Monday 6 January 2014

ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်

ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့် ၀ါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု ဆောင်းကောက် ယူခဲ့ကြသည်။

ဖော်ပြပါယာဉ်မောင်းများမောင်းနှင်သောကားများအားလုံးသည် ကင်မရာများ၊ ရှိန်နှုန်းပြ မီတာတိုင်းဒိုင် ခွက် များနှင့် GPS များ တပ်ဆင်ထားသည်။ လေ့လာသုံးသပ်သူများသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုနှင့် အခြားတစ်ခု တိုက်မိခြင်း (သို့) တိုက်မိလုနီးပါး အခြေအနေကို ဖြစ်ပွားစေသည့် ယာဉ်တိုက်မှုတစ်ခု၏ အထောက်အထား များ အတွက် မှတ်တမ်းများကို ကြည့်ရှုသုံးသပ်ခဲ့ကြသည်။
ထို့ပြင် ယာဉ်တိုက်မှုတစ်ခုအား ရှောင်ရှားနိုင်ရန်အတွက် ယာဉ်တစ်စီး၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လှုပ်ရှား ကန့််သတ်ချက်များကို စိန်ခေါ်နေသော နောက်ဆုံးမိနစ်ပိုင်းအတွင်း ယာဉ်မောင်း၏ လှုပ်ရှားဆောင်ရွက် မှုကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် မော်တော်ကားလှုပ်ရှားမှုများနှင့်
ယာဉ်မောင်းများ၏ ကင်မရာမှတ်တမ်းများကို အပြန်အလှန်သုံးသပ်ခဲ့ကြပြီးနောက် ယာဉ်မောင်းနေစဉ် အတွင်း ဖုန်းပြောဆိုခြင်း၊ ဖုန်းခေါ်ခြင်း၊ ကားပြတင်း အပြင်သို့ လှမ်းကြည့်နေခြင်း (သို့) ကားကက်ဆက် အားဖွင့်နေခြင်းစသည့် ၎င်းတို့၏အပြုအမူများအတွက် အကဲဖြတ်ခဲ့ကြသည်။
အချက်အလက်များအားလုံးအား ခြုံငုံသုံးသပ်ရာတွင် လေ့လာမှုပြုလုပ်နေသည့် အတောအတွင်းမှာပင် ယာဉ်မောင်းများသည် ယာဉ်တိုက်မှု ၇၃ ခုနှင့် ယာဉ်တိုက်လုနီးပါးအခြေအနေ ၆၁၂ ခု ဖြစ်ပွားခဲ့သည်။
လေ့လာဆန်းစစ်မှုတွင် ပါဝင်သော ယာဉ်မောင်းများအနက် ကားမောင်းနေစဉ် ဆဲလ်ဖုန်းခေါ်ဆိုမှု ပြု လုပ်သူများသည် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း (သို့) တိုက်လုနီးပါးအခြေအနေပေါ်ပေါက်မှု
နှုန်းမှာ သာမန် ထက်စာလျှင် ၈ ဒသမ ၃၂ ဆခန့် ပိုများသည်ကို တွေ့ရှိရသည်။
ထိုအတောအတွင်း မထင်မှတ်ထားသည့်ဖြစ်ရပ်မျိုးဖြစ
်သည့် ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းအပြင် တစ်စုံတစ်ခုအား လှမ်းယူခြင်းမျိုးကြောင့် ဖြစ်ပွားရသည့်ယာဉ်တိုက်မှုမှာ သာမန်ထက်ရှစ်ဆ ပိုမိုမြင့် မား ကြောင်း ၊ ဖုန်းအားလှမ်းကိုင်ရန် ကြိုးစားမှုကြောင့် ဖြစ်ပွားရခြင်းမှာ ၇ ဒသမ ၀၅ ဆ ပိုမို များပြားကြောင်း၊ လမ်းဘေးတစ်နေရာအား လှမ်းကြည့်ခြင်းကြောင့် ဖြစ်ပွားရခြင်းမှာ ၃ ဒသမ ၉ ဆ ပိုများသလို ယာဉ် မောင်းနေစဉ် အစာစားခြင်းကြောင့် ဖြစ်ပေါ်မှုမှာ၂ ဒသမ ၉၉ ဆပိုများကြောင်း LA Times သတင်းစာ တွင် ဖော်ပြထားသည်။
တစ်စုံတစ်ခုအား သောက်သုံးနေခြင်းနှင့် ရေဒီယိုဖွင့်နေခြင်းတို့ ဖြစ်ပွားမှုမှာမူ ပြောပလောက်အောင် မများကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ အတွေ့အကြုံရှိသောယာဉ်မောင်းများ
တွင် ဆဲလ် ဖုန်းခေါ်ဆိုမှုကြောင့် ယာဉ်တိုက်မှု (သို့) ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို ပိုမိုတိုးပွားစေပြီး ထိုလုပ်ရပ်ကြောင့် ၎င်းတို့တွင် ယာဉ်တိုက်မှုဖြစ်ပွားနှုန်းမှာ သာမန်ထက် ၂ ဒသမ ၄၉ ဆပိုများကြောင်း သိရှိရသည်။

Mizzima

No comments:

Post a Comment