မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။
Saturday, 30 August 2014
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ

ယမန်နေ့မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။
Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း

၂၀၁၄-၂၀၁၅
ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု
ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံ ရှိ Nottingham တက္ကသိုလ်တွင် Teaching English
To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့်
မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်း ဆိုင်ရာ များ
မေးမြန်းဖော်ပြလိုက်ပါသည်။
လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး
သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်နေကြ သူများ မပါဝင်သေးကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိက ကျသည့် နေရာတွင်ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များ ပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။
ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်
ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်း ချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြ ပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။
မြန်မာတက္ကသိုလ် ပညာရေး ဘယ်လဲ
ကမ္ဘာကြီးကို ပိုကောင်းသော ပတ်ဝန်းကျင် ဖြစ်စေရန်သော် လည်းကောင်း၊ လူသားတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်သော်လည်းကောင်း အဓိကစွမ်းဆောင်ပေးနိုင်သည့်အရာမှာ ပညာရေး ဖြစ်သည်။
Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်

Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင် လျက် ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။
ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး

ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး
မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများ ဆုံး နေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံး နေထိုင်ကြ တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို

မြန်မာနိုင်ငံသားတစ်ဦးကို
သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင်
တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မလေးရှားနိုင်ငံတွင်
မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း
အစများစွန့်ပစ်ခဲ့ သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးရာ အဆိုပါလေးဦးက
မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်း ရရှိသည်။
မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို

ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်းမရှိဟု လက်ရှိတာဝန်ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရားလွှတ် တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်

၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲ လာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိ ရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။
အရက်ကင်းစင်စံပြရပ်ကွက်၊ ကျေးရွာများ ဖော်ထုတ်မည်ဟုဆို
အရက်သောက်သုံးမှုထိန်းချုပ်လျှော့ချနိုင်ရေးအတွက် အရက်ကင်းစင်စံပြကျေးရွာ၊ ရပ်ကွက်များ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
Wealth-X မှ ထုတ်ပြန်သော ဥရောပတွင် အချမ်းသာဆုံးဘောလုံးသမား ၁၀ဦး
လန်ဒန်− ၂၀၁၄-၁၅ ခုနှစ် ဥရောပဘောလုံးရာသီ စတင်ချိန်မှာပင် Wealth-X ကုမ္ပဏီက ဥရောပ ဘောလုံး လိဂ်များမှ အချမ်းသာဆုံးကစားသမား ၁၀ ဦးကို ထုတ်ပြန်ခဲ့ရာ ရီးရဲလ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုက ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၂၃၀ ကြွယ်ဝမှု ဖြင့် ဦးဆောင်နေသည်။
ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသ နာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း က ပြောကြား သည်။
ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ဂျေမီနဲ့ ခင်ပွန်းဖြစ်သူ နိုင်းနိုင်းတို့ကို ရေခဲပုံးလောင်း လှုပ်ရှားမှုမှာပါဝင်ဖို့ စိန်ခေါ်ခဲ့တဲ့ စန္ဒီချို

ဓာတ်ပုံ - စန္ဒီချိုဖေ့စ်ဘွတ်ခ်
သူငယ်ချင်းဖြစ်သူရဲ့ စိန်ခေါ်မှုကို လက်ခံအပြီး ရေခဲရေလောင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ရန် ခင်ပွန်းဖြစ်သူ အပါအဝင်သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ အဆိုတော်ဂျေမီနှင့် မိတ်ဆွေအချို့ကို နိုင်းနိုင်း၏ ဇနီးစန္ဒီချိုက စိန်ခေါ်လိုက်သည်။
ဘန်လေနှင့် ပွဲတွင် ဒီမာရီယာ ပါဝင်လာမည်ဟု ဗန်ဂါးလ် အတည်ပြု

ယနေ့ည ဘန်လေနှင့်ပွဲတွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် ကစားသမားသစ် အိန်ဂျယ်လ် ဒီမာရီယာ ပွဲထွက်လာမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားခဲ့သည်။
အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက MPT ကို တရားစွဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကရောင်းချသည့် ဆင်းမ်ကတ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းတွင် ၀န်ကြီးအပြောင်းအ လဲကြောင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်
သဘောတူစာချုပ် ချုပ်ဆိုထားသည့် အချက်အလက်များကို ဆောင်ရွက်ရန်
ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်အ ခြေစိုက်ကုမ္ပဏီတစ်ခုက စက်တင်ဘာတွင် မြန်မာ့
ဆက် သွယ်ရေး လုပ်ငန်းကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမံတလင်းကို လျှာဖြင့် လျက်ခိုင်းသော ဆရာမအား နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်း
အတန်းထဲတွင် စကား များသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်း ကျောင်းသားအား သမံတလင်းကို လျှာဖြင့် လျက်ခိုင်း သော မူလတန်းပြဆရာမကို နှစ် တိုး တစ်ကြိမ်ရပ်ဆိုင်းရန် ပညာ ရေးဝန်ကြီးဌာနက ဆုံးဖြတ် လိုက် သည်။
အစိုးရကိုယ်တိုင်ခန့်မှန်းအသုံးပြုခဲ့သော လူဦးရေနှင့် ကိုးသန်းခန့်ကွာဟနေ

ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူး များကို တွေ့ရစဉ်။ ရန်ကုန်မြို့မှာ လူဦးရေအများဆုံးမြို့အဖြစ် ရပ်တည်နေဆဲဖြစ် သည်။ (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှု၏ ကနဦးရရှိထားသော ရှေ့ပြေးလူဦးရေ စာရင်းအရ နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၅၁ သန်းကျော်ဖြစ် ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
Subscribe to:
Posts (Atom)
