Tuesday, 14 January 2014

အင်တာနက်မှာ ပျံ့နေတဲ့အိပ်ယာထက်ပေါ် ဘီကီနီဝတ်ပြီး ရင်သားဖော်ထားတဲ့ ပုံကိစ္စနဲ့ ပတ်သက်ပြီး မြန်မာမော်ဒယ် ယုသန္တာတင် ဖြေရှင်း





 

 
အပေါ်က ပုံဟာ အွန်လိုင်းမှာ ယုသန္တာတင်ရဲ့ Sexy ပုံဆိုပြီး ပျံ့နေပါတယ်။ အိပ်ယာပေါ်မှာ ဘီကီနီလေးဝတ် ရင်သားလေးကို မဟတဟဖော်ပြပြီး Sexy ကျကျနှုတ်ခမ်းစူပြီး ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ခံနေတဲ့သူက တကယ်တော့ မြန်မာဆန်ဆန်လှလို့လူချစ်လူခင်များတဲ့ ယုသန္တာတင်မဟုတ်ပါဘူး။ သူနဲ့ ရုပ်ချင်းအင်မတန်ဆင်တဲ့ အင်ဒိုနီးရှားက ၁၆ နှစ်သာရှိသေးတဲ့ တီနာဆိုတဲ့ကောင်မလေးရဲ့ ပုံဖြစ်ပါတယ်။

Monday, 13 January 2014

မြန်မာပြည်က တမလမ်းတုံးကြီးတွေ ဇိမ်ခံကားစီးပြီး တရုတ်ပြည်သွားနေ

မြန်မာပြည်က တမလမ်းတုံးကြီးတွေ ဇိမ်ခံကားစီးပြီး တရုတ်ပြည်သွားနေ

ဇိမ်ခံကားတွေ ဈေးကျလာတော့ လူတွေတင်မက ရုပ်ဝတ္ထုပစ္စည်းတွေပါ ဇိမ်ခံကားစီးလာကြရပြီပေါ့ ။ တရုတ်ပြည်မှာ ဈေးကောင်းရတဲ့ ပစ္စည်းဆိုရင် ဇိမ်ခံကား စီးကြရစမြဲပါ ။ ခရီးသည်တင်ရင် မကိုက်ဘူး ။

ကယ်ရီတင်တာက ပိုအဆင်ပြေတယ်လို့ မူဆယ် မန်းလေး ကားသမားတစ်ယောက်က ပြောပါတယ် ။ လိုင်စင်ကားက အဖမ်းခံရလဲ ပြဿနာမရှိဘူး ။ ကားဘိုးက တစ်လလောက်ရှာရင်ပြန်ရတယ် ဗျာတဲ့ ။

အများအားဖြင့်တော့ လိုင်စင်ကားကို ပွားပြီးတော့ ပွားထားတဲ့ ကားနဲ့ ကယ်ရီသယ်တာများပါတယ် ။အဖမ်းခံရတော့လဲ ကားထားခဲ့ရုံပေါ့ ။တစ်ချို့ ကြတော့ ငြိမ်းအဖွဲ့ တွေက ကားတွေ ဝယ်ပြီး ကယ်ရီသယ်ကြတယ် ။

အဖွဲ့ အစည်းလိုင်စင်နဲ့ ပေါ့ ။ဒီလမ်းမှာ ငြိမ်းအဖွဲ့ က ကားတွေပဲ ကယ်ရီသယ်တာများတယ်ဗျ ။ကယ်ရီကလဲ သူတို့ပဲ ငြိမ်တယ်လို့ ကုန်သည်တော်တော်များများက ပြောကြတယ် ။

ကျွှန်တော်လဲ ငြိမ်းအဖွဲ့ က အဖွဲ့ အစည်းလိုင်စင်နဲ့ ပါဂျဲရိုး ဝယ်ပြီး တမလမ်း ကယ်ရီသယ်တယ် ။ တစ်ပိဿာကို မူဆယ်အရောက် 1200 ရတယ် ။ အေးဆေးပါပဲ ။ တစ်ချို့ ကျတော့ လိုင်းဝင်ထားရတယ် ။လိုင်းဝင်တာက များတယ် ။ တစ်ဂိတ်ကို တစ်လ ငါးသိန်းလောက်ပေးရတယ် ။

ကယ်ရီမရရင် ရှုံးတယ်ဗျ ။ လိုင်းဝင်တဲ့ ကားက နည်းပါတယ် ။ ဒါကြောင့် ငြိမ်းအဖွဲ့အစည်း လိုင်စင်နဲ့ ကားတွေပဲ လိုက်ဝယ်နေကြတာများတယ် ။

ဘယ်လိုကားမျိုးတွေများလဲ ဗျ လို့မေးတော့ ကားကတော့အစုံပဲ ဗျ ။ ပါဂျဲရိုး ၊ စူပါကာစတန် ၊ အန်စာတုံး စုံလို့ပါပဲဗျာ ။ သယ်တော့ဘယ်လိုသယ်လဲဆိုတော့ မှန်တွေကို စတစ်ကာ အမဲတွေ အကုန်ကပ်ပြီး ထိုင်ခုံတွေကို ရှေ့ ဆုံးတစ်တန်းပဲ ချန် အကုန်ဖြုတ်ပြီး တစ်စီးလုံး တမလမ်းပဲ တင်တာပဲ ။

ဆယ်ခေါက်လောက်ဆို ကားဘိုးကြေတယ်ဗျ ။ ဆူလွယ်နပ်လွယ် ဆိုတော့ လုပ်စားတဲ့ သူတွေလဲ များပါတယ် ။ဒီလမ်းကြောက ဆင်ချောင်တယ် ၊ကျွှဲကြပ်တယ် ၊ကြွက်တိုးမရ ဆိုတာ ဒီလမ်းကြောကိုပြောတာဗျ ။မဆို့မပို့ မလုပ်နဲ့  သေပြီသာမှတ် ။ ဘယ်လောက်မှ သက်ဆိုးရှည်မှာမဟုတ်ဘူး ။ လုပ်ရင် ဟဲဗီးလုပ် အေးဆေးပဲဗျ ။

သူ့စကားကိုတော်တော်သဘောကျပါသည် ။" ဆင်ချောင်တယ် ၊ကျွှဲကြပ်တယ် ၊ကြွက်တိုးမရ " တဲ့ မန်းလေး မူဆယ် ကယ်ရီသယ်မည့်သူများ ဆောင်ထားရမဲ့ ဆောင်ပုဒ် ပေါ့ ။

အကိုမူဆယ် မန်းလေးလမ်းကြောမှာ ကားမောင်းတာ ဘယ်လောက်ကြာပြီလဲဗျ ။ဆယ်နှစ်လောက်ရှိပြီဗျ ။ ကျေးဇူပါပဲ ကားဆရာ။ကားဆရာကို နှုတ်ဆက်ရင်း သူပြောတဲ့ ဆောင်ပုဒ်လေးကို စိတ်ထဲမှာ ခဏ ခဏရေရွတ်ရင်း . . .

" ဆင်ချောင်တယ် ၊ကျွှဲကြပ်တယ် ၊ကြွက်တိုးမရ "

" ဆင်ချောင်တယ် ၊ကျွှဲကြပ်တယ် ၊ကြွက်တိုးမရ "

" ဆင်ချောင်တယ် ၊ကျွှဲကြပ်တယ် ၊ကြွက်တိုးမရ "

ဇော်မိုးထက်

Posted From Zawmoehetet Zawmoe
ဇိမ်ခံကားတွေ ဈေးကျလာတော့ လူတွေတင်မက ရုပ်ဝတ္ထုပစ္စည်းတွေပါ ဇိမ်ခံကားစီးလာကြရပြီပေါ့ ။ တရုတ်ပြည်မှာ ဈေးကောင်းရတဲ့ ပစ္စည်းဆိုရင် ဇိမ်ခံကား စီးကြရစမြဲပါ ။ ခရီးသည်တင်ရင် မကိုက်ဘူး ။

Sunday, 12 January 2014

တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာစီရင်ပေးရန် သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် တောင်းဆို

Photo: တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာစီရင်ပေးရန် သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် တောင်းဆို

