Friday 7 February 2014

ချင်းအမျိုးသားဒီမိုကရက်တစ်က ၂၀၁၅ ရွေးကောက်ပွဲအတွက် စည်းရုံးရေးစတင်

အမည်သစ်ပြောင်းလဲလိုက်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည်၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီအင်အားကြီးလာစေရန် ကျန်နိုင်ငံရေးပါတီကြီးများမှ ပါတီဝင်များကို ၎င်းပါတီအတွင်း ၀င်ရောက်နိုင် ရေး စည်းရုံးရေးဆင်းမှုများ စတင်နေပြီဟု ပါတီဥက္ကဋ္ဌဦးဇိုဇမ်က ဖေဖော်ဝါရီ ၆ ရက်တွင် မဇ္ဈိမကို ပြော သည်။


ချင်းအမျိုးသားပါတီ(CNP) သည် မူလက တင်ထားသော ချင်းအမျိုးသား တိုးတက်ရေးပါတီအမည်ကို ချင်းတိုးတက်ရေးပါတီ (CPP) က ကန့်ကွက်ခဲ့သောကြောင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အမည် သစ် ထပ်မံရွေးချယ်ကာ ဇန်န၀ါရီလ တတိယပတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ ခဲ့သည်။ အဆိုပါအမည်သစ်ကို ခုနစ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိခဲ့သည့်အတွက် အတည်ဖြစ်ကာ တရားဝင် နာမည်ပြောင်းလဲခဲ့ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် ပါတီဝင်အင်အား ကြီးလာ စေရေးအတွက် စည်းရုံးရေးဆင်းသည့်လုပ်ငန်းများကို ဖေဖော်ဝါရီ ၆ ရက်မှ စတင်လုပ်ဆောင်နေပြီ ဖြစ် သည်။

“CNP ကိုချဲ့လိုက်တာ။ နာမည်ပဲပြောင်းတာ။ ပါတီရဲ့မူဝါဒ ဘာမှမပြောင်းလဲဘူး။ တခြားပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ပြည်ခိုင်ဖြိုးပါတီတို့အပြင် တခြားဘယ်ပါတီဝင်ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အ စည်းပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီထဲကို ၀င်လို့ရတယ်။ ပါတီမူဝါဒတွေကို ပြောပြမယ်။ အဓိကက ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနာမည်နဲ့ ချင်းပြည်နယ်မှာ အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့အ တွက် လုပ်ဆောင်တာပါ”ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

အဆိုပါ စည်းရုံးရေးဆင်းမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ် အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော ကလေး၊ တမူးအပြင် ရန်ကုန်၊ နေပြည် တော် စသည့် မြို့ကြီးများတွင်ပါ လုပ်ဆောင်သွားမည်ဖြစ်သည်။

မူလက ရွေးကောက်ပွဲကော်မရှင်ဘက်မှ အမည်သစ်ခွင့်ပြုချက်ကျလာပါက ချင်းအမျိုးသားပါတီဝင် အား လုံးနှင့် ချင်းတိုးတက်ရေးပါတီဘက်မှ ပူးပေါင်းလိုသူပါတီဝင်များ ဆက်လက်ပူးပေါင်းကာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီအမည်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု ဆလိုင်း ကြွယ်ဘိတောင်းက ဆိုထားသော်လည်း ချင်းတိုးတက်ရေးပါတီ ခေါင်းဆောင်များဘက်မှ လက်မခံသည့် အတွက် အဆိုပါ ပါတီနှစ်ခုပူးပေါင်းမည့် အစီအစဉ်မှာလည်း လုံးဝပျက်ပြယ်သွားပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment