Friday, 7 February 2014

ကန်ဒေါ်လာ သန်းတစ်ရာချေးယူပြီး သမဝါယမ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ် လွှတ်တော်အမတ်များ ကန့်ကွက်

အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချေးယူထားပြီးဖြစ်သော သမဝါယမ ဝန်ကြီးဌာနက သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထပ်ချေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အမတ်များက ကန့်ကွက်ထားကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ

Photo: Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ
Friday, February 7, 2014 

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့လူသုံးအများဆုံး နာမည်ကျော် လူမှုကွန်ရက်ဖေ့စ်ဘုတ် တည်ထောင်မှု ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် ဖေ့စ်ဘုတ်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပရိုဖိုင်များ၊ ဓာတ်ပုံများ၊ လျှို့ဝှက်ချက်များနှင့် ဖေ့စ်ဘုတ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်သုံးစွဲသူ ဆယ်ယောက်၏ အမည်များကို ဖော်ပြခဲ့သည်။

အဆိုပါ အမည်စာရင်းအရ ဖေ့စ်ဘုတ် တည်ထောင်သူနှင့် CEO ဖြစ်သူ Mark Zuckerberg သည်ပင်လျှင် ၎င်းပြုလုပ်သော အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၏ စတင်အသုံးပြုသူများ အနက်စတုတ္ထမြောက် အသုံးပြုသူ တစ်ဦးသာ ဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ပထမဆုံး စတင် သုံးစွဲရန်အတွက် စမ်းသပ်ဖို့ရန် ပထမဦးဆုံး account သုံးခုကို ချန်လှပ်ထားခဲ့သည့်အတွက် ဖြစ်ကြောင်း သိရသည်။

Facebook အသုံးပြုသူတိုင်းအတွက် အသုံးပြုသူ ID နံပါတ်တစ်ခု သတ်မှတ်ထားကြောင်း ၊ နံပါတ်များကို အစဉ်လိုက် သတ်မှတ်ထားခြင်းမျိုး မဟုတ်ဘဲ ပထမဦးဆုံး အသုံးပြုသူအရေအတွက် သန်းပေါင်း အနည်းငယ်အား တက္ကသိုလ်များအတွက်ပိုင်းခြား သတ်မှတ်ပေးခဲ့ကြောင်း၊ ဟားဗတ်တက္ကသိုလ်မှ အသုံးပြုသူများအတွက် ၀-၉၉၉၉၉ ၊ ကိုလံဘီယာ တက္ကသိုလ်အတွက် ၁၀၀၀၀၀-၁၉၉၉၉၉၊ စတင်းဖို့ဒ် တက္ကသိုလ်အတွက် ၂၀၀၀၀၀-၂၉၉၉၉၉ စသည်ဖြင့် အသီးသီး သတ်မှတ်ပေးထားကြောင်း The Guardian က ဖော်ပြခဲ့သည်။

ပထမဦးဆုံးFacebook အသုံးပြုသူ (၁၀) ဦးမှာ တွဲဖက် တည်ထောင်သူChris Hughes၊ Dustin Moscovitz နှင့် တည်ထောင်သူ မဟုတ်သူ တစ်ဦးနှင့်Zuckerberg ၏ အခန်းဖော်Arie Hasit ၊ ကွန်ပျူတာ အတန်းမှ Andrew McCollum နှင့် Facebook အင်ဂျင်နီယာ Chris Putnam တို့ ဖြစ်သည်။

Mizzima - News in Burmese
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့လူသုံးအများဆုံး နာမည်ကျော် လူမှုကွန်ရက်ဖေ့စ်ဘုတ် တည်ထောင်မှု ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် ဖေ့စ်ဘုတ်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပရိုဖိုင်များ၊ ဓာတ်ပုံများ၊ လျှို့ဝှက်ချက်များနှင့် ဖေ့စ်ဘုတ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်သုံးစွဲသူ ဆယ်ယောက်၏ အမည်များကို ဖော်ပြခဲ့သည်။

“ ကျွန်မတို့ဟာ လွတ်လပ်တဲ့သူတွေပါ။ လွတ်လပ်သူတွေဟာ ဘာကိုမှ မကြောက်ပါဘူး ” ဟု Pussy Riot မှ ပြောကြား

Photo: “ ကျွန်မတို့ဟာ လွတ်လပ်တဲ့သူတွေပါ။ လွတ်လပ်သူတွေဟာ ဘာကိုမှ မကြောက်ပါဘူး ” ဟု Pussy Riot မှ ပြောကြား
Friday, February 7, 2014

နှစ်နှစ်နီးပါး အချုပ်ကျခဲ့သော်လည်း အစိုးရနှင့် သဘောထား ကွဲလွဲသူ ရှရှား ပန့်ခ် အဖွဲ့ Pussy Riot မှ အဖွဲ့ဝင် နှစ်ဦးမှာ CNN နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ယုံကြည်မှု အပြည့်အဝနှင့် အစိုးရအား ပြောင်ပြောင်တင်းတင်းပင် အာဏာဖီဆန်သည့် ပုံပေါ်လျှက်ပင် ရှိသည်။

“ အစကတည်းက ကျွန်မတို့ မကြောက်ခဲ့ပါဘူး။ ထောင်မကျခင်အချိန်မှာ၊ ထောင်ကျနေတဲ့ အချိန်မှာ၊ အခုအချိန်တွေမှာလည်း မကြောက်ပါဘူး။ ကြောက်ဖို့အတွက် ဘာအကြောင်းအရာမှ မရှိပါဘူး။ ကျွန်မတို့ဟာ လွတ်လပ်တဲ့သူတွေ။ လွတ်လပ်တဲ့သူတွေဟာ ဘာကိုမှ မကြောက်ပါဘူး ” ဟု အဖွဲ့ဝင် မာရှာအဲလ်ယော့ကီနာမှ ပြောဆိုခဲ့သည်။

ဆောင်းရာသီ အိုလံပစ် အားကစားပွဲကို ဆိုချီမြို့ ရုရှားနိုင်ငံတွင် ကျင်းပနေချိန်၌ တက်ကြွလှုပ်ရှားသူ အဲလ်ယော့ကီနာနှင့် နဒ်ရာတိုလော့ကိုနီကိုဗာ တို့မှာ သမ္မတ ဗလာဒီမာပူတင်အတွက် ချွန်မြသော ဆူးနှစ်ချောင်း ဖြစ်လျက်ရှိသည်။

ယခင်က ကျင်းပခဲ့သော အိမ်ရှင်နိုင်ငံများကဲ့သို့ပင် ရုရှားသည်လည်း တိုက်ခိုက်ဝေဖန်မှုများကို ခံရလျှက်ရှိသည်။ သို့ရာတွင် ရုရှားရှိ ဝေဖန်မှုများမှာ ပူတင်အား အဓိကထား ဝေဖန်နေခြင်း ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာများ၊ နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းများကြား အက်ကြောင်းထင် သဘောထား ကွဲလွဲမှုများကြောင့် အနောက်နိုင်ငံများနှင့် ရုရှား များစွာတို့မှာ ပူတင်အား ဒေါသထွက်လျက် ရှိကြသည်။

မော်စကို ဘုရားကျောင်းတွင် ဘာသာတရားအား လှောင်ပြောင်သည့် သီချင်းများ သီဆိုဖျော်ဖြေမှုဖြင့် အဲလ်ယော့ကီနာနှင့် တိုလော့ကိုနီကိုဗာတို့မှာ အကျဉ်းကျခဲ့ရပြီး ပန်နယ်ကိုလိုနီသို့ ပို့ဆောင်ခံခဲ့ရသည်။ ပန်နယ်ကိုလိုနီမှာ လူသူကင်းမဲ့ပြီး ဝေးလံသည့် နေရာများ အကျဉ်းသားများကို နယ်နှင်ဒဏ် ပေးသကဲ့သို့ပင် သီးသန့်ထားရှိသော နေရာဖြစ်သည်။

“ အဲ့ဒီ စံနစ်ဟာ ကျွန်စံနစ်ပါပဲ။ လူတွေက စက်ရုံထဲက ခွေးသွားစိတ် ကလေးတွေလိုပဲ။ ဘယ်မှာ လုပ်ရမလဲ ဆိုတာ ရွေးချယ်ခွင့်မရှိဘူး။ စိုက်ပျိုးရေးကိုပဲ မလုပ်မနေ လုပ်ရတယ်။ ကျွန်မရောက်ခဲ့တဲ့ မောဒိုဗီးယား ပန်နယ် ကိုလိုနီမှာဆို တစ်ရက်ကို ၁၆ နာရီကနေ နာရီ ၂၀ လောက်အထိ အလုပ်လုပ်ရတယ်။ ကျွန်မတို့ အနားမှာ ရှိတဲ့ ကိုလိုနီမှာဆို တစ်ရက် အလုပ်ချိန်က နာရီ ၂၀ ပဲ။ ဒီအကျဉ်းထောင်တွေဟာ အကျဉ်းသားတွေကို လုပ်ခမပေးပဲ အတင်းအကျပ် စေခိုင်းနေကြတယ်။ အမျိုးသမီး အကျဉ်းသမတွေတောင် အရမ်းလေးတဲ့ ဘိလပ်မြေ အိတ်တွေလိုမျိုး၊ သဲအိတ်တွေလိုမျိုးကို သယ်ဆောင်နေကြရတယ် ” ဟု တိုလော့ကိုနီကိုဗာမှ ပြောဆိုခဲ့သည်။ အကျဉ်းထောင်တွင် ယင်းကဲ့သို့ လုပ်ကိုင်ရမှုအတွက် ရရှိသော အခကြေးငွေမှာ တစ်လလျှင် ၃ ဒေါ်လာ၊ ၄ ဒေါ်လာသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

၎င်းတို့ကို သမ္မတ ပူတင်မှ ခရစ်စမတ် မတိုင်မှီတွင် ပြန်လွှတ်ခဲ့သည်။ ၎င်းလုပ်ဆောင်မှုမှာ ဆိုချီ ဆောင်းရာသီ အိုလံပစ် အားကစားပွဲ မတိုင်ခင်တွင် နာမည်ကောင်းရရန် ပြုလုပ်မှု ဖြစ်ကြောင်း လေ့လာသူများမှ ပြောဆိုကြသည်။ ပူတင် သမ္မတ ရာထူး လက်ခံရယူပြီး နောက်ပိုင်းတွင် ရုရှားလူမျိုးများမှ ပုဂ္ဂလိက အခွင့်အရေးအတွက် ပိုမို လှုပ်ရှားလာကြသည်။

“ ပူတင် ဘာလုပ်မလဲ ဆိုတာကို ကျွန်မတို့ မစဉ်းစားပါဘူး။ ကျွန်မတို့ ဘာလုပ်ဖို့ လိုအပ်သလဲ ဆိုတာကိုပဲ စဉ်းစားနေတာပါ။ ပူတင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ထိုင်ကြည့်နေမယ် ဆိုရင် ကျွန်မတို့ဟာ အခန်းသေးသေးလေးထဲမှာ ခေါင်းတွေ ငုံ့ပြီး အသက်တွေ သေကုန်တဲ့အထိ စကား တစ်လုံးမှ မပြောပဲ နေနေရတော့မှာ။ အဲ့ဒီလို လုပ်ဖို့အတွက်ကို စိတ်တောင် မကူးပါဘူး ” ဟု အဲလ်ယော့ကီနာမှ ပြောဆိုခဲ့သည်။

Pussy Riot ၏ လူထုအကြား လှုပ်ရှားမှုများကြောင့် ပြည်သူအများ ထိတ်လန့် အံ့အားသင့်ရကြောင်း ရုရှားအစိုးရမှ ပြောကြားသွားသည်။ သို့ရာတွင် ၎င်းပြောဆိုမှုကို အဲလ်ယော့ကီနာမှ ငြင်းဆိုခဲ့ပြီး “ နိုင်ငံပိုင်လိုင်းတွေက ပြောတာကို နားထောင်မနေသင့်ဘူး။ သာမန် ပြည်သူလူထုက ပြောတာပဲ နားထောင်သင့်ပါတယ်။ တကယ်တော့ ပြည်သူလူထုက ကျွန်မတို့ကို ထောက်ခံပါတယ် ” ဟု ပြန်လည် ပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ အကျဉ်းသားများကို ကူညီရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်းနှင့် အကျဉ်းထောင် အုပ်ချုပ်သူများ၏ မတရားမှုများကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း တိုလော့ကိုနီကိုဗာမှ ပြောဆိုခဲ့သည်။ “ ကျွန်မတို့ အခု လုပ်နေတာကို မယုံကြည်ခဲ့ရင်၊ တိုင်းပြည်အတွက် အပြောင်းအလဲကို ကျွန်မတို့ ယူဆောင်ပေးနိုင်တာကို မယုံကြည်ခဲ့ဘူး ဆိုရင်၊ ဒါတွေကို ကျွန်မတို့ စပြီး လုပ်ခဲ့မှာ မဟုတ်ပါဘူး ” ဟုလည်း ပြောကြားသွားသည်။

မြန်မာ့ခေတ်
နှစ်နှစ်နီးပါး အချုပ်ကျခဲ့သော်လည်း အစိုးရနှင့် သဘောထား ကွဲလွဲသူ ရှရှား ပန့်ခ် အဖွဲ့ Pussy Riot မှ အဖွဲ့ဝင် နှစ်ဦးမှာ CNN နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ယုံကြည်မှု အပြည့်အဝနှင့် အစိုးရအား ပြောင်ပြောင်တင်းတင်းပင် အာဏာဖီဆန်သည့် ပုံပေါ်လျှက်ပင် ရှိသည်။

ရွှေတိဂုံဘုရားပေါ်တွင် အမျိုးသမီးတစ်ဦးသေကြောင်းကြံ

အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ရွှေတိဂုံစေတီပေါ်တွင် မိမိကိုယ်ကို သတ်သေရန် ကြိုးစားအားထုတ်ခဲ့ သဖြင့် ဒဂုံရဲစခန်းက ဖေဖော်ဝါရီ ၅ ရက်တွင် အမှုဖွင့်ပြီး သေကြောင်းကြံသူကို အရေးယူရန် လုပ်ဆောင် လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို

Photo: နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို
Friday, February 7, 2014

တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု စွပ်စွဲခံနေရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဒီလမ်းက ကားမောင်းနိုင်၊ သုံးနိုင်တဲ့ သူတွေအတွက်ပဲ အကျိုးရှိတယ်။ လမ်းဘေးဝဲယာက ဒေသခံတွေအတွက် အများကြီး ဒုက္ခရောက်ကြရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမြန်လမ်း တစ်လျှောက်တွင် နေထိုင်သော ကျေးရွာ များရှိ ဒေသခံများသည် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ကိစ္စများအတွက် အမြန်လမ်းကို အသုံးပြုပါက တရားစွဲဆိုခံရခြင်း၊ ဒဏ်ရိုက်ခံရခြင်းများ ရှိနေသောကြောင့် ယင်းစီမံကိန်းသည် ဒေသခံများအတွက် အကျိုးမရှိသည့်အပြင် ဒုက္ခပါ ခံစားနေရကြောင်း သူရဦးရွှေမန်းက ဆိုသည်။

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းကြောင့် ဒေသခံများ ဒုက္ခရောက်နေသည့်အတွက် လွှတ်တော်က သုံးစွဲခွင့်ပြုထားသော အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို အဆိုပါ ဒေသများတွင် လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ စီမံကိန်းသည် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်းကို ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ငွေကျပ် သိန်းတစ်ထောင် သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော် စီမံကိန်းကို တည်ဆောက်ခဲ့သော တပ်မတော်အစိုးရ လက်ထက်တွင် တပ်မတော်တွင် တတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ နေပြည်တော် စီမံကိန်းကို ၂၀၀၂-၂၀၁၃ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်ကြောင်း တပ်မတော်အစိုးရက ကြေညာခဲ့သည်။

The Voice Weekly
တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု စွပ်စွဲခံနေ ရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း

Photo: ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း
Friday, February 7, 2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန (၅) ဝန်ကြီး ဦးတင်နိုင်သိန်း၏ ရုံးခန်းတွင် ဦးတင်နိုင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းတို့ သုံးဦး တွေ့ဆုံခဲ့ကြကြောင်း ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် ပညာရေး သုတေသန ပညာရှင်များနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ ပူးပေါင်းရေး အတွက် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
“အတည်ပြုမှာက ဥပဒေ တစ်ခုတည်း။ ဆွဲနေတဲ့အဖွဲ့က သုံးဖွဲ့။ နောက်ဆုံးတော့ အချိန်လည်းကုန်တယ်။ လူလည်း ပင်ပန်းတယ်။ ငွေလည်းကုန်တယ်” ဟု လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင် လုပ်သက် ဆယ်နှစ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် သမ္မတရုံး ဦးဆောင်သော လက်တွေ့ကျသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) အတွက် ပညာရေး မူဝါဒများ သီးသန့်ရေးဆွဲလျက် ရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

