Sunday, 10 May 2015

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံခြင်း

ယခုတစ်လောတွင်တော့ ပြည်နယ်တောင်းသည့်ကိစ္စ ခေတ်စားနေပြန်သည်။
‘ဝ’ ဆိုသည့် လူမျိုးတွေက သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်သည်။ ‘ဝ’ တွေ ဦးစီးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွင် တောင်းဆိုခြင်းဖြစ်ပြီး တက်ရောက်သည့် အဖွဲ့အစည်း တွေကလည်း လက်ခံကြသည်ဟု ဆိုသည်။
ထိုသတင်းကို ရွာက လူတွေကို ပြောပြတော့....
“ကောင်းတာပေါ့...။ သူတို့တောင် ပြည်နယ်တောင်းတာ ငါတို့လည်း ပြည်နယ်တောင်းရမယ်” တဲ့။
ပြည်နယ်နာမည်ကိုတောင် သူတို့က စဉ်းစားပြီးလေပြီ။ ဘာတဲ့... “ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” ဆိုလား။

အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလား လက်မှတ်မထိုးချင်တာ ဘာ့ကြောင့်လဲ?


ပန်ဆန်းညီလာခံအပြီးမှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိစ္စ အသံပြန်ထွက်လာပါ တယ်။ “၀” ဒေသ၊ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေမှာလည်း အပစ်ရပ်လက်မှတ်ထိုးဖို့ကိစ္စကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားတာကလည်း အကောင်းဘက်ကို ဦးတည်နေတာလို့ ပဲ ပြောချင်ပါတယ်။

မြန်မာ ၂၈ ဦး တောထဲတွင် ပစ်ထားခံရ၊ အမျိုးသမီးလေးဦးကို ထိုင်းပွဲစားများ အဓမ္မပြုကျင့်


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာ ၂၈ ဦးကို ပွဲစားများက တောထဲတွင် ပစ်ထားခဲ့ပြီး ယင်းတို့အနက် မြန်မာအမျိုးသမီးလေးဦးမှာ ထိုင်းပွဲစားများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း မန်နေဂျာ အွန်လိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမားများသည် အစာရေစာ ငတ်ပြတ်သဖြင့် အနီးအနား ကျေးရွာများကို သွားရောက်ကာ အစားအသောက် တောင်းစားရာမှ ရွာလူကြီးက ထိုင်းတပ်မတော်ကို သတင်းပို့ခဲ့သဖြင့် ထိုင်းအစိုးရ အာဏာပိုင်များက မေလ ၈ ရက်နေ့တွင် လာရောက်စစ်ဆေးကာ ခေါ်ဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် လေဘာပါတီခေါင်းဆောင် မီလီဘန်း ရာထူးမှ နုတ်ထွက်


ဗြိတိန်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် ရှုံးနိမ့်ပြီးနောက် လေဘာပါတီ ခေါင်းဆောင် အတ်မီလီဘန်း ရာထူးမှ နုတ်ထွက်သွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
မီလီဘန်းတွင် လူအများစုကို ဆွဲဆောင်နိုင်သည့် စွမ်းရည်ကင်းမဲ့နေသော်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလများအတွင်း ခပ်ခပ်မာမာဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းကြောင့် မဲအများစု ရနိုင်ခြေ ရှိသည်ဟု လေ့လာသုံးသပ်သူ အများစုက ခန့်မှန်းခဲ့ကြသည်။

မိုးသက်လေပြင်း တိုက်ခတ်၍ မန္တလေးမြို့တွင်း၌ သစ်ပင်များ ပြိုလဲ


မန္တလေးမြို့တွင် မေလ ၈ ရက်နေ့ညက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် မြို့နယ်အသီးသီးရှိ နေရာအတော်များများတွင် သက်တမ်းရင့် သစ်ပင်များနှင့် အခြားအပင်များ ပြိုလဲခဲ့သော်လည်း ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောကြားသည်။

အရေးပေါ်ဖြေရှင်းရမည့် အနည်းဆုံး လုပ်ခလစာ


“ကျမ အတွက် တခါလာလည်း ဘဲဥဟင်း၊ နောက်တခါလည်း ဘဲဥဟင်း ဆိုတော့ အခြေခံလစာတိုးခဲ့ရင် ဟင်းတမျိုးတော့ ပြောင်းပြီး စားနိုင်မှာပါ”ဟု မခင်ခင်သီ က ပြောပြသည်။
မခင်ခင်သီသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးရွာငယ် တခုမှ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်နယ်မြေရှိ အထည်ချုပ် စက်ရုံတရုံတွင် စက်ချုပ်ဝန်ထမ်းတဦးအဖြစ် လာရောက်အလုပ် လုပ်ကိုင်နေသူဖြစ်သည်။

ပန်ဆန်းညီလာခံ ဘာလဲ၊ ပန်ဆန်း ညီလာခံ ဘယ်လဲ


မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၆ ရက်ကြာ ပန်းဆန်းညီလာခံတော့ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီ ညီလာခံကြီးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ သဘောတူထားတဲ့ တပြည်လုံး အပစ်ရပ်ရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ပြန်လည်သုံးသပ် ညှိနှိုင်းရင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးရဲ့ သဘောထားနဲ့ အကြံပြုချက် အသီးသီးကို တင်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Saturday, 9 May 2015

သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလား၊ RCSS အဖွဲ့များ သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ဆုံ

သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် UWSP မှ တာဝန်ရှိသူများ ဆွေးနွေးပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ − MOI)
သမ္မတဦးသိန်းစိန်သည် ‘ဝ’၊ မိုင်းလားနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့မှ ခေါင်းဆောင်များနှင့် မေလ ၈ ရက် က သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ ဆုံခဲ့ပြီး RCSS နှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်က ပန်ဆန်းညီလာခံမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)လက် မှတ်ရေးထိုးနိုင်ရေး ကြန့်ကြာ သွားမည်ကို စိုးရိမ်သည့်သဘော ဆွေးနွေးခဲ့ကြောင်း RCSS ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။
‘‘ကျွန်တော်တို့အဖွဲ့အနေနဲ့ အဓိကဆွေးနွေးတာကတော့ NCA ဖြစ်မြောက်ရေးပါ။ ကျွန် တော်တို့က ဖေဖော်ဝါရီမှာလည်း ငြိမ်းချမ်းရေး commit- ment ကို ပထမဆုံးပါဝင် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဆိုတော့ NCA ဖြစ်ရေးအတွက် တခြား အဖွဲ့တွေကို တိုက်တွန်းပေးဖို့ အင်တိုက်အားတိုက်ဆန္ဒရှိတယ် လို့ ဆွေးနွေးတာပါ။ ပန်ဆန်း ညီလာခံနဲ့ပတ်သက်ရင်တော့ သမ္မတကြီးက NCA ကိုထိခိုက်မှာ စိုးရိမ်တဲ့သဘောရှိတယ်။ အဲဒီ ဆွေးနွေးပွဲကနေ တစ်စုံတစ်ရာ အတွေးအမြင်ပြောင်းလဲသွား မလား။ ပြီးတော့ NCCT နောက် တစ်ကြိမ်ဆွေးနွေးပွဲကြန့်ကြာ သွားမလားပေါ့။ NCCT ကလည်း အခုမူကြမ်းဆွေးနွေးပြီးတဲ့အဆင့် ဆိုတော့လေ’’ဟုဦးစိုင်းဆိုင်မိန်း ကပြောကြားသည်။

၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်း တို့တွေ့ဆုံ

ဗီယက်နမ် နိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များတွင် မြန်မာအသင်းက သြစတြေးလျ ယူ-၂၀ အသင်းကို (၁-၀) ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ထိုင်းအသင်းက အိမ်ရှင် ဗီယက်နမ်အသင်းကို အချိန်ပိုကစားကာ (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းနှင့် မြန်မာတို့ ဗိုလ်လုပွဲသို့ ရောက်ရှိသွား ခဲ့ခြင်းဖြစ်သည်။
မေလ ၁၀ ရက်၊ ည ၆း၃၀ အချိန်တွင် ပြုလုပ်မည့် ၎င်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ခက်ခဲသည့် ပြိုင်ဘက် ထိုင်းအသင်း နှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး အနိုင်ရရှိခဲ့မည်ဆိုလျှင် ၂၀၀၇ ခုနှစ်နောက်ပိုင်း (၈) နှစ်ကြာ ဝေးကွာနေခဲ့သည့် ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်မည်ဖြစ်သည်။
"အခု ကျွန်မတို့ ဗိုလ်လုပွဲကိုရောက်ပြီ။ ဘယ်အသင်းနဲ့တွေ့ရသည်ဖြစ်စေ ပြဿနာ မရှိပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုဖလားကို ရဖို့ပဲလေ။ အဲဒီတော့ ဘယ်အသင်းကိုမဆို အနိုင်ကစားသွားမှာပါ" ဟု မြန်မာလက်ရွေးစင် အမျိုးသမီး အသင်းနည်းပြ ဒေါ်သက်သက်ဝင်းက ပြောသည်။
မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအသင်းတို့သည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွင်လည်း ရင်ဆိုင်ခဲ့ဖူးပြီး အိန္ဒိယအမျိုးသမီးဒိုင်လူကြီး၏ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များနှင့် ပွဲချိန်အတွင်းနှင့် အချိန်ပိုများတွင် သရေကျခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်တွင်မှ မြန်မာက ထိုင်းကို ရှုံးနိမ့်ခဲ့ဖူးသည်။
မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်တွင် ဗိုလ်လုပွဲသို့ (၅) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုကို ပြန်လည်ရယူရန် အခွင့်အရေး ရှိနေပြီဖြစ်သည်။
မဇ္ဈိမ

အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှု ပေါ်ပေါက်၊ ငွေလိမ်လည်မှုကြောင့် သတ်ဖြတ်ဟုဆို

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၁၁၀ ယူထားပြီး ပို့ဆောင်ပေးခြင်း မရှိသောကြောင့် ငွေလိမ်ခံရသူများက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ညီအစ်ကိုနှစ်ဦးတို့ကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်၍ ပဲခူးမြို့နယ် အင်းတကော်ရှိ ရွှေပြည် (၃) ရေလှောင်တမံသွားရာ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦးက ပြောကြားသည်။
“ဂျပန်ပို့ပေးမယ် ဆိုပြီး ငွေလိမ်ခံရလို့ စမ်းချောင်းတရားရုံးမှာ တရားစွဲဆိုထားသူက စိတ်မထိန်းနိုင်တော့ဘဲ လူသတ်မှုအထိ ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိထားသူ လူငယ်တစ်ဦးက ထွက်ဆိုတယ်။ ကျန်တဲ့သူတွေပါ ဖမ်းမိဖို့ စုံစမ်းနေပါတယ်” ဟု ပဲခူးမြို့နယ် အင်းတကော် နယ်မြေရဲစခန်းထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်သို့ ဖောက်ခွဲရေးသမား ဝင်မည့်သတင်းကြောင့် ယာဉ်များ ပိတ်ဆို့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ထိစပ်နယ်မြေ ဖြစ်သော ထန်းတပင်မြို့နယ် တူးချောင်းဂိတ်တွင် မေလ ၅ ရက်နေ့မှ စတင်ကာ ဖောက်ခွဲရေးသမားများ ရန်ကုန်မြို့အတွင်း ဝင်ရောက်လာနိုင်ကြောင်း သတင်းရရှိမှုကြောင့် မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အဓိကကတော့ ဖောက်ခွဲရေးသမားတွေ ဝင်လာမယ်ဆိုတဲ့ သတင်းပေါ့။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာမယ့်သူနဲ့ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးသူတွေကိုပါ ဒီလမ်းကြောင်းကနေ လှုပ်ရှားသွားလာနေတယ် သတင်းရလို့ ကားတွေ ပိတ်ဆို့ရှာဖွေနေတာပါ” ဟု အဆိုပါ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အပိုဆောင်း ဘောနပ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မေလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ဖုန်းခေါ်ဆိုခကို ၃၀ ရာခိုင်နှုန်း အပိုဆောင်း သုံးစွဲခွင့်ပေးမယ်လို့သိရပါတယ်။

ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းနိုင်ငံ၌ တက္ကစီ စီးခြင်း

(တစ်)
စင်ကာပူလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံသားလူငယ်လူရွယ် အများအပြားတို့ သွားရည်တများ များကျကာသွားပြီး အလုပ်လုပ်ဖို့၊ သွားပြီး ပညာသင်ဖို့၊ သွားပြီး အခြေချဖို့၊ သွားပြီး ဆေးကုဖို့ အာရုံကျရာ နိုင်ငံတစ်နိုင်ငံဆိုတာ အထင်ကရဖြစ်ပြီးသားပါ။ ခြင်္သေ့ ခေါင်းနဲ့ ငါးကိုယ်ကို ဆက်ထားတဲ့ အရုပ်ကို နိုင်ငံ့အမှတ်တံဆိပ်အ ဖြစ် အများက သိရှိထားပြီး ဖြစ်တဲ့ သည်နိုင်ငံပေါက်စကလေးဟာ မူလက တံငါရွာကလေးတစ်ရွာမျှ သာပါတဲ့။ တီးမားဆက် (Tema-sek) ဆိုတဲ့ ရွာကလေးပေါ့။ တီး မားဆက်ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ Sea Town လို့အဓိပ္ပာယ်ရတာကြောင့် ပင်လယ် မြို့တော်လို့ပဲ လွယ်လွယ်ဆိုလိုက် ကြပါစို့ရဲ့။

