Thursday, 27 November 2014

ပြည်သူ့ အပေါ် အကျိုးပြုသည့် နည်းဥပဒေများ ထွက်ရှိရေး ဒေါ်အောင်ဆန်းစုကြည် အရေးကြီး အဆိုတင်

လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သော ဥပဒေ များသည် ပြည်သူလူထု၏ ဘ၀ကို အကျိုးပြုစေရန် လိုအပ်နေသော နည်း ဥပဒေများ ဆောလျင်စွာ ပြဋ္ဌာန်း ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကော့မှူး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ပီအာရ်နှစ်မျိုး အခြေခံဥပဒေနှင့် ကိုက်ညီဟု ဦးခင်အောင်မြင့် ပြော

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ဒီဇိုင်းနှစ်မျိုးကို၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောသည်။

နိုင်ငံတကာ ယာဉ်အရည်အသွေးစစ်အဖွဲ့ လက်မှတ်ပါသည့် ကားများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဟုဆို

ပြည်ပမှ တင်သွင်းမည့် ကားများကို နောက်ပိုင်းတွင် အခြားနိုင်ငံများကဲ့သို့ နိုင်ငံတကာ အရည်အသွေး စစ်ဆေးခြင်းအဖွဲ့၏  အသိအမှတ်ပြုလက်မှတ်ပါမှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စက်မှုဇုန်ထုတ်သုံးဘီးကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးအပ်နှံရမည့်ရက်ကို တိုးမြှင့်ပေးတော့မည်မဟုတ်

Photo: စက်မှုဇုန်ထုတ်သုံးဘီးကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား
နောက်ဆုံးအပ်နှံရမည့်ရက်ကို တိုးမြှင့်ပေးတော့မည်မဟုတ်
Thursday, November 27, 2014

စက်မှုဇုန်ထုတ်ယာဉ်ဟောင်း များ၊ သုံးဘီးကားများနှင့် ထုတ်လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးထားအပ်နှံရမည့်အချိန်ကို တိုးမြှင့်သတ်မှတ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးချန်မောင်က ပြောဆိုလိုက် သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏ယာဉ်အိုယာဉ်ဟောင်းများအပ်နှံရန် သတ်မှတ်ချက်အား အချိန်တစ်နှစ်တိုး မြှင့်ပေးရန် အစီအစဉ်ရှိမရှိမေးခွန်းကို မော်လမြိုင်မဲဆန္ဒနယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေြး<ွကယ် က နိုဝင်ဘာ ၂၅ရက်က ပြည်သူ့လွှတ် တော်တွင်မေးမြန်းခဲ့ရာ ဒုဝန်ကြီးက အ ထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

ဦးချန်မောင်က ''ဒီနေ့အထိ ယာဉ် ဟောင်းအပ်နှံမှုနည်းပါးခြင်းဟာ ယာဉ် ဟောင်းအပ်နှံမှုလက်ခံဆောင်ရွက်ပေး တဲ့ ကျွန်တော်တို့ဝန်ကြီးဌာနမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ရဲ့ရုံးတွေက လုပ်ငန်းမနိုင်လို့ နည်းပါး ရခြင်းမဟုတ်ဘဲ ပိုင်ရှင်များရဲ့ဆန္ဒအရ အပ်နှံမှုနည်းခြင်းဖြစ်တဲ့အတွက်ကြောင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ၃၁ရက် နောက် ဆုံးထားပြီး အပ်နှံရန်သတ်မှတ်ချက် ကို တိုးမြှင့်ပေးရန်အစီအစဉ်မရှိ''ဟု ဆိုသည်။

ယာဉ်ဟောင်းလက်ခံရာဌာနသို့ လာရောက်အပ်နှံသောယာဉ်များတွင် အရည်အသွေးညံ့၍ ဥပဓိရုပ်မကောင်း သောယာဉ်များပြားပြီး အခြားယာဉ်များ လာရောက်အပ်နှံမှုနည်းပါးသည်ဟု ဝန်ကြီးက ဆိုသည်။ အဆိုပါအပ်နှံနိုင် သည့်ယာဉ်သုံးမျိုးကို ၂ဝ၁၄ခုနှစ်၊ ဒီ ဇင်ဘာ၃၁ရက်နောက်ဆုံးထားအပ်နှံ ရန် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ် ပြန်ထားခြင်းဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏စာရင်းများအရ လက်ရှိတွင် အပ်နှံ နိုင်သည့် ဇုန်ထုတ်ယာဉ်စီးရေရှစ်သောင်း ကျော်၊ သုံးဘီးကား ခုနစ်ရာခန့်နှင့် ထုတ် လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ကျော်ရှိ ယာဉ်စီးရေ ကိုးသောင်းနီးပါးကျန်ရှိနေ ကြောင်း ဝန်ကြီးကပြောဆိုခဲ့သည်။

Yangon Media Group
စက်မှုဇုန်ထုတ်ယာဉ်ဟောင်း များ၊ သုံးဘီးကားများနှင့် ထုတ်လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးထားအပ်နှံရမည့်အချိန်ကို တိုးမြှင့်သတ်မှတ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးချန်မောင်က ပြောဆိုလိုက် သည်။

IS တို့ သိမ်းပိုက်ထားသည့် မြို့ကို လေကြောင်းဖြင့် တိုက်ခိုက်၍ အရပ်သား ၃၆ ဦး သေဆုံး

အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (IS) စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဆီးရီးယား မြောက်ပိုင်းရှိ ရတ်ကာမြို့ကို အစိုးရတပ်ဖွဲ့မှ လေကြောင်းဖြင့် တိုက်ခိုက်ရာ အရပ်သား ၃၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း BBC တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR လျှောက်ထားနိုင်

Photo: မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR လျှောက်ထားနိုင်
Thursday, November 27, 2014

လျှောက်ထားရာ၌ မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ လျှောက်ထားခွင့် ရရှိမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

“PR ခံစားခွင့်က တခါတည်း လျှောက်လို့ မရဘူး။ ဒီမှာ ၁ နှစ်နေပြီးမှ လျှောက်လို့ရမယ်။ ၁ နှစ် နေထိုင်ထားတဲ့ အထောက်အထား နဲ့ လျှောက်ရပါမယ်”ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းနိုင်ထွန်းက ဧရာဝတီကို ပြော သည်။

လျှောက်ထားသူများအတွက် PR စနစ်အရ အခွန်ခံစားခွင့်၊ နေထိုင်မှု ခံစားခွင့် စသည်တို့ကို အသေးစိတ် ထုတ်ပြန်သွားရန်ရှိ ကြောင်း၊ ခံစားခွင့်တွင် ယခင် မြန်မာနိုင်ငံသားဟောင်းများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အကြား၌ ခံစားခွင့်ကို ခွဲခြားထား ကြောင်း သိရသည်။

“ခံစားခွင့်က မတူညီပါဘူး။ တဖက်နိုင်ငံမှာ နိုင်ငံသားခံယူတဲ့ မြန်မာနိုင်ငံသားဟောင်းတွေက ခံစားခွင့် ပိုရပါတယ်။ နောက် PR လျှောက်ရာမှာလည်း သူတို့ကို ကောက်ခံတဲ့ဈေးက ပိုသက်သာပါမယ်”ဟု ဦးသန်းနိုင်ထွန်းက ဆက်ပြောသည်။

PR လျှောက်ထားသူများ အပေါ် သတ်မှတ်မည့် အခွန်နှုန်းထားများကို တရားဝင် ညှိနှိုင်းထားပြီး ဖြစ်သော်လည်း အသေးစိတ် အတည်ပြုရန် လိုအပ်သေးသည့် အတွက် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အခွန်ဦးစီး ဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

လက်ရှိ အချိန်တွင် PR လျှောက်ထားရာ၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား အသိပညာရှင်၊ အတတ်ပညာရှင်များအပေါ် တဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၀ သတ်မှတ်ထားသည်ဟု သိရသည်။

“ကောက်ခံမှာက နိုင်ငံခြားသားဆို ဒေါ်လာ ၅၀၀ ကောက်မယ်။ သူနဲ့ ပါလာမယ့် သားသမီးဆို အသက်အရွယ်ကို ကြည့်ပြီး ကလေး ဆို ဒီဈေး မဟုတ်ဘဲ လျော့မှာပါ။ မြန်မာနိုင်ငံသားဟောင်းတွေ နိုင်ငံခြားမှာစီးပွားရှာပြီး ကိုယ့်နိုင်ငံကို ပြန်လာပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်၊ အသိပညာ အတတ်ပညာအရ ပြန်လာကြတယ်ဆိုရင် ငွေကြေးသွင်းရတာ တ၀က် သက်သာမယ်”ဟု ဦးသန်းနိုင်ထွန်း က ပြောပြသည်။

လက်ရှိတွင် ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း တချို့မှာ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက် PR စနစ်ကို စောင့်ဆိုင်းနေမှုများ ရှိနေကြောင်း၊ အစိုးရက တိကျသည့် ထုတ်ပြန်ချက် တိကျသည့် လိုက်နာရန် အချက်များကို ပွင့်လင်းစွာ ထုတ် ပြန်ပေးရန် လိုအပ်ပြီး လက်တွေ့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသား ဟောင်း တဦးက ပြောသည်။

PR စနစ် ရေးဆွဲရေးအတွက် အာဆီယံ နိုင်ငံများနှင့် ဥရောပ နိုင်ငံတချို့၌ ကျင့်သုံးနေမှုများကို လေ့လာရေးဆွဲခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်ကို ပုံစံ ၄ ခု ဖြင့် လက်ခံမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆို ထားသည်။

PR စနစ်အရ ကနဦးကာလ နေထိုင်ခွင့်ကို ၅ နှစ် နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ၅ နှစ် ပြည့်ပြီး ဆက်လက် သက်တမ်း တိုးပေး ရာ တွင် တနှစ်ဆီ ဆက်လက် နေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

ဦးသန်းနိုင်ထွန်းက“ဒီလို ခေါ်ယူဖို့ အတွက်တော့ လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျနော်တို့ တရားဝင် ကြေညာပါမယ်။ အခုအချိန် မှာ ကျနော်တို့ဘက်က နည်းဥပဒေကို ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ဆိုသည်။

PR စနစ် လက်ခံ ခေါ်ယူရာတွင် ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်မှတဆင့် နိုင်ငံတွင်း လိုအပ်နေသည့် စီးပွားရေး အတတ်ပညာနှင့် အသိ ပညာရှင်တို့ကို ထုတ်ပြန် ကြေညာ၍ တရားဝင် ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

PR စနစ်ကို ခွင့်ပြုလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အဓိက ရည်ရွယ်ထားကြောင်း၊ မလိုလားအပ်သည့် နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်း အဖွဲ့များ မပေါ်လာစေရေး အတွက် နိုင်ငံ တွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR စနစ်ကို လျှောက်ခွင့်ပေးခြင်း ဖြစ်ကြောင်း ဦးသန်းနိုင်ထွန်းက ပြောဆိုသည်။

“နိုင်ငံခြားသားတွေ လျှောက်ရင် ဘယ်နိုင်ငံမို့ လျှောက်ခွင့် မရှိဘူးလို့ သတ်မှတ်ထားတာ မရှိပါဘူး။ လုံခြုံရေး အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပိုလ်) နဲ့ ဆက်သွယ်ထားတယ်။ အဲဒီစာရင်းမှာ အမည်ပေါက်ထားတဲ့ သူတွေကို လျှောက်ခွင့် မပေးပါဘူး”ဟု လည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် PR စနစ် အကောင်အထည် ဖော်နိုင်ရေးနှင့် လျှောက်ထားသူများကို စိစစ် ရွေးချယ်ရာတွင် ဒုသမ္မတ ဦးဉာဏ်ထွန်း ခေါင်း ဆောင်သည့် ဝန်ကြီး ၁၁ ဦးပါဝင်သော အဖွဲ့က ကြပ်မတ်ဆောင်ရွက်သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာနမှ သိရှိရသည်။

ဧရာဝတီ 

နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် (Permanent Resident – PR)
နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် (Permanent Resident – PR) 
လျှောက်ထားရာ၌ မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ လျှောက်ထားခွင့် ရရှိမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

တရုတ်ကျောက်မီးသွေးတွင်း မီးလောင်မှု သေဆုံးသူ ၂၆ ဦး ရှိပြီ

Photo: တရုတ်ကျောက်မီးသွေးတွင်း မီးလောင်မှု သေဆုံးသူ ၂၆ ဦး ရှိပြီ
Thursday, November 27, 2014
  
တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်းပြည်နယ်က ကျောက်မီးသွေးတွင်းတခုမှာ မီးလောင်ခဲ့လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သေဆုံးသူအရေအတွက် အနည်းဆုံး ၂၆ ယောက် ရှိပြီ ဖြစ်ပြီး အယောက် ၅၀ ဒဏ်ရာရတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။

ကမ္ဘာ့ကျောက်မီးသွေးအထုတ်လုပ်ဆုံးနိုင်ငံရဲ့ ဘေးကင်းရေးစံချိန် အားနည်း မှုကို ထောက်ပြသလို ဖြစ်ခဲ့တာပါ။

နိုင်ငံပိုင် ဖုရှင်းကျောက်မီးသွေးကော်ပိုရေရှင်းရဲ့ လက်ခွဲ ကျောက်မီးသွေး တွင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညသန်းခေါင်က ဒေသတွင်းမှာ လှုပ်ခဲ့တဲ့အားနည်းတဲ့ငလျင်ကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ မီးလောင်ခဲ့တာလို့ ကုမ္ပဏီရဲ့ ကြေညာချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက အစီရင်ခံပါတယ်။

