Sunday 1 March 2015

ရိုးမေးနီးယားလူငယ်တစ်ဦး လူပျိုစင်ကို လေလံတင်



ရိုမေးနီးယားနိုင်ငံက အမျိုးသားတစ်ဦးက သူ့ရဲ့လူပျိုဘဝကို လာမယ့်နိုင်ငံ တကာအမျိုးသမီးများနေ့မှာ လေလံတင်ရောင်းချသွားမယ် လို့ သိရပါတယ်။

အဆိုပါ နိုင်ငံတကာအမျိုးသမီးများနေ့မှာ မိမိရဲ့လူပျိုဘဝကို လေလံတင် ရောင်းချသွားမယ့် အမျိုးသားကတော့ အသက်၂၄နှစ်အရွယ် Sorin Georgian Salinievici ဆိုသူဖြစ်ပြီး သူဟာ ရိုမေးနီးယားနိုင်ငံ ဘူ ဒါပက်မြို့မှာ နေထိုင်တယ်လို့ သိရပါတယ်
Sorin ဟာ မိမိရဲ့လူပျိုဘဝ ကို နိုင်ငံတကာအမျိုးသမီးများနေ့မှာ ၁၄၇၆ပေါင်နဲ့ လေလံတင်ရောင်း ချသွားမှာပဲ ဖြစ်ပါတယ်။ သူဟာ တက္ကသိုလ် ဆက်မတက်နိုင်တော့လို့ ကျောင်းပညာရေးတစ်ပိုင်းတစ်စနဲ့ နားထားရတယ်လို့ သိရပြီး ယခုလို သူ့ရဲ့လူပျိုစင်ဘဝကို လေလံတင်ရောင်းချရခြင်းကလည်း လိုအပ်နေတဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းရန်ဖြစ်တယ်လို့ ၄င်းက ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ လူပျိုစင်ဘဝကိုဝယ်ယူမယ့်အမျိုးသမီးက ရုပ်ရည်လှပ ချောမောစရာ မလိုဘဲ ရိုးသားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ရမယ်လို့ အသက် ၂၄နှစ်အရွယ် Sorin က ပြောဆိုခဲ့ပါတယ်။ Sorin ရဲ့ အရင်းနှီး ဆုံး သူငယ်ချင်းဖြစ်သူ Vasile Hanu က ''သူဟာ မိန်းကလေးတွေနဲ့ ပတ် သက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာမဆက်ဆံမှုကိုတော့ တစ်ခါမှမပြု လုပ်ခဲ့ပါဘူး''လို့ ပြောဆိုခဲ့ပါတယ်။
ဘူဒါပက်မြို့ရဲ့လမ်းမပေါ်မှာ Sorin ဟာ ဓာတ်ပုံပိုစတာကို ကိုင်ဆောင်လို့ မိမိရဲ့လူပျိုဘဝကို လေလံတင်ရောင်းချမယ်လို့ ကြေညာ ခဲ့စဉ်မှာ အမျိုးသမီး တစ်ယောက်က ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ သူမပေးတဲ့ဈေးနှုန်းက အင်မတန်နည်းလွန်းတဲ့အတွက် ငြင်းပယ်ခဲ့ရတယ်လို့ သိရပါတယ်။
Ref: Daily Mirror

No comments:

Post a Comment