12.1.2014

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရသည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်း က တောင်းဆိုလိုက်ပါသည်။

“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်ဒဏ်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့် တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလို ပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်း မတွ ပဲ နဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက် ချိန်၊ အသေးအမွှား ကအစ ငြိမ်းချမ်းရေကိုမထိခိုက် စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန် တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စ အပေါ် စောင့်ကြည့် နေမှာသေခြာတယ် ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း ကပြောသည်။ 

၂၀၁၄ ဂျန္နဝါရီလ ၄ ရက် ည ၈.၃၀ နာရီ အချိန် သျှမ်းသံတော်ဆင့် သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်း အား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ် အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယ အိနြေ္ဒပျက်ပြားအောင်၊ နာကျင် ဒဏ်ရာရ အောင် ရိုက်နှက်ကျူးလွန်ကြောင်း၊ ထိုအတွက် ကာယ ကံရှင် ရှမ်းမလေး မှ ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်း အား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်တမ်း ထားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။

“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ် ၊ဒါဟာ အမျိုးသမီး တစ်ယောက်ကို အကြမ်းဖက် တာ ဖြစ်သလို ၊ မီဒီယာတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေ ချင်ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ။ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊ တိတိကျကျအရေးယူတာ ဘာမှလဲ မရှိသေးဘူး” - ဟု ရှမ်းမလေးကပြောသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်ြး 
ပည်နယ်ဝန်ကြီးနှင့်တကွ ပါတီ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာတင်ဖို့ စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။ 

ဂျန္နဝါရီလ ၄ ရက်က အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန် ညပိုင်းတွင် ရှမ်းမလေး တို့အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းနေပြီး ရှမ်းမလေးအား ရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့် လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းထံမှ သိရှိရပါသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရ သည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော်ဆင့် သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်းက တောင်းဆို လိုက်ပါသည်။

Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

Photo: အရပ်ရှည်စေမည့် အစားအစာများ
Sunday, January 12, 2014

အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။

ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ
ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။

ပရိုတင်း
ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ် လိုအပ်ချက် ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ
ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်
အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ
လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြု ရပါတယ်။သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သား ကျုံ့ခြင်းနဲ့ စွမ်းအင် ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ် တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့ အတွက် အထူးအရေးကြီးပါတယ်။ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိက အစာပါ။ ဟင်းသီးဟင်းရွက် နဲ့ကောက်နှံ တွေမှာ သံဓာတ် ပါဝင်ပေမယ့် ပမာဏ နည်းပါး ပါတယ်။ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျ သဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။

မြ၀တီ
အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့် ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

ရန်ကုန်တက္ကသိုလ် တစ်ကျော့ပြန် ခေတ်ဆန်းနိုင်မည်လော

PhotoPhoto
နှစ်ပေါင်း ၂၀ ကျော်ကြာ သော့ခတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်၏ တံခါးများ ဖွင့်လိုက် သည်ကို အားလုံး က ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

Saturday, 11 January 2014

နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်

Photo: နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်
Saturday, January 11, 2014

ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ် ကျောင်းတိုက်ကြီးများမှ ဆရာတော် (၂၇) ပါး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ အရာရှိများ ပါဝင်သည့် ကျင်းပရေး ကော်မတီက ဆပ်ကော်မတီ (၁၁) ခုခွဲ၍ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သံဃနာယက၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ အနေနှင့် ဆရာတော်၏ တပည့် ဥပသကာများနှင့် တိုင်ပင်ကာ အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆရာတော်ကြီး ဈာပနကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းမှစ၍ ကျောင်းတိုက် အတွင်းရှိ ခန်းမအတွင်း လဲလျောင်းနေကြောင်း၊ ယင်းနောက် ခေါင်းမူး နောက်သဖြင့် ဆေးရုံတင်ခဲ့ ရာတွင် ဦးနှောက်သွေးကြော ပေါက်သည်ဟု ဆရာဝန်က ပြောဆိုကြောင်း၊ ဆရာတော် ကို ၁၀ ရက်ခန့်အထိ အနီးကပ် ပြုစုလိုက်ရပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းတိုက်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်အရင်း ဖြစ်သူ ဦးခေမိန္ဒနိကာယကျောင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်အထိ ဗြဟ္မာစိုရ် လူမှုကူညီရေး အသင်းက ကူညီမည့်အပြင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဆရာတော်၏ ဈာပနအတွက် ကရဝိတ် ငှက်ရုပ် လှေလှော်ယိမ်းနှင့် ပူဇော်ရန် တာဝန် ယူထားကြောင်း မစိုးရိမ် တိုက်ဟောင်း ဆရာတော်က မိန့်ကြားသည်။

“မစိုးရိမ် တိုက်ဟောင်း တိုက်သစ် အကြီးအမှူး ဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်းမိတယ်။ တိုင်းပြည်မှာ ပါဠိပညာရှင်တစ်ယောက် ဆုံးရှုံး သွားရတယ်လို့ ခံစားရမိတယ်” ဟု မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူက မိန့်ဆိုသည်။

ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံဗိုလ်ကျေးရွာတွင် ခမည်းတော် ဦးကိုအောင်၊ မယ်တော် ဒေါ်မှုံတို့က မွေးဖွားခဲ့သည်။ ဆရာတော်သည် သက်တော် (၈၉)၊ ဝါတော် (၆၉) ဝါတွင် ပျံလွန်တော် မူခဲ့ပြီး နဝတအစိုးရက အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတတံဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ တံဆိပ်၊ လက်ရှိ အရပ်သားအစိုးရက အဘိဓဇမဟာ ရဋ္ဌဂုရုတံဆိပ်တို့ ကပ်လှူခဲ့သည်။ ဆရာတော်ကြီးသည် တိပိဋက ပါဠိမြန်မာအဘိဓာန် အတွဲပေါင်း (၆) တွဲ၊ တိပိဋကပါဠိ မြန်မာအဘိဓာန် အကျဉ်း ဇာတ်ထိကာ ပေမူကို လက်ရေးမူအဖြစ် ရေးသားပြုစုနေစဉ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော် မူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အခမဲ့ အလယ်တန်းပညာရေးစနစ် လာမည့်နှစ် စတင်မည်

အစိုးရသစ် လက်ထက်တွင် ပညာရေး အသုံးစရိတ်များ ဆက်တိုက် တိုးမြှင့်ထားသည့် အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စနစ်ကို စတင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

Friday, 10 January 2014

စုဖိရားလတ်ရဲ့ မာနအကြောင်း တစေ့တစောင်း

 

. စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..
လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦

မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးစားခြင်းက စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို

ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်း သည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခ ပိုမိုကြီးထွားစေကြောင်း ဇန်န၀ါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

ကယားပြည်နယ် ခရီးသွားဖွံ့ဖြိုးရေး အထင်ကရနေရာများ ပြန်ပြင်မည်

ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထင်ကရနေရာများကို ပြုပြင်မည်ဖြစ်ပြီး ပြည်ပ ခရီးသွားလုပ်ငန်းများဖော်ဆောင်မည်ဟု ကယားပြည်နယ် အစိုးရ၀န်ကြီးဦးစိန်ဦးက ဇန်န၀ါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းရှိ လယ်ယာမြေပြဿနာ တိုင်းအစိုးရ တစ်ရာခိုင်နှုန်းပင် မဖြေရှင်းနိုင်ဟု NLD လွှတ်တော်အမတ် ဝေဖန်

ဧရာဝတီတိုင်းတစ်ခုလုံး၏ လယ်ယာမြေပြဿနာများကို တိုင်းအစိုးရဖြေရှင်းပေးမှုမှာ တစ်ရာခိုင်နှုန်း ပင်မရှိဘဲ လယ်ယာမြေပြဿနာအသစ်များပင် ထပ်မံပေါ်ပေါက်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ တစ်ဦးတည်းရှိသည့် ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ဝေ ဖန်လိုက်သည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Photo: လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ
Friday, January 10, 2014