တရုတ်နိုင်ငံပိုင် ရုပ်သံ စီစီတီဗွီကတော့ ဒေသတွင်းဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ကုသခံနေတဲ့ ဆိုးရွားပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရနေတဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရိုက်ကူးပြသပါတယ်။

ဒဏ်ရာရသူ ၅၀ ထဲက ၈ ယောက်ဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ အသည်းအသန် ဖြစ်နေတယ်လို့ စီစီတီဗွီသတင်းဌာနက ပြောပါတယ်။

တရုတ်သတ္တူ၊တွင်းတွေဟာ ဘေးကင်းရေးစံချိန်တွေ၊ ကြပ်မတ်မှု အားနည်းတာနဲ့ ဈေးကွက်တောင်းဆိုမှုကို အလျင်မီအောင် လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့လူသေမှုအများဆုံး တွေထဲက တခုပါ။

အစိုးရရဲ့ စာရင်းအင်းတွေအရ မနှစ်က သတ္တူ၊တွင်း မတော်တဆမှု ၅၈၉ မှုအတွင်း လူအယောက် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ပါတယ်။

လုပ်ငန်းခွင်ဘေးကင်းရေး တိုးတက်ဖို့နဲ့ လုပ်နိုင်စွမ်း ခေတ်မမီမှုကို ပြုပြင်ဖို့ အားထုတ်တဲ့ အနေနဲ့ ၂၀၁၅ ခုနှစ်က စပြီး အသေးစား ကျောက်မီးသွေးတွင်း ၂ ထောင်ကျော်ကို ပိတ်ပစ်ဖို့ တရုတ်အစိုးရက စီစဉ်နေပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ - ရိုက်တာ  
တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်းပြည်နယ်က ကျောက်မီးသွေးတွင်းတခုမှာ မီးလောင်ခဲ့လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သေဆုံးသူအရေအတွက် အနည်းဆုံး ၂၆ ယောက် ရှိပြီဖြစ်ပြီး အယောက် ၅၀ ဒဏ်ရာရတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား ဒေါ်စုနှင့် NLD အမတ်တို့ ထမင်းစားဖိတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်အမတ်တို့က တပ်မတော်သား လွှတ်တော်အမတ် များအား နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ နိုဝင်ဘာ ၂၇ ရက် ညနေ ၅း၃၀ နာရီတွင် ထမင်းစားကြွ ရောက်ရန် ဖိတ်ကြားထားသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

မျက်စိထဲသို့ အမှိုက် တစ်ခုခု ဝင်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ

Photo: မျက်စိထဲသို့ အမှိုက် တစ်ခုခု ဝင်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ
Thursday, November 27, 2014

မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။

ဝင်ခဲ့သော် မျက်ရည်က သယ်ယူပေးခြင်းဖြင့် သာမန် အမှုန်အမွှားများကို နေ့စဉ် ဖယ်ရှား ပေးနိုင်မည် ဖြစ်သည်။ ဂျုံကြမ်းမှုန့်၊ ကျောက်မီးသွေးမှုန့်၊ သဲ၊ သတ္တုအမှုန် အစများ မျက်စိထဲ ဝင်နေလျှင် မျက်စိ နာနေတတ်သည်။

မျက်စိ အနာ သက်သာစေဖို့ မျက်စဉ်းဆေးများကို ဆရာဝန် ညွှန်ကြားချက် မရဘဲ မထည့်သင့်ပါ။ အကယ်၍ သတ္တုစ စူးဝင်ပါက ပြင်းထန်သော ဝေဒနာ ခံစား ရတတ်သည်။ မျက်စိထဲကို တစ်ခုခု ဝင်ခဲ့လျှင်

(၁) လူနာကို မျက်စိ မပွတ်ရန် တားမြစ်ရမည်။ ကလေး ဆိုလျှင် ငြိမ်ငြိမ်နေအောင် အထူး ကြပ်မတ်ရမည်။

(၂) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေပြီး လူနာ၏ ရှေ့၌ရပ်ကာ အောက် မျက်ခမ်းကို လှန်ချရမည်။

(၃) ပြင်ပပစ္စည်း ဆိုလျှင် မြင်နိုင်ပြီး မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေခြင်း သို့မဟုတ် လက်ကိုင်ပဝါ အဖြူဖြင့် ထောင့်စွန်းကို လိမ်၍ ရေဆွတ်ပြီး မျက်လုံးထဲမှ အရာဝတ္ထုကို ဆွဲဖယ် ထုတ်သင့်သည်။

(၄) ပြင်ပ ပစ္စည်းသည် မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေလျှင် ဖယ်ရန် မကြိုးစားဘဲ လူနာကို မျက်စိ မှိတ်စေပြီး မျက်စိပေါ်မှ ဂွမ်းဖြင့် အုပ်၍ ပတ်တီး စည်းပေးပြီး ဆေးရုံသို့ ပို့သင့်သည်။

(၅) ပြင်ပ ပစ္စည်းကို မမြင်ရဘဲ အထက်ဘက် မျက်ခွံ အောက်ထဲကို ဝင်နေလျှင် လူနာ၏ မျက်စိကို ကြည်လင်သော ရေထဲတွင် စိမ်ပြီး မျက်တောင်ခတ်ရန် ညွှန်ကြား ပေးရမည်။ မျက်ခွံလှန်ပြီး ကြည့်၍ မထွက်သေးပါက မျက်စိထဲမှ အရာကို ပြင်ပသို့ ထွက်စေရန် အထက် မျက်ခွံကို ဆွဲမပြီး အောက် မျက်ခမ်းကို အထက် မျက်ခွံအောက် အသာသွင်းကာ လွှတ်လိုက် ရမည်။ ဆရာဝန်နှင့် ပြရမည်။

(၆) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေကာ လူနာ၏ နောက်မှ ရပ်ပြီး လူနာ၏ ဦးခေါင်းကို ကိုင်ကာ ရင်ဘတ်နှင့် ထိန်းထားရမည်။ ကလေးငယ် ဆိုလျှင် မကြောက်လန့်ရန်၊ မငိုရန် နှစ်သိမ့် ဆွေးနွေးရမည်။

(၇) မီးခြစ်ဆံ တစ်ချောင်းကို မျက်ခွံ၏ အရင်းနားတွင် တင်ပြီး ဖြည်းညင်းစွာ နောက်ကို ဖိထား၍ လူနာကို အောက်သို့ စိုက်ကြည့်စေကာ အထက်မျက်ခွံကို မပြီး မီးခြစ်ဆံပေါ်ကို လှန်ယူ၍ ဝင်နေသော အရာကို ဖယ်ထုတ်ရမည်။

(၈) လက်ကိုင်ပဝါ ထောင့်ဖြင့် ဝင်နေသော အရာကို ဆွဲထုတ် သင့်သည်။

(၉) ဆား လောင်တတ်သော အက်စစ် သို့မဟုတ် ဘေ့စ်(အယ်ကာလီ)များ မျက်စိထဲ ဝင်လျှင် လူနာ၏ မျက်စိကို ရေများများ လောင်းချပြီး မျက်စိပေါ်ကို ဂွမ်းနှင့်အုပ်၊ ပတ်တီးနဲ့စည်းပြီး ဆေးဘက် အကူအညီ အမြန်ဆုံး ရယူသင့်သည်။

သတိပြုရန်

မျက်စိကို ဒဏ်ရာ မရအောင် အထူး ဂရုစိုက်သင့်သည်။ ဖုန်၊ ခဲ၊ သဲ၊ ဖွဲကြမ်း၊ မီးသွေးမှုန့်တို့ ကဲ့သို့သော အရာဝတ္ထုများ မျက်စိထဲ ဝင်လျှင် အခံရ ခက်ကာ မျက်စိ နာတတ်သည်။ မျက်စိ နီရဲပြီး မျက်ရည် အမြဲ ယိုနေ တတ်သည်။ မျက်လုံးထိ စူးဝင်လျှင် ပြင်းထန်ပါက မျက်စိ ပျက်စီး နိုင်သည်။

ပြင်ပပစ္စည်း မျက်ကြည်လွှာတွင် ကပ်နေလျှင် ဖယ်ထုတ်ဖို့ မကြိုးစား သင့်ပါ။ မျက်ကြည်လွှာ အပြင် မျက်မြှေးပါးတွင် ရှိနေမှ ထုတ်ပစ် သင့်ပါသည်။ တစ်ခါတရံ အပေါ်မျက်ခွံ အတွင်းပိုင်းမှာ ဖုန်စ၊ အမှိုက်စနှင့် သေးငယ်သော ပိုးမွှား ကောင်များ တစ်နေရာရာတွင် ကပ်နေလျှင် မြင်အောင် ကြည့်ပြီးမှ လက်ကိုင်ပဝါ ထောင့်စွန်းကို ရေဆွတ်ပြီး ဖယ်ထုတ် နိုင်သည်။

ပြုစုနည်း

မျက်စိကို လုံးဝ မပွတ်သင့်ပါ။ ကလေးကို ငြိမ်ငြိမ် ထားသင့်သည်။ ပြုစုသော သူက လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးရမည်။ ပြင်ပ ပစ္စည်းသည် မြင်နိုင်ပြီး မျက်သားအတွင်း စူးဝင်ခြင်း မဟုတ်လျှင် ဂွမ်း သို့မဟုတ် သန့်ရှင်းသော လက်ကိုင်ပဝါ၊ အဝတ်၊ ပိတ်ပါးစဖြင့် ထောင့်စွန်းကို ရေဆွတ်ပြီး ဆွဲထုတ်ရမည်။ ပြင်ပပစ္စည်းကို ရေ အပြည့်ထည့်ထားသော ရေပုံး၊ ရေခွက်တွင် မျက်နှာ နှစ်ပြီး ဖွင့်ချည် ပိတ်ချည် လုပ်၍ ထုတ်နိုင်သည်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းဆေး ထည့်နိုင်သည်။ အက်စစ်၊ အယ်ကာလီ ဝင်လျှင် ရေ များများဖြင့် ဆေးကြော ပေးရမည်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြ၀တီ
မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။

ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ (၂)ဦးအား ဖမ်းဆီးအရေးယူ

၂၆.၁၁.၂၀၁၄ရက်နေ့ ၁၀၄၅ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တော်ဝင်လမ်းရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ လူငယ်တဦးမှ မြန်မာငွေကျပ်(၁၀၀၀၀) တန်ငွေစက္ကူဖြင့် ကော်ဖီ၊ အအေးဗူး လာရောက်ဝယ်ယူရာ ဆိုင်ရှင်မှ ၎င်းငွေစက္ကူမှာ အတုဖြစ်ကြောင်း မသင်္ကာ၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးထံသို့ အကြောင်းကြား ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးမှတဆင့် ကြည့်မြင်တိုင်မြို့မ ရဲစခန်းသို့ အကြောင်း ကြားလာခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး LIFT က စီမံကိန်းအသစ်သုံးခု ဆောင်ရွက်မည်

မြန်မာ့စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသက်မွေးဝမ်းကျောင်း မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံ ငွေ(LIFT) မှ စီမံကိန်းအသစ်သုံး ခုကို ၂၀၁၅ တွင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။

ဝန်ထမ်းလစာ တိုးမြှင့်ရေး အသေးစိတ် စိစစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်းများ ဂုဏ်နှင့် သိက္ခာအညီ သင့်တင့်မျှတသော လစာရရှိစေရန် အသေးစိတ်ရရှိရေး အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသေးစိတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အမေရိကန်က ၂၀၁၅ တွင် အာဖဂန်နစ္စတန်သို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ် ပေးဖွယ်ရှိ

Photo: အမေရိကန်က ၂၀၁၅ တွင် အာဖဂန်နစ္စတန်သို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ် ပေးဖွယ်ရှိ
Thursday, November 27, 2014

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆။ အမေရိကန် စစ်တပ်သည် လာမည့် ၂၀၁၅ခုနှစ်၌ အာဖဂန်နစ္စတန် နိုင်ငံရှိ တပ်ဖွဲ့ဝင်အင်အားကို မူလ စီစဉ်ထား သည်ထက် ထပ်မံတိုးချဲ့ သွားဖွယ်ရှိပြီး လိုအပ်ပါက အာဖဂန်တပ်ဖွဲ့များကို ကူညီထောက်ပံ့ ပေးသွားရန်ရှိ နေသည်ဟု ကန်စစ်ဘက် တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် မူလက ကြေညာခဲ့သည့် တပ်ဖွဲ့ဝင် ၉,၈၀၀ အင်အား ထက်ကျော်လွန်၍ လာမည့် လများတွင် အာဖဂန်နစ္စတန် နိုင်ငံ သို့ ယင်း၏ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ် ပေးသွားနိုင်သည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံသို့ နေတိုး အဖွဲ့ဝင် နိုင်ငံများထံမှ တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းပေးမှု ကျဆင်းလာ ကြောင်း သိရသည်။

အမေရိကန် တပ်မှူးများသည် ယခုကိစ္စ အတွက် အသေးစိတ် အချက်အလက်များကို တွက်ချက် နေဆဲဖြစ်သည်။ လက်ရှိတွင် အကြမ်းဖျင်း အားဖြင့် အာဖဂန်တွင် နေတိုးတပ်ဖွဲ့ ၀င်ဦးရေ ၄၀၀ မှ ၇၀၀ ခန့်ထိ လိုအပ် နေခြင်းကြောင့် လာမည့် ၂၀၁၅ ခုနှစ် ဆောင်းရာသီ ကာလတွင် ကန်တပ်ဖွဲ ၀င်များဖြင့် ယာယီ ဖြည့်ဆည်းပေးသွားရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသူ ကန်စစ်ဘက် အရာရှိတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်ဖွဲ့ဝင်အင်အား လိုအပ်နေမှုသည် ၀ါရှင်တန်နှင့် ကဘူးလ်တို့ အကြား ယခုနှစ်အတွက် နှစ်နိုင်ငံ လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်တစ်ခုကို လက်မှတ်ရေးထိုး နိုင်ရန် နှောင့်နှေး နေခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ယင်းသဘော တူညီမှု စာချုပ်သည် လာမည့်နှစ်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံသို့ အခြားသော နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များ ချထားပေးမည့် သဘောတူညီမှုများ နှင့်လည်း ရှုပ်ထွေးမှုများ ရှိနေခဲ့သည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် နှောင်းပိုင်း နေတိုးအဖွဲ့၏ တာဝန်အရ အာဖဂန်နိုင်ငံ တွင် လာမည့် ဇန်န၀ါရီလမှ စ၍ တပ်ဖွဲ့ဝင် အင်အား ၁၂,၅၀၀ ကိုသာ ဆက်လက် ထားရှိရန်ဖြစ်ပြီး ယင်းတွင် ကန်တပ်ဖွဲ့ဝင်မဟုတ်သည့် တပ်ဖွဲ့ဝင်ဦးရေ ၂,၇၀၀ ခန့်ရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလများက အာဖဂန်နစ္စတန်နိုင်ငံတွင် ရှည်ကြာနေခဲ့သည့် ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် အမေရိကန်-အာဖဂန် လုံခြုံရေး သဘောတူညီမှုစာချုပ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့ခြင်းဖြစ်ရာ ယင်းအတွက်ကြောင့် လာမည့်၂၀၁၅ခုနှစ်၌ ယင်းနိုင်ငံတွင် တပ်ဖွဲ့ဝင်များ ချထားမှုအပေါ်တွင် မဟာမိတ်နိုင်ငံများက နေရာတကျ စီစဉ်နိုင်မည်လားဟူသည့် သံသယများကို မြင့်တက်စေခဲ့သည်ဟု ယခုလအစောပိုင်းက ကန်စစ်ဘက် တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

အာဖဂန် နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ယာဉ်တန်း။ ဓာတ်ပုံ - AFP
အာဖဂန် နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ယာဉ်တန်း။ ဓာတ်ပုံ - AFP
ဝါရှင်တန်၊ နိုဝင်ဘာ ၂၆။ အမေရိကန် စစ်တပ်သည် လာမည့် ၂၀၁၅ခုနှစ်၌ အာဖဂန်နစ္စတန် နိုင်ငံရှိ တပ်ဖွဲ့ဝင်အင်အားကို မူလ စီစဉ်ထားသည်ထက် ထပ်မံတိုးချဲ့သွားဖွယ်ရှိပြီး လိုအပ်ပါက အာဖဂန် တပ်ဖွဲ့ များကို ကူညီထောက်ပံ့ ပေးသွားရန်ရှိ နေသည်ဟု ကန်စစ်ဘက် တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲရေးဗဟိုဌာန ဖွဲ့စည်းမည်

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ်ကယ် ဆယ်ရေးဆောင်ရွက်ရန် ဗဟို အစိုးရထံ အဆင့်ဆင့် တင်ပြရ သည့် စနစ်ကိုပယ်ဖျက်ပြီး အချိန် နှင့်တစ်ပြေးညီဆောင်ရွက်နိုင် သည့် နိုင်ငံတော်အဆင့် အရေး ပေါ်သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဗဟိုဌာနဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်

Photo: ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်
Thursday, November 27, 2014

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ဆီးရီးယားပဋိပက္ခမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်တဲ့ ၂၀၁၀ စက်တင်ဘာလက Amos က ရာထူးတာဝန် စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ လူဦးရေတဝက်ဟာ အခု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ဘဝရောက်နေကြပြီး ကနေ့ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု ပဋိပက္ခတွေအနက် အခြေအနေ အဆိုးရွားဆုံးတခု ဖြစ်လာခဲ့ပြီး Amos နဲ့ သူ့ ကုလသမဂ္ဂ အမှုထမ်းတွေအတွက် အဓိက ဦးစားပေးရမယ့် ကိစ္စရပ် ဖြစ်ခဲ့ပါတယ်။

တောင်ဆူဒန်နဲ့ အလယ်အာဖရိက သမ္မတနိုင်ငံ အပါအဝင် အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြင် ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ Haiyan တိုက်ဖွန်းမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Amos အနေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူ လိုအပ်တဲ့ အရေးပေါ် ကိစ္စရပ်အားလုံးကို ကြီးကြပ်ကွပ်ကဲတဲ့ တာဝန်ရှိသူ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေအကြား အဓိက ဆက်သွယ်ရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Amos ဟာ ၂၀၁၂ ဒီဇင်ဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ မောင်းတောနဲ့ စစ်တွေ တို့ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ Amos ကို သူ့ရဲ့ထူးချွန်တဲ့ တာဝန်ထမ်းဆောင်မှုအတွက် ချီးကျုးထားပြီး ကမ္ဘာတဝှမ်း ဘေးဒုက္ခနဲ့ ပဋိပက္ခ ရင်ဆိုင်နေကြသူတွေအတွက် မနားမနေ လုပ်ဆောင်ပေးခဲ့တယ်လို့ ထောက်ပြထားပါတယ်။

Amos ရာထူးက နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို ဖော်ပြထားခြင်း မရှိတဲ့အပြင် နောက်သူ ဘာဆက်လုပ်မလဲ ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ လက်ရှိရာထူးမှာ ထမ်းဆောင်ခဲ့တာ ၄ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos 
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ဒုတိယအကြိမ် အရေးကြီးအဆိုတင် ‘‘ပြဋ္ဌာန်းပြီး ဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းရန် အစိုးရအဖွဲ့ကို တိုက်တွန်း’’

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ဒုတိယအကြိမ် အရေးကြီးအဆိုတင်
‘‘ပြဋ္ဌာန်းပြီး ဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းရန် အစိုးရအဖွဲ့ကို တိုက်တွန်း’’
Thursday, November 27, 2014

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်က  ပြဋ္ဌာန်းလိုက်သည့် ဥပဒေများအ အတွက် နည်းဥပဒေများကို ပြည် ထောင်စု အစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိအ တည်ပြုလိုက်သည်။

ဒီချုပ်ဥက္ကဋ္ဌ၏ လွှတ်တော် သို့ ဒုတိယအကြိမ်မြောက်အရေး ကြီးအဆိုတင်သွင်းမှုကို ပြည်ခိုင် ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်သူရဦး အောင်ကိုက ထောက်ခံပေးခဲ့ပြီး သူရဦးရွှေမန်းကလည်း အမှန်တကယ်လိုအပ်သော အဆိုဖြစ် ကြောင်းပြောကာ သဘောတူအ တည်ပြုခဲ့ခြင်းဖြစ်သည်။

‘‘ပြဋ္ဌာန်းပြီးသားဥပဒေတွေ အတွက်တောင်မှ နည်းဥပဒေတွေ စည်းမျဉ်း၊ စည်းကမ်းတွေဟာ မ ထွက်နိုင်သေးဘူးဆိုရင် နောက် ကျွန်မတို့ပြဋ္ဌာန်းမယ့်ဥပဒေတွေ အတွက် နည်းဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်းတွေက ဘယ်တော့ မှထွက်နိုင်မလဲဆိုတာ စဉ်းစားစ ရာဖြစ်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ယနေ့အချိန်ထိ အတည်ပြုပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၁၂၀ ကျော်ရှိပြီး နည်းဥပဒေ ထုတ်ပြန်နိုင်သည့် အရေအတွက်မှာ ၄၀ ခန့်သာရှိသေးသည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ညိုက ပြော သည်။

 လွှတ်တော်က ဥပဒေအ ဖြစ်အတည်ပြုပြဋ္ဌာန်းပြီးနောက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ရက် ပေါင်း ၉၀ အတွင်း သက်ဆိုင်ရာ ဌာနကရေးဆွဲထုတ်ပြန်ပေးရမည် ဟု ပြဋ္ဌာန်းထားသော်လည်း သတ် မှတ်ချိန် ကျော်လွန်သည့်တိုင် နည်းဥပဒေများထွက်ရှိမလာခြင်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပ ဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူမှု ဖူလုံရေးဥပဒေ၊ တောင်သူလယ် သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြင့်တင်ရေးဥပဒေ၊ မီဒီယာဥပဒေ စသည့်ဥပဒေများ ပါဝင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည် ဥပမာပေး ပြောကြားသွား သည့် ဥပဒေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို သတ်မှတ်ရက်အတွင်း ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်က ပြန်လည်တုံ့ပြန်ခဲ့သည်။

ပြည်ထောင်စုအစိုးရ၀န်ကြီး ဌာနများမှ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ စိစစ်ရန် ပေးပို့သည့် နည်းဥပဒေများနှင့် လုပ်ထုံးလုပ် နည်းများကို စိစစ်အကြံပြုနေပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ယနေ့ချိန်ထိပေးပို့လာသည့် နည်း ဥပဒေ ၄၇ ခုအနက် ၃၇ခုကို စိစစ် ပြီးဖြစ်ကြောင်း ဒုတိယ ရှေ့နေ ချုပ်ဦးထွန်းထွန်းဦးကဖြေကြားခဲ့ သည်။

ယခုအချိန်ထိ ဥပဒေထုတ် ပြန်ပြီး ဥပဒေ မထွက်ရှိသေး သည့်ဥပဒေများတွင် ဆက်သွယ် ရေးဆိုင်ရာနည်းဥပဒေ၊ ငွေချေး သက်သေခံလက်မှတ် ဥပဒေ၊ ဘဏ်နှင့်ငွေကြေးဥပဒေ၊ အမျိုး သားပညာရေးဥပဒေ၊ အလုပ်အ ကိုင်ကျွမ်းကျင်မှု ဥပဒေ စသည့်နည်းဥပဒေများစွာ ထွက်ရှိရန် ကျန်ရှိနေသေးသည်။

ဝန်ကြီးဌာနများသည် နည်း ဥပဒေရေးဆွဲရာတွင် ဥပဒေနှင့်အညီချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ရန် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲရပြီးလို အပ်ပါက ပုံစံဇယားများ ဖော်ပြ ခြင်း၊ နည်းဥပဒေတွင်ပါဝင်သော အချက်အလက်များနှင့်ဆက်စပ် သည့် ဌာနအဖွဲ့အစည်းများညှိ နှိုင်းရခြင်း၊ အချို့ဥပဒေများတွင် အပြည်ပြည်ဆိုင်ရာ စာချုပ်များ နှင့်သက်ဆိုင်သောကြောင့် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းရခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ဥပဒေရေးဆွဲမှုဆိုင်ရာကျွမ်းကျင် မှုအားနည်းနေသေးခြင်း စသည့် အချက်များကြောင့် နည်းဥပဒေ များထုတ်ပြန်နိုင်မှုအားနည်းနေ သေးခြင်းဖြစ်ကြောင်း ဒုတိယရှေ့ နေချုပ်ဦးထွန်းထွန်းဦးက ပြော သည်။

လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းသွားသော်လည်း  နည်းဥပဒေများ အမီမလိုက်နိုင်ပါက ဥပဒေပြဋ္ဌာန်းချက်များသည် လုပ်ပြချက်များသာ ဖြစ်လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်ချက်များလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

7Day DAILY 

အဆိုတင်သွင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ− NLD Chairperson)
အဆိုတင်သွင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ− NLD Chairperson)
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်က  ပြဋ္ဌာန်းလိုက်သည့် ဥပဒေ များ အအတွက် နည်းဥပဒေများကို ပြည် ထောင်စု အစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိအ တည်ပြုလိုက်သည်။

မြန်မာဘက်သို့ ကျူးကျော်ထားသည့် အဆောက်အအုံများ အိန္ဒိယ ဖယ်ရှားပေးမည်

Photo: မြန်မာဘက်သို့ ကျူးကျော်ထားသည့် အဆောက်အအုံများ အိန္ဒိယ ဖယ်ရှားပေးမည်
Thursday, November 27, 2014

မြန်မာနှင့်အိန္ဒိယ နိုင်ငံနယ်နိမိတ်တွင် အိန္ဒိယနိုင်ငံဘက် က ကျူးကျော်ထားသောနယ်များကို ပြန်လည်စိစစ်ဖယ်ရှားပေးမည် ဟု အိန္ဒိယအစိုးရက အကြောင်းပြန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘မြန်မာဘက်က နယ်နိမိတ် မှာ သူတို့စစ်တပ်အဆောက်အအုံ တွေ၊ လူနေအဆောက်အအုံတွေ ရှိတယ်။ ဖယ်ရှားဖို့ပြောတဲ့အခါ စစ်တပ်အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖယ်ရှားလို့ ရပေမယ့် အရပ်ဘက်တွေကျူး ကျော်ထားတဲ့နယ်တွေကို ချက် ချင်းဖယ်ရှားလို့ အဆင်မပြေဖြစ် နေတယ်။ ဗဟိုအစိုးရက ပြည် နယ်အစိုးရကို သေချာဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ပြောပါတယ်’’ ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နှစ်နိုင်ငံထိစပ်မှုမိုင်ပေါင်း တစ်ထောင်ကျော်ရှည်သော နယ် နိမိတ်အတွင်း အိန္ဒိယနိုင်ငံဘက် က တိုင်းတာပြီး နယ်နိမိတ်များအ ပြင် မတိုင်းတာရသေးသောနယ်နိ မိတ်များတွင်လည်း အရပ်ဘက် ကကျူးကျော်ခြင်း၊ ပြည်နယ်အစိုး ရနှင့် အိန္ဒိယစစ်တပ်က ကျူးကျော် အဆောက်အအုံများ  ဆောက်လုပ် ထားခြင်းများ တွေ့ရှိရသဖြင့် စိစစ်ဖယ်ရှားပေးရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနသို့ နိုဝင် ဘာ  ၁၇ ရက်က တင်ပြတောင်း ဆိုခဲ့ခြင်းကို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။

တမူး-မိုရေးဒေသအနီး နှစ် နိုင်ငံနယ်နိမိတ်သတ်မှတ်ရန် သဘောတူညီချက်မရရှိသေးသည့်နေရာရှိ အိန္ဒိယစစ်တပ်၏ အဆောက်အအုံကို ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီး အရပ်ဘက် အဆောက်အအုံအချို့ကို သက် ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပေး မည်ဟု ၂၀၁၄ ဇူလိုင်က ပထမ အကြိမ်အကြောင်းပြန်ခဲ့ပြီး ယခု အကြိမ်သည် ဒုတိယအကြိမ်ဖြစ် သည်။ ‘‘တမူး နယ်စပ်ကိစ္စအပြင် အခြားနေရာတွေမှာလည်း ကျူး ကျော်ထားတဲ့နေရာတွေရှိပါသေး တယ်။ ပြန်လည်စိစစ်ပေးမယ်လို့ သူတို့ဘက်က ပြန်အကြောင်းပြန် ပါတယ်’’ဟု အထက်ပါတာဝန်ရှိ ပုဂ္ဂိုလ်ကပြောသည်။

မြန်မာ-အိန္ဒိယ နယ်စပ် နယ်နိမိတ်အမှတ်သားကျောက် တိုင်များဆိုင်ရာ ပြဿနာများ အပြင် နှစ်နိုင်ငံလုံခြုံရေးနှင့် မူးယစ်ဆေးဝါးပြဿနာများကို ပူးပေါင်းဖြေရှင်းရန် နိုဝင်ဘာ တတိယပတ်တွင် နှစ်နိုင်ငံပြည် ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ် များ ရန်ကုန်မြို့၌ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြသည်။

မြန်မာ-အိန္ဒိယနယ်နိမိတ် တိုင်းတာရေးစာချုပ်ကို ၁၉၆၇ မတ်လ ၁၈ ရက်တွင် ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်ကိုအခြေခံ၍ နယ်နိမိတ် တိုင်းတာခြင်းများကို ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အထိပြု လုပ်ခဲ့သည်။ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နယ်ခြားမှတ်တိုင် ၅၅တိုင်တိုင်းတာခဲ့သော်လည်း မှတ် တိုင်ကိုးခုမှာ နယ်ခြေအခက်အခဲကြောင့် ကျန်ရှိနေကြောင်းသိရသည်။

7Day DAILY

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံ တမူးမြို့နှင့် နယ်စပ် မိုရေးမြို့အနီး မြန်မာ−အိန္ဒိယ နိုင်ငံတကာခြံစည်းရိုးဝန်းကျင်၌ သောက်ရေခပ်ပြီးပြန်လာသော အိန္ဒိယအမျိုးသမီးများကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံ တမူးမြို့နှင့် နယ်စပ် မိုရေးမြို့အနီး မြန်မာ−အိန္ဒိယ နိုင်ငံတကာ ခြံစည်းရိုး ဝန်းကျင်၌ သောက်ရေခပ်ပြီးပြန်လာသော အိန္ဒိယအမျိုးသမီးများကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
မြန်မာနှင့်အိန္ဒိယ နိုင်ငံနယ်နိမိတ်တွင် အိန္ဒိယနိုင်ငံဘက်က ကျူးကျော်ထားသောနယ်များကို ပြန်လည်စိစစ် ဖယ်ရှားပေးမည် ဟု အိန္ဒိယအစိုးရက အကြောင်းပြန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကျောင်းသားသမဂ္ဂများ မရှိမဖြစ်လိုအပ်ဟု သမ္မတပြော

တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း ခွင့်ရရှိရေးတောင်းဆိုမှုများရှိနေ ချိန် ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်လာရေးသည် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသောအလှည့်အပြောင်းဟု သမ္မတပြော

Photo: ၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသောအလှည့်အပြောင်းဟု သမ္မတပြော
Thursday, November 27, 2014

၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး အတွက် အဓိကကျသော အလှည့်အပြောင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံရေးပါတီ ၆၀ ကျော် တက်ရောက်သော နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး တွေ့ ဆုံပွဲကို ယခုလ ၂၆ ရက်တွင် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘၂၀၁၅ အထွေထွေရွေး ကောက်ပွဲဟာဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မှာ အဓိကကျတဲ့ အလှည့်အ ပြောင်းကြီးတစ်ခုဖြစ်ပါတယ်’’ဟု သမ္မတကပြောကြားခဲ့သည်။

ထိုကဲ့သို့အောင်မြင်စွာ ကျင်းပနိုင်ကာ ပြည်သူကို ကိုယ်စားပြု သော အစိုးရတစ်ရပ်ပေါ်ထွန်းလာ ရေးအတွက် လိုအပ်သောကြား ကာလနိုင်ငံရေးတည်ငြိမ်မှုရရှိစေ ရန်အတွက် နိုင်ငံရေးပါတီများမှ အမြော်အမြင်ကြီးကြီးရှုမြင်ကာ ပြည်သူလူထု၏ မျှော်လင့်ချက် များကို အကောင်အထည်ပေါ် လာစေရန် ဆောင်ရွက်ပေးစေလို ကြောင်း သမ္မတက တိုက်တွန်း ပြောကြားသည်။

ဒီမိုကရေစီ၏ သဘော တရားအရ နိုင်ငံရေးတွင် ယှဉ်ပြိုင်မှု၊ အားပြိုင်မှုများရှိနေသည်ကို သဘာဝကျကျလက်ခံရမည်ဖြစ် သော်လည်း လက်ရှိရရှိထားသော အောင်မြင်မှုများ၊ နိုင်ငံရေးဖြစ် ထွန်းမှုများဆက်လက်တိုးတက် စေရန် ၀ိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးသည် ရွေးကောက်ပွဲကော် မရှင်ပေါ်တွင် အဓိကမူတည်နေ ပြီး သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ် လာစေရေးသည် အဓိကကျသော အချက်ဖြစ်ကြောင်း  နိုင်ငံရေးအသိုင်းအ၀ိုင်းက လေ့လာသုံးသပ် ထားသည်။

7Day DAILY 

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေသည့် သမ္မတဦးသိန်းစိန်(ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေ သည့် သမ္မတဦးသိန်းစိန်(ဓာတ်ပုံ - ကျော်ဇင်သန်း)
၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး အတွက် အဓိက ကျသော အလှည့်အပြောင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

Unity ဂျာနယ်အမှု ပြင်ဆင်ချက် အထူးအယူခံဝင်မည်

Photo: Unity ဂျာနယ်အမှု ပြင်ဆင်ချက် အထူးအယူခံဝင်မည်
Thursday, November 27, 2014

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity သတင်းသမားတွေရဲ့အမှု ပြင်ဆင်ချက်ကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေတွေက လျှောက်လဲ ခဲ့ကြပါတယ်။

