
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ကျော်သက်နှင့်စောဆန်းအောင် အဖွဲ့များ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြား စောင့်တပ် (BGF)တို့ပူးပေါင်း၍ နယ်မြေ ရှင်းလင်းမှုနှင့်အတူ ကေအင်န်ယူတပ်ရင်း (၁၇)မှလည်း ဟန်ချက်ညီရှင်းလင်းလျက်ရှိသည်။ ထိုသို့ဆောင်ရွက်စဉ် တရိတကောင်း ရှိ ကေအင်န်ယူ တပ်ရင်း ၁၇ မှ တပ်ဖွဲ့ဝင်များသည် ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦးအား လက်နက်မျိုးစုံ ၉လက်၊ ကျည်အိမ်မျိုးစုံ ၂၈ ခု၊ ကျည်မျိုးစုံ ၂၇၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁လုံးတို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ဇူလိုင် ၂၆ ရက်က မိဖညားကျေးရွာတွင် တပ်မတော် စစ်ကြောင်းများထံ လာရောက်အပ်နှံ ခဲ့သည်။