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ခန့်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှုကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာတကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ ဒီနေရာဟာ မြေလွတ်မြေရိုင်းမဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ်လို့။ ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါဘူး” ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့် ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့် တိုင်းအဆင့်အထိ တင်ပြထားကြောင်း၊ လက်ရှိတွင် ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦးဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group 

ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း) 
ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Monday, 6 January 2014

3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့် စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊ ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။ ရှယ်ယာတစ်ခုအောင်မြင်မည်။

အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။

ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်

ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့် ၀ါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု ဆောင်းကောက် ယူခဲ့ကြသည်။

သမ္မတက ကျပ်သိန်းသုံးထောင် မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်တောင်း

နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။

3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့် စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊ ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။ ရှယ်ယာတစ်ခုအောင်မြင်မည်။

အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။

ဥပဒေများ ပြည်သူကတစ်ဆင့် ပြဋ္ဌာန်းရန်လိုဟု ၈၈ အဖွဲ့ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၅။ နိုင်ငံနှင့်လူမျိုးအတွက် ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်သူ့အတွက် အာမခံချက်ပေးနိုင် ရန်သာမက အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များသည် ပြည်သူလူထုကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရရန်လိုပြီး ပြည်သူကို ပိတ်ပင်တားဆီးရာရောက်နေသည့် ဥပဒေများသည်လည်း မလိုအပ်တော့ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြ ပြောဆိုလိုက်သည်။

Thursday, 2 January 2014

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားမည်

အမှတ် (၂) အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး မူလတန်း ကျောင်းများရှိ သူငယ်တန်းမှ ဒုတိယတန်း အထိ ကျောင်းသားများကို တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။

(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်

Photo: (၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Thursday, January 02, 2014

Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့

အမေရိကန်နိုင်ငံ တဝှမ်းရှိ ရုပ်ရှင်ရုံ ပိုင်ရှင်များထံမှ ကောက်ယူသော စစ်တမ်းအရ (၂၀၁၃)ခုနှစ်အတွင်း ရုံဝင်ကြေး အမြင့်မားဆုံး ရရှိစေသည့် အနုပညာ ကြယ်ပွင့်အဖြစ် မင်းသမီး ဂျနီဖာလောရင့်စ်က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ ထိုအခါ အများစုက အကယ်ဒမီဆုရှင် မင်းသမီး ဂျနီဖာကို ထိပ်တန်းနေရာတွင် ညီညီညွတ်ညွတ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ ဂျနီဖာသည် Silver Linings Playbook ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သလို The Hunger Games: Catching Fireနှင့် American Hustleတို့ကလည်း ရုံဝင်ကြေး မြင့်မြင့်မားမား ရရှိစေခဲ့သည်။

ရုပ်ရှင်ရုံပိုင်ရှင် အများစုက ဂျနီဖာသည် မိမိတို့အတွက် အကျိုးအမြတ် အဖြစ်ထွန်းစေဆုံး အနုပညာရှင်အဖြစ် မှတ်ချက်ပေးခဲ့ပြီး ဒုတိယ နေရာတွင်မူ ဆန်ဒရာဘူးလော့ခ်ကို သတ်မှတ်ခဲ့ကြသည်။ သူမ၏ The Heatနှင့် Gravity ဇာတ်ကားနှစ်ခုလုံး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိခဲ့သည်။ ထို့နောက် ထိပ်တန်း(၅)နေရာတွင် ဝါရင့်မင်းသား (၃)ယောက်ဖြစ်သည့် ဘရက်ဒ်လေကူးပါး၊ တွမ်ဟင့်ခ်စ်နှင့် ဒန်ဇယ်လ် ဝါရှင်တန်တို့က အစဉ်လိုက် ပါဝင် ရပ်တည်နေခဲ့သည်။ ထို့နောက် အဆင့်(၆)မှ (၁၀)ထိ နေရာများကိုမူ လီယိုနာဒို ဒစ်ကာပရီယို၊ တွမ်ခရုစ်၊ ဘရက်ဒ်ပစ်တ်၊ ဟုဂ်ျဂျက်မန်းနှင့် မယ်လစ်ဆာ မက္ကာသီတို့က ရယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network 
 Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။

တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား

၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။