NLD ဦးဆောင်သည့် NNER က အရပ်ဘက် ကိုယ်စားလှယ်များဖြင့် ရေးဆွဲခြင်း ဖြစ်ပြီး တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဦးစားပေး ရေးဆွဲထားခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော် ပညာမြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် ကော်မတီတို့ကမူ ယင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းနေရသော အနေအထား ရှိနေသည်။

The Voice Weekly
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ

Photo: ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ
Friday, February 7, 2014

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီ တွေက ဆိုပါတယ်။

 ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေ စားတာကြောင့် ကင်ဆာ ဆဲလ်တွေကို သတ်ပစ် နိုင်ပြီး ဆေးဝါး အသစ်တွေ ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာ ပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ် ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ 

ယခု လေ့လာမှု အရ Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်ကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားသူတွေဟာ မစား သူတွေထက် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျိုးပြန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျှော့ချ နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

မြ၀တီ
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီ တွေက ဆိုပါတယ်။

ကီလိုမီတာ ၈၀၀၀ အထိ မောင်းနှင် နိုင်မည့် ဂျပန်ထုတ် အင်ဂျင်ဝိုင်များ ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိမည်


ခရီးကီလိုမီတာ ၅၀၀၀ နှင့် ၈၀၀၀ အထိ မောင်းနှင်နိုင်မည့် ဂျပန်နိုင်ငံထုတ် Okano အမှတ်တံဆိပ် အင် ဂျင်ဝိုင်နှစ်မျိုးအား မြန်မာနိုင်ငံတွင်စတင် ဖြန့်ဖြူးရောင်းချတော့မည်ဟု ဖေဖော်ဝါရီ ၆ ရက် စာနယ်ဇင်း တွေ့ဆုံပွဲတွင် Okano ကုမ္ပဏီ၏ တာဝန်ရှိသူ Mr. Isao Okano က ပြောသည်။

ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများဖြင့် သင်္ဘောတည်ဆောက်မည်

မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများ ငှားရမ်းကာ ပုဂ္ဂလိကရေယာဉ်များ၊ သင်္ဘော များ တည်ဆောက်ခြင်းကို ယခုနှစ်မှစတင်ဆောင်ရွက်သွားမည်ဟု ရတနာပုံသင်္ဘောကျင်းမှ ဒုတိယအင် ဂျင်နီယာမှူး ဦးတင်စိုးက မဇ္ဈိမကို ပြောသည်။

စင်ကာပူကုမ္ပဏီ ရေနံချောင်းအနီးတွင် ရေနံတူးမည်

စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီသည် ရေနံချောင်းမြို့အနီးတွင် ရေနံတူးဖော်ရန် Gold- petrol Joint Operating ကုမ္ပဏီနှင့် ပူးတွဲဆောင်ရွက်မည်ဟု UPI သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားသည်။

ဂျပန် ယူ-၁၉အသင်း မြန်မာနိုင်ငံသို့ လာရောက်လေ့ကျင့်မည်

လာမည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဂျပန် ယူ-၁၉ အသင်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာ ယူ-၁၉အသင်းနှင့် ပူးတွဲလေ့ကျင့်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်အောင်က မဇ္ဈိမသို့ ပြောသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်က ၂၀၁၅ ရွေးကောက်ပွဲအတွက် စည်းရုံးရေးစတင်

အမည်သစ်ပြောင်းလဲလိုက်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည်၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီအင်အားကြီးလာစေရန် ကျန်နိုင်ငံရေးပါတီကြီးများမှ ပါတီဝင်များကို ၎င်းပါတီအတွင်း ၀င်ရောက်နိုင် ရေး စည်းရုံးရေးဆင်းမှုများ စတင်နေပြီဟု ပါတီဥက္ကဋ္ဌဦးဇိုဇမ်က ဖေဖော်ဝါရီ ၆ ရက်တွင် မဇ္ဈိမကို ပြော သည်။

