Sunday 1 March 2015

နှစ်ဖက်စလုံးက ကိုယ်ကျိုးစီးပွား အတ္တစိတ်ကြီးမားနေမှုကြောင့် ကိုးကန့် တိုက်ပွဲများဖြစ်ပွားရဟု ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌပြော


နှစ်ဖက်စလုံးတွင် ကိုယ်ကျိုးစီးပွား အတ္တစိတ်ကြီးမားနေမှုကြောင့် ကိုးကန့်ဒေ သတွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော် သူက ပြောဆိုလိုက်သည်။

''ငြိမ်းချမ်းဖို့ လိုအပ်ပါတယ်။ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး။ စစ်ပွဲဖြစ်ရင် ပြည်သူတွေ သာမက ရဲဘော်တွေလဲ ဒုက္ခရောက်ကြတယ်။ ဖြစ်လာပြီဆိုရင်တော့ ဒုက္ခရောက်တဲ့ ဘယ် သူ့ကိုမဆို ကူညီသွားမယ်။ လူသားချင်း စာ နာထောက်ထားဖို့ ကိုယ်ချင်းစာနာဖို့ လို အပ်ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့်ဖြစ် လဲဆိုတော့ နှစ်ဖက်စလုံးက အတ္တကြီးမား တဲ့အတွက် ဖြစ်ကြတာပဲ။ အတ္တလျှော့ဖို့ လော ဘ၊ ဒေါသ၊ မောဟတွေ လျှော့ဖို့ လိုအပ်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးတယ်။ တိုင်းပြည်တစ်ပြည်က ဗြဟ္မစိုရ်တရား ခေါင်း ပါးရင် ကပ်ဘေးမျိုး ကြုံတယ်။ ဒီလို စစ်ဘေး လို ကပ်ဘေးကြုံရတယ်။ ဒါကြောင့် ဗြဟ္မ စိုရ်တရား လက်ကိုင်ထားဖို့ လိုပါတယ်။ အ ကြင်နာတရား လက်ကိုင်ထားဖို့ လိုပါတယ်။ ဗြဟ္မစိုရ်တရားကို ဘယ်လူမျိုး၊ ဘယ်ဘာသာ မဆို ထားလို့ရပါတယ်''ဟု ဦးကျော်သူက ပြောသည်။

နိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြင့် ပြည်သူများနှင့် ရဲဘော်တွေလည်း အ တိဒုက္ခ ရောက်ရှိနေပြီး နာရေးကူညီမှုအ သင်းအနေနှင့် ဒုက္ခရောက်သူ မည်သူမဆို လူသားချင်းစာနာ၍ ကူညီစောင့်ရှောက်သွား မည်ဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

''အသင်းအနေနဲ့ အဓိက စစ်ဘေး ရှောင် ပြည်သူတွေအတွက် သိန်း ၁ဝဝ မ တည်ပြီး လှူဒါန်းဖို့ ရှိပါတယ်။ အဲဒီထဲကမှ ကျပ် ၆၈ သိန်းကျော် သိန်း ၇ဝ ခန့် လှူဒါန်း ခဲ့ပါတယ်။ အရေးပေါ်သုံး ဆေးဝါးတွေကို လှူဒါန်းခဲ့ တယ်''ဟု နာရေးကူညီမှု အသင်း (ရန်ကုန်)မှ ဒေါ်ဧရာမောင်မောင်က ပြော သည်။

အဆိုပါ လူမှုကူညီမှုအသင်းသည် တိုက်ပွဲကြောင့် ဒဏ်ရာရစစ်သည်နှင့် စစ်ဘေးရှောင်ဒုက္ခသည် ပြည်သူ များအားကူညီနိုင်ရန် ဖေဖော်ဝါရီ ၂ဝ ရက်တွင် လားရှိုး မြို့သို့ သွားရောက်ခဲ့လှူဒါန်းခဲ့ကြောင်းသိရသည်။

TheYangonTimes
Yangon Media Group

No comments:

Post a Comment