Thursday, 26 March 2015
ကိုဝေဠုကို ၁၀ ကြိမ်မြောက် ရုံးထုတ်
မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြောက် ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားရင်ဆိုင်နေရသည့် ကိုဝေဠုကို မတ်လ ၂၅ ရက်က ကျောက်တံတားမြို့နယ် တရားရုံးက ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့သည်ဟု ကိုဝေဠု၏ မိခင်က ပြောသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံးကျောင်းသားများအား ပြန်လည် သင်ကြားစစ်ဆေးပေးမည့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများချထားပေးမည်
အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံး သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည် စစ်ဆေးသင်ကြားခြင်းများ ပြုလုပ်သည့်အချိန်တွင် တာဝန်ယူ ဆောင်ရွက်ပေးရမည့် ဆရာ၊ ဆရာမ များကို ချီးမြှင့်ငွေများ ချထားပေးမည် ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ အလယ်တန်းတတ် မြောက်မှုစစ်ဆေးခြင်း(အဋ္ဌမတန်း)နှင့် မူလတန်းအဆင့် တတ်မြောက်မှု စစ်ဆေးခြင်း (စတုတ္ထတန်း) စစ်ဆေး ခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ရက်နေ့အထိ ကျင်းပခဲ့ပြီး စာမေး ပွဲဖြေဆိုရက်များတွင် တာဝန်ယူစောင့် ကြပ်ပေးခဲ့ရသော ဆရာ၊ ဆရာမများ အတွက် ချီးမြှင့်ငွေများကိုယခုလဆန်း ပိုင်းက ချထားပေးခဲ့ပြီးဖြစ်ကြောင်း ယင်းအတန်းများ၏ အောင်စာရင်း များထွက်ရှိပြီး ကျရှုံးသူများကို ပြန် လည် စစ်ဆေးမှုပြုလုပ်ချိန်တွင်လည်း အခကြေးငွေများ ချီးမြှင့်ပေးမည်ဖြစ် ကြောင်း အမှတ်(၁)အခြေခံပညာဦး စီးဌာနမှ သိရသည်။
မြန်မာ့စီးပွားရေး ဂျီဒီပီ ၈ ရာခိုင်နှုန်းကျော်ဖြင့် ဆက်လက်တိုးတက်မည်
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ဘဏ္ဍာနှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဆက်လက်တိုးတက်ဖို့ရှိပြီး ငွေကြေးဖောင်းပွမှုကတော့ ၈ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီက) ခန့်မှန်းပါတယ်။
အာရှနိုင်ငံတွေရဲ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာနဲ့ ပတ်သက်ပြီး မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားတာပါ။
ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ အားကောင်းကောင်းနဲ့ တိုးချဲ လုပ်ကိုင်နေမှုကြောင့် မတ်လကုန်အဆုံးသတ်မယ့် လက်ရှိ ဘဏ္ဍာနှစ်မှာ မြန်မာ့ စီးပွားရေး တိုးတက်မှုဟာ ဂျီဒီပီ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
ယီမင်ရှိ ဟိုသီသူပုန် အခြေစိုက်စခန်းများကို ဆော်ဒီအာရေးဗီးယား လေတပ်တိုက်ခိုက်
ယီမင်နိုင်ငံရှိ ဟိုသီသူပုန်များ ထိန်းချုပ်ထားရာ စစ်ဘက်စခန်းများကို ဆော်ဒီအာရေးဗီးယား လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဟိုသီသူပုန်များသည် ယီမင်တောင်ပိုင်းရှိ အချက်အခြာကျသော ဆိပ်ကမ်းမြို့ တစ်ခုအပါအဝင် ဒေသအတော်များများကို ထိန်းချုပ် သိမ်းပိုက်ထားပြီး လက်ရှိ ယီမင်သမ္မတ ရာဘိုဘို မန်ဆာဟေဒီမှာလည်း တိမ်းရှောင်နေရသည်။ အမေရိကန်၏ အဓိက မဟာမိတ် တစ်ဦးဖြစ်သော ဟေဒီသည် အေဒင်မြို့ ဟိုသီတို့လက် ကျရောက်သွားပြီးနောက် ဖိအားများစွာနှင့် ရင်ဆိုင်နေရသည်။
န၀ဒေးတံတားအလွန်တွင် ကားတစီး ချောက်ထဲကျ
ပြည်မြို့ န၀ဒေးတံတားအလွန်မှာ ဒုတိယအကြိမ် ကားတစီး ချောက်ထဲ ကျ ပျက်စီးသွားခဲ့ပါတယ်။
မတ် ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ပြည်မြို့က ထွက်လာတဲ့ Fugi ဆပ်ပြာ ကုမ္ပဏီကားဟာ ဧရာဝတီမြစ်၊ န၀ဒေးတံတားအလွန်၊ ရွှေဘုံသာအုပ်စု၊ ထိပ်တန်းဓာတ်ဆီဆိုင် အနီး၊ မိုင်တိုင် ၅ ဖာလုံ နဲ့ ၆ ဖာလုံကြားမှာ ချောက်ထဲကျ ပျက်စီးခဲ့တာပါ။
အာဆီယံနိုင်ငံများစုပေါင်းပြီး တစ်ခုတည်းသော လေကြောင်း ဈေးကွက် ဖော်ဆောင်ရန်စီစဉ်
လေယာဉ်မှူး (Pilot) များ၏ လိုင်စင် ကိစ္စရပ်များ၊ လေကြောင်းလိုင်း အသိအ မှတ်ပြုလက်မှတ်(AOC)ဆိုင်ရာ ကိစ္စရပ် များတွင် ပိုမိုကောင်းမွန်သည့် အခြေအနေ ဖြစ်လာစေရန် အာဆီယံ၏ တစ်ခုတည်း သော လေကြောင်းဈေးကွက် ဖော်ဆောင် သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။
ထီလက်မှတ် ဈေးတင်ရောင်းပါက ငွေဒဏ် သိန်းငါးဆယ်အထိ ပေးဆောင်ရမည့် ဥပဒေ လွှတ်တော်အတည်ပြု
အစိုးရက သတ်မှတ်ထားသည့် ထီလက်မှတ် ဈေးနှုန်းထက် ဈေးမြှင့်တင် ရောင်းချပါက ငွေဒဏ် ကျပ်သိန်းသုံးဆယ်မှ သိန်းငါးဆယ်အထိ ဒဏ်ကြေး ပေးဆောင်စေရမည့် ဥပဒေပုဒ်မ ပါဝင်သည့် အစိုးရ အောင်ဘာလေထီ ဥပဒေကို မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
“ပြည်သူတွေက အစိုးရထီ ထုတ် ရောင်းတဲ့တန်ဖိုးထက်ကို အဆပေါင်း များစွာပေးပြီးတော့ ၀ယ်နေရတယ်ဆိုတဲ့ အသံတွေထွက်နေတယ်၊ ပြည်သူ့ အသံတွေကို နားနဲ့မဆံ့ကြားနေရတယ်။ အဲဒီအတွက်ကြောင့် ဒီပုဒ်မကို ထည့်လိုက်တာ” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမြေနေရာတွင် ၀င်ရောက်ကျူးကျော်နေထိုင်မှုအား အင်အားသုံးဖယ်ရှား
ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၊ ကြက်ချောင်းကျေးရွာမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွက်လျာထား တဲ့ မြေဧက ၂၀၀ ထဲမှာ ၀င်ရောက် ဆောက်လုပ်ထားတဲ့ တဲအိမ်တွေကို မြို့နယ်စည်ပင် ၀န်ထမ်း ၅၀၀ လောက်က ဖြိုချခဲ့ပါတယ်။အဲဒီမြေနေရာမှာ နေထိုင်လာတဲ့နှစ်ကြာပြီဖြစ်တဲ့အတွက် မပြောင်းပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့တာကြောင့် အခုလို ဖျက်ဆီးခံရတာဖြစ်တယ်လို့ တဲအိမ် ဖျက်ဆီးခံရသူ ဦးကောက်ကွေး က ပြောပါတယ်။
‘အာရွှီးတဲ့ကိုကို’ဇာတ်ကားမှာ စိတ်တိုင်းမကျတာတွေ များခဲ့တယ်ဆိုတဲ့ Bobby Soxer
သရုပ်ဆောင်တစ် ယောက်အဖြစ် အာရွှီးတဲ့ကိုကို ဇာတ်ကားတွင် ပထမဆုံးပါဝင်ခဲ့ သည့် Bobby Soxer က ဇာတ် ကားရိုက်ကူးရန် ထပ်မံကမ်းလှမ်း လာပါက ဇာတ်လမ်းကို သေသေ ချာချာရွေး၍ ရိုက်ကူးချင်သည်ဟု ပြောသည်။
ရန်ကုန်မြို့ရှိ ဘတ်စ်ကားများ ဘေးကင်းလုံခြုံမှုမရှိကြောင်း စစ်တမ်းကဖော်ပြ
ရန်ကုန်မြို့ရှိ ဘတ်စ် ကားစီး ခရီးသည်များ၏ ၇၁ ရာခိုင်နှုန်းက ၎င်းတို့ နေ့စဉ်စီးနင်း အသုံးပြုနေသည့် ဘတ်စ်ကားများသည် ဘေးကင်းလုံခြုံမှုမရှိသကဲ့ သို့ သက်သောင့်သက်သာလည်း မရှိဟု ခံစားနေရကြောင်း မြန်မာနိုင်ငံ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်နှင့် ပတ်သက်၍ ကောက်ယူသည့် စစ်တမ်းတွင် ခရီးသည်များက ဖြေကြားခဲ့သည်။
သစ်ခိုးထုတ်သူများကို ရှင်းလင်းစဉ် ကေအိုင်အေနှင့် တိုက်ပွဲကိုးကြိမ်ဖြစ် ပွားဟု တပ်မတော်ထုတ်ပြန်