ဂျာမနီသမ္မတ၏ မြန်မာခရီးစဉ်အတွင်း ကြွေးမြီ ၅၀ ရာခိုင်နှုန်း လျှော့ပေးမည်

ဂျာမနီပြည်ထောင်စုသမ္မတ Mr. Joachim Gauck သည် လာမည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်အတွင်း မြန်မာနိုင် ငံကပေးရန်ရှိသည့် ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးမည့် ဂျာမနီ-မြန်မာ သဘောတူစာချုပ်တစ်ရပ် ကို လက်မှတ်ရေးထိုးကြမည်ဖြစ်သည်ဟု ဂျာမနီသံရုံး၏ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်တွင် ပါဝင် သည်။

သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို

Photo: သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို
Friday, February 7, 2014

သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက် (၃၀)နှစ် (ဘ) ဦးထွန်းညွန့်မော် (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ကျောက်တံခါးမြို့မရဲစခန်းမှ ပ-၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက်ဝယ်ထားရှိသူ မူးယစ်ပုဒ်မ-၁၅/၁၆(ဂ) ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တရားရုံးမှရာကြီး ၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအက်ဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ဆက်လက် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆိုခဲ့သည်။သရုပ်ဆောင်ရဲတိုက်မှာ တောင်ငူမြို့ အကျဉ်းထောင်မှ ကျောက်တံခါးမြို့ မြို့မရဲစခန်းသို့ မွန်းတည့် ၁၂ နာရီ ခန့် ရောက်ရှိလာခဲ့သည်။ ထို့နောက် တရားရုံးသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်လည် ထွက်ခွာသွားသည်။

သရုပ်ဆောင်ရဲတိုက်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်းထပ်မံ ခေါ်ဆိုထားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ကျောက်တံခါးမြို့နယ် တရားသူကြီးအား တွေ့ခွင့်တောင်းသော်လည်း မရရှိခဲ့ပေ။ မြို့နယ်ဥပဒေအရာရှိ ဦးဝေယံမြင့်နှင့် တွေ့ခွင့်ရခဲ့သော်လည်း ရဲတိုက်အမှုနှင့် ပတ်သက်၍ မည်သို့မျှပြောဆိုနိုင်ခြင်း မရှိကြောင်းသာ ပြန်လည်ပြောကြားခဲ့ပြီး ၎င်း၏ အကျိုးဆောင်ရှေ့နေကလည်း အမှုအကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

Eleven Media Group

သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။

တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်

Photo: တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်
February, February 7, 2014

(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်
ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

(၂) ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်
ဘက်တီးရီးယားတွေဟာ သွားပေါ်မှာ ၂၄ နာရီကြာအောင် ရှိနေခဲ့ရင် ပွားများဖို့ လွယ်ကူ သွားနိုင်ပါတယ်။ ၁၂ နာရီသာ ရှိနေမယ် ဆိုရင် ဘက်တီးရီးယားတွေ ပွားများချိန် ထက်ဝက်ခန့် လျော့ကျ သွားနိုင်ပါတယ်။ ဘက်တီးရီးယားတွေ မပွားများ နိုင်အောင် တစ်နေ့နှစ်ကြိမ် သွားတိုက်တာ အပြင် သွားကြား ထိုးကြိုးနဲ့ Floss လုပ်တာ၊ Antiseptic ခံတွင်း သန့်ရှင်း ရည်နဲ့ ပလုတ်ကျင်း တာပါ တွဲလုပ်နိုင်ရင် ပိုမို ထိရောက်မှု ရှိပါတယ်။

(၃) တံတွေး ပိုမို ထွက်ရှိလာနိုင်ပါတယ်
အိပ်ပျော် နေစဉ်မှာ ခံတွင်းထဲ တံတွေးထွက်ရှိမှု နည်းသွား ပါတယ်။ တံတွေးဟာအစာ၊ ဘက်တီးရီးယားနဲ့ သွားပိုးပေါက်ဖြစ်စေတဲ့ သွားချေးဖတ် တွေကို ဖြိုခွဲနိုင်ပါတယ်။ ညအိပ်ရာ မဝင်ခင် သွားတိုက်တာကြောင့် ပါးစပ်တွင်း စားကြွင်းစား ကျန်တွေနဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှားပစ်လိုက်ပြီး သွားပိုးစားဒဏ်မှ ကာကွယ်နိုင်ပါတယ်။ သင်ဟာ အာခေါင် ခြောက်တတ်တဲ့ ဆေးဝါးတွေ အသုံးပြုနေရရင် တံတွေးများများ ထွက်အောင် သကြားမပါတဲ့ ပီကေဝါး ပေးပါ။ ရေများများ သောက်ပေးပါ။

(၄) သွားချိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်
သွားချိုးတွေဟာ သွားဖုံးအပေါ်နဲ့ အောက်ဘက်မှာ ရှိတတ် ကြပါတယ်။ ဆီးချို ရောဂါရှိသူ၊ ဆေးလိပ် သောက်သူ၊ ကွမ်းစားသူ ဒါမှမဟုတ် မကြာခဏ အာခေါင် ခြောက်တတ်သူ တွေဟာ သွားချိုး ကပ်တတ်တာမို့ နေ့စဉ် သွားနှစ်ကြိမ်တိုက်ပေးပြီး ခံတွင်းသန့်ဆေးရည် အသုံးပြု သင့်ပါတယ်။

(၅) သွားဖုံးကို ကာကွယ်နိုင်ပါတယ်
သွားဖုံးမကောင်းရင် သွားဖုံးရောဂါ၊ သွားပြည်တည်နာနဲ့ သွားဆုံးရှုံးမှုတွေ ဖြစ်နိုင်တာမို့ သွားဖုံးရောဂါ မဖြစ်အောင် နေ့စဉ် တစ်နေ့နှစ်ကြိမ် သွားတိုက်ပြီး သွားကြားကြိုးထိုးတာ၊ ပလုတ်ကျင်းတာနဲ့ သွားဆရာဝန်နဲ့ ပုံမှန် Checkup လုပ်တာတွေ လုပ်ပေးပါ။

(၆) ခံတွင်းအနံ့ဆိုး မထွက်အောင် ကူညီနိုင်ပါတယ်
ခံတွင်းမှာ ကျန်ရှိနေတဲ့ ဘက်တီးရီးယားတွေဟာ ဖြိုခွဲရခက်ခဲပြီး သွားတွေ ပျက်စီးစေတဲ့ အတွက် အပုပ်အဆွေးနံ့တွေ ထွက်လာ တတ်ပါတယ်။ ဒါကြောင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ရမယ့် အပြင် လျှာကိုပါ ပွတ်တိုကသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး
မြ၀တီ
(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်
ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

Wednesday, 5 February 2014

ရွှေကျောင်းတော်ကို တိုက်ခိုက်ရန် အိန္ဒိယအား ဗြိတိသျှတို့မှ တိုက်တွန်းခဲ့

တရားဝင် စုံစမ်းမှုများအရ ၁၉၈၄ ခုနှစ်တွင် အမ်ရစ်ဆာရှိ ရွှေကျောင်းတော်မှ ဆစ်ခ်လူမျိုး ခွဲထွက်ရေး သမားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဗြိတိန် အနေဖြင့် အိန္ဒိယကို တိုက်တွန်း ခဲ့ကြောင်း တွေ့ရှိရ သည်ဟု အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂူးမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်

Photo: အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်
Wednesday, February 5, 2014

အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြားနည်းဖြင့်အသုံးပြု ထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်းအား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးကျော် ကျော်လင်းကပြောသည်။

မန္တလေးမြို့တော်တွင် ကိုယ်ပိုင်အိမ် ရာမရှိသည့်ဝန်ထမ်းများကိုသာဦးစားပေး ပြီး ဝန်ထမ်းအိမ်ရာချထားပေးခြင်းဖြစ်ပြီး ယခင်ကရရှိထားသော
ပညာရေးဝန်ထမ်း တချို့သည် မြို့ပေါ်တွင် ကိုယ်ပိုင်အိမ်ရာ များကို ဝယ်ယူပြီးဖြစ်သော်လည်း မူလရရှိ ထားသည့်ဝန်ထမ်းတိုက်ခန်းကို ဆက်လက် နေထိုင်ပြီး ကိုယ်ပိုင်အိမ်ရာအားငှားရမ်း ထားရှိခြင်း၊ နေထိုင်ခွင့်ရအိုးအိမ်တိုက် ခန်းအား မိသားစုစာရင်းသွင်း၍ တစ်ဆင့် အငှားချထားမှုများရှိနေသောကြောင်း ၄င်းတို့အနေဖြင့်ယခု ကဲ့သို့ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

