Friday, 29 August 2014

သင့်ဖူးစာရှင်မှန်ရဲ့လား တွက်ကြည့်ရအောင်

Photo: သင့်ဖူးစာရှင်မှန်ရဲ့လား တွက်ကြည့်ရအောင်
Friday, August 29, 2014

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။
သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
၁၃ + ၁ + ၁၉၉၁ + ၄ + ၄ + ၁၉၉ဝ = ၄၀၀၃
မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
၎ + ၀ + ၀ + ၃ = ၇
အဖြေက ၇ ပေါ့။
ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...
အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့
သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်
အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာ
သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာ
လဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။
အဖြေ- ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ အကျင့်တွေကလည်း တစ်ယောက်နဲ့
တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။
ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့
ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်
နိုင်တဲ့အချိန်တစ်ခုလောက်တော့ထားပေးလိုက်ကြပေါ့နော့...
အဖြေ- ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက်ရဲ့တွေ့
ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး
ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရ
သာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခု
တော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်
သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာ
မရှိတဲ့ ပေါရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့
ရင် နှောင်းချင်လည်းနှောင်းသွားမှာပေါ့။
အဖြေ- ၎
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကို
ဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲ
ဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲ
ကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။
အဖြေ- ၅
(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း
အသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။သင်တို့အချစ်လမ်းကြောင်းမှာ ဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့က
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။ သင်တို့နှစ်ယောက်က ခုချိန်မှာ
ချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေ
အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူ
ဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။
အဖြေ- ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်
ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့
သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကို
ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေ
တယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့သူ့ပြဿနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိ
သလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူ
တည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ...
အဖြေ- ၇
(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စားလူတစ်ယောက်က
ဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို
အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲ
တယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။
super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်း
လေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ
ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။
အဖြေ- ၈
(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာကြာပြီး အားလုံး
နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ ဒါကြောင့်အတူနေတဲ့အချိန်ဆို စိတ်ချမ်း
သာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု
မရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်
က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်
ဆိုတာ သူ့အပြင်သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...)
အဖြေ- ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊
သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်
နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရ
ဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်
တယ်။ သင်တို့နှစ်ဦးဟာအလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်
လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ။......

မြန်မာ့ရိုးရာဗေဒင်ပညာရပ်
Cute myanmar girls
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင် ရယ်၊ သင့်ရဲ့ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ ကဲအစမ်းလေးလုပ်ကြည့်ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။

အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

မိုးရာသီရောက်လာလို့ အပန်းဖြေ ဥယျာဉ်တွေမှာ ပုံမှန်ပြုလုပ်နေကျ ဖျော်ဖြေရေး အစီအစဉ်တွေကို ရာသီ ဥတု အပေါ်မူတည်ပြီး ပြုလုပ်လာကြပါတယ်။ ဒါကြောင့် အခမဲ့ပြုလုပ်ပေးတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ နည်းသွားပေမယ့် အားလပ်ရက်တွေမှာ အပန်းဖြေဥယျာဉ်တွေကိုသွားမယ့်သူတွေအတွက် စု စည်းဖော်ပြပေးလိုက်ပါတယ်။

မက်ဆီထက် မိမိက ပိုကောင်းဟု ရော်နယ်ဒိုပြော

Photo: မက်ဆီထက် မိမိက ပိုကောင်းဟု ရော်နယ်ဒိုပြော
Friday, August 29, 2014

ဥရောပအကောင်းဆုံး ကစားသမားဆုရရန်ရေပန်းစား  နေသည့် ရီးရဲလ် မှ ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး ရော်နယ်ဒို က မက်ဆီနှင့် အပြိုင် အဆိုင်ဖြစ် ခြင်းမျိုး မရှိသော်လည်း မိမိကသာ ပိုကောင်းသည်ဟု ထင်ကြောင်း အင်တာဗျူးတစ်ခုတွင်  ထုတ်ဖော် ပြောကြားလိုက်သည်။

ပေါ်တူဂီရုပ်သံ TVI နှင့် ပြု လုပ်သည့်အင်တာဗျူးတွင် ရော် နယ်ဒိုက ၎င်းနှင့် မက်ဆီတို့ကို ပြိုင်ဘက်များသဖွယ်ဖြစ်အောင် လုပ်ခြင်းမှာ မီဒီယာများက လုပ် ခြင်းသာဖြစ်ကြောင်း ဆိုသည်။

‘‘ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမကောင်း ဘူးဆိုတာ မဟုတ်ပါဘူး။ ကျွန် တော်တို့ကြား ပရော်ဖက်ရှင်နယ် ဆက်ဆံရေးရှိပါတယ်’’ ဟု ရော်နယ်ဒိုက ဆိုသည်။

ထို့ပြင် မက်ဆီက ၎င်းထက် ပိုကောင်းသည်ဟု ထင်သော  လူများနှင့်ပတ်သက် ၍ ရော်နယ်ဒို ကို မည်သို့ထင်မြင်ကြောင်း မေး မြန်းရာတွင် အထင်အမြင်များ အားလုံးကို လေးစားပါကြောင်း၊ သို့သော်မိမိ၏ ဘဝမှာ လူအ များ၏ ထင်မြင်မှု တွင် မူတည်နေ သည် မဟုတ်ကြောင်း ဆိုသည်။

ထို့ နောက် ရုပ်သံက ရော် နယ်ဒိုနှင့် မက်ဆီမည် သူပိုတော် သနည်းဟု ထပ်မံမေးရာ ရော် နယ်ဒိုက မိမိသာ ပိုကောင်းသည် ဟု ထင်မြင်ကြောင်း ပွင့်လင်းစွာ ဖြေဆိုခဲ့သည်။

 ‘‘ကောင်းတယ်၊ ဆိုးတယ် ရယ်လို့တော့ မရှိပါဘူး။ လူတိုင်း ကတော့ အကောင်း ဆုံးကြိုးစား ပြီး ကိုယ့်အသင်းအတွက်၊ နိုင်ငံ အသင်းအတွက် ကစားကြတာ ချည်း ပဲ။ ကျွန်တော်တို့နှစ် ယောက်လည်း အကောင်းဆုံး ဖြစ်ချင်ကြတာပါပဲ။ ကျွန်တော့် ခေါင်း ထဲမှာတော့ ကျွန်တော်ပဲ အမြဲပိုကောင်းတယ်လို့ ထင်နေ တာပါပဲ’’ ဟု ရော် နယ်ဒိုက ပြော သည်။                   

Ref: AS
7Day DAILY
ဥရောပအကောင်းဆုံး ကစားသမားဆုရရန်ရေပန်းစား  နေသည့် ရီးရဲလ် မှ ပေါ်တူဂီ တောင်ပံ တိုက် စစ်မှူး ရော်နယ်ဒို က မက်ဆီနှင့် အပြိုင် အဆိုင်ဖြစ် ခြင်းမျိုး မရှိသော်လည်း မိမိကသာ ပိုကောင်းသည်ဟု ထင်ကြောင်း အင်တာဗျူးတစ်ခုတွင်  ထုတ်ဖော် ပြောကြားလိုက်သည်။

ဒီလိုအကျင့်မျိုးတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေတာ

Photo: ဒီလိုအကျင့်မျိုးတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေတာ
Friday, August 29, 2014

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့အကျိုးဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။လေ့ကျင့်ခန်းမလုပ်ခင် ရေဆက်တိုက်သောက်ထားခြင်း
လေ့ကျင့်ခန်းလုပ်ခါနီးမှ ရေဗူးလိုက်သောက်ချပစ်လိုက်တာမျိုးဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အင့်တာ၊ အစာအိမ်မှာ ရေတွေရှိသွားတာကြောင့် အထိုင်အထနဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တိုင်း အင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို သတ်မှတ်ထားတဲ့အချိန်ထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေဗူးကို လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ GYM ကို ယူသွားပါ။ ဒါပေမယ့် နည်းနည်းချင်းစီ သောက်ပေးပါ။ လေ့ကျင့်ခန်းမလုပ် ခင် အားလုံးကုန်အောင် မသောက်ချလိုက်ပါနဲ့။

၂။ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်း လုပ်ခါနီးအချိန်ထိ ဗိုက်ထဲမှာ ဘာမှမရှိဘူးဆိုရင် သင့်ရဲ့အစာအိမ်ဟာ ကြာရှည်အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆီမရှိတဲ့ကားဟာ ဘယ်မှသွားလို့မရသလိုမျိုး ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာပြေလေးတော့ စားထားဖို့လိုပါတယ်။

၃။အိပ်ရေးဝအောင် အိပ်မထားခြင်း
မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုပါစို့၊ တစ်ညလုံး မအိပ်ရသေးဘူး။ ဒါမှမဟုတ် တစ်နာရီ၊ နှစ်နာရီလောက်သာ အိပ်ထားရသေးတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အရင်ထက်ပိုပင်ပန်းစွာ လှုပ်ရှားနေရပြီလို့သာ မှတ်ပါ။ အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်ဖို့ သူတို့တွေက ပင်ပန်းကြီးစွာ အလုပ်ပိုလုပ်ပေးနေရပါတယ်။ ဒါ့အပြင်နှလုံးနဲ့ တိုက်ရိုက်ပတ်သက်နေသေးတာမို့ လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

၎။ကော်ဖီအလွန်အကျွံသောက်ထားခြင်း
ကော်ဖီကို သောက်သင့်တဲ့ အခွက်ရေ၊ အနေအထားထက် ပိုသောက်ထားမယ်ဆိုရင် ဒါဟာလည်း လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ပေးတာပါပဲ။ ပိုဆိုးတာက သောက်နေကျမဟုတ်ပဲ ခုမှပိုသောက်လိုက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးရှောင်ရပါမယ်။

၅။ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအစာတွေကို စားထားခြင်း
လေ့ကျင့်ခန်းမလုပ်ခင် ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအသောက်တွေ စားထားမယ်ဆိုရင် ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတာပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားနိုင်ပေမယ့် မလုပ်ခင်ဆိုရင် နှစ်ဆယ်ဂရမ်ထက်ပို မစားသင့်ဘူးလို့ ဆိုထားပါတယ်။

၆။အကြောမလျှော့ပဲ လေ့ကျင့်ခန်းလုပ်ခြင်း
ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ GYM ဆော့တော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အကြောကတော့ အရင်ဆုံးလျှော့ရမှာပါပဲ။ အကြောလျှော့ခြင်းဟာ ကိုယ်လက်လှုပ်ရှားခြင်းကနေ ဖြစ်လာတဲ့ အသားတွေနာတာ၊ ဒူးနာတာစတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုထိရောက်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အနည်းဆုံး ၅မိနစ်လောက်တော့ အကြောလျှော့ဖို့ အချိန်ပေးသင့်ပါတယ်။

Ref:cosmopolitan.com
မေသော်
Trend Myanmar
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့ အကျိုး ဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင် တန်း အ မှတ် စဉ် (၁) သင် တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား


တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မှော်ဘီ တပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

စာမေးပွဲအောင်မြင်ပြီး အလုပ်မ၀င်ခဲ့သော နေ့စားလပေးလစ်လပ် နေရာများတွင် မအောင်မြင်ခဲ့သူများနှင့် အစားထိုးမည်

ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ရန် နေ့စား လပေး ကျောင်းဆရာ၊ ဆရာမ ၁၆၀၀ ကျော်ကို သြဂုတ် ၆ရက်က ခန့်အပ်ထားခဲ့သော်လည်း လာရောက်တာဝန်ထမ်းဆောင် သည့်အရေအတွက် မပြည်မီခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုပြီး မအောင်မြင်ခဲ့သူများအား ပြန်လည် စိစစ် အလုပ် ခန့်အပ် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးကျင့်ခန်းပေါင်က ပြောသည်။

နိုင်ငံရေးပါတီများ ကိုယ်စားပြုမည့် အဖွဲ့ဖွဲ့စည်းရန်ပြင်ဆင်နေ

နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲမူဘောင်အတွက် ဆွေးနွေး ကြသည့် အခါ မြန်မာနိုင်ငံရှိ နိုင်ငံ ရေးပါတီ အားလုံး ကိုယ်စားပြု၍ ဆွေးနွေးနိုင်မည့် အဖွဲ့အစည်း တစ်ခုကို စက်တင်ဘာအတွင်း ဖွဲ့စည်းနိုင်ရန် ကြိုးစားနေကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ပြော ကြားသည်။

ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ

Photo: ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ
Friday, August 29, 2014

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ  ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက်သန်းကျော် တောင်းခံထားကြောင်း သတင်းရရှိသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး သည် မူလခွင့်ပြုသည့် ငွေမလုံ လောက်သဖြင့် ကျပ်ငွေ ၃၉ ဒသမ၁၈၇ ဘီလီယံကို ထပ်မံတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များအား ဧည့်ခံရန် ဧည့်ခံစရိတ်ကျပ်ငွေ၆ ဒသမ ၅၉၆ သန်းထည့်သွင်းတောင်းခံ ထားခြင်းဖြစ်သည်။

သြဂုတ်လ ၂၇ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကို တိုင်းဒေသကြီး ဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ် က တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ခန့်မှန်းအသုံးစရိတ် ၃၈၀ ဘီလီယံကျော်တောင်းခံထားပြီးဖြစ်ရာ ယင်းငွေပမာဏမလုံလောက်၍ လိုငွေကျပ် ၃၉ ဘီလီယံကျော်ထပ်မံတောင်းခံခြင်း ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုတွင် ဧည့်ခံစရိတ်ကျပ်ငွေ ၆ သန်းကျော်တောင်းခံထားခြင်းမှာ များပြား လွန်းကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

မူလခွင့်ပြုငွေမလုံလောက် သဖြင့် ဘဏ္ဍာငွေထပ်မံတောင်းခံ သည့် ဌာနဆိုင်ရာ အဖွဲ့အစည်း ၁၀ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဥပဒေရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ အဆောက်အအုံ လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်းအဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို လက်ရှိကျင်းပဆဲ တိုင်းဒေသကြီး  လွှတ်တော်အ စည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးရန်ရှိနေ သည်။

7Day DAILY 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ  ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာ တွင် နိုင် ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက် သန်းကျော် တောင်းခံ ထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာ ၂၅ ရာခိုင်နှုန်း လှူဒါန်းငွေများကို အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့မည်ဟုဆို

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာထဲမှ ၂၅ ရာ ခိုင်နှုန်းလစဉ်လှူဒါန်းငွေများကို နိုင်ငံတစ်ဝန်းရှိ အမှန် တကယ် ဆင်းရဲနွမ်းပါးချို့တဲ့သူများအား ထိရောက်စွာ ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတော်အတွက် ထူးချွန် စွာ ဆောင်ရွက်ခဲ့ကြသူများအား ပညာ ရေး၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဘာသာစကားအခက်အခဲကြောင့် ပြည်တွင်းကစားသမားများ ပြည်ပမှ မခေါ်ယူခြင်းဖြစ်

မြန်မာကစားသမားများကို ပြည်ပနိုင်ငံများမှ ခေါ်ယူကစားခြင်းမရှိသည့် အဓိကအကြောင်းရင်းမှာ ဘာသာ စကား အားနည်းမှုကြောင့်ဖြစ်ကြောင်း ယူ-၁၉ လက်ရွေးစင် လက်ထောက်နည်းပြ ဦးညီညီလတ်က ပြော သည်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံသုံးနိုင်ငံတွင် မြန်မာပါဝင်

Photo: အမေရိကန် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံသုံးနိုင်ငံတွင် မြန်မာပါဝင်
Friday, August 29, 2014

 အာဆီယံနိုင်ငံများ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်နေကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာန စီးပွားရေး နှင့် စီးပွားရေးလုပ်ငန်းရေးရာဌာန မှ သတင်းရရှိသည်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး နိုင်ငံမှာ လာအိုဖြစ်ပြီး ဘရူနိုင်းမှာ ဒုတိယဖြစ်ကာ တတိယ အနည်းဆုံးနိုင်ငံမှာ မြန်မာဖြစ်သည်။

အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး အာဆီယံ နိုင်ငံများသို့ ဝင်ရောက်သော ပမာဏ၏ ၀ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး ရရှိသော နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၂၂၉ ဘီလီယံကျော်ရှိကာ အာဆီ ယံသို့ ဝင်ရောက်သောပမာဏ၏ ၅၀ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသော  ကုမ္ပဏီ ပေါင်း ၁၉ ခုရှိပြီဖြစ်ပြီး စွမ်းအင် ကဏ္ဍ၊ စားသောက်ကုန်လုပ်ငန်း များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရွန်နစ် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံနေကြသည်။

လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီ အထိ မြန်မာနိုင်ငံအတွင်း အမေရိ ကန်ကုမ္ပဏီများ၏ စုစုပေါင်းရင်း နှီးမြှုပ်နှံမှုခွင့်ပြုထားသော နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာ ဏသည် အမေရိကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိသည်။

ထို့အပြင် စီးပွားရေးပိတ်ဆို့ မှုများ ရှိနေဆဲဖြစ်သော်လည်း အမေရိကန် - မြန်မာ ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့်နှစ်များ နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ အတွင်း ကန်ဒေါ်လာ သန်းတစ်ရာကျော် မြင့်တက်လာခဲ့သည်။

အမေရိကန်နိုင်ငံက ၂၀၁၃ တွင် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများပြုလုပ်ပေးခဲ့၍ မြန်မာနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ထက် ကန်ဒေါ်လာသန်းတစ်ရာနီးပါး မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံမှ အမေရိကန် သို့တင်ပို့သော ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်း ကျော်အထိရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံမှထွက် ရှိသော ကျောက်စိမ်းနှင့် ကျောက် စိမ်းဖြင့်ပြုလုပ်သော ပစ္စည်းများ၊ ပတ္တမြားများတင်သွင်းမှုကို ဆက် လက်တားမြစ်ထားဆဲဖြစ်သည်။

7Day DAILY 

အမေရိကန်ကားကုမ္ပဏီဖြစ်သော ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားအရောင်းပြ ခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အမေရိကန်ကားကုမ္ပဏီဖြစ်သော ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားအရောင်းပြခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
 အာဆီယံနိုင်ငံများ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်နေကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာန စီးပွားရေး နှင့် စီးပွားရေးလုပ်ငန်းရေးရာဌာန မှ သတင်းရရှိသည်။

လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နေပြီး ပြည်နယ်နှင့်တိုင်းခြောက်ခု တွင် နေရာ ကွက်မိုးကြီးနိုင်

Photo: လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နေပြီး ပြည်နယ်နှင့်တိုင်းခြောက်ခု တွင် နေရာ ကွက်မိုးကြီးနိုင်
Friday, August 29, 2014 

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း ထပ် မံဖြစ်ပေါ်နေပြီး မုတ်သုံလေအား ပြန်ကောင်းနေကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ခြောက်ခု တွင် နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးနှင့် ဩဂုတ်လဆန်း က ရေဘေးသင့်ခဲ့သည့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

ယခုရက်အတွင်း တောင် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရှမ်းပြည်နယ်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးသည်။

‘‘မုတ်သုံလေကလည်း အား ပြန်ကောင်းလာတာရယ်၊ တောင် တရုတ် ပင်လယ် ဘက်က မုန် တိုင်းကလည်း ရှိနေတာကြောင့် မိုးကြီးမယ့် သတိပေးချက်ထုတ် ထားတာ။ နဂိုကမှ ရေးကြီးနေတဲ့ ဒေသတွေ ပိုသတိထားဖို့ လိုပါ တယ်’’ဟု ဦးကျော်လွင်ဦးက ပြောသည်။ ထို့အပြင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေတိုက် နှုန်း တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်းများ ကျရောက် နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။

7Day DAILY 

ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို ထိုင်းဂြိုဟ်တုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ −sattmet.tmd.go.th)
ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို ထိုင်းဂြိုဟ် တုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ −sattmet.tmd.go.th)
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း ထပ် မံဖြစ်ပေါ်နေပြီး မုတ်သုံလေအား ပြန်ကောင်းနေ ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ခြောက်ခု တွင် နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားသည်။

ထုံးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန် ထင်းအစားကျောက်မီးသွေးသုံးရန် လှုံ့ဆော်မည်

Photo: ထုံးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန် ထင်းအစားကျောက်မီးသွေးသုံးရန် လှုံ့ဆော်မည်
Friday, August 29, 2014

နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်းအစားကျောက်မီးသွေး ကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

 ‘‘နောင်ချိုမြို့နယ်ထဲမှာ ဆယ်နှစ်အတွင်း မီးသွေးဖုတ် လုပ်ငန်း၊ ထုံးဖုတ်လုပ်ငန်းတွေအ ပြင် ထင်းသုံးစွဲမှုတွေကြောင့် သစ် ပင်ပေါင်းနှစ်သန်းလောက် ကုန် သွားတယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီအတွက် အလျဉ်မီအောင် ပြန်ပြီး စိုက်နေရတယ်။ သစ်ပင် ပြုန်းတီးမှု ထိန်းသိမ်းဖို့ကျတော့ မီးသွေးဖုတ်တာတွေ၊ ထုံးဖုတ်တာတွေကို ကန့်သတ်ဖို့၊ ဒါမှမဟုတ်ရင်လောင်စာအနေနဲ့ ထင်းအစား တခြားတစ်ခုကို အစားထိုးနိုင်မှ အဆင်ပြေမယ်လို့ သုံးသပ်ရတဲ့အတွက် ဒီလိုကျောက်မီးသွေးကို အစားထိုးသုံးကြည့်ဖို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်’’ ဟု အင်းစိမ်းမြေအဖွဲ့ ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်နီးချင်း နိုင်ငံအချို့တွင် ထင်းအစား ကျောက်မီးသွေးကို အသုံးပြု၍ အုတ်ဖုတ်လုပ်ငန်းနှင့် ထုံးဖုတ်လုပ်ငန်းများ ဆောင်ရွက်နေ၍ ယခုကဲ့သို့ တိုက်တွန်းခြင်း ဖြစ်ပြီး ကန့်ကွက်ခံရမှုများလည်း ရှိကြောင်း အဆိုပါ အဖွဲ့က ပြော သည်။

‘‘နည်းပညာပိုင်းဆိုင်ရာ အ ကူအညီအတွက် နိုင်ငံတော်ကနေ ကူညီပေးရင် ထုံးဖုတ်၊ အုတ်ဖုတ် တဲ့သူတွေအတွက် ထင်းအစား ကျောက်မီးသွေးကို အလွယ်တကူ အသုံးပြုနိုင်မယ်လို့ထင်တယ်။ ထုံးဖုတ်တဲ့သူတွေကတော့ ကျောက် မီးသွေး အနံ့အသက်ကြောင့် မသုံးချင်ကြဘူး။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ အစိုးရကို တင်ပြသွားမယ်’’ ဟု အင်းစိမ်းမြေမှတာ ၀န်ခံကိုဝင်းသူက ပြောသည်။

နောင်ချိုမြို့အတွင်းရှိ ထုံးဖို များမှ ထွက်ရှိသော ထုံးများကို မြန်မာနိုင်ငံ ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး ခြေ မြစ်ပင်၊ ၀က်ဝံထုံးကုန်းတွင် အ များဆုံးထုတ်လုပ်သည်။ ခုနစ် ပေ အမြင့်ရှိထုံးဖိုတစ်ဖိုအတွက် လောင်စာအဖြစ် ထင်းပီအီးကား ငါးစီးတိုက်ခန့် အသုံးပြုရကြောင်း ၀က်ဝံထုံးကုန်းမှ ထုံးဖုတ်သူများ က ပြောကြားသည်။ ဒေသအ တွင်း သစ်ပင်များ ဆုံးရှုံးမှုများလာ၍ စိုက်ပျိုးရေးကို အဓိကအား ထားနေရသော နောင်ချိုမြို့အတွင်း ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာသဖြင့် အချိန်မီထိန်းသိမ်းနိုင်ရန် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အင်းစိမ်းမြေသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

7Day DAILY 

ဝက်ဝံထုံးကုန်းတွင်ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
ဝက်ဝံထုံးကုန်းတွင်ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်း အစားကျောက်မီးသွေးကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြောသည်။

ရန်ကုန်တွင် နေ့ခင်းကြောင်တောင် အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်

သာကေတမြို့နယ်တွင် နေ့ခင်းကြောင်တောင် အချိန်မှာပင် လူမြင်ကွင်း ကားလမ်းပေါ်၌ လူမိုက်အုပ်စုနှစ်စု ချိန်းဆို၍ မင်းမဲ့စရိုက်ဆန်ဆန်ဓားများ၊ တုတ်များဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်

Photo: နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်
Friday, August 29, 2014

နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ကိုယ်တိုင် လာရောက်ချီးမြှင့် မည့် အဆိုပါဂုဏ်ပြုပွဲ အခမ်းအ နားကို နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီ ၌ ပြုလုပ်မည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းကို ဂုဏ်ပြုပွဲအ ခမ်းအနားမှာ အလှူရှင်တွေက ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၂၃ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ဘရူနိုင်းဘုရင့် ဖလား ဗိုလ်လုပွဲ၌ မြန်မာယူ-၁၉ အသင်းသည် ဗီယက်နမ် လူငယ်အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံးချန်ပီယံ ဖြစ် သည့် မြန်မာအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာယူ-၁၉ အသင်းအနေဖြင့် ယခုပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ယခုနှစ် ဘရူနိုင်းဘုရင့်ဖလားပြိုင် ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲ စဉ်အထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေဘရူနိုင်း ဒေါ်လာနှစ် သောင်းရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာယူ-၁၉ အသင်း ရန်ကုန်သို့ ပြန် လည်ရောက်ရှိ သည့် ဩဂုတ် ၂၄ ရက်ညတွင်ပင် သုဝဏ္ဏအားကစားကွင်း၌ ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ သည်။

လက်ရှိအချိန်ထိ အောင်ပွဲ ရ မြန်မာယူ-၁၉ အသင်းသည် အလှူရှင်များမှ ချီးမြှင့်ငွေကျပ် သိန်းနှစ်ထောင်ကျော်နှင့် ကန် ဒေါ်လာ ၄,၃၀၀ ရရှိထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY 

ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက်လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက် လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

စတော့အိတ်ချိန်းဈေးကွက် လာမည့်နှစ်တွင် ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေဟုဆို

ငွေကြေးဈေး ကွက် (စတော့အိတ်ချိန်း)ကို လာမည့် ၂၀၁၅ အောက်တိုဘာတွင် စတင်ကျင့်သုံးနိုင် ရန် ဆောင် ရွက်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းများအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်

Photo: အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းများအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်
Friday, August 29, 2014

ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ကာကွယ်ရေး သမိုင်းတစ်လျှောက် အမျိုးသမီး ဗိုလ်လောင်းများအား ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။ ဗိုလ်လောင်း ၁၀၀ ဦး၌ တပ်မတော်(ကြည်း) တွင် ၉၂ ဦး၊ တပ်မတော်(ရေ)တွင် ငါးဦးနှင့် တပ်မတော်(လေ)တွင် သုံးဦးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လောင်းများသည် ပြင်ပအရပ်သူများထဲမှ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသူများဖြစ်ကြသည်။

‘‘သင်တန်းဆင်း ၁၀၀ ထဲမှ ၁၇ ယောက်က ရန်ကုန်တိုင်း စစ် ဌာနချုပ်အောက်ကို ရောက်လာတယ်။ အဲဒီထဲက လေးယောက်က သင်ကြားရေးဘက်ကို ပိုစတင်ကျတယ်။ တပ်မတော်ဆေး တက္ကသိုလ်ကို နှစ်ယောက်၊ တပ်မတော်ဆေးပညာသည်နှင့် သူနာပြုတက္ကသိုလ်ကို နှစ်ယောက်ပေါ့။ လေးယောက်လုံးက သတ္တဗေဒမဟာဘွဲ့ရတွေဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက်တွင် မှော်ဘီအမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့သည်။

‘‘အမျိုးသား ဗိုလ်လောင်းပြန်တမ်းဝင်အရာရှိဆိုရင်တော့ သင်တန်းဆင်းပြီးရင် ရှေ့တန်းထွက်ရတာပေါ့။ အမျိုးသမီးကတော့ မထွက်ရဘူး။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ သုံးမယ်’’ ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အမျိုးသမီး ဗိုလ်လောင်းများအား ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး လျှောက်ထားသူပေါင်း ၅၀၀၀ ခန့်မှ ၁၀၁ ဦးအား ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှာ သတင်းပို့ပျက်ကွက်သဖြင့် အလိုအလျောက် ပျက်ပြယ်သွားခြင်းဖြစ်သည်။

ယင်းဗိုလ်လောင်းများအား မှော်ဘီ အမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်းတွင် မတ်လမှ သြဂုတ်လအထိ ခြောက်လကြာ စစ်သင်တန်းများ ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းပို့ချနေစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်လေ့လာစစ်ဆေးခဲ့သည်။

အမျိုးသမီးဗိုလ်လောင်း  ၁၀၀ ကျော်အနက် ၃၀ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကျန် ၈၀ ဦးခန့်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြစ်ကြသည်။ ထို့အပြင် (M.B.B.S) ဘွဲ့ရ အမျိုးသမီး ၁၅ ဦးအား စစ်သင်တန်းသုံးလပေး၍ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ခန့်အပ်ထားခဲ့သည်။

7Day DAILY 

မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဗိုလ်လောင်းသင်တန်း၏ သင်တန်း ဆင်းပွဲကို သြဂုတ် ၂၈ ရက်က မှော်ဘီ အမှတ်(၁) အမျိုးသမီးဗိုလ်လောင်း သင်တန်းကျောင်း၌ပြုလုပ်နေစဉ် (ဓာတ်ပုံ − အေပီ)
မြန်မာနိုင်ငံတွင် ပထမဆုံးအမျိုးသမီးဗိုလ်လောင်းသင်တန်း၏ သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက် က မှော်ဘီ အမှတ်(၁) အမျိုးသမီးဗိုလ်လောင်းသင်တန်းကျောင်း၌ပြုလုပ်နေစဉ် (ဓာတ်ပုံ − အေပီ)
ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ကုလငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့ဝင် ၄၃ ဦး ဆီးရီးယား နယ်စပ်မှာ ဖမ်းဆီးခံရ

Photo: ကုလငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့ဝင် ၄၃ ဦး ဆီးရီးယား နယ်စပ်မှာ ဖမ်းဆီးခံရ
Friday, August 29, 2014

ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာကိုခံခဲ့ရပြီး၊ နောက် တခြား ၈၁ ယောက် ဟာ ဆိုရင်လည်း နယ်စပ်ဖြတ်ကျော်တဲ့ နေရာအနီး သူတို့ရောက် နေတဲ့ နေရာကနေ မထွက်ခွာနိုင်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။
 
Aslamist al-Nusra Front လို့ခေါ်တဲ့ စစ်သွေးကြွအဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ နယ်စပ် စခန်းကို ၀င်ရောက် စီးနင်း တိုက်ခိုက် ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ငြိမ်း ချမ်းရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ ဘယ်အဖွဲ့လည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
 
ဖမ်းဆီးခံလိုက်ရတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ပြန်လည်လွတ်မြောက်ဖို့ အရေးနဲ့၊ တခြားတပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာ သွားလာနိုင်စေဖို့အတွက် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။
 
ဆီးရီးယားနိုင်ငံအတွင်း သူပုန်တပ်ဖွဲ့တွေ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေး ကြွတွေ နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဟာ မကြာခနဆိုသလိုရောက်လာတတ်ပြီး မော်တာကျည်ဆန်တွေဟာ ဂိုလာမ် ကုန်းမြင့်ဘက်ခြမ်း အစ္စရေးထိန်းချုပ်ထားတဲ့ နယ်စပ်မှာရှိတဲ့ ကုလသမဂ္ဂ စခန်းတွေနားအထိကျလာတတ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်လာစဉ်
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်လာစဉ် 
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာကိုခံခဲ့ရပြီး၊ နောက် တခြား ၈၁ ယောက် ဟာ ဆိုရင်လည်း နယ်စပ်ဖြတ်ကျော် တဲ့ နေရာ အနီး သူတို့ရောက် နေတဲ့ နေရာကနေ မထွက်ခွာနိုင်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။

လူ ၂၅၀ က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ က အရေးမယူခဲ့ဟု ရိုသာဟမ်မြို့မှ မိန်းကလေး ထုတ်ဖော် ပြောဆို

Photo: လူ ၂၅၀ က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ က အရေးမယူခဲ့ဟု ရိုသာဟမ်မြို့မှ မိန်းကလေး ထုတ်ဖော် ပြောဆို
Thursday, August 28, 2014

အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့မှ မိန်းကလေးတစ်ဦးက မြို့တွင်းရှိ အာရှနွယ်ဖွား လူရမ်းကား ၂၅၀ က မိမိအား ဆယ်ကျော်သက် အပျိုစင်ဘ၀ကပင် မုဒိမ်းကျင့်ခဲ့ကြောင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော် လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တိုင်ကြားမှု ထွက်ပေါ်ခဲ့သည်။

လူဆိုးများက တစ်ဦးပြီးတစ်ပြီး လက်ပြောင်းလက်လွှဲ အဆင့် ဆင့် ပြုလုပ်ပြီး နှစ်နှစ်တာ ကာလအတွင်း နေ့စဉ် မုဒိမ်းကျင့်ခံခဲ့ရကြောင်း ယခုအခါ အသက် ၂၅ နှစ်အရွယ်ရှိသော အမ်မာက ပြောကြားခဲ့သည်။

လက်ရေးဖြင့် ရေးထားသည့် အဆိုပါ လူဆိုး ၂၅၀ ၏ အမည်စာရင်းများနှင့် မိမိ၏အ၀တ်များကို ရဲများထံ ပေးအပ်ခဲ့သော်လည်းလည်း ယခု အခါ ဖြောက်ဖျက်ခံရမည်ကိုလည်း အမ်မာက စိုးရိမ်နေကြောင်း ပြောကြားသည်။

သို့သော်လည်း သူမ၏ အမှုအား ပြန်လည်စုံစမ်းပေးပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမ်မာ က ပြောကြားသည်။

အမ်မာသည် အသက် ၁၂ နှစ်အရွယ်တွင် ပါကစ္စတန်နွယ်ဖွား ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ မြူဆွယ်ခြင်းကို ခံခဲ့ရသည်။

တစ်နှစ်ခန့်အကြာတွင် ဈေးဝင်းတစ်ခုအတွင်း၌ ၎င်းက အမ်မာအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က အပျိုစင်တစ်ဦးအဖြစ်သာ ရှိနေသေးသည့် အမ်မာက ချိန်းတွေ့စဉ် ချမ်းကြောင်း ပြောဆိုသောအခါ ထိုသူက သိုင်းဖက် လိုက်ပြီး ဈေးအတွင်း ထောင့်တစ်ခုသို့ ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းနှင့် အဖော်လိုက်လာသူတစ်ဦးက သားမယားအဖြစ် ထပ်မံပြု ကျင့်ခဲ့သည်။

ထိုအချိန်မှစ၍ အမ်မာသည် ချိန်းခြောက်မှုအမျိုးမျိုးကြောင့် အဆိုပါ လူများ၏ ဆွေမျိုးယော်ကျားလေး များ၏ အနိုင်ကျင့်မှုကို ခံခဲ့ရခြ င်းဖြစ်ကြောင်းသိရသည်။

အမ်မာအား ခြိမ်းခြောက်မှုများတွင် လည်ပင်းညှစ်ခြင်း၊ သေနတ်ဖြင့်ချိန်ခြင်း၊ မျက်နှာအား မီးဖြင့်ရှို့မည်ဟု ပြောခြင်း၊ အိမ်အနီး သို့ ရောက်ရှိလာကာ မိခင်ဖြစ်သူကိုပါ မုဒိမ်းကျင့်မည်ဟု ပြောဆိုမှု များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ကျွန်မကို မုဒိမ်းကျင့်သူတွေထက် ရဲတွေကို ပိုပြီး ဒေါသထွက်ခဲ့ပါတယ်။ ကျွန်မသူတို့ကို တိုင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း ဘာမှ အရေးမယူခဲ့ပါဘူး။ သူတို့က လစာပဲယူပြီး ဘာမှမလုပ်ပါဘူး။ သူတို့ကို ထောင်ချပစ်သင့်ပါတယ်။ ရဲမင်းကြီး ရှောင်ရွိုက်လည်း အလုပ်က ထွက်သင့်ပါတယ်” ဟု အမ်မာက ပြောကြားသည်။

Ref:Mirror
Mizzima - News in Burmese
အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့မှ မိန်းကလေးတစ်ဦးက မြို့တွင်းရှိ အာရှနွယ် ဖွား လူရမ်းကား ၂၅၀ က မိမိအား ဆယ်ကျော်သက် အပျိုစင်ဘ၀ကပင် မုဒိမ်းကျင့်ခဲ့ကြောင့် ရဲတပ်ဖွဲ့သို့ တိုင် ကြား ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တိုင်ကြားမှု ထွက်ပေါ်ခဲ့ သည်။

အာဏာရှင် ဖန်တီးတဲ့ စားသုံးကုန်ဈေးနှုန်း

ပြုပြင်ရေးလုပ်လို့ မြန်မာ့စီးပွားရေး တိုးတက်လာတာနဲ့အတူ ကုန်ဈေးနှုန်းလည်း ကြီးမြင့်လာဦးမှာမို့ ပြည်သူ လူထု အများစုရဲ့  နေထိုင်စရိတ် ကြီးမားလာဦးမယ်လို့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မကြာမီက ခန့်မှန်းကြပါတယ်။ စီးပွားရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ဈေးနှုန်း တက်တာဟာ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ရန်ကုန်နေ မိသားစု ၅ ဦးရဲ့  လစဉ်အိမ်သုံးစရိတ်ဟာ ကျပ် ၁,၀၀၀ ရှိရာက ၂၀၀၁ ရောက်တော့ ကျပ် ၄၀,၀၀၀ နီးပါး ရှိလာတယ်လို့ ၂၀၁၁ က နေပြည်တော်မှာ ဖတ်ကြား တဲ့ ဒေါက်တာဦးမြင့်ရဲ့  စာတမ်းမှာ ဖော်ပြထားပါတယ်။