Friday 7 February 2014

စင်ကာပူကုမ္ပဏီ ရေနံချောင်းအနီးတွင် ရေနံတူးမည်

စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီသည် ရေနံချောင်းမြို့အနီးတွင် ရေနံတူးဖော်ရန် Gold- petrol Joint Operating ကုမ္ပဏီနှင့် ပူးတွဲဆောင်ရွက်မည်ဟု UPI သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားသည်။

ပူးပေါင်းတူးဖော်မည့်အစီအစဉ်နှင့် ရင်းနှီးမည့်ပမာဏများအပါအ၀င် စတင် အကောင်အထည်ဖော်မည့် ရက်များကိုမူ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Goldpetrol သည်လက်ရှိတွင် ရေနံချောင်းအနီး ကွင်းအမှတ် YNG-3265 တွင် တူးဖော်လျက်ရှိပြီး ၎င်းနှင့် တွဲဖက်လုပ်ကိုင်မည့် Interra Resources ကုမ္ပဏီက ရေနံထွက်ရှိနိုင်မှုအခြေအနေများကို ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။

အမေရိကန်နိုင်ငံရှိ စွမ်းအင်အချက်အလက် စီမံခန့်ခွဲရေးဌာန၏ အဆိုအရ မြန်မာနိုင်ငံသည် ရေနံစိမ်းထွက် ရှိမှုရှိသော်လည်း ပြည်ပမှ ရေနံမှာယူတင်သွင်းနေရဆဲဟု ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment