Monday, 16 February 2015
မန္တလေးမှ ကိုးကန့် တို့ ၏ ပိုင်ဆိုင်မှုများ
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ ၇။ သကြားချက်စက်ရုံ
လောက်ကိုင်မြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လူ၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ
လောက်ကိုင် နယ်မြေအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်
စစ်ကြောင်းများက အင်အားဖြည့်တင်း၍ နယ်မြေ ရှင်းလင်းခြင်းများ
ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လောက်ကိုင်မြို့တွင်း၌ ကိုးကန့်တိမ်းရှောင်
အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်တင်ရန် သဘောတူ
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီး
ဌာနကနေတဆင့် လွှတ်တော်ကို တင်ပြဖို့ သဘော တူကြောင်း ၄ ပွင့်ဆိုင်ေ
ဆွးနွေးပွဲကနေ ထုတ်ပြန်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)က
တင်သွင်းတဲ့ ပညာရေး ဥပေဒမှုကြမ်းကို လွှတ်တော်မှာ တင်သွင်းဖို့နဲ့
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ
အပြီးသတ်ရေးဆွဲသွားဖို့လည်း သဘောတူညီခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ အစိုးရ၊ လွှတ်တော်၊
ကျောင်းသားတွေနဲ့ အန်အန်အီးအာရ်တို့ ဆွေးနွေးခဲ့ပြီး အခုလို
ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၀င်းခန်းမမှာ ကျင်းပခဲ့တဲ့ အမျိုးသားပညာရေး
ဥပဒေ ပြင်ဆင်ရေးေ လးပွင့် ဆိုင်ဆွေးနွေးပွဲမှာ အစိုးရက ကျောင်းသားတွေ
တောင်းဆိုတဲ့ အချက် ၁၁ ချက်ကို မူအရသဘောတူညီခဲ့ပါတယ်။
ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံး
လောက်ကိုင်မြို့အတွင်း မြန်မာ့တပ်မတော်မှ နယ်မြေရှင်း လင်းခြင်းေ ဆာင်
ရွက်ရာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)အထိ ကိုးကန့် တိမ်းရှောင် အဖွဲ့မှ
၂၆ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ များမှ ထုတ်ပြန်သည်။
အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုးကန့်မြို့နယ်အတွင်း နယ်မြေရှင်း
လင်းရေးဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၅ ရက်၌ ကိုးကန့်တိမ်းရှောင်အဖွဲ့မှ
အလောင်းငါးလောင်းထပ်မံရရှိပြီး ကိုးကန့်တပ်ဖွဲ့ဝင် ၁၈ ဦး၏ အလောင်း
များရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ကိုးကန့်တိမ်းရှောင်တ
ပ်ဖွဲ့ဝင်များမှ အပြင်းအထန် ဒဏ်ရာရသူ ရှစ်ဦးရှိပြီး ၎င်းတို့အား တပ်မေ တ်ာက
ဆေးကုသမှုဆောင်ရွက်ပေးစဉ် သေဆုံးသွားကြောင်း အစိုးရသတင်း
ထုတ်ပြန်ချက်တွင်ဖော်ပြထား၍ စုစုပေါင်း ၂၆ ဦးကျ ဆုံးခဲ့ခြင်ြး ဖစ်သည်။
ကန်အရှေ့မြောက်မှာ နောက်ထပ် နှင်းမုန်တိုင်းကျရောက်
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း New England ဒေသနဲ့ Massa chusetts
ပြည်နယ်အရှေ့ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာမှာ ခန့်မှန်း
ထားတာထက် ပိုပြီး နှင်းတွေကျခဲ့ပါတယ်။
Massachusetts ပြည်နယ်မှာ နှင်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အင်မ တန်ေ
အးခဲတဲ့ လေအေးတွေ ဆက်တိုက်နေတာကြောင့် ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့
ပြည်နယ်အုပ်ချုပ်ရေးမှူး Charlie Baker က တနင်္ဂနွေေ န့က တိုက်တွန်းခဲ့ပါတယ်။
နှင်းအများဆုံးကျခဲ့တဲ့ Ipswich မြို့မှာ တနင်္ဂနွေေ န့က နှင်းအမြင့် လက်မ ၂၀
ဖြစ်ခဲ့ပါတယ်။ လေပြင်းတိုက်နှုန်းကလည်း တနာရီမိုင် ၆၀ ကျော်နှုန်းနဲ့
တိုက်ခတ်နေတာမို့ လမ်းပေါ်ထွက်ဖို့ မသင့်ဘူး လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး
Baker က တနင်္ဂနွေနေ့ မနက်ပိုင်း က ပြောကြား ခဲ့ပါတယ်။ တနင်္လာနေ့ မနက်အထိ
Massachusetts ပြည် နယ် မှာ နှင်းမုန် တိုင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
တက်စ်ကို ဆူပါမားကတ် အလုပ်သမား သောင်းချီ ဖြုတ်မည်
နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ ဗြိတိန်က တက်စ်ကို ဆူပါမားကတ်ဟာ အလုပ်နေရာ သောင်းကျော်ကို ဖြုတ်ချတော့မှာ ဖြစ်ပါတယ်။
တက်စ်ကိုက အလုပ်နေရာ ၂၀၀၀ကျော် ဖြုတ်မယ်လို့ အတည်ပြုထားပေမယ့် ကျဆင်းလာတဲ့
အမြတ်အစွန်းကြောင့် ၅ ဆလောက်ထပ်ဖြုတ်နိုင်တယ်လို့ အေအက်ဖ်ပီသတင်းက
ရေးပါတယ်။
အလုပ်နေရာ ၆ထောင်က ဌာနချုပ်မှာ ဖြုတ်မှာ ဖြစ်ပြီး ဆူပါမားကတ် ၄၃ ဆိုင်ကိုလည်း ပိတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ အရောင်းအ၀ယ်နဲ့ အကျိုးအမြတ် မရှိတာကို သက်သာအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သတင်းတွေက ရပါတယ်။
လောက်ကိုင်ရဲစခန်း ပစ်ခတ်ခံရ၊ ရဲမိသားစုဝင် ၁၃၀ ကျော် လားရှိုးကို ထွက်ပြေး
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့က ရဲတပ်ဖွဲ့ဝင်မိသားစု ကလေး
လူကြီး ၁၃၀ကျော်ဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ကို
ထွက်ပြေးရောက်ရှိလာကြပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက
ထွက်ပြေးလာကြတာဖြစ်ပြီး မြို့မ ရဲစခန်း ရှေ့တည့် တည့်နေအိမ်တွေကနေ စခန်းကို
ချောင်းမြောင်း ပစ်ခတ် တဲ့အတွက် လူကြီးတွေကပြောင်းခိုင်း တဲ့အတွက်
လားရှိုးကို ထွက်ပြေး လာကြတာလို့ ရဲမိသားစုဝင်အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
သူတို့ရဲ့ မိသားစုဝင်တွေ လုံခြုံရေးစိုးရိမ်ရလို့ ထွက်ပြေးလာကြတုန်း
မြို့မရဲ စခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရဲမိသားစုဝင်
အမျိုးသမီး က ပြောပါတယ်။
“ကျမတို့ အခု ထွက်လာကြရင်း
ယောက်ျားတွေနဲ့အဆက်အသွယ်လုပ်ကြည့်တော့ အဲ့ဒီ အိမ်ကပစ်နေတော့ သူတို့လည်း
ပြန်ပစ်နေတယ်လို့ ပြောတယ်။ မြို့ထဲမှာ သူတို့က ချောင်းပြီးပစ်နေတာ၊ လာရှိုးက
လာကူတဲ့ ရဲတပ်ဖွဲ့နဲ့ဆို ရဲအင်အား ၆၀-၇၀ လောက်ရှိမယ်၊ ပြန်ပစ်နေကြတာ။”
သပိတ်မှောက်ကျောင်းသားများ မိဘရင်ခွင်ပြန်ရန် သီတဂူဆရာတော်မေတ္တာရပ်ခံ
ကျောင်းသားသပိတ် ဆင်နွှဲနေသော မြန်မာနိုင်ငံအနှံ့မှ ကျောင်းသားများ
မိဘရင်ခွင်ပြန် ရန် ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် သီတဂူဆရာတော် ဒေါက်တာ
အရှင်ဉာဏိဿရက စာရေးသား ကာ မေတ္တာရပ်ခံလိုက်ကြောင်း သတင်း ရရှိသည်။
‘‘သပိတ်မှောက်ကျောင်းသား အပေါင်းတို့ သားတို့၊ သမီးတို့ သည် အမျိုးသား
ပညာရေးဥပဒေ အတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲဝိုင်းပေါ် အထိ တွေ့ ဆုံဆွေး
နွေးညှိနှိုင်းလျက် အောင်မြင်စေ ရန် ဆောင် ရွက်ခဲ့ကြ သည်ကို သိရှိရသဖြင့်
ဂုဏ်ယူမိပါကြောင်း’’ မေတ္တာရပ်ခံစာတွင် ဆရာတော် က
မိန့်ကြားသည်။နိုင်ငံတော်အစိုးရ၊ လွှတ် တော်၊ NNER နှင့် သပိတ်ေ မှာက်
ကျောင်း သားတို့ တွေ့ဆုံညှိနှိုင်း သဖြင့် ရရှိလာသော ရလဒ်တို့ သည်
ကောင်းမွန်ကြမည်ဟု ယုံ ကြည်ပါကြောင်း ကြေညာချက် တွင် ရေး သားထားသည်။
ဟာဝိုင်အီကို ဟန်းနီးမွန်းသွားမယ့် ဆုပန်ထွာ
အမေရိကန်နိုင်ငံတွင် မင်္ဂလာလက်မှတ်ရေးထိုးခဲ့သော ဆုပန်ထွာနှင့်
ဥက္ကာကျော်တို့၏ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင်
Santa Monica ကမ်းခြေ၌ ပြုလုပ်ခဲ့သည်။၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီ ၃၀ ရက်တွင်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ်မြို့ရှိ
တရားရုံးတစ်ခု၌ မင်္ဂလာလက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ် သည်။‘‘အစ်မ တို့
မြန်မာနို င်ငံကို ဖေဖော်ဝါရီ ၂၅ ရက်လောက်ပြန်လာမှာပါ။ ဟန်းနီးမွန်းကတော့
နောက်ရက်ထဲမှာ ဟာဝိုင်အီကို သွားမယ်’’ဟု ဆုပန်ထွာက ပြောသည်။
မြန်မာနိုင်ငံတွင်လည်း မင်္ဂ လာဧည့်ခံပွဲပြုလုပ်ရန် အစီအစဉ် ရှိပြီး မတ်လအတွင်း ပြုလုပ်မည် ဟု ၎င်းက ပြောသည်။
Saturday, 14 February 2015
မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ရန်ကုန်တိုင်း အတွင်းသို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်ခြင်း မပြုရန် အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်
မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ရန်ကုန်တိုင်းအတွင်းသို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်ခြင်း မပြုရန် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ သည်။
ဆန္ဒပြ ကျောင်းသားကျောင်းသူများ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ် များနှင့် လေး ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် (၁၁) ချက်နှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီး ဖြစ်ကြောင်း၊ ထို့အပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီးဖြစ်၍ သပိတ် စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်း မပြုရန် အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားထားပြီးဖြစ်ကြောင်း ပါရှိသည်။ အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်အကောင် အထည် ဖော်ရန် အတွက် ဖေဖော်ဝါရီ ၁၄ ရက်တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန်
စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့် မှ ပြုတ်ကျေ သဆုံးမှုအပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ပေါက်ရေး အကူအညီ တောင်းခံ
စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့်မှ ပြုတ်ကျေ သဆုံးခဲ့သည့်အပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ေ ပါက်ရေး အကူအညီ တောင်းခံထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ မမာမာဦး က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက စင်ကာပူသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည့် မတင်နီလာအောင်သည် နိုဝင်ဘာလ အကုန်က တိုက်အမြ င့်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“အလောင်း ဒီကိုရောက်လာတဲ့ အချိန်မှာ မှုခင်းဆရာဝန် စစ်ချက်တွေ မပါ လာဘူး။ ပြီးတော့ ခန္ဓာကိုယ်မှာလည်း နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ တယ်။ အလုပ်လုပ်တဲ့ နေရာကတခြား သေတဲ့နေရာကတခြား ဖြစ်နေတယ်။ နောက် labour က မိသားစုကို လက်မှတ်ထိုးခိုင်းတဲ့ စာထဲမှာ သူ့ဘာသာသူ ခုန်ချေ သ တယ်ဆိုပြီး ပါတယ်။ ဒါကြောင့် မိသားစုဘက်က ဒီအမှုကို သံသယဖြစ်ပြီး ဘာကြောင့် သေရတယ်ဆိုတဲ့ အမှုမှန် ပေါ်ပေါက်ဖို့ လာရောက်အ ကူ အညီ တောင်းခံထားတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့ အဖွဲ့အ စည်း က မမာမာဦးက ဆိုသည်။
“နောက်ဆုံးသိရတဲ့ သတင်းအရတော့ စင်ကာပူက မြန်မာသံရုံးမှာ မူခင်း စစ်ဆေးချက်ကို ဖတ်ပြမယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ြေ ပာကြား သည်။
ကျဆုံး အစိုးရ စစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ဦးတေဇ သိန်း တစ်ထောင်လှူမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် အစိုးရ တပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် တပ်ပေါင်းစုတို့ ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အစိုးရစစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ထူးဖောင်ဒေးရှင်၏ နာယကဖြစ်သူ ဦးတေဇမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်းသွားမည်ဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် လွန်ခဲ့သည့် မိနစ်သုံးဆယ်က ရေးသားထားသည်။
“တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော တပ်မတော်သားများအတွက် ထူးဖောင်ေ ဒးရှင်းမှ ကျန်ရစ်သော မိသားစုများနှင့် ထပ်တူ ဝမ်းနည်းေ ကြကွဲမိ ပါသည်” ဟုလည်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ထားသေးသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် ဖုန်ကြားရှ
အမေရိကန်စစ်သည်များ ရှိနေသည့် လေတပ်စခန်း တစ်ခုအနီးရှိ မြို့တစ်မြို့ကို အိုင်အက်စ်တပ်များ သိမ်းပိုက်
အီရတ် အနောက်ပိုင်းရှိ မြို့တစ်မြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်များ ရှိနေသည့် လေတပ်စခန်း တစ်ခု၏ လုံခြုံရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အိုင်အက်စ် တပ်များသည် အယ်လ်ဘဂ္ဂဒက်ဒီမြို့၏ (၉၀)ရာခိုင်နှုန်းမျှကို ထိန်းချုပ်ထားလိုက်ပြီဟု သိရသည်။ အဆိုပါမြို့သည် စစ်ရေးအရ အချက်အခြာကျသည့် အန်ဘာခရိုင်အတွင်း ရာမာဒီမြို့ အနောက်မြောက်ဘက် မိုင်(၅၀)မျှ အကွာတွင် တည်ရှိသည်။ ထို့အပြင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ရာဂဏန်းမျှ တပ်စွဲထားပြီး အီရတ်စစ်သည်များကို လေ့ကျင့်ပေးနေသည့် လေတပ်စခန်း တစ်ခုနှင့်လည်း မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
အယ်လ်ဘဂ္ဂဒက်ဒီကို လအနည်းငယ်မျှ ကြာသည်အထိ ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများက ဝန်းရံ ပိတ်ဆို့ထားပြီးနောက် ယခုအခါ မြို့၏ အစိတ်အပိုင်း အားလုံးနီးပါး အိုင်အက်စ်တို့လက် ကျရောက်သွားခြင်း ဖြစ်သည်။ အိုင်အက်စ် တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ အီရတ် အနောက်ပိုင်းရှိ ဒေသအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် သိမ်းပိုက်လာနိုင်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသော အိုင်အက်စ် တပ်များသည် ဖေဖော်ဝါရီ ၁၂ ရက်က အယ်လ်ဘဂ္ဂဒက်ဒီမြို့ကို စစ်ကြောင်းနှစ်ခုဖြန့်ကာ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း အီရတ် ထောက်လှမ်းရေး ဌာနက ပြောကြားခဲ့သည်။
ကတိသစ္စာမဲ့ခြင်းကြောင့် လောက်ကိုင်တိုက်ပွဲဖြစ်ပွားရဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြော
ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရတပ်သည် မည်သည့်လက်နက် ကိုင်ဌာနချုပ်ကိုမျှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လောက်ကိုင် ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း ကတိသစ္စာမဲ့ခြင်းကြောင့် ဖြစ်ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင်ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၃)ဖွဲ့နှင့် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် ပြောလိုက်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့အပါအဝင် တပ်ပေါင်းစုအဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကို ရည် ညွှန်းပြီး ''ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောပြီးတော့ စစ်မြေပြင်မှာ ဒီလိုဆောင်ရွက်တာတော့ မသင့် တော် ဘူးပေါ့။ သစ္စာမဲ့ရာ ကျတယ်လို့ပြောပါတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးခွန် ဥက္ကာက မဇ္ဈိမကို ပြောသည်။
အထက်ပါပြောဆိုချက်သည်မည်သည့် အဖွဲ့ဟု ကာကွယ်ရေးဦးစီးချုပ်က အတိအကျ ရည်ညွှန်းပြောဆိုခြင်း မရှိသော်လည်း သက်သေများရရှိထားပြီး မကြာခင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု အချိန်တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ကာချုပ်ကပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
''သူတို့ မြန်မြန်လုပ်မယ်ထင်မယ်။ တော်တော်ပူပူလောင်လောင်ဖြစ်နေတာ။ တပ်ဖက်က တော်တော်လေး အထိနာနေတာ။ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေသိပ်များနေတယ်။ ဟိုဘက်က လက်နက်လည်း တော်တော်ကောင်းတယ်ပြောတယ်။ တပ်မတော်ဘက်က အထိနာတဲ့သဘောရှိတယ်။ ဒါကြောင့် တပ်မတော် အကြီးအကဲအနေနဲ့လည်း သူမခံမရပ်နိုင်ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ'' ဟု ၎င်းက ပြောသည်။
