Thursday 2 January 2014

တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား

၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် အလူမီနီယံ လျှပ်စစ်မီးကြိုးခွေများ သိုလှောင်ထားသော “နမ့်ခေးမောဝ်” လျှပ် စစ် ပစ္စည်းအရောင်းဆိုင်ဖြစ်ပြီး ဂိုဒေါင် အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ကြိုးခွေ အဟောင်းမှ ၀ါ ယာလျှော့ ဖြစ်၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးကျပ် သိန်းသုံးဆယ်ဖြစ်ေ ကြာင်း သက် ဆိုင်ရာ တာဝန်ရှိ သူများထံမှ သိရသည်။

“ နှစ်သစ်အကြို ဆိုတော့ တောင်ကြီးမှာ စည်းကမ်းမဲ့ မီးရှူးတွေလွှတ်။ မီးပုံး ပျံတွေလွှတ် ကြတယ်လေ။ အဲ့ဒီ ဂိုဒေါင်မှာက လူမနေဘူး။ မီးရှူးဝင်ပြီး မီးကူးပြီးလောင်တာလို့ ကြားတယ်ဗျ ” ဟု ကန်အောက် ရပ်နေပြည်သူ တစ်ဦးကဆိုသည်။

နမ့်ခေးမောဝ် လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်သော ဦးအိုက်ထွန်းအား (ပ)၈ /၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

No comments:

Post a Comment