Friday, 8 May 2015

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော ခေါင်းဆောင်ဟောင်း လေးဦး၏ နေအိမ်အနီးတွင် တာဝါတိုင် ဆောက်လုပ်မှု ကန့်ကွက်ခံရ

မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် နဝဒေးလမ်းရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော် ခေါင်းဆောင်ဟောင်းလေးဦး နေထိုင်သော နေအိမ်အနီးတွင် ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ယင်းအနီး နေထိုင်သူများက မေလ ပထမပတ်မှ စတင်ကာ ကန့်ကွက်လျက်ရှိကြောင်း ကန့်ကွက်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါအိမ်များ အနီးရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရော်ဘာပစ္စည်း ထုတ်လုပ်မှု သုတေသန နည်းပညာနှင့် သင်တန်းပို့ချရေး ဌာနဝင်းတွင် ပေ ၁၅၀ မြင့်သော ဆက်သွယ်ရေး တာဝါတိုင်ကို Digicel Myanmar Tower Company (MTC) က မတ်လ နောက်ဆုံးပတ်က ရပ်ကွက်နေသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို အသိမပေးဘဲ လူနေအိမ်များနှင့် ၁၅ ပေ အကွာတွင် စတင်တည်ဆောက်ခဲ့မှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ခြင်း၊ တာဝါတိုင် ပြိုကျပါက အသက်အန္တရာယ် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦး ဖြစ်သူ ဦးနေဝင်းကျော်ဇင်က ပြောကြားသည်။

ပက်ကွီအိုသည် သူရဲဘောကြောင်သည့် အရှုံးသမားဟု မေဝယ်သာ ဝေဖန်တိုက်ခိုက်


မန်နီပက်ကွီအိုသည် သူရဲဘောကြောင်သူ အရှုံးသမား တစ်ဦးဖြစ်ကြောင်း ဖလွိုက်ဒ် မေဝယ်သာက တိုက်ခိုက် ပြောကြားလိုက်ပြီး ဖိလစ်ပိုင်သားနှင့် စိတ်မကျေပွဲ ပြန်လည် ထိုးသတ်ရန် ခန့်မှန်းချက်များကို ငြင်းဆိုသွားသည်။

အပူကြောင့် ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာများ

နိဒါန်း
လူများစွာတို့အတွက် နွေရာသီကာလဆိုတာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များ တပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင် နေပူထဲအထွက်များတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ကာလ၊ အအေးဓာတ်သင့်တင့်အောင် မရှိတဲ့ ပတ်ဝန်းကျင်မှာ အနေများတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြ ရပါတော့တယ်။

နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေး တပ်မတော်နှင့် KNPP ထပ်မံဆွေးနွေး

တပ်မတော်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေးအတွက် တပ်မတော်နှင့် KNPP တို့ ထပ်မံဆွေးနွေးကြောင်း KNPP လွိုင်ကော် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးပလူးရယ်က ပြောကြားသည်။
မေလ ပထမပတ်အတွင်း ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း KNPP တပ်များက လက်နက်ကိုင်လှုပ်ရှားများ ပြုလုပ်လာသောကြောင့် တပ်မတော် စစ်ကြောင်းများက ရှေ့တိုးလာကြောင်း၊ တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် မေလ ၇ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဗိုလ်တထောင်ဆိပ်ကမ်းရှိ လက်ဖက်ရည်ဆိုင် ဘူဒိုဇာဖြင့် ရှင်းလင်းရာမှ ပဋိပက္ခဖြစ်

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ဗိုလ်တထောင်ဈေးမှတ်တိုင် အနီးရှိ ဦးစိန်သောင်း လက်ဖက်ရည်ဆိုင်ကို မေလ ၇ ရက် နံနက် ၅ နာရီက သက်ဆိုင်ရာက အင်အားသုံးကာ မြေတူးစက် (ဘူဒိုဇာ) ဖြင့် ရှင်းလင်းခဲ့ရာမှ လက်ဖက်ရည်ဆိုင်မှ မိသားစုနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ယာယီထိန်းသိမ်းထားကြောင်း ဗိုလ်တထောင်မြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန်က ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကို ငွေကြေးထောက်ပံ့မည်

အမေရိကန်သံရုံးက ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၁ဖွဲ့အား ဒေါ်လာနှစ်သိန်းခန့်ထောက် ပံ့ကြေး ပေးအပ် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းမိုင်တက္ကသိုလ်မှ တိုက်ရိုက်ပေးအပ်သောဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့် တက်ရောက်ရယူနိုင်

ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုဖြစ်သော ချင်းမိုင် ယူနီဗာစီတီမှ တိုက်ရိုက် ပေးအပ်သော ဘွဲ့ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့် တက်ရောက်ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။