တစ်ဖက်နိုင်ငံသို့ သစ်ခိုး ထုတ်နေသော အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက နယ် မြေရှင်းလင်းရေး ဆောင်ရွက်ရာမှကေအိုင်အေနှင့်သုံးရက်အတွင်း ထိတွေ့တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့ပြီးသစ်တင်ယာဉ် ၂၇ စီးသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့တပ်မတော် က မတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ကိုးကန့်တပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက တပ်မတော်က လှိုက်လှဲစွာ ကြိုဆိုမည်ဟုဆို
မြေနီကုန်းခုံးကျော်တံတား တပ်မတော်နေ့တွင် စတင်ဖြတ်သန်းနိုင်မည်

မြေနီကုန်းခုံးကျော်တံတားတည်ဆောက်မှုလုပ်ငန်းခွင်ကို မတ် ၂၅ရက်ညကမြင်ရစဉ် (ဓာတ်ပုံ−နစ်ကီ)
မတ်လ ၂၇ ရက် (တပ်မတော်နေ့)တွင် မြေနီကုန်း ခုံးကျော်တံတားပေါ်သို့ ကားများ စတင် ဖြတ်သန်းခွင့် ပြုတော့မည် ဖြစ်ကြောင်း အဆိုပါခုံးကျော် တံတားဆောက်လုပ်ရေးကုမ္ပဏီ မှ သတင်းရရှိသည်။
Wednesday, 25 March 2015
ထိုင်းဝန်ကြီးချုပ်က မီဒီယာများကို သတ်ပစ်၍ ရသည်ဟု သတိပေး

