Saturday 28 February 2015

ဘဏ်ရှေ့ ရပ်ထားသော ကားပေါ်မှ ကျပ်သိန်း ၁၀၀ ခိုးယူခံရ

ကမာရွတ်မြို့နယ် အ မှတ်(၁)ရပ်ကွက်အတွင်း လှည်း တန်း၊ အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ် ရှေ့တွင် ရပ်ထားသည့် ကားပေါ် မှ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်၌ ကျပ်သိန်း ၁၀၀ ကျော်ခိုးယူခံရကြောင်း သတင်းရရှိ သည်။
အဆိုပါကားပိုင်ရှင်သည် ဧရာဝတီဘဏ်မှ ငွေထုတ်ယူပြီး ကမ္ဘောဇဘဏ်တွင် ငွေလွှဲခဲ့ကာ ပိုသည့် သိန်း ၁၀၀ ကျော်ကို ကား အတွင်းထားခဲ့ပြီး ငွေထပ်လို သည့်အတွက် နောက်တစ်ကြိမ် ဧရာဝတီဘဏ်မှ ငွေထုတ်ပြီးပြန်ထွက်လာစဉ် ကားပေါ်တွင်ထားခဲ့သည့် ငွေမရှိတော့ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ကားတံခါးကို သူမောင်းတဲ့ ဘက်တော့ ပိတ်ခဲ့မယ်လို့ သိရ တယ်။ ငွေထုပ်ထားတဲ့ဘက်က သော့ကိုလည်း ပိတ်ခဲ့တယ် ထင် တော့ ပြန်မစစ်မိဘူး ပြောတယ်။ အဲဒီဘက်အခြမ်းမှာလည်း သော့ ပိတ်ထားတာမဟုတ်တော့ ခိုးတဲ့ သူကအလွယ်တကူယူသွားနိုင် တယ်လေ’’ဟု ကမာရွတ်မြို့နယ် မှ အမှုစစ်အရာရှိက ပြောသည်။

ယခုရက်သည် ဘဏ်တွင် လစာထုတ်သည့် ရက်ဖြစ်သည့် အတွက် ဘဏ်လုံခြုံရေးများမှာ လည်း မိမိဘဏ်သို့ လာရောက်ငွေထုတ်ယူသူများကို ဂရုစိုက်နေရ၍ ဘဏ်ရှေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါအမှုကို သတိမပြုမိခဲ့ဟု လုံခြုံရေးမှူးအချို့ကဆိုသည်။
ကမာရွတ်မြို့နယ်အတွင်း လုယက်မှု၊ ခိုးယူမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး တရားခံအများစုကို ဖမ်းဆီးရမိခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အင်းလျားကန်ပေါင်တွင်လည်း အငှားကားစီးပြီး ပိုက်ဆံအိတ်လုယူသူကိုလည်း ဖမ်းဆီးရမိထားသည်ဟု ကမာရွတ်မြို့နယ်မှူးရဲမှူးဇော်ဝင်းက ပြောသည်။
ကားပေါ်မှ ပိုက်ဆံခိုးယူ သည့် တရားခံများကို သက်ဆိုင် ရာ နယ်မြေရဲစခန်းများနှင့် ပူးပေါင်းရှာဖွေဖမ်းဆီးသွားမည် ဖြစ်ပြီး တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင် ရန် ဆောင်ရွက်နေသည်ဟု ဆို သည်။
7 Day Daily

No comments:

Post a Comment