Friday 10 January 2014

ကယားပြည်နယ် ခရီးသွားဖွံ့ဖြိုးရေး အထင်ကရနေရာများ ပြန်ပြင်မည်

ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထင်ကရနေရာများကို ပြုပြင်မည်ဖြစ်ပြီး ပြည်ပ ခရီးသွားလုပ်ငန်းများဖော်ဆောင်မည်ဟု ကယားပြည်နယ် အစိုးရ၀န်ကြီးဦးစိန်ဦးက ဇန်န၀ါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့ပတ်ဝန်းကျင်ရှိ ကြပ်ဂူ၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့် စသည့် နေရာ များကို နိုင်ငံခြားသား ခရီးသွားများအတွက် ရည်ရွယ်၍ လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးသွယ် တန်းခြင်းနှင့် ပြန် လည်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။ ၎င်းအပြင် လွိုင်ကော် မြို့ပေါ်ရှိ နောင် ယားကန်နှင့် လွိုင်ကော်မြို့အလယ်မှစီးဆင်းနေသော ဘီလူးချောင်း တို့ကို လည်း ပြန်လည်ပြုပြင်မည်ဖြစ် ကြောင်း ဦးစိန်ဦးက ဆိုသည်။

“ဒွေးမယ်နော်ညီအစ်မရေကူးကန်ပြီးတော့ ခေါင်းတလားတွေရှိတဲ့ ထူးဆန်းတဲ့ ကြပ်ဂူ ဒါတွေကို လူသိ လာအောင် ဖော်ထုတ်မယ်။ အခုဆို အတော်လုပ်ပြီးနေပြီ။ ကြေးကွင်းဝတ်တဲ့ တိုင်းရင်းသားတွေဟာ လည်း တိုရစ်ဇင်တွေ စိတ်ဝင်စားတဲ့ဟာဖြစ်တဲ့အတွက် သူတို့ကိုလည်း ခရီးသွားလုပ်ငန်းမှာပါဝင်ဖို့ စီစဉ် မယ်”ဟု ဦးစိန်ဦးက မဇ္ဈိမသို့ ပြောသည်။

ကြပ်ဂူကို တွေ့ရှိထားသည်မှာ သုံးလခန့်သာရှိသေးပြီး လှိုဏ်ဂူ၏အဆုံးကို ရှာမတွေ့သေးပေ။ လိုဏ်ဂူ သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ့်ဆမ်းဂူနှင့် ဆင်တူပြီး ဂူအတွင်းဘက် မျက်နှာကျက်နံရံများတွင် ၇ ပေ ၈ ပေခန့်ရှိ ရှေးဟောင်း သစ်ထွင်းခေါင်းတလားများ ရှိသည်။

“အဆုံးထိ ဘယ်သူမှမရောက်ဖူးဘူး၊ ဒီဂူကြီးက ဘယ်ထိပေါက်တယ်ဆိုတာ မသိဘူး”ဟု ကြပ်ဂူအ၀တွင် ယာယီ သီတင်းသုံးနေထိုင်သော ဆရာတော်က မိန့်သည်။

၂၀၁၂ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက် လေ့လာနိုင် ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်လာနိုင်ခြင်းဖြစ်သည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့အ ဖွဲ့ဝင်များက ပြောသည်။

“ဒီမှာက ခရီးသွားလုပ်ငန်းက အခုမှ အစပြုသလိုဖြစ်နေတော့ အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းတွေ အ ကောင်အထည်ဖော်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဖို့လိုပါတယ်”ဟု လွိုင်ကော် မြို့ရှိ ဟိုတယ်လွိုင်ကော်မှ ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကယန်းကခေါင်း (ပဒေါင်)လူမျိုးတို့နေထိုင်ရာ ကျေးရွာများ ကိုလည်း ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် ပြည်နယ်အစိုးရက စီစဉ်လျက်ရှိသည်။

ကယားပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်နေသည့်အတွက်၊ နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသားခရီးသွားများ ၀င်ရောက်လာနိုင်ရန် ယခုကဲ့သို့ လွိုင်ကော်မြို့ပတ်ဝန်းကျင်ကို လမ်းဖောက် လုပ်ခြင်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် ယခင်က လက်နက်ကိုင်တိုင်းရင်းသားများနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲ ရေး လက်မှတ်မရေးထိုးရသေးသဖြင့် ပြည်ပခရီးသွားလာခွင့်ကို ကန့်သတ်ထားခဲ့သည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်း နှစ်နှစ်ခန့်အထိ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်မှု များခဲ့သော်လည်း၊ ၁၉၉၈ ၀န်းကျင်တွင် နယ်မြေလုံခြုံရေးအရ ခရီးသွားလာခွင့် ပိတ်ခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် အငယ်ဆုံးပြည်နယ်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု နိမ့်လွန်းသည့် အခြေအနေတွင် ရှိပြီး အဓိက လျှစ်စစ်ဓာတ်အားပေးစက်ရုံဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ တည်ရှိသော်လည်း ပြည်နယ်တစ်ခုလုံး လျှစ်စစ်မီးမရရှိပေ။ ကယားပြည်နယ်သို့ ကားဖြင့်သွားလျှင် တစ် ညအိပ်ခရီးသွားနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ လေကြောင်းဖြင့်လည်း သွားလာနိုင် သည်။

Mizzima - News in Burmese

No comments:

Post a Comment