပါ မောင်းကုန်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ICRC ရုံးခွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

မြန်မာနိုင်ငံ အစိုးရနဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက်သစ်တခုအရ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကြာသပတေးနေ့က စလို့ ရုံးခွဲသစ် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။
ဘင်းမ်စတက်၏ ရလဒ်ကောင်းများ
ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံပေါင်း ခုနစ်နိုင်ငံပါဝင်သည့် တတိယအကြိမ်
ဘင်းမ်စတက် ထိပ်သီး အစည်း အဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်
အောင်မြင်စွာကျင်းပပြီးလေပြီ။ ဤထိပ်သီး အစည်း အဝေးတွင် အိန္ဒိယ၊ထိုင်း၊
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန်နှင့် နီပေါနိုင်ငံတို့မှ
နိုင်ငံ့ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဓိက
အားဖြင့် သဘောတူညီချက် သုံးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် အင်ဒိုနီးရှားအသင်းကို MFF ဖိတ်ကြား

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ခြေစမ်းကစားရန်အတွက် အင်ဒိုနီးရှား လက်ရွေးစင်အသင်းကို ဖိတ်ကြားထားကြောင်း သိရသည်။MFF သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဆားဘီးယားလူမျိုး အေဗရာမိုဗစ်၏ ဆန္ဒအရ အင်ဒိုနီးရှားအသင်းကို ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်တွင်းဂေါက်သီးရိုက်ပြိုင်ပွဲ၌ ဆုကြေး ၂၄၆ သိန်း ချီးမြှင့်မည်

မြန်မာပီဂျီအေနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ပြည်တွင်း ပတ်လည်ဂေါက်သီး ရိုက်ပြိုင်ပွဲ၏ ပထမပွဲစဉ်တွင် ဆုကြေး စုစုပေါင်း ၂၄၆ သိန်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေ

ပြင်သစ်မြောက်ပိုင်းရှိ ဆေးလိပ်အရောင်းဆိုင် တစ်ဆိုင်တွင် ရောင်းချနေသော စီးကရက်ဗူးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)
တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ ရှူရှိုက်ရမှုကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေပြီး ၎င်းတို့၏ သွေးကြောများကို အချိန်သုံးနှစ်ကျော်စောပြီး အိုမင်းရင့်ရော်နိုင်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။ ပျက်စီးမှုပုံစံမှာ သွေးကြောနံရံများ ထူလာခြင်းဖြစ်ပြီး သက်ကြီးပိုင်းတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်များ မြင့်တက်စေသည်ဟု သုတေသီများ၏ ပြောကြားချက်ကို European Heart Journal တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယာဉ်နှင့်ယာဉ်အပိုပစ္စည်း စက်ရုံများ တည်ထောင်ရန် ဂျပန်နှင့် ထိုင်းကုမ္ပဏီများစီစဉ်

မတ်လ ၂ ရက်တွင် ဖွင့်လှစ်ခဲ့သည့် Toyota ကားအရောင်းပြခန်းအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မြတ်ကို)
မြန်မာနိုင်ငံတွင်ကားနှင့်ကားအပိုပစ္စည်းစက်ရုံများတည်ထောင်လုပ်ကိုင်ရန် စီစဉ်မှုများရှိကြောင်းသိရသည်။
သမ္မတဦးသိန်းစိန် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး

သမ္မတဦးသိန်းစိန်အား အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအား မတ် ၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ ခန့်ရရှိ

ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြေတီဦး၊အိန္ဒြာကျော်ဇင်နှင့် သမီး ပြေသုဒြာတို့ကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၈ ရက် တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း ၁၈၀၀ ခန့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပုဇွန်တောင်မြို့နယ်အတွင်း ပထမထပ်၌ နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ်လှန်းနေစဉ် ဦးခေါင်းစိုက် ပြုတ်ကျသေဆုံး
ပုဇွန်တောင်မြို့နယ်၌ ပထမထပ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ် လှန်းနေ စဉ် ပြုတ်ကျသေဆုံးမှု မတ် ၅ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award လာရောက်ချီးမြှင့်

ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award 2013 ဆုအား မတ် ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုရီးယားသရုပ်ဆောင် ရိန်း တရုတ်ဇာတ်ကားတွင် ပွဲဦးထွက် ပါဝင်မည်

ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင် ရိန်းသည် တရုတ်ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင် သရုပ်ဆောင်မည် ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
တစ်ခိုင်လုံးရွှေ အေးအေးမြင့် ယဉ်ကျေးမှုအနုပညာအဖွဲ့၏ ဖျော်ဖြေမှုများကို ထိုင်းရုပ်သံဌာနတွင် အပိုင်းလိုက် ထုတ်လွှင့်ပြသရန် ကမ်းလှမ်းခံရ

တစ်ခိုင်လုံးရွှေ အေးအေးမြင့် ယဉ်ကျေးမှုအနုပညာအဖွဲ့၏ ဖျော်ဖြေမှုများကို ထိုင်းရုပ်သံဌာနတွင် အပိုင်း လိုက် ထုတ်လွှင့်ပြသရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။ အဆိုပါ ရိုက်ကူးတင်ဆက်မှုများအတွက် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြုလုပ်လျက်ရှိသည့် Bangkok International Wedding Fashion Show တွင် ပါဝင်ဖျော်ဖြေလျက်ရှိသော တစ်ခိုင်လုံးရွှေအေးအေးမြင့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို ရိုက်ကူးရန် စီစဉ်ထားခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)