Saturday 14 February 2015

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက် (၈) နာရီခွဲတွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Nicolas Yllera က ၎င်းတို့၏ Prisma Group သည် ဂျာမနီနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီး ကမ္ဘာနှင့်အဝှမ်းတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လည်း စက်မှုကဏ္ဍနှင့် ပတ်သက် ၍ ဂျာမနီနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရှိသည်ကို သိရှိလို၍ လာရောက်တွေ့ဆုံမေးမြန်းခြင်း ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် နိုင်ငံခြား ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
MWD

No comments:

Post a Comment