Sunday 26 July 2015

အမတ်လောင်းရွေးချယ်ရာတွင် မကျေနပ်မှုအချို့ ရှိသော်လည်း နိုင်ငံအကျိုးပြုနိုင်သူကိုသာ ရွေးချယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုယ်စားလှယ် လောင်းရွေးချယ်ရာတွင် မကျေ နပ်မှုအချို့ရှိနေသော်လည်း နိုင်ငံ အတွက် အကျိုးပြုနိုင်သည့် အ ရည်အချင်းရှိသူများကို ရွေးချယ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ယင်းပုဂ္ဂိုလ်များသည် ယခင် က နိုင်ငံရေးတွင် မပါဝင်ခဲ့သော် လည်း ၎င်းတို့၏ကျွမ်းကျင်မှုအရ နိုင်ငံကို အကျိုးပြုခြင်း၊ ဒီမိုကရေ စီအရေးကို ထိပါးစေရန် ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါက အဆိုပါပုဂ္ဂိုလ်များအား နိုင်ငံအတွက်အသုံးပြုရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘ကျွန်မတို့ ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်တဲ့အခါ အရည်အချင်းကို ပထမထားပါ တယ်။ အဲဒီတော့ အရည်အချင်း ဆိုတာ ဘာလဲဆိုတော့ ကျွန်မတို့ နိုင်ငံကို အကျိုးပြုနိုင်တဲ့အရည်အ ချင်း ဒါပါပဲ။ ကျွန်မတို့ကိုယ်စား လှယ်တွေဟာ အဖွဲ့ချုပ်ကိုအကျိုး ပြုနိုင်ဖို့က နံပါတ်တစ်မဟုတ်ဘူး။ နိုင်ငံကို အကျိုးပြုနိုင်ဖို့က နံပါတ် တစ်’’ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌက ကျိုက်လတ်မြို့ ၌ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးဟောပြော ပွဲတွင် ထည့်သွင်း ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို အကျိုးပြုနိုင်လျှင် အဖွဲ့ အစည်းအတွင်း သစ္စာရှိရှိနှင့်ညီ ညီညွတ်ညွတ် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ ‘‘အခုဆိုလို့ရှိရင် NLD က နေပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များ၊ အတွေ့အကြုံ၊ အလုပ်အကိုင် ကျွမ်းကျင်သူများကို ဖိတ်ခေါ် တယ်။ တချို့ကလည်း မကျေနပ် ချင်ဘူး။ ဒီပုဂ္ဂိုလ်တွေက အစ တုန်းက အဖွဲ့ချုပ်ဝင်တွေလည်း မဟုတ်ဘူး။ အခုမှ ဝင်လာပြီးမှ သူတို့ကို ကိုယ်စားလှယ်နေရာပေး ရမှာလားဆိုပြီး မေးတဲ့သူတွေ ရှိ တယ်’’ ဟု လူထုခေါင်းဆောင်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင် သူ၊ လူ့အခွင့်အရေးတက်ကြွလှုပ် ရှားသူ နော်စူဇန်နာလှလှစိုး အပါ အဝင် ယခင်က NLD ပါတီဝင် မဟုတ်သည့် ပုဂ္ဂိုလ်များက NLD ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြသည်။

‘‘ကျွန်မတို့က နိုင်ငံအတွက် တာဝန်ပေးတာ။ နိုင်ငံအတွက် သုံးတာ လုပ်ရမှာပဲ။ ဒါကြောင့် လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်မှာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများကို ပြည်သူများ သိရှိနိုင်စေရန် မကြာမီ ထုတ်ပြန် မည်ဖြစ်ကြောင်း ထိပ်ပိုင်းတာဝန် ရှိသူများက ပြောကြားထားသည်။

လာမည့် ရွေးကောက်ပွဲရ လဒ်များနှင့်ပတ်သက်၍ ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ တပ်မတော် က အာဏာပြန်သိမ်းနိုင်ခြေရှိ သည်ဟု ခြိမ်းခြောက်ပြောကြားမှု များရှိနေပြီး ယင်းအပေါ် ပြည်သူ များ နားမယောင်ကြရန် ဒေါ် အောင်ဆန်းစုကြည်က သတိပေး သည်။

‘‘၂၀၁၅ ရွေးကောက်ပွဲက လည်း နိုင်ငံရဲ့ကံကြမ္မာကို အဆုံး အဖြတ်ပေးမှာဖြစ်တယ်။ တချို့ က မေးတယ်။ ၁၉၉၀ တုန်းကလို ပြန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မကတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်။ ၁၉၉၀ တုန်းကလိုဖြစ် မယ်ဆိုပြီး ပြည်သူကို ခြိမ်းခြောက် နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ နားမ ယောင်ပါနဲ့။ အဲဒါ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကို မဲပေးမှာစိုးလို့ ပြောနေသူတွေဖြစ်တယ်။ တ ချို့က ဘယ်လိုပြောလဲဆိုတော့ ၁၉၉၀ တုန်းက NLD ကို ခင်ဗျားတို့ ဘာရလို့လဲ။ ဒီတစ်ခါ မဲပေးလိုက်ရင်လည်း တပ်ကနေ ပြန်ပြီး အာ ဏာသိမ်းမှာလို့ ခြိမ်းခြောက်တဲ့သူတွေရှိတယ်။ အဲဒါဟာ ကျွန်မတို့ကို စော်ကားရာ ရောက်တယ်။ တပ်ကိုလည်း စော်ကားရာ ရောက်တယ်။ ဒီမိုကရေစီကို လည်း ရောက်တယ်။ အဲဒါတွေကို လုံးဝနားမထောင်ပါနဲ့။ ကိုယ့်တာ ဝန်ကိုသာ ကိုယ်ကျေပွန်အောင် လုပ်ပါ’’ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

7Day Daily

No comments:

Post a Comment