ယခုလ ၉ ရက်ကစပြီး ဖုန်ကြားရှင်ဦးဆောင်သည့် ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)စသည့် တပ်ပေါင်းစုအဖွဲ့များနှင့် အစိုးရတပ် တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၃ ရက် က နေပြည်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့ေ တွ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေး မူဝါဒများကို ရှင်းပြခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံက သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုရက် ပိုင်းအတွင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့များသည် ကျေးရွာပြည်သူ့စစ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မိမိ တပ်ဌာနချုပ်များကို စတင်တိုက်ခိုက်ခြင်းကြောင့် ယင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ကျဆုံးမှုများလည်းရှိပြီး ဖြစ်စဉ်အမှန်အတိုင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဌာနချုပ်များ၊ စခန်းများအား တိုက်ခိုက်မှု လုံးဝမရှိကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်များတွင် အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပါဝင်ပတ်သက်မှုများ အထောက်အထားနှင့် ရှိနေကြောင်း၊ ယင်းအတွက်လည်း တာဝန်ယူရမည်ကို ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးဆိုသည့် စကားများ ဆိုနေကြချိန်တွင် စတင်တိုက်ခိုက်ပါက မူသဘောထားကို များစွာ စဉ်းစားရမည်ဖြစ်ကြောင်း၊ မကြာမီ တပ်မတော်အနေဖြင့် သတင်းစာရှင်း လင်းပွဲ ပြုလုပ် သွားမည်ဖြစ်ေ ကြာင်း စသည်တို့ကို ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
“၀” ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) ၏ ကိုယ်စားလှယ်နှင့် မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များက လောက်ကိုင်ဒေသ ဖြစ်စဉ်တွင် ၎င်းတို့အနေဖြင့် စစ်ရေးအရ၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု ကူညီထောက်ပံ့မှု မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုမလုပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလအတွင်း နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှု အရှိန်တိုးမြှင့်တာနဲ့ လေကြောင်း စစ်ဆင်တာတွေမလုပ် ဘဲ ရှောင်ရှားဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၂၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေး အပြီး ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါ။
ဒီကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲ မတိုင်မီ ပြင် ဆင်ဖို့ နဲ့ ရွေးကောက်ပွဲမှာ NBF အဖွဲ့ဝင်ပါတီတွေအနေနဲ့ သက်ဆိုင်တဲ့ မဲဆန္ဒနယ်မြေတွေမှာ အပြည့်ဝင်ပြိုင်မှာ ဖြစ်ပြီး တိုင်းရင်သား ပါတီတွေ အချင်းချင်း ထိပ်တိုက်ယှဉ်ပြိုင်မှုမဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ လည်း ပါရှိပါတယ်။
ပြည်ပရောက် အိမ်အကူလုပ်သားတွေရဲ့ဘ၀ကံကြမ္မာ
ဟောင်ကောင်မှာ အိမ်ဖော်တဦးကို ကိုယ်ထိ လက်ရောက် နှိပ်စက်ညှဉ်းပန်းမှုနဲ့ အိမ်ရှင်အမျိုးသမီးကို အပြစ်ရှိေ ကြာင်း ဟောင်ကောင်တရားရုံးတခုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ ဒီအမှုအတွက် နိုင်ငံတကာက စိတ်ဝင်တစား ဂရုပြုလာခဲ့ကြပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒါဟာ မြို့ကြီးတွေမှာ အိမ်ဖော်အဖြစ် သွားပြီး အလုပ်လုပ်နေရသူတွေရဲ့ ဘ၀တွေ တိုးတက်ပြောင်းလဲဖို့ လမ်း ရှိ - မရှိ မေးခွန်းတွေ ထုတ်လာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shannon Van Sant ဟောင်ကောင်ကနေ ပေးပို့ထားတဲ့ သတင်းလွှာအပေါ် အခြေခံပြီး ပြည်ပမှာ အိမ်ဖော်အဖြစ် သွားရောက် အလုပ်လုပ်ဖို့ ကြိုးစားကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အရေးနဲ့ ပတ်သက်လို့လည်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
