Saturday 28 February 2015

ပင်မသပိတ်စစ်ကြောင်း မတ်လ ၁ ရက် ရန်ကုန်သို့ ချီတက်လာမည်

လက်ပံတန်းမြို့တွင် ရပ်နားထားသော ပင်မသပိတ်စစ်ကြောင်းသည် သတ်မှတ်တောင်းဆိုထားသည့် ရက် အတွင်း အမျိုးသားပညာရေးဥပဒေကို အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် တစ်စုံတစ်ရာမရရှိသော ကြောင့် မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ချီတက်မည်ဟု ပင်မသပိတ် ကျောင်းသား ခေါင်းဆောင်များကပြောသည်။
မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းသည် အခြေခံပ ညာကျောင်းများ စာမေးပွဲဖြေဆို ချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ရက်မှစတင် ကာ ၁၉ရက် ရပ်နားခဲ့သည်။ ထိုသို့ ရပ်နားချိန်အတွင်း အမျိုးသားပ ညာရေးဥပဒေကို အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် ရလဒ်တစ်စုံတစ်ရာရရှိရန် တောင်းဆိုခဲ့သည်။

‘‘ကျွန်တော်တို့ မူလရည်မှန်း ချက်ကိုက ရန်ကုန်ထိသွားဖို့ပါ။ လက်ပံတန်းရောက်တော့အခြေခံ ကျောင်းတွေစာမေးပွဲဖြေရမယ့် အချိန်ဖြစ်နေတော့ ကျွန်တော်တို့ လမ်းကြောင်းကို ရပ်နားထား တယ်။ ရပ်နားထားတဲ့ရက်အ တွင်းမှာ ဥပဒေအတည်ပြုပေးဖို့ အတွက် တိကျခိုင်မာတဲ့ ကတိက ၀တ်တွေလိုချင်တယ်။ အဲဒီလိုမရလို့ မတ်လ ၁ရက်မှာ သပိတ်စစ် ကြောင်းကို ဆက်ချီတက်မယ်’’ဟု ပင်မသပိတ်ကျောင်းသားသပိတ် စစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်ကပြောသည်။
ဇန်န၀ါရီ ၂၀ရက်က မန္တ လေးမြို့မှ စတင်ထွက်ခွာလာ သော ပင်မသပိတ်စစ်ကြောင်း သည် လမ်းလျှောက်ချီတက်သည့် ရက်ပေါင်း ၂၉ရက်အကြာ လက် ပံတန်းမြို့သို့အရောက်တွင် ခေတ္တ ရပ်နားခဲ့ခြင်းဖြစ်သည်။
‘‘လာမယ့်မြို့မှာ ရပ်နားဖို့အ တွက် ကြိုဆိုရေးအဖွဲ့တွေလုပ်နေ ကြပါပြီ။ သာယာဝတီမြို့ကို ချီ တက်ဖို့လုပ်နေပါတယ်။ အစိုးရ ဘက်က ပြင်ပေးမယ့်ဟာကို တိကျတဲ့ ကတိမရသေးလို့ပါ’’ဟုပင် မသပိတ် ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူ ကပြောသည်။
အမျိုးသားပညာရေးဥပဒေ ဆိုင်ရာအပိုဒ် ၄၃(ည)တွင် ပါဝင် သည့်အချက်များနှင့် မဘသဆရာ တော်ကြီးများက နားလည်မှုလွဲ မှားနေသောကြောင့်ကျောင်းသား များသုံးနှုန်းသည့်ဝေါဟာရအား မဘသဆရာတော်ကြီးများကို ယနေ့ဖေဖော်ဝါရီ ၂၈ရက်တွင် မကွေးကျောင်းတိုက်၌ ရှင်းပြကြ မည်ဖြစ်သည်။
‘‘ဆရာတော်တွေထင်နေတာက ဗုဒ္ဓဘာသာကျောင်းတွေ၊ တခြား ဘာသာတွေ သင်တဲ့ကျောင်းတွေကို ပညာရေးဝန်ကြီးဌာနအောက်ကို ထည့်သွင်းထားတယ်လို့ ထင်နေတယ်။ ကျွန်တော်တို့ယူဆတာက အဲဒီလိုမဟုတ်ပါ ဘူး။ ဘကကျောင်းတွေမှာ ဘတ် ဂျက်မလုံလောက်လို့ ဘတ်ဂျက် ရရှိအောင် ဘကကျောင်းတွေကို ပညာရေးဝန်ကြီးဌာနအောက်ကို ရောက်အောင်ထည့်ထားတဲ့ သ ဘောပါ။ အဲဒီလိုရှင်းပြတော့ ဆ ရာတော်တွေက နားလည်သွားပါ တယ်။ ဒါကြောင့်ဆရာတော်တွေ အကုန်သိ သွားအောင် မကွေး ကျောင်းတိုက်မှာ စုံညီရှင်းပြမှာ ပါ’’ဟု ကိုသီဟ၀င်းတင်ကပြော သည်။
ရန်ကုန်သို့ လမ်းလျှောက်ချီ တက်နေသောကျောင်းသားသ ပိတ်စစ်ကြောင်း လေးခုအနက်မှ သပိတ်စစ်ကြောင်းသုံးကြောင်း သည် ဖေဖော်ဝါရီ ၁၆ရက်က ရပ် နားခဲ့ကြသည်။လက်ရှိအချိန် တွင် ပင်မသပိတ်စစ်ကြောင်းတစ် ကြောင်းသာ ရန်ကုန်သို့ချီတက် နေခြင်းဖြစ်သည်။
ပင်မသပိတ်စစ်ကြောင်း သည် ရန်ကုန်မြို့အတွင်းသို့ ၀င် ရောက်လာမည်ဆိုပါက နှစ်ရက် အကြာတွင် ပဲခူးတိုင်းနှင့် ရန်ကုန် တိုင်းနယ်ကြားသို့ ရောက်ရှိလာ မည်ဖြစ်သည်။ ပဲခူးတိုင်းနှင့်ရန် ကုန်တိုင်းနယ်ကြားတွင် သပိတ် မှောက်ကျောင်းသားများကိုတား ဆီးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၄ရက်ကတည်းက ကြိုတင်ချထားသည်။
ပညာရေး ဥပဒေကြမ်းကို မတ်လ ၅ ရက်တွင် ကြားနာမည်ဖြစ်သောကြောင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးအကြံပြုမည့် ကိုယ်စားလှယ်များကို ဖိတ်ကြားထားကြောင်းသတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment