
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများကို ယာယီသက်သေခံလက်မှတ် ထုတ်ပေးနေသည့် ရုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများအား စစ်တမ်းသွားကောက်မည့် မြန်မာအစိုးရဝန်ထမ်း အရာရှိ အဖွဲ့များသည် မြန်မာရွှေ့ပြောင်း လုပ်သားများအပေါ် ငွေတောင်းခံခြင်းမပြုရန် ကတိစာချုပ် ချုပ်ဆိုပြီးမှ စေလွှတ်မည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။