ထိုင်းအာဏာသိမ်းခေါင်းဆောင်ပရာယွတ်ချန်အိုချာက မမှန်သတင်းရေးသည့်မီဒီယာသမားများကို ကွပ်မျက် ပစ်ချင် ကွပ်မျက်၍ရကြောင်းသတိပေး စကားပြော လိုက်သဖြင့် ထိုင်းနိုင်ငံ၏ မီဒီယာလောက တွင် အုတ်အော်သောင်း နင်းဖြစ်သွားသည်။
တိုက်ပွဲကြောင့် နမ့်ခမ်း ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းရွာအနီးတွင် အစိုးရတပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။
အပစ်ရပ်စာချုပ် သင်္ကြန်အကျော်တွင် လက်မှတ်ထိုးနိုင်ဖွယ်ရှိဟု KIA ဒုစစ်ဦးစီးချုပ်ပြော

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့တွင် ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီအယ်ဒီတာချုပ် ဦးအောင်ဇော် က တွေ့ဆုံမေးမြန်းစဉ်။ (ဓာတ်ပုံ-သော်ဟိန်းထက်/
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ကို မြန်မာ့ ရိုးရာ မဟာ သင်္ကြန် ကာလကျော်လွန်ပြီးနောက် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဧရာဝတီသတင်းဌာနနှင့် မတ်လ ၂၅ ရက်နေ့ တွေ့ဆုံစဉ် ထုတ်ဖော် ပြောဆိုလိုက်သည်။
မူဆယ်မြို့ရှိ ဘဏ်များကို KIA လက်နက်ကိုင်အဖွဲ့ တစ်ခုက စာပို့ထားသောကြောင့် လုံခြုံရေးတိုးမြှင့်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ် များ ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ(၄)မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရန် အကြောင်းကြားစာများ ပေးပို့ထားသော ကြောင့် အဆိုပါမြို့နယ် အတွင်းရှိ ဘဏ်များ၌ လုံခြုံရေး တိုးမြှင့်ထားရကြောင်း ယင်းမြို့နယ် ဒေသခံ များ ထံမှ သိရသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှစ်(၇၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား ၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှု ကြည့်ရှုစစ်ဆေး

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ၂၀၁၅ ခုနှစ် နှစ်(၇၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပါဝင် စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ နေပြည်တော်စစ်ရေးပြကွင်း ကြီးအတွင်း ဝတ်စုံပြည့် စစ်ရေးပြ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အိပ်ပျော်နေစဉ် မိမိအိပ်မက်တွေကို ထိန်းချုပ်နိုင်

သင်ဟာ အိပ်ရာနိုးတဲ့အချိန် မိမိအိပ်မက်တွေကို အလွယ်တကူ မှတ်မိနေသူလား ဒါမှမဟုတ် မိမိအိပ်မက် ကို ဘယ်တော့မှ မမှတ်မိတတ်သူ တစ်ယောက်လား။ အကြံပြုချက်တချို့ရယ်၊ လက်တွေ့လုပ်ဆောင်ချက် တစ်ခုနဲ့ လူတိုင်း မိမိအိပ်မက်ကို မှတ်မိအောင် ထိန်းသိမ်းနိုင်ဖို့ ကျင့်ယူနိုင်ပါတယ်။
နိုင်ငံခြားသားများ တောင်းဆိုသော စံချိန်စံညွှန်းမီ အဆောက်အအုံများ ဖော်ထုတ်နိုင်မှုကြောင့် မြန်မာ့ အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာ

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြားသားများ တောင်းဆိုသည့် စံချိန်စံညွှန်းမီ အဆောက်အအုံများ ဖော်ထုတ်နိုင်မှုကြောင့် မြန်မာ့ အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာသည်ဟု အိမ်ခြံမြေ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော www.House.com.mm မှ မတ် ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
Subscribe to:
Posts (Atom)