''အဲ့ဒီလိုလုပ်ဆောင်နေတယ်ဆိုပြီး တိုင်ကြားတာအမှန်တကယ်ဆိုရင် တိုက်ခန်း ကိုပြန်သိမ်းပြီး အမှန်တကယ်လိုအပ် နေတဲ့ဝန်ထမ်းတွေ
ကို ပြန်လည်ချထားပေး မယ်။
ပြီးရင်အဲဒီဝန်ထမ်းကိုနာမည်ပျက်စာရင်းထဲထည့်ပြီး နောက်ဘယ်တော့မှ အခန်းချထားမပေးတော့ဘူး''လို့ တိုင်းဦးစီး မှူးကဆိုသည်။

ထိုသို့ဖြစ်ပွားနေကြောင်းလာရောက် တိုင်ကြားသူ လေး၊ ငါးဦးခန့်ရှိသော်လည်း တိတိကျကျ အချက်အလက်မပါဝင်သည့် အတွက် တိတိကျကျတိုင်ကြားနိုင်ရန် အတွက်ယခုကဲ့သို့ စာကပ်ပေးထားခြင်း
ဖြစ်ကြောင်း၊ ၄င်းတို့ ဌာနမှတာဝန်ရှိသူ များက စစ်ဆေးသော်လည်း
ပေါ်ပေါက်မှု မရှိသဖြင့် လျှောက်ထားသူဝန်ထမ်များ အနေဖြင့် အခက်အခဲများပေါ်ပေါက်လာ ပြီးအိမ်ခန်းခွဲတမ်း ထပ်မံချထားပေးနိုင်
ခြင်းမရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာန မှ မန္တလေးမြို့တွင် လာရောက်တာဝန် ထမ်းဆောင်သည့် ပညာရေးဝန်ကြီးဌာန အတွက် ဝန်ထမ်းနေတိုက်ခန်းခွဲတမ်း ၁၂၇ ခန်းခွဲဝေပေးထားပြီး ဌာနအားလုံး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။

ထို့ကြောင့် အိမ်ခန်းရရှိသော ပညာရေး ဝန်ထမ်းများ၎င်းတို့၏ အိမ်ခန်းကို အခြား နည်းလမ်းဖြင့် အသုံးပြုပါက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံးဖုန်း ဝ၂-၆၁၁၇၁ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

The Union Daily
အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြား နည်းဖြင့် အသုံးပြုထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်း အား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီး မှူး ဦးကျော် ကျော်လင်းကပြောသည်။

တာချီလိတ်၌ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဓါတ်တိုင်ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး

Photo: တာချီလိတ်၌ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဓါတ်တိုင်ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး
Wednesday, February 5, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြားသည်နှင့်အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော်၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီး မောင်းလာသည် ကားတွင် မိသားစု(၄)ဦး ပါရှိပြီး မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုနမ့်လွတ်(ရွာသစ်) ဦးအိုက်ဆမ် ဥယျာဉ်ခြံရှေ့ ကားလမ်းမပေါ် အရောက်တွင် အရှိန်မထိန်းနိုင်တော့ပဲ ကားလမ်းချော်၍ လမ်းဘေးဓါတ်တိုင်အား အရှိန်ပြင်းစွာ ၀င်တိုက်မိရာမှ ကားပေါ်တွင် ပါလာသော အသက်(၆၅)နှစ်အရွယ် အဖွားအိုမှာ ဦးခေါင်းကွဲဒဏ်ရာ ရရှိပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်စီရခဲ့ကြပြီး အသက်(၁၆)နှစ်အရွယ် အမျိုးသမီးမှာတော့ အဆိုပါ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

Tachileik
MyanmarForward
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြား သည်နှင့် အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော် ၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး


 
 အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အကြံပေးအရာရှိ မြန်မာနိုင်ငံရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ၏ အကြီးတန်း အကြံပေးအရာရှိ Ms.Judith Cefkin သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို လေ့လာရန်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိနေကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။