Friday 7 February 2014

ကီလိုမီတာ ၈၀၀၀ အထိ မောင်းနှင် နိုင်မည့် ဂျပန်ထုတ် အင်ဂျင်ဝိုင်များ ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိမည်


ခရီးကီလိုမီတာ ၅၀၀၀ နှင့် ၈၀၀၀ အထိ မောင်းနှင်နိုင်မည့် ဂျပန်နိုင်ငံထုတ် Okano အမှတ်တံဆိပ် အင် ဂျင်ဝိုင်နှစ်မျိုးအား မြန်မာနိုင်ငံတွင်စတင် ဖြန့်ဖြူးရောင်းချတော့မည်ဟု ဖေဖော်ဝါရီ ၆ ရက် စာနယ်ဇင်း တွေ့ဆုံပွဲတွင် Okano ကုမ္ပဏီ၏ တာဝန်ရှိသူ Mr. Isao Okano က ပြောသည်။

အဆိုပါအင်ဂျင်ဝိုင်နှစ်မျိုးကို မြန်မာဈေးကွက်အတွင်း တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် Lotus Blossom ကုမ္ပဏီမှ ပြည်တွင်းတွင် မကြာမီစတင်ရောင်းချမည်ဟု ဆိုသည်။

Okano ကုမ္ပဏီ၏ တာဝန်ရှိသူ Mr. Isao Okano က “Okano အင်ဂျင်ဝိုင်တွေက Fully Synthetic အင် ဂျင်ဝိုင်ဖြစ်ကြောင်း သုံးစွဲသူမော်တော်ကားပိုင်ရှင်တွေကို အာမခံပါတယ်။ ဂျပန်ကားတွေအတွက် အထူး ကောင်းပါတယ်။ ကားအပြင် ဆိုင်ကယ်တွေမှာလည်း အသုံးပြုလို့ရပါတယ်။ Okano ကုမ္ပဏီက ထုတ်လုပ် တဲ့ Okano အင်ဂျင်ဝိုင်ဟာ ဂျပန်ဈေးကွက်မှာ နံပါတ် (၁)အဖြစ် ဦးဆောင်နေတဲ့ အင်ဂျင်ဝိုင်လည်းဖြစ်ပါ တယ်” ဟု ပြောသည်။

Okano အင်ဂျင်ဝိုင်ကို Q7 (5W-30) နှင့် Q8 (10W-10) အမျိုးအစားနှစ်မျိုး တင်သွင်းမည်ဖြစ်ပြီး ၂၀၀၅ မော်ဒယ်အထက် ဒီဇယ်၊ ဓာတ်ဆီ၊ စီအန်ဂျီသုံး မော်တော်ကားများတွင်အသုံးပြုနိုင်ကာ Okano အင်ဂျင် ၀ိုင်များ၏ အားသာချက်အဖြစ် Okan0 Q7 သည် ကီလိုမီတာ ၈၀၀၀ နှင့် Q8 သည် ကီလိုမီတာ ၅၀၀၀ အထိ မောင်းနှင်နိုင်မည်ဟု ယင်းကဆိုသည်။

သို့သော် မြန်မာနိုင်ငံအတွင်း ယာဉ်အသုံးပြုသူများသည် အင်ဂျင်ဝိုင်အသုံးပြုမှုတွင် ခရီးအကွာအဝေးနှင့် ချိန်ထိုးအသုံးပြုမှုမျိုးမဟုတ်ဘဲ အချိန်ကာလနှင့်တွက်ကာ အင်ဂျင်ဝိုင်လဲလှယ်ခြင်းများရှိနေပြီး အင်ဂျင် ၀ိုင်အသုံးပြုရာတွင်လည်း ကုန်အမှတ်တံဆိပ် အစွဲအလမ်းမရှိကြောင်းလည်း ကားလုပ်ငန်းရှင် ဦးမိုးကျော်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment