Sunday 10 May 2015

အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလား လက်မှတ်မထိုးချင်တာ ဘာ့ကြောင့်လဲ?


ပန်ဆန်းညီလာခံအပြီးမှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိစ္စ အသံပြန်ထွက်လာပါ တယ်။ “၀” ဒေသ၊ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေမှာလည်း အပစ်ရပ်လက်မှတ်ထိုးဖို့ကိစ္စကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားတာကလည်း အကောင်းဘက်ကို ဦးတည်နေတာလို့ ပဲ ပြောချင်ပါတယ်။

အဲဒီလို အပစ်ရပ်ကိစ္စကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ “၀” အဖွဲ့က ကမကထပြု ကျင်းပပေးခဲ့တာဖြစ်ပြီး မိုင်းလားအဖွဲ့ကလည်း ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒါဖြင့်ရင် “၀”နဲ့ မိုင်းလားဟာ အပစ်ရပ်ကိစ္စတွေကို ထောက်ခံကြိုဆိုပြီး လက်မှတ်ထိုး တဲ့အခါမှာလည်း ပါဝင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် မေ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပပြု လုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံအပြီးမှာတော့ အဲဒီနှစ်ဖွဲ့လုံးက အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးဘူးလို့ သတင်းမီဒီယာ တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလားက လက်မှတ်မထိုးဘူးဆိုတာ သူတို့က ၁၉၈၉ ခုနှစ်လောက်ကတည်းက ငြိမ်းချမ်းရေး ယူထားပြီးသားဖြစ်လို့ဆိုပြီး အကြောင်းပြတယ်။ ဒါပေမယ့် အပစ်ရပ်ကိစ္စအတွက် ပန်ဆန်းမှာ ညီလာခံကျင်းပခွင့်ပေး တယ်။ အပစ်ရပ်စာချုပ်မှာကျတော့ လက်မှတ်မထိုးဘူးဆိုတော့ ဘာသဘောလဲ၊ ကြေညာချက်တွေ ဘာတွေတောင် ထုတ် ထားသေးတာပဲ၊ အဲဒီနှစ်ဖွဲ့က သိပ်ပြီးတော့ မူမမှန်ဘူးလို့မြင်တယ်” ဟု ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားစွာ လေ့လာစောင့် ကြည့်နေသူ ပြည်သူတစ်ဦးက ဆိုပါတယ်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ “၀” အဖွဲ့မှ ဦးအောင်မြင့်က “ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်တာမဟုတ်ဘူး၊ နိုင်ငံရေး၊ ဆွေးနွေးမှုကသာ တိုင်းပြည်နဲ့ ငြိမ်းချမ်းရေးရဲ့ အခြေခံဖြစ်တယ်၊ နိုင်ငံရေးဆွေးနွေးမှု မအောင်မြင်ရင် တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေးကအောင်မြင်မှာ မဟုတ်ဘူး၊ နိုင်ငံရေးဆွေးနွေးမှုမှာတော့ တက်တက်ကြွကြွနဲ့ နှစ်ဖွဲ့လုံးပါဝင်မှာပါ” ဟု သတင်းမီဒီယာများအား ပြောဆိုခဲ့ပါတယ်။
အပစ်ရပ်ကိစ္စများကို ဆွေးနွေးခဲ့သည်မှာ မှန်သော်လည်း ညီလာခံတက်ရောက်လာသော ခေါင်းဆောင်များမှာ “၀” အဖွဲ့၏ အသုံးချခံလိုက်ရကြောင်း၊ ညီလာခံထုတ်ပြန်ကြေညာချက်(၁၂)ချက်တွင် “၀” ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်း ဆိုမှုကို စာနာနားလည်ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှ ထည့်သွင်းပေးခဲ့ရသည်ဟု သိရ ပါတယ်။
ယင်းညီလာခံသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက “ အားလုံး နားလှည့်ပါးလှည့် လုပ်ခံလိုက်ရတော့ အတော်လေးစိတ်ပေါက်သွားကြတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ညီလာခံကျင်းပပေးတာ နာမည်ခံသက်သက်ပါ၊ တကယ်တမ်းက “၀”ပြည်နယ်တောင်ဆိုရေးကို ခေါ်ပြီးထောက်ခံခိုင်းတာ ပါ၊ အခုအပစ်ရပ် စာချုပ်မှာ “၀” က လက်မှတ်မထိုးဘူးလို့ ပြောလာတယ်၊ ဒီကိစ္စတွေ စိတ်မ၀င်စားဘဲနဲ့ သူတို့ဒေသမှာ ညီလာခံဘာလို့ ကျင်းပပေးတာလဲ၊ တော်တော်လေးအံ့အားသင့်ဖို့ ကောင်းပါတယ်” ဟု ပြောဆိုသွားပါတယ်။
“၀”နှင့် မိုင်းလားအဖွဲ့သည် အပစ်ရပ်ကိစ္စများကို တိုင်းရင်းသားလက်နက်ကိုင်များကိုယ်စား ဆောင်ရွက်နေသော NCCT အဖွဲ့မှာလည်း ယခင်ကတည်းက ပါဝင်ထားခြင်းမရှိကြောင်း တွေ့ရပါတယ်။ ပြည်နယ်တောင်းဆိုဖို့နဲ့ အထူးသဖြင့် ကိုးကန့်ဒေသကို အစိုးရတပ်များ စစ်ဆင်နေတာကို ရပ်တန့်သွားဖို့ အင်အားယူတဲ့အနေနဲ့ NCCT ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး ညီလာခံလုပ်ပေးခဲ့ပေမယ့် အခုသူ့အကျိုးစီးပွားမပါသော NCCT နဲ့ အစိုးရတို့ဆွေးနွေးရာ မှာလည်း မပါဘဲနေခဲ့တာဖြစ်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေ အသုံးချခံလိုက်ရတာ၊ NCCT ရဲ့ လုပ်ဆောင်မှုတွေမှာ သူတို့ ၂ ဖွဲ့မပါဘူးလို့ ပြောလိုက်တဲ့ သဘောပဲလေ၊ ဒါပေမယ့် “၀” က ကိုယ်ပိုင်ပြည်နယ်ရဖို့ အဲဒီ ၁၂ ဖွဲ့ကို စည်းရုံးလိုက်တာပါ။ “၀” ပြည်နယ်ပေးဖို့ ကျွန်တော်တို့ ရှမ်းတွေတင်မကပါဘူး၊ လားဟူ၊ ပအိုဝ့်၊ ပလောင်နဲ့ ရှမ်းပြည်နယ်မှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားအများစုတွေကလည်း လက်နက်အားကိုနဲ့တော့ အချိန်အခါစောင့်ပြီး အခွင့်အရေးတောင်းတဲ့ သဘော ကို ထပ်ပြီးကန့်ကွက်သွားမှာပါ။ “၀” နဲ့ မိုင်းလားအဖွဲ့ လက်မှတ်မထိုးတာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို မလေးစားရာကျတာပေါ့ဗျာ၊ ပြီးတော့ တိုင်းပြည်အတွက်လည်း အရမ်းအန္တရာယ်ကြီးပါတယ်၊ ဒီအတိုင်း လွှတ်မထား သင့်ဘဲ မပြတ်စောင့်ကြည့်နေဖို့ လည်း လိုတာပေါ့” ဟု ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြားသွားပါတယ်။
နေ၀င်းအောင်

No comments:

Post a Comment