ထောင်ဒဏ်တချို့ လျှော့ချပေးထားတဲ့ ဒီအမှုကို ထပ်မံ ပြန်လည် စစ်ဆေးပေးဖို့ ပြင်ဆင်ချက်ကို လျှောက်လဲခဲ့ကြတာပါ။ သတင်းသမားတွေအရေး မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ဘက်ကလည်း သူတို့အမှုကို မီဒီယာဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းမှုတွေ ရှိပါတယ်။ အသေးစိတ် မဆုမွန် က တင်ပြထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity အမှုဆောင်အရာရှိချုပ် အပါအဝင် အယ်ဒီတာနဲ့ သတင်းသမား ၅ ဦးအတွက် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သတင်းသမားတွေရဲ့ ဥပဒေ အကျိုးဆောင်ရှေ့နေတွေက ပြင်ဆင်ချက် လျှောက်လဲ တင်သွင်းခဲ့ကြပါတယ်။ တရားသူကြီးချုပ်ထံမှောက်မှာ ပြင်ဆင်ချက် လျှောက်လဲချက် တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ Unity အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းရဲ့ အကျိုးဆောင်တရားရုံးချုပ်ရှေ့နေ ဦးကျော်လင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပြင်ဆင်မှုတွေကို နေပြည်တော် တရားရုံးချုပ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထွေထွေလျှောက်လွှာနဲ့ အထူးအယူခံဆိုတာ ရှိတယ်။ နှစ်ပါးထိုင်၊ သုံးပါးထိုင်တွေပေါ့ဗျာ။ အဲ့ဒီမှာကျတော့ ကျယ်ကျယ်ပြန့်ပြန့် ကြားနာမယ်။ ပြင်ဆင်မှု၊ ပြင်ဆင်မှုဆိုတာမှာတော့ သူတို့က များသောအားဖြင့် သူတို့ ပြင်ဆင်မပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က များတယ်။ အဲ့ဒီပြင်ဆင်မှုကို အထွေထွေလျှောက်လွှာတင်တော့ အထူးအယူခံခေါ်တယ်။ သို့သော်လည်း ဥပဒေပြဿနာပေါ်မှ။ အခုက ဥပဒေပြဿနာမှာလည်း တော်တော်ပေါ်တယ်ဗျ။ သတင်းထောက်တွေကို spy ပုဒ်မနဲ့ စွဲတယ်ဆိုတော့ ဥပဒေအရ မကောင်းဘူးလေဗျာ။ နောက်တခါ အဲ့ဒီဥပဒေကို ထုတ်တဲ့တိုင်းပြည်မှာလည်း ဒီဥပဒေက မရှိတော့ဘူး။ မြန်မာပြည်မှာ လာရှိနေတယ်၊ ဥပဒေအားနည်းချက်ပေါ့။ သတင်းထောက်တွေကို ဒီလို မလုပ်ထိုက်ဘူးပေါ့။”

ပြင်ဆင်ချက် လျှောက်လဲချက် တင်သွင်းပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးရဲ့ ၆ လအတွင်း အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေမှာဖြစ်ပြီး အထူးအယူခံ တင်သွင်းသွားဖို့လည်း ပြင်ဆင်နေတယ်လို့ တရားရုံးချုပ်ရှေ့နေ ဦးကျော်လင်း က ပြောပါတယ်။

“စစ်ယူနီဖောင်းနဲ့ သူတို့ တရားမ၀င် ၀င်တဲ့သူတောင်မှ ထောင် ၂ နှစ်ဆိုတော့ ဒီလူတွေက စစ်ယူနီဖောင်းနဲ့ ၀င်တာမဟုတ်ဘူး။ အရပ်သားအဖြစ်နဲ့ ၀င်တယ်။ ၀င်တယ်ဆိုရင်တောင် ၂ နှစ်ထက် မပိုထိုက်ဘူးပေါ့ဗျာ။ အခုက တအားများနေတယ်။”

ထောင်ဒဏ်နှစ်ရှည်ကျခံနေရဆဲ Unity သတင်းသမားတွေရဲ့ အမှုကို ပြင်ဆင်ချက် လျှောက်လဲနေချိန်မှာပဲ သတင်းသမားတွေနဲ့ အာဏာပိုင်တွေကြား ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေတဲ့ မြန်မာစာနယ်ဇင်းကောင်စီဘက်ကလည်း နိုင်ငံတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အကျဉ်းကျခံ သတင်းသမားတွေအရေး တောင်းဆိုမှုတွေ လုပ်ပေးသလို အခုလက်ရှိ အတည်ပြုထားတဲ့ မီဒီယာဥပဒေနဲ့ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းမှုတွေ လုပ်နေပါတယ်လို့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး ကလည်း ပြောပါတယ်။

“ထောင်ထဲကို သတင်းကိစ္စကြောင့် ရောက်သွားတဲ့ မီဒီယာသမားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က နိုင်ငံတော်သမ္မတ အပါအ၀င် သက်ဆိုင်ရာပေါ့လေ တိုင်းပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတဲ့လူတွေနဲ့ တွေ့တဲ့အခါမှာတော့ ဒီလို ဒီဟာလေးတွေရှိတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ ဒါကို ဆောင်ရွက်ပေးနိုင်မလဲဆိုတာမျိုးတော့ ဆောင်ရွက်တာမျိုးတွေ ရှိပါတယ်။ ထောင်ကျတဲ့သူကို ချက်ခြင်းလွှတ်ပေးလို့တော့ ကျနော်တို့က ပြောလို့မရပေမဲ့ နိုင်ငံတော်သမ္မတ ဆိုလို့ရှိရင် သူ့ရဲ့လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ ခုနက ကာကွယ်ရေးဦးစီးချုပ်ဆိုလို့ရှိရင် Unity ကို အမှုပြန်ပြီးတော့ ကြေအေး ရုပ်သိမ်းပေးလို့ရတယ်။ ဒါမျိုးလေးတွေကိုတော့ တိုက်တွန်းဆွေးနွေးတာတွေ ရှိပါတယ်။ နောက်တခုက သတင်းယူရင်းနဲ့ ပြဿနာဖြစ်တဲ့အချိန်မှာ မီဒီယာဥပဒေနဲ့ပဲ အရေးယူဖို့အတွက် ကျနော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာမျိုးတွေလည်း ရှိပါတယ်။”

ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆိုတဲ့ ခေါင်းစဉ်နဲ့ အပတ်စဉ်ထုတ် Unity သတင်းဂျာနယ်တွင် ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးဟာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပခုက္ကူခရိုင် တရားရုံးက ပြစ်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သတင်းသမားတွေရဲ့ ရှေ့နေတွေက တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ရာတွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားရုံးမှ ပြစ်ဒဏ် ၃ နှစ်အထိ လျှော့ချပြီး ထောင်ဒဏ် ၇ နှစ် ပြောင်းလဲချမှတ်လိုက်တာ ဖြစ်ပါတယ်။

VOA

Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး
Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity သတင်းသမားတွေရဲ့အမှု ပြင်ဆင်ချက်ကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေ တွေက လျှောက်လဲ ခဲ့ကြပါတယ်။