Saturday 28 February 2015

ဘူးသီးတောင် - မောင်တော ကားလမ်းရှိ ဥမင်လိုဏ်ခေါင်းငယ် ရှောင်ကွင်းလမ်း စတင်ဖောက်လုပ်

ဘူးသီးတောင်- မောင်တောကားလမ်းပေါ်ရှိ ဥမင် လိုဏ်ခေါင်းငယ် ရှောင်ကွင်းလမ်းကို ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်၍ ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီ ယာအဖွဲ့ ကြီးကြပ်မှုဖြင့် ဖောက်လုပ်နေပြီဖြစ်ကြောင်း မောင်တောခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းထိုက်ကပြောသည်။
လက်ရှိ ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် ဥမင်လိုဏ်ခေါင်းငယ်မှာ အလျား ၉၈ ပေ ရှည် လျားပြီး အမြင့် ၁၃ ပေရှိကြောင်း သိရသည်။ ကားလမ်းပေါ်တွင် မော်တော်ယာဉ်များ ပြေးဆွဲမှု များလာခြင်းနှင့်အတူ ယာဉ်များ ရှောင်တိမ်းရန် လမ်းအကျယ်အ ၀န်းမရှိခြင်းနှင့် အမြင့် ၁၃ ပေ အထက်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရခြင်းတို့ ကြောင့် ရှောင်ကွင်းလမ်းဖောက်လုပ်ရခြင်းဖြစ်ကြောင်း ဦးလင်းထိုက်ကပြောကြားသည်။

ယခုဖောက်လုပ်မည့် ဥမင် လိုဏ်ခေါင်းငယ်ရှောင်ကွင်းလမ်း မှာ ဘူးသီးတောင်မှ မောင်တော နယ်စပ်သို့ လာပါက လမ်း၏ ယာဘက်တွင် တည်ရှိသည်။ ဘူး သီးတောင်-မောင်တော နယ်စပ် ကားလမ်းပေါ်တွင် ဥမင်လိုဏ် ခေါင်းငယ်တစ်ခုနှင့် ဥမင်လိုဏ် ခေါင်းကြီးတစ်ခု တည်ရှိနေပြီး ဥမင်လိုဏ်ခေါင်းကြီး ရှောင်ကွင်း လမ်းကို ၂၀၁၃ ဒီဇင်ဘာက ဖောက်လုပ်ပြီးစီးခဲ့သည်။ ကား လမ်းပေါ်ရှိ ဥမင်နှစ်ခုကို ၁၉၁၈ က မာတင်ကုမ္ပဏီက ဖောက်လုပ်ခဲ့ပြီး လာမည့် ၂၀၁၈ တွင် နှစ်ပေါင်း ၁၀၀ ပြည့်တော့မည်ဖြစ်သည်။
7 Day Daily

No comments:

Post a Comment