Sunday 26 July 2015

ဒီချုပ်ကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှု ၀န်ခံချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သိမ်းဆည်းထားမည်ဟုဆို

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံထားရသူများ၏ ပိုင်ဆိုင်မှု ၀န်ခံချက်ကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် သိမ်းဆည်းထားမည် ဖြစ် ကြောင်းသတင်းရရှိသည်။
ပါတီ ကိုယ်စားလှယ် လောင်းများအဖြစ် အဆိုပြုသူများ သည် မိမိတို့၏ မရွှေ့ပြောင်းနိုင် သောပစ္စည်းများနှင့် ရွှေ့ပြောင်း နိုင်သောပစ္စည်းများပိုင်ဆိုင်မှုစာ ရင်းကို ပေးပို့ရန်ညွှန်ကြားထားပြီး ယင်းသို့ပေးပို့သည့်အခါတွင် ပိုင် ဆိုင်မှုဝန်ခံချက်ပုံစံကို အိတ်တွင် ချိပ်ပိတ်ပြီး ဥက္ကဋ္ဌ၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ လိပ်စာတပ်၍ ပေးပို့ကြရန်ဖြစ်ကြောင်းဇူလိုင် ၂၃ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက်၌ ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူများ၏ ပိုင်ဆိုင်မှုဝန်ခံချက်ကို အိတ်ဖွင့်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် သိမ်းဆည်းထားမည် ဖြစ်သည်ဟု ယင်းကြေညာချက် တွင်ဖော်ပြထားသည်။
ကိုယ်စားလှယ်လောင်းများ အဖြစ် ရွေးချယ်ခြင်းမခံရသူများ ၏ ပိုင်ဆိုင်မှုဝန်ခံချက်ကို ကာယ ကံရှင် ကိုယ်စားလှယ်လောင်းအ ဆိုပြုသူများထံသို့ ချိပ်ပိတ်ထား သည့်အတိုင်း ပြန်လည်ပေးပို့မည် ဟု ကြေညာချက်တွင်ထည့်သွင်း ထားသည်။
နိုင်ဝင်ဘာ ၈ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ၌ ပါတီကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်ပါတီအဖွဲ့ဝင်များအပြင် ပြင်ပမှ တတ်သိပညာရှင်များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားထားသည်။
7Day Daily

No comments:

Post a Comment