Monday, 19 August 2013
Saturday, 17 August 2013
ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား
ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေနေရဆဲ ဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာစစ်တမ်း ကောက်ယူရန် စီစဉ်

လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေအိမ်အချို့အား တွေ့ရစဉ်
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုနှင့်အတူ
အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ရန်ကုန်မြို့တွင် ရှိသော
ပျမ်းမျှလူဦးရေ ခြောက်သန်း အနက် တစ်သန်းကျော်မှာ စံချိန်မမီသော
အိမ်များတွင် နေထိုင်နေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရရှိသော
သတင်းများ အရ သိရသည်။
မိတ္ထီလာတွင် မတ် ၂၁ ရက်က အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့သူ နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်

မတ်လ ၂၁
ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့်
မီးလောင်ပျက်စီးခဲ့သော သီရိမင်္ဂလာ ရပ်ကွက်တွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ်
မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံကို
ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန်
မြို့နယ်တရားရုံးမှ သြဂုတ် ၁၂ ရက်က အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
Friday, 16 August 2013
ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့သည့် အိန္ဒိယ ရေငုပ်သင်္ဘောမှ အလောင်းများ စတင်တွေ့ရှိ
အိန္ဒိယ ရေတပ်၏ ရေငုပ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည့် ရေငုပ်သင်္ဘောမှ အလောင်း (၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မွမ်ဘိုင်းရှိ သင်္ဘောကျင်း
ဧည့်မထဆန်ဖြင့်သာ ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ဟု ကုန်သည် အချို့ဆို
မြန်မာနိုင်ငံဆန်ကို ပြည်ပတင်ပို့ရာတွင် ကမ္ဘာသိ ပေါ်ဆန်းမွှေး ဆန်ထက် ဆန်ကြမ်းအုပ်စုဝင်ဖြစ်သော ဧည့်မထဆန်ဖြင့်သာ နိုင်ငံတကာ ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ထိပ်တန်း ဆန် ကုန်သည် ကြီးအချို့က တညီတညွတ်တည်း သုံးသပ်ပြောကြားသည်။
ခါးပိုက်နှိုက် ဖမ်းဆီးရမိ

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ (၃)လမ်းဆုံကားမှတ်တိုင်၌ ခါးပိုက်နှိုက်ဖမ်း
မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
၁၅.၈.၂၀၁၃ ရက်နေ့ ၁၈၂၅ အချိန် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရတာမွေမြို့နယ်၊ ကျောင်းရှေ့ရပ်ကွက်၊ကျောက်ရေတွင်းလမ်း၊ အ.ထ.က (၂)ကျောင်းရှေ့တွင် စောင့်ဆိုင်းနေစဉ်သတင်းရရှိသူ မသင်းသင်းမာ (ဘ)ဦးကြည်မြင့်၊ မြောက်ဥက္ကလာပ
စိန်လက်ကောက် ခိုးယူသူအား ဖမ်းဆီးရမိ

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည်လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းကျ ဆင်းရေးဆောင်ရွက် စဉ် ၎င်းလမ်းပေါ်ရှိ န၀လီရွှေဆိုင်သို့ စိန်လက်ကောက်(၁)ကွင်းအားလိုက်လံ ရောင်း ချနေကြောင်းသတင်းရရှိသူ မစုလှိုင် (ဘ)ဦးဝင်း၊ ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူထံမှအလေးချိန် ၈ ပဲ ၂ ရွေးရှိ စိန်လက်ကောက် (၁)ကွင်းနှင့်အတူတွေ့ရှိစစ်မေးခဲ့ရာ အစ်မဖြစ်သူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့်၎င်း၏ အစ်မဖြစ်သူမစန္ဒာအေး(ခ)မစန္ဒာအားဆက်လက် စစ်ဆေးခဲ့ပါသည်။
လှိုင် သာယာမြို့နယ် တွင် မီးလောင်မှုဖြစ်
၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့
ကားဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ်သုံးနှစ်လျော့ တင်သွင်းပါက တင်သွင်းခွင့် ပိတ်ပင်မည်
ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ် သုံးနှစ်လျော့ တင်သွင်းပါက ယာဉ်တင်သွင်းသူကို တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ် ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိ ရသည်။
ပလိပ်မှ ကယ်တင်လာသော ခွေး ၁၀၀ ကျော်ကို သန်လျင် ခွေးခြံတွင် ယာယီထားမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောင်းစားမည့် ခွေးများကို မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိ ခွေးခြံမှ ကယ်တင်ကာ ရန်ကုန်တိုင်းဒေသကြီး
သန်လျင်မြို့ ရွှေပျောက်ကျေးရွာတွင် ရှိသည့် ခွေး ဘေးမဲ့ခြံ တွင် နှစ်လယာယီထားရှိမည်ဖြစ်ကြောင်း အဆိုပါ ခွေးများကို ကယ်တင်ခဲ့သည့် ဒေါ်မြတ်သက်မွန်က ပြော ကြားသည်။
ဗိုလ်တထောင်မြို့နယ်တွင်းရှိ အိမ်ရာစီမံကိန်းများ ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်မည်
အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်နေသော
ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက်ရှိ AOD၊ COD ဝင်းအတွင်း အိမ်ရာစီမံကိန်း
ဆောက်လုပ်နေသော လုပ်ငန်းခွင်များ ရပ်ဆိုင်းပေးရန် ယင်း စီမံ ကိန်းမြေကို ပိုင်ဆိုင်သည်ဟု ဆိုသူများက ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်မည့် ဦးတင်ဦးက The Voice သို့ ပြောကြားသည်။
အင်ဒိုနီးရှား စွမ်းအင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ

ရေနံကုမ္ပဏီ တစ်ခုထံမှ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် လာဘ်စားသည် ဟူသော စွပ်စွဲချက်ကို စုံစမ်း စစ်ဆေးရန် အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌကို အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ က ဖမ်းဆီးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ပြောင်းလဲ၊ တပ်ဖွဲ့ဝင်များကို တရားစွဲဆို ပိုင်ခွင့် မရှိ
ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ဖြည့်စွက်လိုက်ပြီး ငြိမ်းချမ်းချိန် ကာလအတွင်း တပ်ဖွဲ့ဝင်များကို စစ်တပ်က တရားစွဲဆိုပိုင်ခွင့် မရှိသလို အပြစ်ပေးနိုင်ခွင့် လည်း မရှိတော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
Subscribe to:
Posts (Atom)




