တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် သောင်းကျန်းသူတို့ အကြား မတ်လ ၁ရက် ညနေပိုင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်၂၃ မိုင်အနီး စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများနှင့် နယ်နိမိတ်မှတ်တိုင် ၁၂၉ အနီး ပွိုင့် ၁၃၁၉ တောင်ကုန်းအပါအဝင် တောင်ကုန်း ၆ ခုကို တပ်မတော်မှ ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဦး စီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁ ရက် နံနက်ပိုင်းမှာပင် ကိုးကန့်လက်နက်ကိုင်များ စိုးမိုးထားသည့် လောက်ကိုင်-ကုန်ကြမ်းဆက်သွယ်ရေးလမ်းကြောင်းကိုလည်း တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်သဖြင့် လုံခြုံ စိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ပြီဟု ထုတ်ပြန်ထားသည်။