VOA
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက် (၈) နာရီခွဲတွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Nicolas Yllera က ၎င်းတို့၏ Prisma Group သည် ဂျာမနီနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီး ကမ္ဘာနှင့်အဝှမ်းတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လည်း စက်မှုကဏ္ဍနှင့် ပတ်သက် ၍ ဂျာမနီနိုင်ငံမှ
ငွေကျပ် သိန်းသုံးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ POKKA အချိုရည် စက်ရုံတစ်ရုံ တည်ဆောက်မည်
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန် အတွင်း၌ကောင်းထက် (မြန်မာ) ကုမ္ပဏီ လီမိ တက်မှ ငွေကျပ်သိန်း သုံးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ POKKA အချိုရည် စက်ရုံတစ်ရုံကို ဧပြီလတွင် စတင် တည်ေ ဆာက်မည် ဖြစ်ကြောင်း ကောင်းထက် (မြန်မာ) ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးမင်းဗညားစန်းက ပြောသည်။
အဆိုပါ POKKA အချိုရည်စက်ရုံကို မြေ ၁ဝ ဧကတွင် ဆောက်လုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် အပြီး တည်ဆောက် သွားမည် ဖြစ်ကာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
POKKA အချိုရည်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခြင်းမှာ နိုင်ငံတကာ အရည်အသွေးမီ POKKA အမှတ်တံဆိပ် အချိုရည်မျိုးစုံကို ပြည်တွင်း၌ ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သောကြောင့် အချိုရည်တစ်ဘူး လျှင် ငွေကျပ် ၃ဝဝ ၊ ၄ဝဝ နှုန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ တံဆိပ်ခေါင်းပြပွဲနှင့် ဈေးရောင်းပွဲ ကျင်းပမည်
ပြည်တွင်းရှိ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ တံဆိပ်ေ ခါင်းပြပွဲနှင့် ဈေးရောင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန် တိုင်း ဒေ သကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)ရှိ ပညာရွှေတောင် ပန်းချီခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ ပြန်လည် ဆုံစည်း နိုင်စေရန်၊ ဝါသနာရှင် အသစ်များ တိုးပွားလာစေရန်၊ ပြည်သူလူထု အတွင်း တံဆိပ် ခေါင်း စုဆောင်းသော ဝါသနာရှင်များ ကျယ်ကျ ယ်ပြန့် ပြန့် ဖြစ်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ဝါသနာရှင်များ ထပ်မံပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။
၎င်းပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ထုတ်ဝေခဲ့သော ရှေးဟောင်းရှားပါး တံဆိပ်ခေါင်းများ၊ အမှတ်တရ အနေဖြင့် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများနှင့် ရည် ရွယ်ချက် အမျိုးမျိုးဖြင့် ထုတ်လုပ် ဖြန့်ချိခဲ့သော တံဆိပ်ခေါင်းများအား ခင်းကျင်းပြသခြင်းကိုသာ အဓိက ဆောင်ရွက်သွားမည် ဖြစ်သော်လည်း လာရောက်ကြည့်ရှုသူများ အမှတ်တရဖြစ်စေရန် တံဆိပ်ခေါင်း စုဆောင်းသူများ အသင်း၏ ရန်ကုန် ဖေဖော်ဝါရီ ၁၃
ပြည်တွင်းရှိ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များစုပေါင်း၍ တံဆိပ်ခေါင်းပြပွဲ နှင့် ဈေးရောင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့ နယ် ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်) ရှိ ပညာရွှေတောင်ပန်းချီခန်းမ၌ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)





















