ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလအတွင်း နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှု အရှိန်တိုးမြှင့်တာနဲ့ လေကြောင်း စစ်ဆင်တာတွေမလုပ် ဘဲ ရှောင်ရှားဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၂၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေး အပြီး ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါ။
ဒီကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲ မတိုင်မီ ပြင် ဆင်ဖို့ နဲ့ ရွေးကောက်ပွဲမှာ NBF အဖွဲ့ဝင်ပါတီတွေအနေနဲ့ သက်ဆိုင်တဲ့ မဲဆန္ဒနယ်မြေတွေမှာ အပြည့်ဝင်ပြိုင်မှာ ဖြစ်ပြီး တိုင်းရင်သား ပါတီတွေ အချင်းချင်း ထိပ်တိုက်ယှဉ်ပြိုင်မှုမဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ လည်း ပါရှိပါတယ်။
ဒ့ါအပြင် ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်တဲ့ တိုင်းရင်းသား နဲ့ နိုင်ငံသားမဟုတ်သူတွေ ဆန္ဒမဲပေးပိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ထားမှုကို ထောက်ခံကြောင်းလည်း ပါတီပေါင်း ၂၂ ပါတီနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ NPF အဖွဲ့က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေက ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်မတော် က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက် ပြည်တွင်းက တိုင်းရင်းသားပါတီတွေက ခုလို ထုတ်ပြန်ထားတာပါ။
အစိုးရပြန်ကြားရေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်း ကိုးကန့်တိုက်ပွဲမှာ အနည်းဆုံး ၅ ကြိမ်လောက် လေကြောင်းပစ်ကူပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းထုတ်ပြန်ထားပါတယ်
DVB
No comments:
Post a Comment