Saturday 14 February 2015

စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့် မှ ပြုတ်ကျေ သဆုံးမှုအပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ပေါက်ရေး အကူအညီ တောင်းခံ


စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့်မှ ပြုတ်ကျေ သဆုံးခဲ့သည့်အပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ေ ပါက်ရေး အကူအညီ တောင်းခံထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ မမာမာဦး က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက စင်ကာပူသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည့် မတင်နီလာအောင်သည် နိုဝင်ဘာလ အကုန်က တိုက်အမြ င့်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“အလောင်း ဒီကိုရောက်လာတဲ့ အချိန်မှာ မှုခင်းဆရာဝန် စစ်ချက်တွေ မပါ လာဘူး။ ပြီးတော့ ခန္ဓာကိုယ်မှာလည်း နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ တယ်။ အလုပ်လုပ်တဲ့ နေရာကတခြား သေတဲ့နေရာကတခြား ဖြစ်နေတယ်။ နောက် labour က မိသားစုကို လက်မှတ်ထိုးခိုင်းတဲ့ စာထဲမှာ သူ့ဘာသာသူ ခုန်ချေ သ တယ်ဆိုပြီး ပါတယ်။ ဒါကြောင့် မိသားစုဘက်က ဒီအမှုကို သံသယဖြစ်ပြီး ဘာကြောင့် သေရတယ်ဆိုတဲ့ အမှုမှန် ပေါ်ပေါက်ဖို့ လာရောက်အ ကူ အညီ တောင်းခံထားတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့ အဖွဲ့အ စည်း က မမာမာဦးက ဆိုသည်။
“နောက်ဆုံးသိရတဲ့ သတင်းအရတော့ စင်ကာပူက မြန်မာသံရုံးမှာ မူခင်း စစ်ဆေးချက်ကို ဖတ်ပြမယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ြေ ပာကြား သည်။

အဆိုပါ ကိစ္စအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း အနေဖြင့် အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်အကိုင် အေဂျင်စီများ အဖွဲ့ချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး ရွှေ့ပြောင်းလုပ်သားများအရေး လုပ်ဆောင်နေသည့် စင်ကာပူအခြေစိုက် Home foundation အဖွဲ့ အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အလားတူ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေ သည့် မြန် မာ အမျိုးသမီး တစ်ဦးသည်လည်း အလုပ်ရှင် နှိပ်စက်မည်ကို ကြောက်ရွံ့၍ တိုက်အမြင့်ပေါ်မှ မိလ္လာပိုက်လိုင်းကို တွယ်၍ ထွက်ပြေးရန် ကြံစည်ရာ မှ ပြုတ်ကျခဲ့ကြောင်း၊ ဆေးကုသမှု ခံယူခဲ့ပြီးသော်လည်း ခန္ဓာကိုယ်ေ အာက်ပိုင်း သေဆုံးခဲ့ကြောင်း သိရသည်။
Writer:
နန်းစုနှင်းထွေး

No comments:

Post a Comment